အပိုင်း ၃၄၉
Vol. 24 Ch. 349
နျဉ်ယွိယွမ်ရဲ့အရှိန်က အရမ်းမြန်သည်။ အချိန်တိုလေးအတွင်း သူသည်သတင်းအချက်အလက် အပိုင်းအစတွေကို ဖတ်ပြီးသွားသည်။ မှတ်ချက်တွေကို အသေးစိတ် ချရေးသည်။ သူလှမ်းကြည့်လိုက်တော့ စစ်တက္ကသိုလ်ရဲ့ပုံရိပ်ကို မြင်လိုက်ရသည်။
"ဘော့စ်၊ ဒါဆို ကျွန်တော်တို့ ကျောင်းအုပ်ကြီးဆီ အရင်သွားလိုက်မယ်" ကျုံးဝမ်က ပြုံးကာ နျဉ်ယွိယွမ်နောက်ကိုလိုက်တော့မည့် ကျောလင်ကိုဆွဲခေါ်လိုက်သည်။
ပြတ်ပြတ်သားသားပြောရလျှင် 'ကြယ်စင်စုကြားတိုက်ပွဲ' ၏ ရည်ရွယ်ချက်မှာ ဤအခွင့်အရေးကိုအသုံးချ၍ ဂလက်ဆီအမျိုးမျိုး၏ အင်အားကိုပြသရန်ဖြစ်သည်။ ထိုအထဲတွင် စစ်တက္ကသိုလ်လည်း ပါ၏။
“ကောင်းပြီ" နျဉ်ယွိယွမ်ခေါင်းညိတ်လိုက်ကာ ချန်ပိုင်၏ ဓာတ်ခွဲခန်းဆီ လျှောက်သွားလိုက်သည်။ အားလုံးသိတဲ့ ကျောလင်ကတော့ ဒီအချိန်တွင် မော့ချူး၏ လှုပ်ရှားမှုတွေကို သိနေသည်။
"ကြည့်အုံး၊ မာရှယ်နျဉ်ပဲ!"
"အရမ်းချောတာပဲ၊ ငါ့ idol ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ!"
"လစ်လိုက်! သူ မော့ချူးကို လာရှာတာဖြစ်မယ်!"
…
လမ်းတစ်လျှောက်တွင် လူများစွာသည် နျဉ်ယွိယွမ်အား စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြကာ တိုးသည်ဟုထင်ရသည့် တီးတိုးသံများဟာ နျဉ်ယွိယွမ်နားထဲသို့ ဝင်ရောက်လာသည်။ သို့သော်လည်း သူ့မျက်နှာပေါ်တွင် မထူးခြားနားသည် အမူအရာမျိုး ရှိနေဆဲဖြစ်ကာ၊ သူ့ခန္ဓာကိုယ်မှ အေးစက်ပြီး ပြင်းထန်သည့်ရောင်ဝါတွေဟာ တိတ်တဆိတ် အနားကပ်ရန်ပြင်ဆင်နေသည့် အမျိုးသမီးများစွာကို ပြန်လှည့်ချင်အောင်လုပ်နေ၏။
ဓာတ်ခွဲခန်းအဝင်ဝသို့ ရောက်သည့်အခါ နျဉ်ယွိယွမ်အပြင်တွင် ခဏလောက်ရပ်လိုက်သည်။
သူ အချိန်တွက်ချက်ထားသည်မှာ ကွက်တိပင်။ ဆယ်မိနစ်ခန့်အကြာ ဓာတ်ခွဲခန်း၏ မျိုးရိုးဗီဇတံခါးဟာ အလိုအလျောက် ပွင့်လာသည်။ မော့ချူးအပြင်ကိုထွက်လာတော့ ချောမောသည့် နျဉ်ယွိယွမ်၏ မျက်နှာကို တွေ့လိုက်ရသည်။ သူမ၏ အမူအရာမှာ အနည်းငယ် အံ့အားသင့်သွားသည်။ “ရှင်… ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ?"
"မင်း ထွက်လာတာကို စောင့်နေတာ" နျဉ်ယွိယွမ်၏ အေးစက်စက် မျက်နှာသည် ချက်ချင်းပျောက်ကွယ်သွားသည်။ သူ့မျက်လုံးထဲတွင် နူးညံ့သည့်အကြည့်တစ်ခုပေါ်လာသည်။ "စားပြီးပြီလား?"
“ပြီးသွားပြီ” မော့ချူး ခေါင်းညိတ်လိုက်သည်။ နေရောင်ကြောင့် အနည်းငယ်နီနေသည့် သူ့အသားအရည်ကိုမြင်တော့ သူမမျက်လုံးတွေထဲ အနည်းငယ် အံ့ဩသွားသည်။ "ဘာလို့ ဗီဒီယိုမက်ဆေ့ခ်ျ မပို့လိုက်တာလဲ?"
'သူမသာ ဒီစမ်းသပ်ခန်းထဲမှာဘဲ အချိန်အကြာကြီးနေခဲ့ရင် ဒီလူလည်း ဒီနေရာမှာပဲ မိုက်မိုက်မဲမဲစောင့်နေမှာလား?'
"ဘာမှမဖြစ်ပါဘူး။ ကိုယ် မင်းကို မနှောင့်ယှက်ချင်လို့" နျဉ်ယွိယွမ် ခေါင်းအသာခါယမ်းလိုက်သည်။ သူ၏ ရှင်းလင်းပြတ်သားတဲ့ စကားလုံးတွေဟာ မော့ချူးရဲ့ရင်ကို လှုပ်ခတ်သွားစေပြီး သူမရဲ့ ခြေလှမ်းတွေကို အနည်းငယ် ရပ်တန့်သွား စေသည်။
မော့ချူးရဲ့ ပုံမှန်မဟုတ်တဲ့အပြုအမူကို သတိပြုမိတော့ နျဉ်ယွိယွမ်လည်း ရပ်လိုက်ပြီး လှည့်ကြည့်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?"
"ရှင်.... ကျွန်မကို ဘာလို့ကြိုက်တာလဲ?" မော့ချူးရဲ့ မျက်လုံးတွေဟာ ကြည်လင်နေသော်လည်း သူမရဲ့ နားရွက်တွေကတော့ အနည်းငယ် အနီရောင်သန်းနေ၏။
နျဉ်ယွိယွမ်တွင် အေးစက်မာကျောသည့် စရိုက်ရှိကြောင်း သိသာလှသော်လည်း သူမကို ဆက်ဆံပုံကတော့ မတူပါချေ။
အများအားဖြင့် စကားအများကြီး မပြောတတ်သူသည် သူမကိုတော့ ချစ်စကားကြိုက်စကားတွေ ပြောနိုင်၏။ သူမရဲ့ အတွေးတွေကိုလည်း ဂရုစိုက်ကာ သူမရဲ့ဆန္ဒတွေကိုလည်း ကျေနပ်အောင်လုပ်ပေးသည် ..... ၂၁ ရာစုမှာပဲဖြစ်ဖြစ် အခုခေတ်မှာပဲဖြစ်ဖြစ်၊ ဒါဟာ မော့ချူးအနေနဲ့ အချစ်ကိုပထမဆုံး အကြိမ်အဖြစ် တွေ့ကြုံခံစားမိတာပင်။ သူမ ရင်ထဲထိခတ်သွားသော်လည်း မနေနိုင်ဘဲ သိချင်မိသွားသည်။
ဒါကိုကြားတော့ နျဉ်ယွိယွမ် ရယ်လိုက်သည်။
သူသည် မော့ချူး၏ နူးနူးညံ့ညံ့မျက်နှာလေးကို လှမ်းဆွဲကာ သူ့ဘာသာသူရေရွတ်လိုက်သည်။ “ဟုတ်တယ်နော်၊ ကိုယ် မင်းကို ဘာလို့ချစ်မိသွားတာပါလိမ့်?"
သူရဲ့နက်ရှိုင်းသည့်မျက်လုံးတွေဟာ အလင်းရောင်တွေ လှုပ်ရှားနေသလို တဖျပ်ဖျပ်လတ်နေ၏။
မော့ချူးရဲ့ အသားအရေဟာ အရမ်းနူးညံ့သည်။ ခပ်ဖွဖွလေး ညှစ်လိုက်ရုံနှင့်တင် အနီရောင်အရာတွေပေါ်လာသည်။ နျဉ်ယွိယွမ် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်မိကာ အမြန်လွှတ်ပေးလိုက်သည်။
ထိုအနီရောင်အရာကြီးဟာ ရှိနေဆဲဖြစ်ကာ မော့ချူး၏ ကျောက်စိမ်းလို ဖြူဖွေးနေသည့်ပါးပြင်များနှင့်တွဲစပ်လိုက်ပါက ပို၍ပင် ထင်ရှားလာသည်။
"နာနေလား?" နျဉ်ယွိယွမ် ခြေလှမ်းအနည်းငယ်ရှေ့တိုးကာ အနီရောင်အရာကို ဂရုတစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေမှတဆင့် နာကျင်သည့်အရိပ်အယောင်တွေပေါ်လာသည်။
ပြောရတာတော့ ရယ်စရာကောင်းလှသည်။ သူသည် အရွယ်ရောက်လာပြီးကတည်းက စစ်မြေပြင်ထဲဝင်ရောက်ခဲ့သည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာတွေဟာ မရေမတွက်နိုင်အောင် များပြားလှကာ 'နာတယ်' ဆိုတဲ့စကားလုံးကို တစ်ခါမှမထုတ်ပြောခဲ့ထူးပေ။ သို့သော် မော့ချူး၏ မျက်နှာပေါ်ရှိ အနီရောင်အရာကိုမြင်တော့ သူ့ရင်ထဲအလွန်တရာ စိတ်မသက်မသာခံစားလိုက်ရသည်။
'မင်းရဲ့ဒဏ်ရာတွေက ငါ့နှလုံးသားထဲမှာ' ဒီစကားဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က အဖွဲ့ချုပ်တွင် အလွန်ရေပန်းစားခဲ့သည့် စကားတစ်ခွန်းပင်။
ယခင်က နျဉ်ယွိယွမ်သည် ၎င်းကိုမြင်သည့်အခါ လှောင်ပြောင်ခဲ့ဖူးသည်။ အဲဒါကို နားထောင်ရတာ တကယ် ကိုးရိုးကားယားနိုင်လှသည်။
သို့သော် မော့ချူးနှင့်တွေ့တဲ့အခါ ဤစကား၏ အဓိပ္ပါယ်ကို သူနားလည်လာသည်။ ဖြစ်နိုင်လျှင် သူ ချူးလေးဆီမှ နာကျင်မှုအားလုံးကို ယူပစ်လိုက်ချင်သည်။ သူမ အန္တရာယ်ကင်းကင်းနှင့် နေနိုင်ဖို့ကိုသာ သူမျှော်လင့်သည်...
နျဉ်ယွိယွမ် ရှေ့သို့ငုံ့ကာ မော့ချူး၏မျက်နှာပေါ်ရှိ အနီရာများကို ညင်သာစွာ နမ်းလိုက်သည်။ သူ့လေသံ တိုးညှင်းညှင်းဖြင့် ပြောလာသည်။ “....ကိုယ် မင်းကိုချစ်တယ်"
အသံဟာ တိုးညှင်းလွန်းသည့်အတွက် သူ မပြောလာခင် သူ့လည်ချောင်းတဝိုက်တွင်သာ လှည့်ပတ်နေသလိုမျိုး တိုးညှင်းလှသည်။ သို့သော် သူတို့နှစ်ဦးသည် အခုချိန်တွင် အရမ်းကိုနီးကပ်နေတာကြောင့် မော့ချူး ရှင်းရှင်းလင်းလင်းကို ကြားလိုက်ကသည်။ သူမရဲ့ကြည်လင်တဲ့ မျက်လုံးတွေဟာ အနည်းငယ်ပြူးကျယ်သွားကာ ပါးစပ်ပါအနည်းငယ် ပွင့်ဟသွားသည်.....
နျဉ်ယွိယွမ်မှာ စိတ်လှုပ်ရှားနေသည်။ ယခု သူမကို ဒီလိုမြင်လိုက်ရတော့ သူ့ဦးနှောက်ဟာ ပြင်းပြင်းထန်ထန်ကို ဆတ်ခနဲဖြစ်သွားသည်။ အကြောင်းပြချက်ဟုခေါ်သည့် ချည်မျှင်ဟာ ဆတ်ခနဲ ပြတ်တောက်သွားတော့သည်။
"မင်း ကိုယ့်ကို ဖျားယောင်းနေတာ!" နျဉ်ယွိယွမ်ရဲ့အသံဟာ အနည်းငယ်ဩရှနေသည်။
"ဟင်?" မော့ချူး အံ့အားသင့်သွားကာ မတုံ့ပြန်လာနိုင်သေးပေ။
နျဉ်ယွိယွမ် ရုတ်တရက် ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်တော့ သူတို့နှစ်ဦးကြားရှိ နေရာလွတ်ဟာ ကျဉ်းမြောင်းသွားကာ ထိကပ်လုနီးပါးဖြစ်သွားသည်။ သူ့လက်နှစ်ဖက်ကို သူမကိုပွေ့ဖက်လိုက်ပြီး သူ၏ပြီးပြည့်စုံသည့် နှုတ်ခမ်းတွေဟာ သူမရဲ့ နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် ဖုံးလွှမ်းလိုက်သည်။
သူတို့ရဲ့နှုတ်ခမ်းတွေနဲ့ လျှာတွေ ရောယှက်နေကြကာ နျဉ်ယွိယွမ်ဟာ ခြံစည်းရိုးမှလွတ်မြောက်လာသည့် ဆာလောင်နေတဲ့ ကျားတစ်ကောင်လိုပင်။ သူ သူမကိုပြင်းပြင်းထန်ထန် နမ်းနေကာ သူ့အနမ်းတွေထဲ ပြင်းထန်သည့် စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်နေသည်။ မော့ချူးမှာ အသက်ရှုချိန်တောင် မရပေ။ သူမတစ်ကိုယ်လုံးကို နျဉ်ယွိယွမ်မျိုချပစ်တော့ မလိုမျိုးခံစားလိုက်ရသည်။
မော့ချူးကို စိုးရိမ်မိသွားတာကြောင့်သာမဟုတ်ရင် နျဉ်ယွိယွမ်တစ်ယောက် သူ့ကို အခုချက်ချင်း မျိုချမိပေလိမ့်မည်။
အချိန်အနည်းငယ်ကြာပြီးနောက် နျဉ်ယွိယွမ် သူမကို လွှတ်ပေးလိုက်သည်။