← Chapters

အပိုင်း ၃၅၅

Vol. 24 Ch. 355

အပိုင်း ၃၅၅

Vol. 24 Ch. 355

မှော်ဒေသ၌

မော့ချူးနှင့် အခြားလူများ တောပိုနက်လာလေ၊ ကြုံတွေ့ခဲ့ရသည့် မြေပြင်ပေါက်ကွဲမှုများနှင့် ဓားထောင်ချောက်တွေဟာ အသေးအမွှားသာဖြစ်ကြောင်း ပိုသိလာရလေဖြစ်သည်။ အဆုံးတွင်၊ သူတို့သည် အဆိပ်နှစ်ထားသည့် ပိုပြင်းသည့် ဒုံးကျည်များနှင့် အပ်များဖြင့် အဆင့်မြှင့်တင်လာသည်။ ဤအရာတွေမှ ကာကွယ်ရန် အလွန်ခက်ခဲလှသည်။

နေ့ခင်းတစ်ခင်းလုံး သူတို့သည် သတိကြီးကြီး ထားထားရသည်။ သူတို့ဟာ အဆက်မပြတ်ကို တောင့်တင်းနေကြသည်။ ခြေတစ်လှမ်းမလှမ်းမီတွင် နှစ်ကြိမ်စဉ်းစားရပေမည်။ ဒီလိုအခြေအနေမျိုးတွင် သူတို့ဟာ မှော်သားရဲတွေနဲ့ မှော်အပင်တွေကို လိုက်ရှာနေရဆဲပင်။ သူတို့ အသက်ကို စွန့်စားနေရသည်။

ထို့အပြင်၊ မှော်ဒေသရှိ မှော်သားရဲများနှင့် မှော်အပင်များ လုယူနှင်ထုတ်ခံရကြောင်း သူတို့သံသယဖြစ်မိသည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ဆံပင်မွှေးတစ်ပင်ကိုတောင် သူတို့မတွေ့ခဲ့ရပါချေ။

F*ck!

"သူတို့ ဘာ‌တွေ လာကစားနေကြတာလဲ?" ချင်ယွဲ့ က သူ့နှဖူးပေါ်ရှိ ပုတီးလုံးလောက် ချွေးများကို သုတ်လိုက်သည်။ အရင်က‌တောင် ဒီလောက်ထိ မပင်ပန်းဖူးဘူးဟု သူခံစားရသည်။ သူ့ရင်ထဲတွင် ပင်ပန်းနွမ်းနယ်မှုတွေနှင့် ပြည့်နေ၏။ သူ့စိတ်ဓာတ်ကို ပြင်းပြင်းထန်ထန် မြှင့်တင်ဖို့ကလွဲလျှင် ရွေးချယ်စရာမရှိတော့ပေ။ အကယ်၍ ဤပြင်းထန်မှုသာ ဆက်လက်ရှိနေပါက၊ သူတို့လက်ထဲတွင်ရှိသည့် စွမ်းအင်သုံးပုလင်းသည် ကြာရှည်ခံလိမ့်မည်မဟုတ်ပေ။

"ချူးလေး အဆင်ပြေရဲ့လား" မော့ယန်သည် စွမ်းအင်အရည်တစ်ပုလင်းကို သောက်လိုက်သည်။ ဤအခိုက်တွင် မော့ချူးကိုကြည့်ရင်း သူ့မျက်လုံးများထဲတွင် စိုးရိမ်မှုအချို့ကို မနေနိုင်ဘဲ ထုတ်ပြလာသည်။

"အဆင်ပြေပါတယ်” မော့ချူး ခေါင်းညိတ်လိုက်ပြီး သူမလက်ထဲရှိရေကို စွမ်းအင်အရည်ပုလင်းအလွတ်ထဲသို့ လောင်းထည့်လိုက်သည်။ "အစ်ကိုတို့လည်း သောက်သင့်တယ်"

"အင်း!" ချင်ယွဲ့လည်း ပြန်ဖြေကာ ရေတစ်ကျိုက်‌သောက်လိုက်သည်။ ရေမျိုချသံဟာ သူ့နောက်ရှိလူတွေကို တံတွေးမျိုချမိစေသည်။

တစ်နေကုန်နေပြီဖြစ်သော်လည်း ချောင်းဟုန်မိန်နှင့် အခြားသူတွေမှာ ရေတစ်စက်တောင် မထိခဲ့ရပေ။ ရာသီဥတုပူပြင်းသည့်အပြင် သူတို့လည်ချောင်းတွေလည်း ပူလောင်နေသည်။ သို့သော် အဓိကအချက်မှာ သူတို့ထဲတွင် မော့ချူးမှလွဲ၍ တစ်ဦးတစ်ယောက်မျှ ရေဒြပ်စင်စွမ်းရည် အသုံးပြုသူမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ရေဒြပ်စင်အထူးစွမ်းရည်တွေဟာ တန်ဖိုးနည်းသည်ဟုသာ သူတို့သိထားကြသည်။ သူတို့၏ သေစေနိုင်စွမ်းမှာ အလွန်အားနည်းသည်ကြောင့် ထိုစွမ်းရည်သည် ထိပ်တန်းအဆင့်သို့ လုံးဝမဝင်ရောက်နိုင်ပါချေ။ 'ဒီအချိန်မှာ အဲ့ဒီစွမ်းရည်က တကယ်အသုံးဝင်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?'

“အမ်၊ မော့ယန်၊” အလွန်ရေဆာနေသည့် အမျိုးသားတစ်ဦးသည် တောင်းတနေသည့်မျက်လုံးများဖြင့် ရှေ့သို့လှမ်းလာသည်။ "ရေနည်းနည်းလောက်ပေးလို့ရမလား?"

တကယ်တော့၊ သူ ဒီလိုပြောရမှာ အရမ်းရှက်မိသည်။ နောက်ဆုံး သူတို့မှော်ဒေသထဲ ဝင်လာသည်နှင့် ချင်ယွဲ့တို့အပေါ် အခွင့်ကောင်းယူခဲ့မိသည်။ ဓားမြှောင်ပျံတွေနဲ့ ကြုံလာရသည့်အခါတွင်လည်း ကိုယ့်ကိုကိုယ်သာ ဂရုစိုက်မိကြသည်။ အခု၊ ရေတောင်မှ...

"စဉ်းတောင်မစဉ်းစားနဲ့! သူတို့က ဘယ်လိုလုပ် ဒီလောက်ကြင်နာမှာတဲ့လဲ?” ချောင်းဟုန်မိန်၏ လည်ချောင်းဟာ ပူလွန်းအားကြီးလို့ အငွေ့တွေတောင်ထွက်တော့မည်။ သူမ ထိုသို့ပြောလိုက်ပေမဲ့ မော့ယန်ရဲ့လက်ထဲရှိ ရေတွေနှင့်ပြည့်နေသည့် စွမ်းအင်အရည်ပုလင်းကို သူမမျက်လုံးတွေကတော့ ကြည့်နေမိသည်။

"ဆောရီးပါ" မျှော်လင့်နေသည့် အကြည့်နှင့် လူကိုမျက်နှာချင်းဆိုင်ကာ မော့ယန်က အေးစက်စက်ပြောလိုက်သည်။ "ငါတို့ မင်းကို မကူညီနိုင်ဘူး"

စောစောလေးကတင် အပြစ်ရှိသလိုခံစားနေရသည့်ထိုယောကျာ်းသည် ဒီစကားကိုကြားလိုက်တဲ့အခါ အပြစ်ရှိစိတ်‌တွေ ပျောက်ကွယ်သွားတော့သည်။ ယင်းအစား၊ သူသည် ဒေါသတွေနှင့် ပြည့်သွားသည့်ပုံပင်။ "မော့ယန်၊ မင်းစကားတွေက အရမ်းစိတ်ပုတ်လွန်းတယ်။ ငါတို့က စစ်တက္ကသိုလ်တစ်ခုတည်းကဘဲ၊ ပြီးတော့ မင်းညီမတစ်ယောက်ထဲကဘဲ ရေဒြပ်စင်စွမ်းရည်ကို ရနိုင်တာ။ ဒီတော့ အခုချိန်မှာ ငါတို့အားလုံးကို သောက်စရာပေးရင်ရော?"

"ဟုတ်တယ်!"

"အမှန်ဘဲ၊ ဒါက အရမ်းကပ်စီးနဲလွန်းတယ်!"

အနောက်မှလူတွေလည်း မနေနိုင်ဘဲ ငြီးတွားလာကြသည်။ ညည်းညူနေမှုတွေဟာ တစ်ယောက်ပြီးတစ်ယောက် တိုးလာတော့သည်။

"မင်းတို့ ဘာမဟုတ်တာတွေပြောနေကြတာလဲ?" စိတ်တိုနေတဲ့ချင်ယွဲ့မှာ ဒီစကားတွေကို ဘယ်လိုလုပ်နားထောင်နိုင်မှာလဲ? သူက ဒေါသတကြီးဖြင့် သူတို့တွေကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။ "မင်းတို့တွေ ပုံမှန်ဆိုရင် ခွေးလိုပြုမူတတ်ပေမယ့် အခုတော့ မင်းတို့ရဲ့ ဇာတိရုပ်ကို ပြနေတာလား?"

“မင်းတို့တွေ ငါတို့နောက်မှာ လုံလုံခြုံခြုံနဲ့ လိုက်နေချိန်မှာ ငါတို့ကို စပိုင်တွေဖြစ်စေချင်တာလား? ဓားတွေထွက်လာတဲ့အချိန်ကျ ဘာမှမပြောကြဘဲ အခု ကျရေလာတောင်းရဲတယ်လား? ဘယ်လိုစိတ်မျိုးနဲ့လဲ!”

စစ်တက္ကသိုလ်မှ ရွေးချယ်ထားသည့် ထိပ်တန်းကျောင်းသား ၂၀ တွင် အများစုမှာ မိသားစုကြီး အသီးသီးမှ သားမြေးများဖြစ်သည်။ များသောအားဖြင့် သူတို့ဟာ အရင်းအမြစ်ကောင်းတွေကို ရရှိထားကြပြီး၊ သူတို့၏ အရည်အချင်းတွေဟာလည်း မဆိုးပါချေ။ သူတို့၏ ကျင့်ကြံမှုဟာ သာမန်လူတွေထက် ပိုမြန်သည်။ ဒီလိုစိတ်ထားကြောင့်ပဲ… ချင်ယွဲ့ ခေါင်းခါလိုက်ပြီး သူ့မျက်နှာ‌ပေါ်တွင် ရှုံ့ချလိုမှုတွေဖြင့် ပြည့်နှက်နေသည်။

"မော့ချူး မင်းရောဘာပြောချင်လဲ?" တစ်ယောက်က မော့ချူးကို ပစ်မှတ်ထားလာသည်။ သူမက မိန်းကလေးဆိုတော့ မငြင်းလောက်ဘူးမလား?

ကံမကောင်းစွာနဲ့ ထိုလူရဲ့ အတွေးကလည်း မှားသွားပြန်သည်။

မော့ချူးသည် အနည်းငယ်မျက်လုံးပင့်လိုက်ကာ သူမရဲ့အကြည့်ဟာလည်း အနည်းငယ် အေးစက်သွားသည်။ "ကိုယ့်ဘာသာကိုယ်ရှာလေ။ ရှင်မှာ လူဘယ်နှစ်ယောက်တောင်ရှိလဲ? ပြီးတော့ ကျွန်မက ရေဘယ်လောက် ပေးနိုင်မှာလဲ?”

မော့ချူးရဲ့အတွေးဟာ အရမ်းကိုရိုးရှင်းသည်။ လူအများကြီးအား ရေပေးဝေရန် သူမ၏ အထူးစွမ်းရည်များကို အားကိုးမည်မဟုတ်ပေ။ သူမရဲ့ အရည်အချင်းတွေကို ခြောက်သွေ့အောင် ညှစ်ထုတ်ရင်တောင် မဖြစ်နိုင်ပါချေ။ ဒါ့အပြင် သူတို့ကိုသာ ရေတွေပေးလိုက်ပါက အန္တရာယ်နှင့် ကြုံလာလျှင်၊ ထိုလူများက သူမကိုကာကွယ်ပေးလိမ့်မည်ဟု မျှော်လင့်နိုင်ပါ့မလား? အဲဒါက လက်တွေ့မဆန်ပါချေ။

မော့ချူး၏ မေးခွန်းသည် လက်တွေ့ကျသော်လည်း ၎င်းတို့ကို မတတ်နိုင်ဘဲ ပြောစရာစကားမဲ့သွားစေသည်။

"ဆက်သွားကြရအောင်" မော့ချူးသည် ချောင်းဟုန်မိန်နှင့်အခြားသူများကို ဂရုမစိုက်တော့ပေ။ ယင်းအစား၊ သူမသည် မှော်ဒေသအတွင်းပိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ သူမ တွက်ချက်ကြည့်ပုံအရ အဖွဲ့ချုပ်အစားအစာကို မစားသုံးဘဲ မှော်သားရဲတစ်ကောင်ကို ဖမ်းမိနေသရွေ့ အစားအစာကို လုပ်နိုင်မှာပင်။ ဒါက တခြားအရာတွေထက် ပိုအသုံးဝင်သည်။

"ကောင်းပြီ” မော့ယန်သည်လည်း ဤအချက်ကို သဘောပေါက်သည်။

ထို့ကြောင့် တောက်လောင်နေသည့် နေရောင်အောက်တွင် အုပ်စုလိုက်ဆက်လက်ချီတက်ခဲ့ကြသည်။

All Chapters