← Chapters

အပိုင်း ၃၅၈

Vol. 24 Ch. 358

အပိုင်း ၃၅၈

Vol. 24 Ch. 358

"အင်း-" ချင်ယွဲ့ ကျေနပ်အားရစွာဖြင့် လေတက်လိုက်ရင်း သူ့မျက်နှာပေါ်မှ ပျော်ရွှင်မှုကို မထုတ်ပြဘဲ မနေနိုင်လိုက်ပေ။ အဖွဲ့ချုပ်ရှိ နိုင်ငံသားများ၏ မှတ်ဉာဏ်ထဲတွင် 'စားကောင်းသောက်ဖွယ်' ဟူသည့် စကားလုံးသည် ယခုအချိန်အထိ အချည်းနှီးသာ ဖြစ်ခဲ့သည်... ဤအသားကင်သည် ထိုစကားလုံး၏ အဓိပ္ပါယ်ကို ပြည့်ဝစေသည်ဟု ယူဆနိုင်သည်။

သူ့လျှာဖျားပေါ်မှ အသားကင်ဟာ ထူးခြားသည့်ရနံ့တွေနှငိ့ ပြည့်နေသည့်ပုံပင်။ အရမ်းချောမွေ့ နူးညံ့ကာ အရည်ရွှမ်းလှသည်။ ကိုက်လိုက်တာနဲ့ အဆီတွေပေါက်ကွဲထွက်လာကာ အသားနှင့်ရောစပ်ထားသည့် လတ်ဆတ်ပြီး မွှေးကြိုင်မှု၏ အရသာဟာ မေ့မရနိုင်လောက်အောင် လှပလှသည်...

ချင်ယွဲ့ ပျော်ရွှင်စွာဖြင့် မျက်လုံးများကို မှိတ်ထားရင်း၊ အသားကင်စားခြင်းဟာ ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင်နိုင်လိုက်သလို ခံစားလိုက်ရသည်။

"လုံလောက်ပြီ! အရသာခံတာ လုံလောက်ပြီ။ မြန်မြန်လုပ်။ ဒီညအတွက် ငါတို့တွေနေစရာ မရှာရသေးဘူး!”

မော့ယန် ချင်ယွဲ့၏ ပခုံးကို အပြင်းအထန်ပုတ်ကာ သူ့အား စားကောင်းသောက်ဖွယ်လောကမှ ခေါ်ထုတ်လိုက်သည်။ သူ စောင်းကြည့်လိုက်တော့ သစ်ကိုင်းများကိုကောက်ကာ ရိုးရိုးရှင်းရှင်း တဲတစ်လုံးဆောက်ရန် ပြင်ဆင်နေသည့် မော့ချူးကို တွေ့လိုက်ရသည်။

"မလုပ်နဲ့!" ချင်ယွဲ့ ချက်ခြင်းထရပ်ကာ မျက်မှောင်ကြုတ်လျက် အလျင်အမြန်ထကာ မော့ချူး၏လက်မှ သစ်ကိုင်းခြောက်များကို အမြန်ဆွဲယူလိုက်သည်။ “ဒီအသေးအမွှားကိစ္စ‌လေးတွေကို ငါ့ဆီအပ်ထားလိုက်။ ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေနဲ့!"

ဤလက်ဟာ အရသာရှိသည့် အစားအစာများကို ဖန်တီးနိုင်သည့် မှော်ဆန်တဲ့လက်တွေဖြစ်သည်။ သူမကို ဒီလိုအသေးအမွှားကိစ္စမျိုး ဘယ်လိုလုပ် အလုပ်ခိုင်းရမှာလဲ?

“အမ်…” ချင်ယွဲ့၏ မျက်မှောင်ကြုတ်နေသည့်အကြည့်နှင့် ရင်ဆိုင်ရသည့်အခါ မော့ချူး မတတ်နိုင်ဘဲ ရွှင်မြူးစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ဒါဆို ကျွန်မဟိုဘက်ကို သွားကြည့်လိုက်ဦးမယ်"

"မလိုဘူး!" ချင်ယွဲ့ သည် ခေါင်းကို ခပ်မှန်မှန်ခါလိုက်သည်။ "မင်း ကောင်းကောင်းအနားယူသင့်တယ်။ ဒီလိုအသေးအမွှား ကိစ္စလေးတွေကို ငါတို့ဆီ အပ်ထားလိုက်”

ထို့နောက် သူ၏ယခင်က ပင်ပန်းနွမ်းနယ်နေမှုအခြေအနေနှင့်ဆန့်ကျင်ကာ စိတ်အားထက်သန်စွာဖြင့် တဲကို တည်ဆောက်တော့သည်။

ချင်ယွဲ့က ထိုသို့ပြောပေမယ့် မော့ချူးကတော့ အားအားလပ်စွာ မနေပါချေ။ တဲကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ကူညီလိုက်သေးသည်။

မော့ယန်သည် ဤနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်သည်။ သူ၏ညွှန်ကြားချက်အရ နာရီဝက်မပြည့်မီတွင် ရိုးရှင်းသည့်တဲပုံစံကို တည်ဆောက်နိုင်ခဲ့သည်။

"မင်းတို့အရင်သွားအိပ်ကြ" ချင်ယွဲ့ သူတို့အရှေ့တွင် မီးထုတ်လိုက်သည်။ အနီရောင်အလင်းရောင်ဟာ သူ၏ ကြမ်းတမ်းသည့် မျက်နှာအသွင်အပြင်ကို ထင်ဟပ်စေကာ နွေးထွေးမှုအချို့ကိုပြသနေသည်။ "ငါစောင့်ထားမယ်"

အစောပိုင်းက သူတို့စားခဲ့သည့် မှော်သားရဲသည် အဆင့် ၆ ရှိနေပြီဖြစ်သည်။ ယင်းမှနေ၍ ဤမှော်ဒေသရှိ မှော်သားရဲများ၏ ကျင့်ကြံမှုအဆင့်မှာ မနိမ့်လောက်မှန်း သိနိုင်သည်။ ယခုညဘက်ရောက်လာပြီးဖြစ်တာကြောင့် ၎င်းတို့အတွက် တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ တစ်ယောက်ယောက်က ကင်းစောင့်နေရမည်ပင်။ သူတို့အားလုံး အိပ်ပျော်သွားပါက ဘာမှမသိဘဲ မှော်သားရဲတွေဆီကနေ မျိုချခြင်းခံလိုက်ရပေလိမ့်မည်။

“အလှည့်ကျစောင့်ရအောင်” မော့ချူး ခဏလောက်စဉ်းစားလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “မိုးလင်းဖို့ ကိုးနာရီလောက် လိုသေးတယ်။ တစ်ယောက်သုံးနာရီစီ စောင့်ကြတာပေါ့။ အချိန်ကျရင် နောက်ဖက်လူကို နှိုး‌လေ”

“မလိုဘူး” မော့ယန် ခေါင်းခါကာ မော့ချူးကို ချစ်စနိုးဖြင့် ကြည့်လိုက်သည်။ "ချင်ယွဲ့ နဲ့ အစ်ကိုတို့နှစ်ယောက်ဘဲ စောင့်လိုက်မယ်။ မင်း အရင်အနားသွားယူသင့်တယ်"

“မှန်တယ်" ချင်ယွဲ့လည်း မနေနိုင်ဘဲ သဘောတူလိုက်သည်။ "မင်း ကောင်းကောင်းအနားယူသင့်တယ်။ မနက်ဖြန် ငါတို့ နောက်ထပ်မှော်သားရဲတစ်ကောင်နဲ့ တိုက်ပြီးရင် မင်းက ကောင်းကောင်းချက်ကျွေးရအုံးမယ်!"

ချင်ယွဲ့မှာ စောစောက အသားကင်ကို စွဲလမ်းနေပြီဖြစ်သည်။

“မရဘူး!” မော့ချူး မျက်မှောင်ကြုတ်လိုက်သည်။ ဒီနေ့ သူမတို့ မှော်ဒေသဆီဝင်တုန်းကလဲ သူတို့နှစ်ယောက်ဟာ သူမကို အလယ်တွင် ညှပ်ထားကြသည်။ သူမသည် လုံခြုံနေသော်လည်း သူတို့ကတော့ စိတ်ကိုတင်းထားရသည်။ သူတို့သာ ကောင်းကောင်းအနားယူဖို့ ဒီအခွင့်အရေးကို မယူပါက မနက်ဖြန်ကျလျှင် ပိုပြီးပင်ပန်းနေလိမ့်မည်ပင်။

"ကောင်းပြီ၊ နှစ်ယောက်လုံး သွားအိပ်တော့!" မော့ချူးသူတို့နှစ်ယောက်ကိုတဲ ထဲသို့ တွန်းလိုက်ပြီး ပြတ်သားသည့်လေသံဖြင့်ပြောလိုက်သည် “ဒီနေ့တော့ ကျွန်မအရင်စောင့်မယ်။ အချိန်ကျရင် အစ်ကိုမော့ယန်ကို နှိုးလိုက်မယ်"

"ဘယ်လိုလုပ် အဲ့ဒီလိုလုပ်နိုင်ရမှာလဲ?" ချင်ယွဲ့မှာ မြေပြင်တွင်နစ်နေသည့် လေးလံတဲ့ သံတုံးကြီးတစ်တုံးလိုပင်။ မော့ချူး သူ့ကို ဘယ်လိုလုပ်တွန်းနိုင်မှာတဲ့လဲ?

"မနက်ဖြန် အသားမစားချင်ဘူးလား?" မော့ချူး သူ့ကိုစိုက်ကြည့်လိုက်သည်။

ဒါကိုကြားတော့ ချင်ယွဲ့မှာ သူ့ရဲ့ပျော့ကွက်ကို ထိသွားသလို ခံစားလိုက်ရသည်။ သူ တုန်လှုပ်သွားသော်လည်း တုံ့ဆိုင်းနေဆဲဖြစ်ကာ သွားဖို့ ငြင်းဆန်နေသေးသည်။

“ကောင်းပြီ! နှစ်ယောက်လုံး ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် တစ်ညလုံး အလဟဿဖြစ်မှာစိုးတယ်" မော့ချူးသည် သူမရဲ့လက်‌တွေကို ဖြန့်လိုက်သည်။ "ဒါဆို မနက်ဖြန်ကျရင် ကျွန်မတို့ဘာလုပ်သင့်လဲ?"

မော့ချူး၏ဘမျက်လုံးတွေထဲတွင် စိတ်ပိုင်းဖြတ်ထားမှုကိုမြင်လိုက်ရတော့ နောက်ဆုံးတွင် မော့ယန်စိတ်လျှော့လိုက်သည်။ သူ သက်ပြင်းချကာ ရှေ့တိုးလိုက်ပြီး မော့ချူးခေါင်းပေါ်က ဆံပင်တွေကို ပွတ်လိုက်သည်။ “ကောင်းပြီ ဒါဆို မင်းရဲ့လုံခြုံရေးကို ဂရုစိုက်။ အချိန်ကျရင် ခေါ်လိုက်"

"ကောင်းပြီ” ဒါကိုကြားတော့ မော့ချူး ပြုံးလာသည်။

နှစ်ယောက်လုံး အနားသွားတော့ သူမ မီးပုံရှေ့တွင် ထိုင်နေလိုက်သည်။ ဤအခိုက်အတန့်တွင် မှော်ဒေသတစ်ခုလုံးကို ခေတ္တရပ်နေသလိုပင်။ ရုတ်တရက် ငြိမ်သက်သွားသည်။ သူမအနောက်မှ အသက်ရှုသံများသာ ထွက်ပေါ်လာသည်။

ညကောင်းကင်ယံသည် တောက်ပနေကာ ကြယ်များဖြင့် ပြည့်နှက်‌နေ၏။ ရံဖန်ရံခါ တိုက်ခတ်လာသည့် လေအေးတွေကြောင့် မီးတောက်အရှိန်ကို ပြန့်ကျဲသွားစေသည်။

မော့ချူး မျက်တောင်ခတ်ကာ ခေါင်းမော့လိုက်ဪင်း ညကောင်းကင်မှကြယ်များကို ငေးကြည့်နေလိုက်သည်။ သူမ ရင်ထဲတွင် ငြိမ်သက်ခြင်းကိုသာ ခံစားနေရသည်။ ရုတ်တရက်၊ ဘေးဘက်မှ အော်ဟစ်သံဟာ တိတ်ဆိတ်သည့် ညကောင်းကင်တွင် အထူးတလည်ကိုကြည်လင်ပြတ်သားနေသည်။

မော့ချူးက မျက်မှောင်ကြုတ်ကာ ညာဘက်ကို လှမ်းကြည့်လိုက်သည်။

"ဘာလုပ်နေတာလဲ? ငါ့ရဲ့ စွမ်းအင်အရည်တွေကို ခိုးနေတာလား?" နွေးထွေးတိတ်ဆိတ်နေသည့် မော့ချူးတို့ဘက်ခြမ်းနှင့်မတူဘဲ ချောင်းဟုန်မိန်တို့၏ စခန်းဟာတော့ ယခုအချိန်တွင် ရှုပ်ယှက်ခတ်နေသည်။

"ဘာ မဟုတ်တာတွေလာပြောနေတာလဲ?" မော့ချူးဆီမှ ရေတောင်းခဲ့သည့်လူနှင့် ကျန်သူတွေဟာ ခေါင်းမော့လာကာ သူ့မျက်နှာဟာ ဒေါသတွေနှင့် ပြည့်နှက်နေသည်။ "ငါ့မှာလည်း ကိုယ်ပိုင်စွမ်းအင်အရည်တွေရှိတယ်။ မင်းရဲ့ဥစ္စာကို ဘာလို့ခိုးရမှာလဲ?!"

သူတို့ရဲ့ပစ္စည်းတွေကို သိမ်းဆည်းခံရပြီးကတည်းက စွမ်းအင်အရည်တွေနှင့် ဓားမြှောင်ကို သူတို့ခန္ဓာကိုယ်နဲ့ နီးကပ်အောင်သာ ထားထားရသည်။ အခုလေးတင်ပဲ၊ အားလုံး မိန်းမောနေသည့်အချိန် အော်သံတစ်ခုထွက်လာကာ သူတို့အားလုံးကို နှိုးလိုက်သည်။

All Chapters