အပိုင်း ၃၅၃
Vol. 24 Ch. 353
"မင်းတို့ မဝင်ဘူးလား?" ထိုလူကို အပြင်တွင်သေချာချထားပြီးနောက် မော့ယန်မတ်တပ်ရပ်ကာ ပြန်ထွက်လာလိုက်သည်။ ချောင်းဟုန်မိန်နှင့် အခြားသူများကို သူဖြတ်သွားတဲ့အခါ မနေနိုင်ဘဲ ခေါင်းငုံ့မေးလိုက်သည်။
"ကိုယ့်ကိစ္စသာ ကိုယ်လုပ်စမ်းပါ!" မော့ယန်၏ အနည်းငယ်လှောင်ပြောင်နေတဲ့ အကြည့်ကို မြင်တော့ ချောင်းဟုန်မိန် သူမနှုတ်ခမ်းကို ခပ်ပြင်းပြင်းကိုက်လိုက်သည်။ သူမလည်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝင်လိုက်သည်။
ဒါကို တခြားသူတွေမြင်တော့ တွန့်ဆုတ်မနေတော့ပေ။
နေ့တစ်ဝက်ကျော်လာသည်။ အကယ်၍ သူတို့သည် မှော်ဒေသထဲသို့ အမြန်ဆုံးဝင်၍ မှော်သားရဲနှင့် မှော်အပင်တွေကို မသတ်ပါက တစ်နေ့လုံး စားနပ်ရိက္ခာ ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။
သို့သော် ချောင်းဟုန်မိန်သည် အတော်လေး ပါးနပ်သည်။ တကယ်တော့ သူမက ချင်ယွဲ့တို့၊ မော့ယန်တို့နောက်ကိုလိုက်နေသည်။ သူတို့ ဖြတ်သွားသည့်လမ်းဟာ အန္တရာယ်မရှိဟု အတည်ပြုပြီးနောက်မှသာ သူမခြေလှမ်းရဲသည်။
အစကတော့ ဒါဟာစိတ်ချရသည်ဟု သူမထင်ခဲ့သော်လည်း သူမအနောက်မှ ကျောင်းသားတစ်ဦးဟာ လမ်းလယ်၌လဲနေသည့် သစ်ကိုင်းတစ်ကိုင်းကို ကန်ထုတ်လိုက်လိမ့်မည်ဟု မည်သူကမှ မထင်ထားပါချေ။
အဆုံးတွင်၊ ဤကန်ချက်ကြောင့် ဒုက္ခရောက်ရတော့သည်။
ယန္တရားက ဘယ်ကနေစလာသလဲဆိုတာ သူတို့မသိကြပေမယ့် ဓါးအမြောက်အမြားဟာ ဘေးကနေ ပျံထွက်လာကာ သူတို့ဆီတည့်တည့် ပျံသန်းသွားသည်။ ထိုချွန်ထက်လှသည့်ဓားတွေနှင့် တစ်ချက်ထိရုံနှင့်တင် လုံလောက်သည်။
မော့ချူးနှင့်တခြားသူတွေဟာလည်း သိပ်မဝေးလှသည်ကြောင့် မြေစာပင်ဖြစ်ကြရသည်။
ကံကောင်းထောက်မစွာဖြင့်၊ သူတို့၏ တုံ့ပြန်မှုဟာ အလွန်လျင်မြန်ပြီး ဓါးသွားများကိုတားရန် သူတို့၏ ဒြပ်စင်စွမ်းရည်ကို ချက်ချင်းအသုံးပြုလိုက်သည်။ သို့သော်လည်း ဓားသွားတွေဟာ အဆုံးမရှိသည့်ပုံပေါ်ကာ ပစ်ဝင်လာသည့်ထောင့်တိုင်းသည် အလွန်တရာ ပရိယာယ်များလှသည်။ ဂရုမစိုက်မိပါက ထိလိမ့်မည်ပင်။
မော့ချူးတို့တွေမှာ အံကိုကြိတ်ကာ လုံးဝကိုမနားရဲပေ။ နာရီဝက်လောက်ကြာတော့ သူတို့ချွေးတွေထွက်လာပြီ။
မော့ချူးတို့ဘက်တွင် ဖရိုဖရဲဖြစ်နေသလို ချောင်းဟုန်မိန်တို့ဘက်မှာလည်း ပို၍ပင်ဒုက္ခရောက်နေသည်။
ဓားသွားတွေ ရုတ်တရက်ပေါ်လာသည်ကြောင့်၊ သူတို့တွေ စက္ကန့်အနည်းငယ်လောက် အထိတ်တလန့်ဖြစ်သွားပြီး ချက်ချင်းတည်ငြိမ်သွားကြသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မနေနိုင်ဘဲ ထိတ်လန့်လာကြသည်။ ဓါးသွားတွေကြောင့် သူတို့ထိခိုက်လုမတတ် ဖြစ်ခဲ့ရသည်။
"တစ်ခုခုတော့မှားနေပြီ!" မော့ချူးလက်ထဲကနေ ရေဓါးသွားတွေဟာ တစ်ခုပြီးတစ်ခုထွက်လာနေပြီး သူမရဲ့အမူအရာဟာလည်း အနည်းငယ် အေးခဲသွားသည်။ ဒီအခြေအနေကို ကြည့်ပါက သူတို့တွေ ဓားသွားတွေနဲ့ တစ်နေကုန် ပစ်ခတ်နေရလောက်သည်။ "ဒါကိုတားဖို့ နည်းလမ်းရှိလိမ့်မယ်!"
မော့ယန်လည်း ဒါကိုတွေးမိသည်။ သူ့လက်ထဲရှိ ဒြပ်စင်စွမ်းရည်ကိုမြှင့်တင်ကာ လျှပ်စီးကြောင်းအတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။ “သွားကြည့်ကြည့်ရအောင်”
မော့ယန်၏ လျှပ်စီးကြောင်းအတားအဆီးဟာလည်း အကြာကြီး မခံနိုင်ပါချေ။ တိုက်ပွဲကို အမြန်အဆုံးသတ်ရမည်။
"ဟုတ်တယ်!" မော့ချူးနဲ့ ချင်ယွဲ့တို့ ချက်ချင်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ထို့ကြောင့် မော့ယန်က ရှေ့တွင်ရပ်ကာမိုးကြိုးအတားအဆီးလုပ်ထားချိန်တွင် မော့ချူးနှင့် ချင်ယွဲ့တို့ဟာ သူ့နောက်မှနေ အခြားဓားသွားများကို ပစ်လိုက်သည်။ သူတို့ သုံးယောက်ကျောချင်းကပ်ရပ်နေရင်း နားလည်သွားကြသည်။
သို့သော် သူတို့ခွဲလိုက်ပါက ဓားတွေပိုထွက်လာကာ စုစည်းလာလေဖြစ်သည်။ မော့ချူးတို့တွေသာ မစဉ်းစားမိပါက သူတို့တကယ် ဒဏ်ရာရသွားလိမ့်မည်ပင်။
ဒါတောင် သူတို့တစ်လမ်းလုံး လက်ဗလာနဲ့ ရောက်လာကြသည်။
ယန္တရားများ ဒီဇိုင်းရေးဆွဲခြင်းသည် အဖွဲ့ချုပ်၏ နိုင်ငံတော်ဘဏ္ဍာအဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။ လေ့လာကြည့်ဖို့မဆိုနှင့် လူအများစုတောင် ၎င်းကိုယခင်က မမြင်ဖူးကြပေ။ ဒီမှာ တကယ်ကြီးတွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ?
မော့ယန် မျက်မှောင်ကြုတ်နေတုန်း မော့ချူး မျက်လုံးတွေ တောက်ပလာသည်။ "အစ်ကို! ဟိုကိုကြည့်!"
သူတို့ရှေ့ရှိ မြေပြင်ပေါ်တွင် မထင်မရှားသေတ္တာလေးတစ်လုံး ပွင့်နေကာ၊ ၎င်းဘေးတွင် သစ်ရွက်တစ်ရွက်က လွင့်နေ၏။
"ဘာကိုလဲ?" မော့ချူးပြောတာကို ချင်ယွဲ့ နားမလည်ပါချေ။ ' ဒီသေတ္တာသေးသေးလေးက၊ ဒီယန္တရားနဲ့ ဘာဆိုင်လို့လဲ?'
'တုံးလိုက်တာ!'
မော့ချူး ချင်ယွဲ့ကို စိုက်ကြည့်လိုက်သည်။ သူတို့မှာ တစ်လမ်းလုံး ဤမုန်တိုင်းကဲ့သို့ ဓားသွားများကို တောင့်ခံခဲ့ကြသော်လည်း ဘာကိုမှမတွေ့ခဲ့ကြပေ။ 'သူတို့တွေ့ခဲ့တာက ဒီသေတ္တာပဲ။ မထူးဆန်းဘူးလား?'
ဒီသေတ္တာက ဒီဓားတွေကို ဘယ်လိုထိန်းချုပ်ထားလဲဆိုတာ မော့ချူး မသိပေမယ့် သူမရဲ့အတွေးကိုတော့ အခိုင်အမာယုံကြည်သည်။ သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သေတ္တာကို အားစိုက်ပိတ်လိုက်သည်။
သေတ္တာကိုပိတ်လိုက်သည့်အခါ မုန်တိုင်းလိုဓားတွေပျောက်သွားတာကို ချင်ယွဲ့နဲ့မော့ယန်တို့ အံ့ဩစွာဖြင့် တွေ့လိုက်ရသည်။
'မင်းဘယ်လိုသိတာလဲ'... ဒီစကားလုံးတွေက ချင်ယွဲ့မျက်နှာပေါ်တွင် ရှင်းရှင်းလင်းလင်းရေးထားကာ ချူးလေးကို သူကြည့်တဲ့ပုံဟာလည်း လေးစားမှုတွေအပြည့်ပင်။
'အင်း... ဒါကို ဘယ်လိုရှင်းပြရမလဲ?' မော့ချူး ခေါင်းကုတ်လိုက်သည်။ အရင်တုန်းက သူမဖတ်ခဲ့ဖူး၊ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်နဲ့ဝတ္ထုတွေ အားလုံးထဲတွင် ဒီလိုမျိုးရေးထားသည်လို့ သူမ မပြောနိုင်ပါချေ။
ထို့ကြောင့် သူတို့နှစ်ဦး၏ သိချင်နေသည့်အကြည့်များကိုရင်ဆိုင်ရင်း မော့ချူးသည် လေးနက်သည့် မျက်နှာထားဖြင့် နောက်ဆုံးတော့ 'အလိုလိုသိတာ' ဟူသည့် စကားတစ်ခွန်းကိုသာ ပြောနိုင်တော့သည်။
ဟင်းး... မျှော်လင့်ထားသလိုပဲ၊ အမျိုးသမီးတစ်ယောက်ရဲ့ ပင်ကိုယ်အသိစိတ်ကို လျှော့တွက်လို့ မရဘူးဘဲ!