← Chapters

အပိုင်း ၃၅၇

Vol. 24 Ch. 357

အပိုင်း ၃၅၇

Vol. 24 Ch. 357

မော့ချူး၏ လုပ်ရပ်ကို မြင်လိုက်ရတဲ့အခါ အနောက်မှလူအနည်းငယ်လည်း မတတ်နိုင်ဘဲ မျက်လုံးများပြူးကျယ်သွားကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီမှော်သားရဲတွေဟာ အဆိပ်ပြင်းသည်။ 'အဲ့ဒီလိုစားလိုက်ရင် မကောင်းတာတစ်ခုခုဖြစ်လာမှာ မော့ချူးမကြောက်ဘူးလား?'

တစ်ဖက်တွင်၊ ချောင်းဟုန်မိန်၏ စိတ်ဟာ ပို၍ပင် လျင်မြန်စွာ အလုပ်လုပ်လာသည်။ သူမ၏ မျက်လုံးတွေ အနည်းငယ် တောက်ပလာသည်။ "ဒါက မော့ချူးလုပ်ထားတဲ့ စိတ်ဝိညာဉ်အစားအစာများဖြစ်နေမလား?"

သူမသည် ယခင်က စိတ်ဝိညာဉ်အစားအစာကို တစ်ခါစားဖူးကာ ၎င်း၏ရနံ့သည် ယခင်က စိတ်ဝိညာဉ်အစားအစာနှင့် အနည်းငယ်ဆင်တူသည်။ ယခုအချိန်တွင် သူမလည်း လျင်မြန်စွာ အချိတ်အဆက်မိသွားသည်။

ချောင်းဟုန်မိန်၏ ခပ်တိုးတိုးရေရွတ်သံကို အခြားသူများလည်း သဘာဝအတိုင်းကြားလိုက်ရပြီး လူတိုင်း မထိန်းနိုင်ဘဲအံ့အားသင့်သွားကြသည်။

'ဘာ၊ ဒါကစိတ်ဝိညာဉ်အစားအစာဆိုလား?' သူတို့၏ သူငယ်အိမ်တွေ တုန်လှုပ်ခြောက်ခြားသွားကြသည်။

စိတ်ဝိညာဉ်အစားအစာသည် ယခုအချိန်တွင် အရောင်းရဆုံးဖြစ်သည်ကို သိထားသော်လည်း မော့ချူးတွင် အနည်းငယ်မျှသာ ရှိတာကြောင့် ၎င်းကို မိုးထိမြင့်သည့်ဈေးထားတာဖြစ်သည်။ ယခုတော့ မော့ချူးက သူတို့ရှေ့တွက် စိတ်ဝိညာဉ်အစားအစာကို လုပ်နေသည်။ သူတို့စိတ်ထဲက ဆန္ဒကို ဘယ်သူက ဖိနှိပ်နိုင်တော့မှာလဲ? အားလုံး မျက်လုံးကျယ်ကျယ်ဖွင့်ကာ ရှေ့ကိုသာ စိုက်ကြည့်နေကြသည်။ မော့ချူး၏ လုပ်ဆောင်နေမှုများကို သူတို့စိတ်ထဲတွင် မှတ်ထားချင်နေကြသည်။

စိတ်ဝိညာဉ်အစားအစာလုပ်နည်းကို သင်ယူနိုင်ရင် သူတို့တွေအနာဂတ်မှာ ဘာအတွက် စိတ်ပူနေရအုံးမှာလဲ? အခုထိ မော့ချူး အစွမ်းထက်နေရတဲ့ အကြောင်းရင်းဟာ သူမလက်ထဲတွင် ဤအစွမ်းထက်သည့်အရည်အချင်းရှိနေလို့ပင်။

“ဟေး! မင်းတို့ ဘာကြည့်နေတာလဲ!" သူတို့နောက်ကလူတွေ၏ ခိုးကြောင်ခိုးဝှက်အကြည့်တွေက ချင်ယွဲ့မျက်လုံးထဲ သဘာဝအ‌တိုင်း ရောက်သွားတော့သည်။သူ၏ သန်မာကြံ့ခိုင်သည့် ခန္ဓာကိုယ်ကို ရုတ်တရက်ထရပ်လိုက်ပြီး မော့ချူးကို လုံးလုံးလျားလျား ကာလိုက်သည်။ 'ဟမ့်! မော့ချူးဆီကနေ ခိုးပြီးသင်ယူချင်နေတာလား၊ လုံးဝမရဘူး!'

ချင်ယွဲ့၏ အရပ်မြင့်မြင့်ကိုယ်ထည်ကို စိုက်ကြည့်ရင်း၊ ချောင်းဟုန်မိန်နှင့် အခြားသူတွေမှာ မုန်းတီးစွာဖြင့် အံကြိတ်လိုက်သော်လည်း သူ့ကိုချေပရန် ဘာမှ မပြောနိုင်ကြပေ။

အဖိုးမဖြတ်နိုင်သည့်ရတနာဟု ခေါ်ဆိုနိုင်သည့် စိတ်ဝိညာဉ်အစားအစာကို မဆိုထားနှင့် သာမန်ဆေးလုံးများ ပြုလုပ်သည်ကိုပင် အနီးကပ်အစောင့်အကြပ်ထားရသည်ကို သိထားရမည်ပင်။

“ရတယ်” မော့ချူးပြုံးကာ ခေါင်းခါလိုက်သည်။ “သူတို့မြင်ရင်တောင် အသုံးမဝင်ဘူး”

'အကယ်၍ ဤစိတ်ဝိညာဉ်အစားအစာသာ ချက်ရန်အလွန်လွယ်ကူပါက၊ သူမအနေနဲ့ လုပ်နေပါ့အုံးမလား?' မှော်သားရဲတိုင်းနှင့် မှော်အပင်တိုင်းတွင် အဆိပ်ရှိသည့်နေရာတွေ မတူဘူးဆိုတာ သိထားရမည်ပင်။ ဂရုမစိုက်မိပါက အဆိပ်သင့်နိုင်သည်။ ဒါက ဟာသတစ်ခုတော့ မဟုတ်ပါချေ။

“အိုး၊ အိုး” ဒါကိုကြားတော့ ချင်ယွဲ့ခဏလောက်စဉ်းစားလိုက်ပြီး သူ့မျက်လုံးတွေကပြုံးလာကာ ပြနါထိုင်လိုက်သည်။ “ဒါဆို သူတို့ကို ကြည့်ခွင့်ပေးလိုက်ပါ့မယ်။ သူတို့ဗိုက်ဆာပြီးသေသွားရအောင်!"

အမှန်ပင်၊ ချောင်းဟုန်မိန်နှင့် သူမနောက်မှ တခြားသူတွေလည်း သေအောင်ဗိုက်ဆာနေကြသည်!

အပူချိန်တိုးလာသည်နှင့်အမျှ ကင်ထားသည့် အသား၏ အနံ့ဟာလည်း ပို၍ စွဲဆောင်လာသည်။ လေနဲ့အတူ ရနံ့တွေက အဝေးသို့ လွင့်ပျံ့သွားသည်!

ဒါဟာ အဖွဲ့ချုပ်ရှိအစားအစာတွေ၏ အရသာနဲ့ လုံးဝကို ကွဲပြားသည်။ အနံ့ရရုံနှင့်တင် သူတို့ရဲ့ တံတွေးတွေ အဆက်မပြတ်စီးကျလာသလို ခံစားလိုက်ရသည်။ သူတို့ မရပ်နိုင်ပေ!

"ပြီးပြီလား?" ချင်ယွဲ့ နှုတ်ခမ်းသပ်လိုက်ပြီး တောက်ပတဲ့ မျက်လုံးတွေနဲ့ ကင်ထားတဲ့ အသားတွေကို စိုက်ကြည့်လိုက်သည်။

“အင်း" မော့ချူး ရွှင်မြူးစွာဖြင့် ခေါင်းညိတ်ပြလိုက်ကာ ကင်ထားသည့်အသားတစ်ပိုင်းကို ချင်ယွဲ့ဆီပေးလိုက်သည်။ "မြန်မြန်စား!"

ဒီလူကိုသာ မပေးလိုက်ရင် သူ့ပါးစပ်ထောင့်ကတံတွေးတွေ မြေပြင်ပေါ် စီးကျလာတော့မည်ပင်။ ဒီအသားပိုင်းကြီးဟာ သူ့တံတွေးတွေနဲ့ ညစ်ပတ်သွားပေလိမ့်မည်။

“ကောင်းပြီ” ချင်ယွဲ့ တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ သဘောတူလိုက်သည်။ ထို့နောက် ကျက်သွားသည့်အသားကင်ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး အနည်းငယ် ဝါးလိုက်သည်။ ဆီနှင့် အသားကင်၏ ထူးခြားသည့်ရနံ့ဟာ ရောယှက်ထွက်လာသည်။ 'အရသာက ထိပ်တန်းပဲ!'

မော့ချူးသည် အသားကို ခပ်ပါးပါးလေးလှီးထားသည်။ ဟင်းခတ်အမွှေးအကြိုင်မရှိသော်လည်း အသား၏ နူးညံ့မှုနှင့် လတ်ဆတ်မှုကို မီးမောင်းထိုးပြထားသည်။

ဒီအချိန်မှာပဲ ချင်ယွဲ့တစ်ယောက် သူ့မိသားစုအကြီးအကဲတစ်ယောက် တစ်ခါမြည်းကြည့်ပြီးသည်နှင့် ဘာကြောင့် မရပ်နိုင်လဲဆိုတာကို နောက်ဆုံး နားလည်လာတော့သည်။ အခြားအကြောင်းမဟုတ်ပါချေ။ အရသာရှိလွန်းတာပင်။ ယင်းနှင့်နှိုင်းယှဥ်ကြည့်လျှင် ယခင်က ရှိနေသည့်ဖက်ဒရယ်မှ အစားအစာတွေသည် မစင်ပုံကဲ့သို့ လုံးဝစားမကောင်းပါချေ။

သူတို့သုံးယောက်သား မှော်သားရဲကြီး တစ်ကောင်လုံးရဲ့ ထက်ဝက်ကျော်ကို စားပြီးသွားပြီဖြစ်သည်။

“ဂလု-”

ချောင်းဟုန်မိန်နှင့် အခြားသူများအပြင် သူတို့ကို စောင့်ကြည့်နေကြသည့် အပြင်စစ်သားများသည်လည်း သူတို့လက်ထဲတွင်ရှိသော အသားကင်များကို စိုက်ကြည့်နေကြသည်။ စခရင်သာ ခြားထားသော်လည်း အသားကင်၏ မွှေးရနံ့ကို ခံစားနိုင်ပုံရကာ သူတို့ရဲ့လည်ပင်းတွေလဲ မနေနိုင်ဘဲ လှုပ်ရှားသွားကြသည်။

မတတ်နိုင်ဘဲ သူတို့စိတ်ထဲကနေ စိတ်ညစ်သလိုခံစားလိုက်ရသည်။ 'သေစမ်း! ဒီကလေးတွေရဲ့ စားသောက်မှုပုံစံက ရက်စက်လွန်းတယ်။' အသားတွေကို တစ်ပြိုင်တည်း ပါးစပ်ထဲ သိပ်ထည့်နေကြသည်။ သူတို့ရဲ့ ရစ်မူးနေသည့်အကြည့်ဟာ ရိုးရှင်းစွာပင် သူတို့ကိုမနာလိုဖြစ်လာစေသည်။ 'တကယ် မုန်းစရာကောင်းလိုက်တာ!'

All Chapters