← Chapters

အပိုင်း ၃၄၈

Vol. 24 Ch. 348

အပိုင်း ၃၄၈

Vol. 24 Ch. 348

မျက်လုံးရှိသည့်သူတိုင်း ချောင်းမိသားစုဟာ အကျပ်အတည်းထဲ ရောက်နေကြောင်း ပြောနိုင်သည်။ ဟူတို့သာ မတောင့်ခံနိုင်ပါက ပြီးသွားလိမ့်မည်ပင်။ အာလန်ရဲ့စကားဟာ အရမ်းရှင်းသည်။ ပူးပေါင်းနိုင်သည်ဖြစ်စေ မပူးပေါင်းနိုင်သည်ဖြစ်စေ ချောင်းမိသားစုဆီဘက်ကနေ ဘယ်လောက်ကမ်းလှမ်းနိုင်မှာတဲ့လဲ?

"မင်း ဘာတောင်းဆိုဖို့ပြင်ဆင်ထားလဲ?" ထိုသို့ပြောရင်းဖြင့် အကြီးအကဲချောင်းသည် မနေနိုင်ဘဲ လက်သီးဆုပ်ထားမိလိုက်သည်။ ' မော့ချူးကြောင့်သာ မဟုတ်ရင် ချောင်းမိသားစုက ဒီလိုအခြေအနေမျိုးထဲရောက်ပြီး အာလန်လို အငယ်တစ်ယောက်နဲ့ ဘယ်လိုလုပ်ညှိနှိုင်းဖို့လုပ်နေရဦးမှာလဲ?'

"အင်းး..... သေချာစဉ်းစားခွင့်ပေးပါအုံး" အာလန် အသာမတ်တပ်ရပ်လိုက်သည်။ သူ့အမူအရာက နားမလည်နိုင်စရာပင်။ အချိန်အတော်ကြာပြီးနောက် သူကပေါ့ပေါ့ပါးပါးပြောလာသည်။ "ခင်ဗျားတို့ ချောင်းမိသားစုရဲ့ အဂ္ဂိရတ်ဆရာနှစ်ယောက်ကို ပေးရင်ရော?"

'ဘာ!?'

အကြီးအကဲချောင်း၏ အကြည့်တွေ အေးခဲသွားသည်။

'ဒီအာလန်က အခြေအနေကို အမှန်တကယ် အခွင့်ကောင်းယူပြီး ပိုပိုသာသာတောင်းဆိုလာတာပဲ! ချောင်းမိသားစုရဲ့ ကြွယ်ဝမှုနဲ့ဆက်စပ်မှုအများစုဟာ ဒီအဂ္ဂရိတ်ဆရာလေးပါးဆီမှ လာကြောင်း လူတိုင်းသိသည်။ ချောင်းရှန်ဟာလည်း ကိုယ်တစ်ပိုင်းမသန်တော့သည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ အခု အာလန်တစ်ယောက် ပါးစပ်ဟလိုက်တာနဲ့ ကျန်နေတဲ့အဂ္ဂိရတ်ဆရာ သုံးယောက်ထဲက နှစ်ယောက်ကို ဓားပြတိုက်ဖို့ ကြိုးစားနေတာလား?'

"ဘာလဲ? မပျော်ဘူးလား?" အာလန် ခေါင်းငုံ့ကာ ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ "ချောင်းမိသားစုက လက်ရှိမှာ ရန်သူတွေကို နှစ်ဖက်စလုံးကနေ ရင်ဆိုင်နေရတာ။ ဒီပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံးမဖြေရှင်းနိုင်ရင် ဒီအခက်အခဲကို ကျော်လွှားဖို့ အရမ်းခက်ခဲသွားမှာစိုးပါရဲ့”

အမြတ်အစွန်းကိုပဲ ကြည့်သည်မှာ လုပ်ငန်းရှင်တစ်ဦး၏ ပင်ကိုယ်သဘောအမှန်ပင်ဖြစ်သည်။

မော့ချူး၏ စိတ်ဝိညာဉ်အစားအစာသည် ထိရောက်မှုရှိသော်လည်း ပမာဏနည်းပြီး ပရိသတ်နည်းပါးသည်ကို အာလန် ရှင်းရှင်းလင်းလင်းမြင်ခဲ့သည်။ အများစုမှာ အဖွဲ့ချုပ်၏ အမြင့်ဆုံးအဆင့်မှလူတွေဟာ အရင်းအမြစ်များကို သိမ်းပိုက်ထားသည်။ သို့သော်လည်း ဆေးလုံးများနှင့် သက်ဆိုင်သည့်အောက်တွင်တော့ ဈေးကွက်တွေ အများအပြားရှိနေဆဲဖြစ်သည်။

မှန်သည်၊ ချောင်းမိသားစုရဲ့ အမှတ်တံဆိပ်ဟာ တကယ့်ကို အနံ့အသက်ဆိုးကြီးဖြစ်‌နေ၏။ သို့သော် ဤအဂ္ဂရိတ်ဆရာနှစ်ယောက်သာ သူတို့ရဲ့မိုက်ကယ်မိသားစုလက်ထဲ ရှိနေသမျှ ကာလပတ်လုံး ယင်းသည် အခြားကိစ္စတစ်ခုဖြစ်လာမည်ဖြစ်သည်။

အကြီးအကဲချောင်း မျက်လုံးတွေကို မှိတ်လိုက်သည်။ အာလန်ရဲ့ စကားတွေဟာ အနည်းငယ် ချဲ့ကားထားသော်လည်း အမှန်တရား အနည်းငယ်ကိုလည်း ဖော်ပြနေ၏။

သူတို့ချောင်းမိသားစုသည် ယခုအခါမီးထဲသို့ ပစ်ချခံနေရပြီဖြစ်သည်။ ဒီကပ်ဆိုးကြီးထဲက အချိန်မီ မရုန်းထွက်နိုင်ခဲ့လျှင် သူတို့တွေ တကယ်ပဲ မီးလောင်သေဆုံးသွားနိုင်သည်။

"ကောင်းပြီ မင်းရဲ့ကမ်းလှမ်းချက်ကို ငါ သဘောတူတယ်!"

ဒါကိုကြားတော့ အာလန် ရုတ်တရက်ထထိုင်လိုက်ကာ သူ့မျက်လုံးတွေတောက်ပလာသည်။ "ကောင်းတယ်၊ ကျွန်တော်တို့တွေ အတူတကွ ကောင်းကောင်းမွန်မွန်နဲ့အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်!"

"ဒါဆို ဘယ်အချိန်စလှုပ်ရှားမှာလဲ?"

အံ့အားသင့်ဖွယ် စည်းစိမ်ဥစ္စာတွေကို ပိုင်ဆိုင်ထားသည်မှလွဲလျှင် မိုင်ကယ်မိသားစုသည် ၎င်းတို့နှင့်သာသက်ဆိုင်သည့် အမြင့်ပိုင်း အင်အားစုတစ်ခုလည်းရှိသည်။ မဟုတ်ရင် သူတို့တွေမပြိုလဲဘဲ နှစ်ပေါင်းများစွာ ဘယ်လိုလုပ် ရပ်တည်နိုင်မတဲ့လဲ?

'ဒါကြောင့် အကြီးအကဲချောင်း သူတို့ကိုလာရှာတာပင်!'

“စိတ်မပူပါနဲ့” အာလန်သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “အချိန်မှန်၊ နေရာမှန်၊ လူမှန် ပြောင်းချင်တယ်ဆိုရင် သင့်တော်တဲ့ အချိန်တစ်ခုတော့ လိုတယ်"

"ဘယ်တော့မှလဲ?" အကြီးအကဲချောင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“မကြာခင် သိလာပါလိမ့်မယ်…” အာလန်ရဲ့ မျက်နှာသည် အပြုံးများဖြင့်ပြည့်နေသော်လည်း သူ့တွင် သူ့မေးခွန်းများကို ဖြေရန် ရည်ရွယ်ချက်မရှိပါချေ။

သို့သော်လည်း သိပ်မကြာခင်မှာပဲ အကြီးအကဲ ချောင်းဟာ 'အခွင့်အရေး' ဆိုတဲ့ စကားလုံးအဓိပ္ပါယ်ကိုသဘောပေါက်လိုက်သည် — 'ကြယ်စင်စုကြားတိုက်ပွဲ' ဟာ တရားဝင်စတင်လာသည်။

တစ်ရာစုနှစ်တွင်တစ်ကြိမ် ကျင်းပသည့် ဤအခမ်းအနားဟာ လူတွေရဲ့အာရုံကို ချောင်းမိသားစုဆီမှ လျင်မြန်စွာဆွဲဆောင်နိုင်ခဲ့သည်။

အဖွဲ့ချုပ်တည်ရှိရာ ကမ္ဘာမြေမှလွဲ၍ ကျယ်ပြောလှသည့် ဤအာကာသတစ်ခွင်တွင် အခြားဂြိုလ်များစွာလည်း ရှိသေး၏။ ထုံးစံအတိုင်း၊ ဤအာကာသထဲတွင် အခြားဂလက်ဆီများမှ လူများလည်း နေထိုင်ကြသည်။

၎င်းတို့အနက် 'ဉာဏ်ပညာတိမ်တိုက်ဂလက်ဆီ' နှင့် 'နက်ပြာရောင်ဂလက်ဆီ' တို့ဟာ စွမ်းအားအရှိဆုံးဖြစ်ပြီး ကမ္ဘာမြေဟာတော့ တတိယအဆင့်သာရှိသည်။ ယခုနှစ် 'ကြယ်စင်စုကြားတိုက်ပွဲ' အတွက် အိမ်ရှင်ဟာ အဖွဲ့ချုပ်ဖြစ်သည်။

အစိုးရအထက်ပိုင်းကလည်း ဒီကိစ္စကို အလေးထားကြသည်။ မကြာသေးမီက နျဉ်ယွိယွမ်၏ လုပ်ဆောင်မှုကြောင့် ၎င်းတို့သည် ဤကိစ္စကို သူ့ထံလွှဲပြောင်းပေးထားသည်။ သေချာပေါက်ပင်၊ ဒါဟာ မီးထဲလောင်စာထည့်လိုက်တာလည်း ဖြစ်သည်။ နောက်ဆုံးတွင်၊ တိုက်ပွဲရလဒ်များမှလွဲ၍ အဖွဲ့ချုပ်၏ စစ်ဦးစီးချုပ်ရာထူးအား အောင်မြင်စွာရရှိနိုင်ရန်၊ အခြားပံ့ပိုးကူညီမှုများ လည်းလိုအပ်သည်။

ယခုတွင် သူတာဝန်ယူထားသည့် 'ကြယ်စင်စုကြားတိုက်ပွဲ' သည် အကောင်းဆုံး စမ်းသပ်မှုဖြစ်သည်။

နျဉ်ယွိယွမ်၏ အေးဆေးတည်ငြိမ်သည့် အမူအရာကို မြင်လိုက်ရတော့ သူ့ဘေးတွင်ထိုင်နေသည့် စစ်ဘက်အရာရှိများက ချီးကျူးလာကြသည်!

နျဉ်မိသားစုက ကြီးပြင်းလာတဲ့ ကလေးကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူဟာ အရည်အချင်းရှိပြီး တည်ငြိမ်သလို သူ့ရဲ့အမြင်ဟာလည်း ကြောက်မက်ဖွယ်ကောင်းစွာ ထက်မြက်လှသည်။ ဒါဟာ မိန်းကလေးငယ်ငယ်လေးတစ်ယောက်ကို သူ ပထမဆုံးအကြိမ်ချစ်မိသွားခြင်းဖြစ်ကာ ယခုအချိန်တွင် သူ့အကြည့်တွေဟာ ထိပ်တန်းမော့ချူးဆီတွင်သာ ရှိနေ၏။ တကယ် အထင်ကြီးစရာပဲ!

"ဟမ့်! ဒီတစ်လော မာရှယ်နျဉ်က ကျော်ကြားနေပေမဲ့ ဒီ 'ကြယ်စင်စုကြားတိုက်ပွဲ' က လွယ်ကူတဲ့အလုပ်မဟုတ်ဘူး" အစည်းအဝေးပြီးနောက် အားလုံးက တစ်ယောက်ပြီးတစ်ယောက် ထထွက်သွားကြသည်။ ခြေတစ်လှမ်းနောက်ကျကျန်နေခဲ့တဲ့ စုန့်ထျန်းချန်ကို ထေ့ငေါ့ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့လောင်းကြေးကို မမေ့နဲ့နော်!"

ချောင်းမိသားစု၏ စွမ်းအားတွေကျဆင်းလာသည်နှင့်အမျှ စုန့်မိသားစု၏ အရှိန်အဟုန်မှာလည်း ယခင်ကလောက် မကောင်းမွန်တော့ပေ။ စုန့်ထျန်းချန်သည် အစည်းအဝေးခန်းမှ ထွက်လာပြီးမှသာ ယင်းအချက်ကို ထုတ်ပြောနိုင်တော့သည်။ အရင်တုန်းကသာဆိုလျှင် အစည်းအဝေးခန်းထဲမှာဘဲ ပြောမိလိမ့်မည်ပင်။

"ဒါပေါ့၊မမေ့ပါဘူး" နျဉ်ယွိယွမ် အသာလှည့်ကြည့်လိုက်ကာ သူ့နှုတ်ခမ်းထောင့်တွေ ကွေးညွတ်သွားသည်။ "ဒါဆို ခင်ဗျားရဲ့ ရွှေနက်ကျောက်တုံးကို ပြင်ဆင်ထားတော့!"

ထိုစကားကိုပြောပြီးနောက် ဒေါသတကြီးဖြစ်နေသည့် စုန့်ထျန်းချန် ချန်ထားခဲ့ကာ လှည့်ထွက်လာလိုက်သည်။

ကြယ်စင်စုကြားတိုက်ပွဲအတွက် ပြင်ဆင်ပေးရန် လက်ခံပြီးနောက် နျဉ်ယွိယွမ် မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူလိုက်မိသည်။ ဒီတာဝန်က သာမန်လူတွေမြင်နေရတာထက် ပိုလေးလံသည်။

"ရုံးပြန်သွားမှာလား?" ကျောလင် သူ့ဘေးတွင်ထိုင်ကာ ခပ်တိုးတိုး မေးလိုက်သည်။

သူ့ရဲ့ဘော့စ်က ယခုနှစ်တွင် စစ်စီးဦးချုပ်ရာထူးအတွက် ရွေးကောက်ပွဲတွင် ပါဝင်ရန် ဆုံးဖြတ်ပြီးကတည်းက အလုပ်များနေခဲ့သည်။ သူ့အချိန်၏ သုံးပုံနှစ်ပုံခန့်ဟာ နေ့စဉ် ရုံးတွင်သာကုန်ဆုံးခဲ့ရသည်။

“မလိုတော့ဘူး” နျဉ်ယွိယွမ် မျက်လုံးများထဲတွင် နူးညံ့နေသည့်အရိပ်အယောင်တွေဖြင့် ခလုတ်ခုံကိုကြည့်လိုက်သည်။ "အရင်ဆုံး စစ်တက္ကသိုလ်ဆီ သွားရအောင်"

"ကောင်းပါပြီ!” ကျောလင်က နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် စနောက်လိုသည့် အရိပ်အယောင်တွေ ပေါ်လာသည်။ မော့ချူးကို နောက်ဆုံးတွေ့ခဲ့ရတာ တစ်လခွဲလောက်ရှိပြီဖြစ်သည်။ သူ့ဘော့စ်ရဲ့ စိတ်ရှည်သည်းခံမှုဟာ အကန့်အသတ်ကို ရောက်သွားသည့်ပုံပင်။

နျဉ်ယွိယွမ်သည် မောင်းနှင်ခြင်းယာဉ်ပေါ်တွင်ထိုင်နေသော်လည်း အချက်အလက်အချို့ကို ဖတ်နေဆဲဖြစ်သည်။

ဤသည်မှာ ယခုနှစ် ကြယ်စင်စုကြားတိုက်ပွဲအတွက် အခြေခံ လုပ်ထုံးလုပ်နည်းတွေဖြစ်သည်။

အပိုင်းတစ်ခုစီ၏ အကြောင်းအရာသည် ဆင်တူသော်လည်း၊ သူတို့ဟာ အိမ်ရှင်ဖြစ်တာကြောင့် ထူးခြားပြီးအကောင်းဆုံးဖြစ်စေရန် အစွမ်းကုန်လုပ်ရမည်ပင်။ ထို့ကြောင့် နျဉ်ယွိယွမ်မှာ ဤပြဿနာကြီးငယ်များကို လျစ်လျူရှုထားလို့ မရပါချေ။ ရှုထောင့်တိုင်းကို ဂရုစိုက်ရမည်ပင်။

မောင်းနှင်ခြင်းယာဉ်ဟာ ခပ်မှန်မှန်သွားနေကာ ရံဖန်ရံခါ တုန်ခါမှုကိုတော့ လျစ်လျူရှုထားနိုင်သည်။

All Chapters