← Chapters

အပိုင်း ၃၅၂

Vol. 24 Ch. 352

အပိုင်း ၃၅၂

Vol. 24 Ch. 352

အံ့သြစရာကောင်းလောက်အောင် ကြီးမားလှသည့်လေ့ကျင့်ရေးကွင်းတွင် စစ်သားအနည်းငယ်သာ လေ့ကျင့်မှုလုပ်နေသည်။ သူတို့ရဲ့ အရောင်အဝါတွေဟာ တည်ငြိမ်ကာ ခြိမ်းခြောက်နိုင်သည်။

“ဒါက စစ်ယူနီ‌ဖောင်း။ ဟိုမှာ အဝတ်လဲခန်းရှိတယ်။ ကိုယ့်ဘာသာကိုယ်ဝတ်" စစ်သား၏ အမူအရာမှာ အေးစက်နေ၏။ “၁၅ မိနစ်အတွင်း ဒီမှာလာစု”

လူတိုင်း အဝတ်အစားများလဲလှယ်ပြီးနောက် စစ်သားသည် သူတို့၏ ခလုတ်ခုံတွေကို သိမ်းဆည်းကာ ဓားမြှောင်တစ်ချောင်းနှင့် အာဟာရရည် ပုလင်းသုံးလုံး အသီးသီးပေးလိုက်သည်။

"ပြီးရင် မင်းတို့ကို လေ့ကျင့်ရေးကွင်းထဲကို ခေါ်သွားမယ်။ တစ်လကြာတဲ့အထိ အသက်ရှင်သန်နိုင်တဲ့သူက နောက်ဆက်တွဲသင်တန်းမှာ ပါဝင်ခွင့်ရမယ်။ ဒါပေါ့ မင်းတို့တွေ မရနိုင်ဘူးဆိုရင်‌တော့ ဒီမှာယူနီဖောင်းကိုထားခဲ့ပြီး အပြင်ထွက်ကြ" ပြောရင်းဖြင့် စစ်သားက သူ့ဘေးနားရှိ စစ်ယူနီဖောင်းပုံတွေကို လက်ညှိုးထိုးပြလိုက်သည်။ "ဒါဆို မင်းတို့ထွက်လို့ရပြီ"

"မရှင်းတာ ရှိသေးလား?"

"မရှိပါဘူး ဆာ!" မော့ချူးတို့တွေ တညီတညွတ်တည်း ခေါင်းယမ်းလိုက်ကြသည်။

သူတို့ကို နတ်ဆိုးလောက၏ အပြင်ဘက်တွင် ထားပြီးနောက် စစ်သားက ဆက်ပြောလာသည်။ “အခုကနေစပြီး ငါးရက်တိုင်း၊ ဒီနေရာမှာ မှော်အပင်တွေနဲ့ မှော်သားရဲတွေကို အစားအစာအတွက် လဲလှယ်ရမယ်။ အချိန်လွတ်သွားတယ်ဆိုရင်‌တော့ ‌‌ဒါက မင်းတို့ကိစ္စဘဲ"

ထိုစကားကို ပြောပြီးနောက် သူသည်တစ်ချက်မျှပင် မကြည့်ဘဲ လှည့်ထွက်သွားသည်။

"မှော်ဒေသမှာ တစ်လလောက် အသက်ရှင်အောင် နေရုံဘဲမဟုတ်လား?" ထိုစစ်သား ထွက်သွားပြီးနောက်၊ ချောင်းဟုန်မိန်သည် သူမ၏စစ်ဦးထုပ်ကို ချွတ်ကာ သူမရဲ့ဆံပင်တွေကို သပ်ရပ်အောင်လုပ်လိုက်ပြီး သူမမျက်နှာပေါ်တွင်‌တော့ အမှုမထားမှုတွေဖြင့် ပြည့်နေသည်။

"ဟုတ်တာပဲ!" တခြား စစ်တက္ကသိုလ်မှ ကျောင်းသားတွေလည်း မတတ်နိုင်ဘဲ သဘောတူလိုက်သည်။ အရင်က ဒီလေ့ကျင့်ရေးဟာ ဘယ်လောက်တောင်ကြောက်စရာကောင်းလဲဆိုတာ ပြောကြပေမယ့် အခုကြည့်လိုက်တော့ သူတို့နည်းနည်းစိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

"ဝင်ကြမလား?" မော့ချူး မော့ယန်နဲ့ချင်ယွဲ့တို့ကို ကြည့်လိုက်သည်။ ဤလက်ရွေးစင်များထဲတွင် သူတို့က တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကြတဲ့အတွက် သဘာဝအတိုင်း အတူ နေလိုက်သည်။

"အမ်း” ပုံမှန်အားဖြင့် ချင်ယွဲ့၏ ဂရုမစိုက်တတ်တဲ့ အသွင်အပြင်ဟာ ယခုတော့ သူ့မျက်လုံးတွေထဲ သတိအပြည့်ရှိနေ၏။ သူတို့တွေ နီးနီးကပ်ကပ် မှီကာ အထဲကို၀င်သွားကြသည်။

"ဟက်! ငကြောက်!" တခြားတစ်ယောက်က ချင်ယွဲ့၏ သတိအပြည့်နှင့်ပုံစံကိုမြင်လိုက်သဖြင့် ထိန်းမနိုင်သိမ်းမရစွာ အသံတိုးတိုးဖြင့် ထေ့ငေါ့လိုက်ပြီး ခြေလှမ်းကြဲဖြင့် လျှောက်သွားလိုက်သည်။ သူတို့အားလုံးဟာ ထိပ်တန်းရွေးချယ်ခံထားရသူတွေပင်။ သူတို့ဟာ မှော်ဒေသထဲသို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရောက်ခဲ့ကြဖူးတာကြောင့် ဘာကြောက်ရွံ့မှုကိုမှ မပြလာပါချေ။

နောက်ဆုံးတော့ မကြာမီ အတွင်းမှ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ဘုန်း!

ကျယ်လောင်သည့်အသံဟာ ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်လုနီးပါးပင်။

"ဘာ... ဘာဖြစ်တာလဲ?" ချောင်းဟုန်မိန်၏ မျက်နှာပေါ်ရှိ ဂရုမစိုက်တဲ့ အမူအရာဟာ ချက်ချင်းပင်အေးခဲသွားပြီး သူမရဲ့မျက်နှာပေါ်တွင် ထိတ်လန့်မှုအရိပ်အယောင်‌တွေပေါ်လာသည်။

"ဒီမှာ မြေပြင်ဖောက်ခွဲပစ္စည်းတွေ မြှုပ်ထားတာများလား?" မော့ယန် မျက်မှောင်ကြုတ်လိုက်သည်။ ဤဟာမှလွဲ၍ ထိုကျယ်လောင်သည့်အသံဟာ ဘာလဲဆိုတာ သူဘာမှမစဉ်းစားထွက်ပေ။

"မြေပြင်ဖောက်ခွဲပစ္စည်းတွေ?" ဒါကိုကြားတော့ ချောင်းဟုန်မိန် မျက်နှာဟာ ဖြူဖျော့သွားတော့သည်။

မြေပြင်ဖောက်ခွဲပစ္စည်းများသည် ၂၁ ရာစုတွင် မြေမြှုပ်မိုင်းများနှင့် ဆင်တူသည်။ သို့သော်၊ အဖွဲ့ချုပ်မှဖန်တီးထားသည့် မြေပြင်ဖောက်ခွဲပစ္စည်းတွေဟာ အဖျက်စွမ်းအားပိုရှိပြီး ကြယ်စင်စုကြားတိုက်ပွဲတွင် အများအားဖြင့် အသုံးပြုလေ့ရှိသည်။ ၎င်းဟာ ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပါချေ။

"သူတို့ ရူးနေကြတာလား?!" ချောင်းဟုန်မိန် မသိစိတ်ကနေ နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ သူမရဲ့မျက်နှာဟာ ဖြူဖျော့သွားသည်။ မြေပြင်ဖောက်ခွဲပစ္စည်းတွေကို သူတို့တွေ နင်းမိပါက အပိုင်းပိုင်းအစစဖြစ်ကာ လွင့်စင်သွားမယ်ဆိုတာ သိထားရမည်ပင်။ သူတို့က ဒီမှာအသက်လာစွန့်စားတာမဟုတ်ဘဲ လေ့ကျင့်ဖို့လာကြတာမဟုတ်ဘူးလား? ဒီလောက်ထိ ကြီးကြီးမားမားလုပ်ဖို့ လိုသေးတာလား?

အခက်အခဲမှုအဆင့်က နိမ့်လွန်းတယ်လို့ထင်ခဲ့တဲ့ လူအနည်းငယ်ဟာလည်း မ‌တတ်နိုင်ဘဲ လေးနက်လာကြသည်။

"နင် ထွက်သွားချင်လား?" မော့ချူး ချောင်းဟုန်မိန်ကို တစ်ချက်ကြည့်လိုက်သည်။ "အပြန်လမ်းကို မှတ်မိသေးလား?"

အဖွဲ့ချုပ်ရှိ လူအများစုတွင် မောင်းနှင်ခြင်းယာဉ်များရှိသဖြင့် ၎င်းတို့ကို အသုံးပြုသည့်အခါ အစမှတ်နှင့် အဆုံးမှတ်များကိုညထည့်သွင်းရန်သာ လိုသည်။ သွားမယ့်လမ်းကြောင်းအတွက်ကိုမူ၊ စတားနက်မှ စီစဉ်ပေးထားသည်။ ထို့ကြောင့် လမ်းကြောင်းကို မှတ်မိရလောက်အောင် မည်သူမျှ ရူးနေလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတော့ သူတို့ရဲ့ ခလုတ်ခုံကို သိမ်းထားတာကြောင့် သူတို့မှာရှိတဲ့ မောင်းနှင်ခြင်းယာဉ်တွေလည်း သဘာဝအလျောက် မရှိတော့ပေ...

ဒါကိုကြားတော့ ချောင်းဟုန်မိန်ရဲ့အမူအရာက ချက်ချင်းပြောင်းလဲသွားတော့သည်။

မှန်သည်၊ အခုလေးတင် သူမ မှတ်ထားတဲ့လမ်းကြောင်းတွေကို လုံးဝမေ့သွားပြီပင်။ သူမတစ်ဖက်သို့ လှမ်းကြည့်လိုက်သည့်အခါ အခြားစစ်တက္ကသိုလ်မှ ကျောင်းသားများ၏ အမူအရာဟာလည်း အလွန်ဆိုးရွားနေသည်။

ဤအခိုက်အတန့်တွင် မှော်ဒေသထဲမှ စစ်တက္ကသိုလ်ကျောင်းသားကို လူတိုင်းမေ့နေကြသည့်ပင်။ အဲဒီအစား ချင်ယွဲ့က စိုးရိမ်တကြီးနဲ့ ကြည့်လိုက်သည်။ “ဝင်ကြည့်ရအောင်”

“ကောင်းပြီ” မော့ချူးခေါင်းညိတ်လိုက်သည်။

ချင်ယွဲ့က ရှေ့ကနေလမ်းကို ဦးဆောင်သည်။ သူသည် အရမ်းကိုသတိကြီးကြီးဖြင့် မြေပြင်ပေါ်ခြေလှမ်းလှမ်းသည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးတိုင်း သူခဏလောက်ငြိမ်ကာ စောင့်ကြည့်တတ်သည်။ ထို့အတွက်ကြောင့် ဆယ်မိနစ်အကြာတွင် စောစောကဝင်သွားသည့် စစ်တက္ကသိုလ် ကျောင်းသား၏ ပုံရိပ်ကိုတွေ့လိုက်ရသည်။

တကယ်တော့ အဲ့ဒီလူရဲ့တုံ့ပြန်မှုက တော်တော်မြန်သည်။ မြေပြင်ပေါ်နင်းမိပြီး ပေါက်ကွဲလာတာနဲ့ သူ၏ဒြပ်စင်အထူးစွမ်းရည်ကို အမြန်သုံးကာ အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။ သို့သော် ဤမြေပြင်ပေါက်ကွဲမှု စွမ်းအားမှာ ကြီးမားလွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လက်တွေခြေတွေဟာ သွေးထွက်လာကာ မေ့မြောသွားတော့သည်။ 'မဟုတ်ပါက ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ !'

“ငါ သွားကြည့်ကြည့်မယ်” မော့ယန် အသက်ပြင်းပြင်းရှူကာ အဲ့ဒီလူဆီ ဂရုတစိုက်လျှောက်သွားလိုက်သည်။

သူနဲ့ မီတာဝက်လောက်အကွာရောက်တဲ့အခါ သူခြေထောက်အောက်တွင် သိသာသည့်အဖုတစ်ခု ရှိနေတာကို သူတွေ့လိုက်ရသည်။ ဒီနေရာမှာ မြေပြင်ဖောက်ခွဲပစ္စည်းရှိနေတယ်!

မော့ယန်မျက်မှောင်ကြုတ်ရင်း‌ လူကိုသူ့ပခုံးပေါ်တင်လိုက်ပြီး သူတို့နှစ်ယောက်ကို အချက်ပြလိုက်သည်။ ထို့နောက် မူလလမ်းအတိုင်း ဤစစ်တက္ကသိုလ် ကျောင်းသားကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။ ညမိုးချုပ်သည့်အခါ စစ်သားများ လာခေါ်သွားကြလိမ့်မည်။

ချောင်းဟုန်မိန်နှင့် တခြားသူတွေဟာ အပြင်တွင် ရပ်နေကြဆဲဖြစ်သည်။ သူတို့သည် မှော်ဒေသကို တစ်ချိန်လုံး ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးကို ကြည့်နေကြသည်။ မော့ယန်၏ ရင်ခွင်ထဲတွင် ထိုလူကို တွေ့လိုက်ရတဲ့အခါ သူတို့တွေမထိန်းနိုင်ဘဲ အသက်ရှုကြပ်သွားရသည်။ သူခန္ဓာကိုယ်ပေါ်ရှိ သွေးတွေနှင့်အတူ သူ၏စိတ်ကြီးဝင်နေသည့်အပြုံးက လူတိုင်းရဲ့စိတ်ထဲပေါ်လာသည်။

'အချိန်ဘယ်လောက်ဘဲရှိသေးလို့လဲ? ရဲဘော်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ။' ဒါက စိတ်ပျက်စရာကောင်းလွန်းသည်။

All Chapters