အပိုင်း ၃၅၆
Vol. 24 Ch. 356
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ချင်ယွဲ့ နောက်ကို တစ်ချက်လှည့်ကြည့်ကာ မနေနိုင်ဘဲ နှုတ်ခမ်းမဲ့လိုက်မိသည်။ “ဒီအုပ်စုက တကယ်အရေထူတာပဲ၊ ကျောမှာကပ်နေတာ မခွာတော့ဘူး!”
"ဟုတ်တယ်" မော့ချူးက ရယ်မောလိုက်သည်။ "ကျွန်မတို့က အလကား လမ်းရှာပေးတဲ့သူတွေလေ၊ သူတို့က ကျွန်မတို့ကို ဘယ်လိုလုပ်ဆုံးရှုံးခံနိုင်မှာလဲ?"
"ရှေ့မှာ!" ရုတ်တရက် မော့ယန်ဆီကနေ အသံတိုးတိုးဖြင့် သတိပေးသံကိုကြားလိုက်ရသည်။ သူ့လက်က ရှေ့တည့်တည့်ကိုပြနေပြီး သူ့မျက်လုံးတွေထဲ အံ့သြမှုတွေ ပေါ်ထွက်နေ၏။
မော့ယန်ရဲ့အကြည့်နောက်ကိုလိုက်ကာ မော့ချူးနဲ့ ချင်ယွဲ့လည်း မနေနိုင်ဘဲ ဝမ်းသာစွာဖြင့် ကြည့်လိုက်ကြသည်။ အရမ်းကောင်းတယ်! အချိန်အကြာကြီး လမ်းလျှောက်လာခဲ့ပြီးသည့်နောက်တွင် ကောင်းကင်ဟာ မှောင်စပြုလာသည်။ နောက်ဆုံးတော့ သူတို့မှော်သားရဲတစ်ကောင်ကို တွေ့လိုက်ရသည်။
'စားစရာ ရှာတွေ့ပြီ!'
သူတို့ရဲ့ စိတ်အားထက်သန်မှုဖြင့် သူတို့၏လက်ရှိ အထူးစွမ်းရည်တွေဟာ စီးဆင်းနေသည့်ရေကဲ့သို့ လှုပ်ရှားလာသည်။
'ခွပ် ခွပ် ခွပ် ခွပ်!'
သို့သော် မှော်သားရဲသည် လွယ်ကူသည့်ပစ်မှတ်မဟုတ်ကြောင်း သိသာလှသည်။
၎င်း၏ ခွာနှစ်ဖက််ဖြင့် သူတို့၏ တိုက်ခိုက်ရေး စက်ဝိုင်းထဲ ခုန်ထွက်သွားသည်။ သူထွက်ပြေးသွားကို မြင်လိုက်ရတော့ လူတော်တော်များများ ရင်နာသွားရသည်!
မော့ချူး မျက်လုံးထောင့်မှ မှော်အပင်ကြီးအချို့ကို တွေ့လိုက်ရသည်။ သူမ မနေနိုင်ဘဲ မော့ယန်ကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်လုံး တွင် အပြန်အလှန် နားလည်မှုတွေရှိ၏။ နှစ်ဖက်စလုံးရှိ မှော်အပင်များပေါ်ဆီ တစ်ချိန်တည်း ခုန်ပျံသွားကြကာ မှော်သားရဲအား ခြေလှမ်းကျဲတွေဖြင့် လိုက်ကြတော့သည်။ ကံမကောင်းစွာနှင့် ထိုမှော်သားရဲ၏ အမြန်နှုန်းဟာ သူတို့ထက်အများကြီးပိုမြန်တယ်ဆိုတာ သိသာလှသည်။ အသက်ရှုချိန်အနည်းငယ်လေးအတွင်းမှာပဲ ကျန်တာတွေအားလုံးဟာ နောက်ကျောတွင် မှုန်ဝါးဝါးအရိပ်အဖြစ်သာ ကျန်ခဲ့တော့သည်။
"အိုက်ယား! သားကောင် ပြေးသွားပြီ!" ချောင်းဟုန်မိန်ဟာ မော့ချူးကို အငြိုးထားဆဲပင်။ သူတို့ကို ဒီလိုမြင်လိုက်ရတော့ သူမ မထိန်းနိုင်ဘဲ အသံခပ်တိုးတိုးနှင့် လှောင်ပြောင်လိုက်သည်။
ချင်ယွဲ့သည် နေရာတွင်သာ ရပ်နေဆဲဖြစ်သည်။ ဒါကိုကြားတော့ သူချက်ချင်း ထိုမိန်းမအား ပါးပြင်းပြင်းရိုက်လိုက်ချင်သည်။ 'ဒီလို စိတ်အနှောက်အယှက်ဖြစ်တဲ့ မိန်းမမျိုး ဘယ်လိုရှိနေတာလဲ?'
ထိုအချိန်တွင် အရှေ့မှ ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ပြိုလဲကျသံနှင့်အတူ၊ မြေပြင်တစ်ခုလုံး တုန်ခါသွားသလိုပင်။
ချင်ယွဲ့ မျက်ခုံးတွေ တွန့်ချိုးသွားသည်။
“အိုက်ယား” ချောင်းဟုန်မိန်၏ မျက်လုံးတွေ အသာပင်တက်သွားကာ သူမ၏ လေသံမှာလည်း လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေ၏။ “မြေပြင်ပေါက်ကွဲတာလား ဒါမှမဟုတ် စွမ်းအင် ဗုံးတစ်လုံး နင်းမိသွားကြတာများလား? ကျွတ်စ် ကျွတ်စ်… ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်သလဲ!"
"ပါးစပ်ပိတ်ထား!" ချင်ယွဲ့ ချောင်းဟုန်မိန်ကို ခပ်ပြင်းပြင်းစိုက်ကြည့်လိုက်သည်။ 'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မော့ချူးတို့တွေက... သူ မယုံဘူး!'
"ဘာလဲ နင်က ငါ့ကို ရိုက်ချင်နေတာလား?" မော့ချူးအသတ်ခံ့ရမှာကိုတွေးမိတော့ ချောင်းဟုန်မိန် အရမ်းလန်းဆန်းသွားသည်။ မှန်သည်၊ မော့ချူး သေသွားသရွေ့ ချောင်းမိသားစုဟာလည်း သူတို့ရဲ့ ယခင်ဂုဏ်သတင်းကို ပြန်လည်ရရှိလိမ့်မှာဖြစ်သည်။
"ဒါဆို ငါ နင့်ကို ရိုက်လိုက်ရင်...?" ချောင်းဟုန်မိန်၏ စိတ်ကြီးဝင်နေသည့်အကြည့်ကိုမြင်တော့ ချင်ယွဲ့ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ သူမဆီ သူလျှောက်သွားခါနီးတွင် ရုတ်တရက် အော်သံတစ်ခုကိုကြားလိုက်ရသည်။ "ချင်ယွဲ့၊ ကြည့်အုံး!"
မော့ချူးပင်!
အော်သံကြားတော့ ချင်ယွဲ့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်ဟာ စောစောက မှော်သားရဲကိုသယ်ကာ ဂရုတစိုက် ပြန်လျှောက်လာနေသည်။
"မင်းတို့တွေ အဆင်ပြေရဲလား?" စောစောကအသံတွေဟာ အရမ်းကျယ်သည်။ သေချာတာကတော့ ဗုံးပေါက်ကွဲတဲ့အသံပင်။ အားလည်း မနည်းလောက်ပေ!
"စိတ်မပူပါနဲ့ ကျွန်မတို့ အဆင်ပြေတယ်" မော့ချူးသည် သူမ၏ မျက်နှာပေါ်ရှိ စွန်းထင်းနေသောသွေးများကို သုတ်လိုက်ပြီး သူမ၏လက်ထဲမှ မှော်သားရဲကို ပျော်ရွှင်စွာဖြင့်မြှောက်ပြလိုက်သည်။ “ဒီကောင်က စွမ်းအင်ဗုံးကို တက်နင်းမိသွားတာ"
အစပိုင်းမှာတော့ မှော်သားရဲ ထွက်ပြေးသွားတာကိုပဲ ကြည့်နေရတော့မယ်ဟု သူတို့ထင်ခဲ့ကြပေမယ့် စွမ်းအင်ဗုံးကို တက်နင်းမိရလောက်အောင် ၎င်းဟာကံဆိုးလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ ကံကောင်းထောက်မစွာဖြင့် မှော်သားရဲ၏ အမွေးတွေဟာ ကြမ်းတမ်းပြီး ကိုယ်နှစ်ပိုင်းခွဲသာကွဲသွားသည်ကြောင့် သူတို့အတွက် အဆင်ပြေသွားတာပင်။
မော့ချူး၏ ရှင်းပြချက်ကိုကြားတော့ ချင်ယွဲ့မထိန်းနိုင်ဘဲ မျက်လုံးတွေ ပြူးကျယ်သွားတော့သည်။ 'သေစမ်း! သူ မယုံနိုင်ဘူး!'
“ကံကောင်းတဲ့ကြယ်လေး၊ မော့ချူးကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ကံသိပ်ကောင်းတာပဲ!” သူပြောသလိုပင် ချောင်းဟုန်မိန်နှင့် သူ့နောက်က တခြားသူတွေလည်း မျက်လုံးတွေပြူးကျယ်သွားသည်။ ချူးလေးတို့တွေ ဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာကို သူတို့တွေးနေမိသည်။ 'ဒါက ဘယ်လိုဖြစ်နိုင်လောက်မလဲဆိုတာကို သူဘာကြောင့် မစဉ်းစားမိတာလဲ?'
သူ့နောက်တွင်ရှိနေသည့် ချောင်းဟုန်မိန်လည်း ဒါကို သဘာဝအတိုင်းကြားလိုက်ရသည်။ သူမ မနေနိုင်ဘဲ စိတ်ထဲတွင်ဒေါသထွက်လာသည်။ 'ဒီကောင်မလေးက ဘာလို့ဒီလောက်ကံကောင်းရတာလဲ?'
တစ်ဖက်တွင်မူ မော့ချူနှင့် ကျန်နှစ်ဦးမှာ သူတို့နှင့်အလုပ်ရှုပ်ဖို့အချိန်မရှိပေ။ သူတို့ဘာသာသူတို့အလုပ်ရှုပ်နေသညိ။
ပြောရမည်ဆိုလျှင် သူတို့၏ပူးပေါင်းလုပ်ဆောင်မှုဟာ အရမ်းထိရောက်သည်။ မော့ချူးက မှော်သားရဲကို ရေဖြင့်ဆေးကြောသန့်စင်သည်။ ချင်ယွဲ့တွင်တော့ မီးမွှေးပေးသည့်တာဝန်ရှိသည်။ မော့ယန်ကလည်း ကျွမ်းကျင်သည်။ သူချက်ချင်းဘဲ ထင်းစုကာ တံကျင်အတွက်ပြင်ဆင်လိုက်သည်။ ထိုသို့ဖြင့်၊ ဘာဘီကျူးပုံစံအကြမ်းဟာ ထွက်ပေါ်လာတော့သည်။
မော့ချူးသည် အသားများကို ပါးပါးလှီးရန် ဓားမြှောင်ကိုအသုံးပြုလိုက်သည်။ သူမသည် အသားများအား တံကျင်များတွင်ထိုးကာ မီးပေါ်တွင် ကင်ထားလိုက်သာ်။ ဆီတွေ တကျီကျီထွက်လာသည်။ အသံကြားရုံနှင့် ပါးစပ်ကနေ သရေတွေကျလာရသည်။
ချင်ယွဲ့တစ်ယောက် မျက်တောင်မခတ်တမ်း အကင်တွေကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးတွေဟာလည်း တောက်ပနေ၏။ "ဝိုး! အနံ့အရမ်းကောင်းတာပဲ!”