အပိုင်း ၃၅၄
Vol. 24 Ch. 354
"ဟင်း! ဒီမော့ချူးကတော့ တကယ် နတ်ဘုရားပဲ!"
ဤအခိုက်အတန့်တွင် မော့ချူးနှင့် မှော်ဒေသတွင်ရှိသည့် အခြားသူများအားလုံး စိတ်လှုပ်ရှားသည့် အခြေအနေတွင် ရှိနေ၏။ သူတို့၏ လှုပ်ရှားမှုတိုင်းကို အပြင်မှ စောင့်ကြည့်နေကြသည့် မျက်လုံးအစုံတွေရှိနေမှန်း သူတို့မသိကြပေ။
“ဒီသေတ္တာက ဓားတွေကိုပိတ်ပစ်နိုင်တဲ့ ယန္တရားဖြစ်တယ်ဆိုတာ သူဘယ်လိုသိတာလဲ?" ကလေးမျက်နှာနှင့် စစ်သားတစ်ယောက်က အနားကပ်လာကာ သူ့မျက်လုံးတွေထဲ စူးစမ်းလိုစိတ်တွေ ပေါ်လာသည်။
ပြန်တွေးကြည့်လျှင် သူတို့အားလုံး ဒီမှော်ဒေသထဲသို့ ပစ်ချခံခဲ့ရပြီး အဆုံးမရှိသည့်ထောင်ချောက်တွေကို မြည်းစမ်းခဲ့ကြဖူးသည်။ မခံနိုင်တော့တဲ့အထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။ ဒီကလေးတွေတော့ အထဲကိုပစ်ချခံရတဲ့အခါ နည်းနည်းတော့ ဒုက္ခရောက်လိမ့်မယ်ဟု သူတို့ထင်ခဲ့သည်။ သို့ပေမယ့် သူတို့မျှော်လင့်ထားတာထက် ကျော်လွန်ပြီး တကယ်ကိုထက်မြက်နေလိမ့်မယ်ဟု မမျှော်လင့်ထားပါချေ။
"သူ ပြောခဲ့တယ်မဟုတ်ဘူးလား?" ရွှင်ပြသည့်မျက်နှာနှင့် အခြားစစ်သားတစ်ဦးသည် ထိုစကားကိုကြားသည့်အခါ မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။ "ဒါက အလိုလိုသိစိတ်ကြောင့်သပ်သပ်ဘဲ"
“ကျစ်! မင်း အဲ့ဒါကိုယုံနေတာလား?" ကလေးမျက်နှာနှင့် စစ်သားဟာ သူ့ကို မျက်လုံးလှိမ့်ပြလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ "ဒါကြောင့် မင်း single ဖြစ်နေတာ"
'ဟေး၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ မပါလို့မရဘူးလား?'
“ကောင်းပြီ” သူတို့နှစ်ယောက် ရန်မဖြစ်မီခင် အလေးအနက်အမူအရာနှင့် စစ်သားဟာ သူတို့ကိုစိုက်ကြည့်နေပြီးနောက် ထောင့်တွင်ထိုင်နေသည့်လူဆီ အကြည့်ပို့လိုက်သည်။ သူ့လေသံထဲတွင် ရှားရှားပါးပါး အတက်အကျရှိနေသည်။ "လူအိုကြီးကွမ်၊ မင်းရဲ့စံချိန်ကို မော့ချူး ချိုးသွားပြီလား?"
ကွမ်ရှန့် မနေနိုင်ဘဲ စခရင်ပေါ်ရှိမော့ချူးကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးတွေ ဖြတ်ခနဲ တောက်သွားသည်။ "အမှန်ပဲ"
'ဘာ?'
ကလေးမျက်နှာနှင့်စစ်သားမှာ အံ့သြသွားသည်။ "ဒီထောင်ချောက်ကို ရှာတွေ့တာ မော့ချူးအမြန်ဆုံးလား?"
ဤစစ်တပ်တွင် သူတို့ငါးယောက်သာရှိသော်လည်း ငါးယောက်လုံးဟာ ထိပ်တန်းတွေဖြစ်သည်။ ၎င်းတို့အနက်မှ တစ်ဦးဟာ ဖောက်ခွဲနိုင်သည့်စွမ်းအားရှိပြီး လူ ၁၀၀ ကိုတိုက်ခိုက်ရန်မှာ သူ့အတွက်အလွယ်လေးပင်။
ကွမ်ရှန့်သည် ဤစစ်တပ်တွင် ထောင်ချောက်များကို ဖန်တီးရာ၌ ကျွမ်းကျင်သူဖြစ်သည်။ တခါတရံတွင် သူသည် စစ်သားတစ်ဦးမှတောင် မသုံးဘဲ တိုက်ပွဲတစ်ခုကို အနိုင်ယူနိုင်သည်။ ထုံးစံအတိုင်း၊ သူသည် မှော်ဒေသလေ့ကျင့်ရေးရှိ ထောင်ချောက်များကို ဖန်တီးခဲ့သူဖြစ်သည်။
"ငါ မင်းထက် ၂၅ မိနစ်နဲ့ စက္ကန့် ၃၀ ပိုမြန်တယ်" ခလုတ်ခုံကိုကြည့်ရင်း ကွမ်ရှန့်က မထူးခြားနားစွာဖြင့်ပြောလိုက်သည်။
“အင်း…” ထိုစကားကိုကြားတော့ ကလေးမျက်နှာနှင့်စစ်သားမှာ စကားပြောတာ ချက်ချင်းရပ်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ ဒီကလေးက တိတ်ဆိတ်နေပုံရပေမဲ့ သူ့ပါးစပ်ကတော့ အဆိပ်တွေနဲ့ ပြည့်နေတာပဲ!
“ဒါပေမယ့်” ကလေးမျက်နှာနှင့် စစ်သားက ရုတ်တရက် အတင်းအဖျင်းအချို့ ပြောလာသည်။ “မင်း မိန်းကလေးတစ်ယောက်ကို အာရုံစိုက်တယ်ဆိုတာ ရှားတယ်။ ကျွတ်စ် ကျွတ်စ် သနားစရာဘဲ၊ မော့ချူးက မာရှယ်နျဉ်ရဲ့အပိုင်ဖြစ်နေတာ!"
ကွမ်ရှန့်က အများကြီး မပြောလိုက်ပေ။ သူ့အား အေးစက်စက် အကြည့်တစ်ချက် ပေးလိုက်ရုံနှင့် မထီမဲ့မြင်ပြုနိုင်ရန် လုံလောက်သည်။ 'အပြစ်ကင်းသလိုပုံနဲ့ဒီကောင်လေး ဘာတွေတွေးနေတာလဲ?'
"ကောင်းပြီ၊ သိပ်ပြီးတွေးမနေနဲ့။ ကွမ်ရှန့်က အေးစက်စက် သံမဏိပဲ။ သူက မင်းကို ချစ်သွားလိမ့်မယ်လို့ ထင်နေတာလား?" လေးနက်သည့်မျက်နှာနှင့်စစ်သားဟာ မျက်ခုံးပင့်လိုက်ပြီး မနေနိုင်ဘဲ ပြုံးလိုက်သည်။
"မှန်တယ်" ထိုစစ်သားက ခေါင်းညိတ်လိုက်သည်။ “ငါက နူးညံ့တဲ့မိန်းကလေးတွေကိုဘဲ ကြိုက်တာနှမြောစရာပဲ။ မဟုတ်ရင် ငါတို့တွေ ပါတနာဖြစ်လာမှာ"
ကွမ်ရှန့်၏ နဖူးလေး တွန့်သွားသည်။ 'သူဘယ်လိုလူမျိုးနဲ့ တွေ့ခဲ့တာလဲ?' ထိုအချိန် သူ့လက်ထဲရှိ ခလုတ်ခုံက အသံထွက်လာသည်။
"ဘာဖြစ်လို့လဲ? ဒီကို ရောက်လာပြီးတာတောင် စိတ်မအေးနိုင်သေးဘူးလား" ကွမ်ရှန့် အခန်းထဲမှ ထွက်လာကာ စခရင်တစ်ဖက်ရှိ သူ့သူငယ်ချင်းကို ကြည့်လိုက်သည်။ သူ၏ တိတ်ဆိတ်နေသည့် မျက်နှာဟာ ခါတိုင်းနှင့်အတူတူပင်ဖြစ်သော်လည်း သူ့လေသံထဲတွင် လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင်တွေရှိနေသည်။
"သူ ဘယ်လိုနေလဲ? လိုက်လျောညီထွေဖြစ်ရဲ့လား?" နျဉ်ယွိယွမ်၏ မျက်လုံးများထဲတွင် ရှားရှားပါးပါး စိုးရိမ်သည့်အရိပ်အယောင်တွေကို ထုတ်ဖော်ပြသလာသည်။
“စိတ်မပူပါနဲ့” ကွမ်ရှန့် မျက်ခုံးပင့်လိုက်သည်။ "သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းတယ်"
မောပချူးသည် အခြားသူများ၏ စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်ပါက ထူးချွန်သည်ဟု ယူဆနိုင်သည်။
"ကောင်းတယ်" ဒါကိုကြားတော့ နျဉ်ယွိယွမ် မပြုံးဘဲမနေနိုင်တော့ပေ။ “ငါ့အတွက် သူ့ကိုကြည့်ထားပေးဖို့ မင်းကို ဒုက္ခပေးရတော့မယ်။ ငါ သူ့ကိုဘာမှမဖြစ်စေချင်ဘူး!"
နျဉ်ယွိယွမ်၏ လေးနက်တဲ့ စကားကိုကြားတော့ ကွမ်ရှန့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ မင်းအတွေးလွန်နေတာလို့တော့ ငါထင်တယ်။ မော့ချူးက အရမ်းကောင်းကောင်းကိုလုပ်နေတာ"
"ငါသိတယ်" နျဉ်ယွိယွမ် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ဂုဏ်ယူသည့်အရိပ်အယောင်တွေ ပေါ်လာသည်။ "သူက အမြဲတမ်း အကောင်းဆုံးဘဲ!"
"ကောင်းပြီ မင်းရဲ့အချစ်တွေကို ငါ့ရှေ့မှာ လာမကြွားနေနဲ့တော့!" ကွမ်ရှန့် နျဉ်ယွိယွမ်ကို မထီမဲ့မြင်ပြုကာ နှုတ်ဆက်လိုက်ပြီး ဗီဒီယိုခေါ်ဆိုမှုကို ချလိုက်သည်။ သို့သော် သူ မပြုံးနိုင်ဘဲ မနေနိုင်ပေ။
နျဉ်ယွိယွမ်သည် အမြဲတမ်း တည်ငြိမ်တတ်သူဖြစ်သည်။ အဖွဲ့ချုပ်၏ တစ်ဦးတည်းသော စစ်ဗိုလ်ချုပ်ကြီးအဖြစ် သတ်မှတ်ခံရသည့်တိုင် ကြွားဝါသည့် အရိပ်အယောင်တွေကို သူ မပြခဲ့ပါချေ။ သို့သော် မော့ချူး၏ လုပ်ဆောင်မှုကို ကြားပြီးနောက်တွင် သူ၏ပုံမှန်အေးဆေးသည့်ပုံစံဟာ ပျောက်ကွယ်သွားတော့သည်။ သူတကယ်ပဲ... ဒီထဲကို နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားတာပဲ!
သူ့အကြောင်းတွေးမိတော့ ကွမ်ရှန့် ခေါင်းခါလိုက်ကာ မနေနိုင်ဘဲ ပြုံးမိသွားသည်။
သို့သော်လည်း စခရင်မှတစ်ဆင့် မော့ချူး၏ စွမ်းဆောင်ရည်ကို ကြည့်ကာ ကွမ်ရှန့်မနေနိုင်ဘဲ ခေါင်းညိတ်လိုက်မိသည်။ 'ဒီကောင်မလေးက မဆိုးဘူး။'