← Chapters

အပိုင်း ၃၆၀

Vol. 24 Ch. 360

အပိုင်း ၃၆၀

Vol. 24 Ch. 360

“မနေ့တုန်းက ငါတို့မှာ သေအောင် ရေငတ်နေခဲ့ရတာ။ ငါတို့ကို ယုံကြည့်အောင်ပြောခဲ့ပြီး‌တော့ အခုကျ မင်းရဲ့လုပ်ရပ်တွေက မင်းဟာသူတော်ကောင်းယောင်ဆောင်တဲ့သူတစ်ယောက်ဆိုတာကို သက်သေပြနေတာပဲမဟုတ်လား?"

ချောင်းဟုန်မိန်နှင့် တခြားလူတွေအများအပြားရှိကြသော်လည်း သူတို့တွင် ခေါင်းဆောင်မရှိပေ။ တစ်ယောက်နှင့်တစ်ယောက် ပိုလို့တောင် မယုံကြပေ။ မော့ချူးနှင့် တခြားသူတွေလို တဲဆောက်ဖို့မပြောနှင့် မီးတောင် မမွှေးကြပေ။ ညဘက်အရှေ့တစ်ပိုင်းလောက်ဟာ မအေးသေးပေမယ့် ဒီခိုးမှုကြောင့် ဘယ်သူမှကောင်းကောင်းမအိပ်ခဲ့ရပေ။ နောက်ပိုင်းတွင် လေအေးများတိုက်ခတ်လာသဖြင့် သူတို့အိပ်လို့မရခဲ့ကြပေ။

ထို့ကြောင့် သူတို့အားလုံးသည် မျက်လုံးတွေနီရဲနေကာ မွဲခြောက်ခြောက်ဖြစ်နေကြသည်။ ပင်ပန်းလာသည့်အခါ ဒေါသတွေအလွယ်တကူ ပေါက်ကွဲလာတတ်ကြသည်။ ချောင်းဟုန်မိန်သည် ရိုးရှင်းသည့်စကားအနည်းငယ်ဖြင့် သူတို့ကိုဆွလိုက်တာကြောင့် အနောက်ကလူတွေမှာ အကောင်းမမြင်နိုင်တော့ပေ။

"ဘာလဲ၊ ပြဿနာလာရှာတာလား?" ချင်ယွဲ့၏ မျက်လုံးတွေထဲ အေးစက်စက်အလင်းရောင်တစ်ခု ဖြတ်ပေးသွားသည်။

"ဟက်! ပြဿနာရှာတယ်လား? ငါ့မှာ ဘယ်လိုလုပ် အဲ့ဒီလိုအရည်အချင်းမျိုး ရှိရမှာလဲ?" ချောင်းဟုန်မိန် ခပ်တိုးတိုးနှာမှုတ်လိုက်ကာ သူမရဲ့မျက်လုံး‌တွေက လှည့်ပတ်သွားသည်။ "နင်တို့တွေ ငါတို့ကိုအနိုင်မကျင့်တာကဘဲ တော်ကာကျနေပြီ"

ဒါကိုကြားတော့ မော့ချူး မထိန်းနိုင်ဘဲ လေးနက်သွားသည်။ ချောင်းဟုန်မိန်သည် မတုံးအပါ‌ချေ။ ချင်ယွဲ့သည် သူမတစ်ယောက်ထဲကိုသာ မေးခဲ့မှန်း ရှင်းလင်းနေသော်လည်း သူမက‌တော့ 'ငါတို့' ဆိုသည့်စကားလုံးကိုသုံးကာ ချက်ချင်းချည်တုပ်လိုက်သည်။

"ဘာလဲ၊ ရန်ဖြစ်မလို့လား?"

မျှော်လင့်ထားသည့်အတိုင်း၊ ချောင်းဟုန်မိန် ထိုသို့ပြောပြီးနောက်တွင် သူမ၏ အနောက်ရှိ လူအများစု၏ အမူအရာတွေဟာ အရုပ်ဆိုးသွားကြသည်။ လူတစ်ယောက်ဆိုလျှင် ချင်ယွဲ့အား ဒေါသထွက်သည့်မျက်လုံးတွေဖြင့် စိုက်ကြည့်လယသည်။ သူ၏ နီရဲနေသည့်မျက်လုံးတွေကိုကြည့်ရင်း သူမတို့နှင့်သာအဆင်မပြေပါက ရန်ဖြစ်လာနိုင်သည်။

တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာ မတွေ့ဖြစ်ခဲ့သည့်နောက်တွင် ချောင်းဟုန်မိန်ဟာ ပို၍ပင်ဉာဏ်ကောင်းလာသည်။

မော့ချူးသည် နောက်ဘက်တွင် ရပ်နေသည်ကြောင့် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဒီနှစ်ဖွဲ့သာ အမှန်တကယ် ရန်ဖြစ်ကြလျှင် သူတို့နိုင်လိမ့်မည်မဟုတ်ပေ။ သူမတို့တွင် သုံးယောက်သာရှိသည်ကြောင့် အရေအတွက်နှင့်ပတ်သက်၍ အားနည်းနေ၏။ သူမတို့တွေ သေချာပေါက် အခြေအနေမကောင်းပါချေ!

ချောင်းဟုန်မိန်၏ မျက်လုံးများတွင် စိတ်ကြီးဝင်နေသည့်အကြည့်ကို မြင်လိုက်ရတော့ မော့ချူးသည် ရှေ့သို့အလျင်အမြန် ခြေလှမ်းတစ်လှမ်းတိုးကာ ချင်ယွဲ့ကိုဆွဲလိုက်ပြီး သူ့ရှေ့တွင်ရပ်လိုက်သည်။ “မနေ့တုန်းက ငါနဲ့ မော့ယန်တို့ မှော်သားရဲကိုလိုက်ဖမ်းနေတဲ့အချိန် အရှေ့နားမှာ စမ်းချောင်းတစ်ခုကို တွေ့လိုက်တယ်။ နင်တို့ သွားကြည့်ချင်လား?”

'စမ်းချောင်းလား?'

မော့ချူး၏ စကားကိုကြားတော့ ဒေါသတွေပြည့်နေသည့်လူတွေဟာ ချက်ချင်း အာရုံပြောင်းသွားကြသည်။

သူတို့ တစ်နေကုန် ရေမသောက်ရသေးတာကြောင့်လည်ချောင်းတွေ ပူနေ၏။ ဤအခိုက်တွင် စမ်းချောင်းရှိ အေးမြသည့်ရေစီးကြောင်းကို တွေးကြည့်မိသည့်အခါတွင် သူတို့တွေမနေနိုင်ဘဲ တောင့်တနေသည့်ပုံစံကိုထုတ်ပြလာသည်။

"နင်ပြောတာ အမှန်ဘဲလား?" ချောင်းဟုန်မိန် မော့ချူးကို သံသယဖြင့် စိုက်ကြည့်လိုက်သည်။ ဤမျှ အရေးကြီးသည့်အချက်အလက်ကို သူတို့အား ထုတ်ပြောရလောက်အောင် ကြင်နာလိမ့်မည်ဟု သူမမယုံပေ။

“မှန်လား မှားလားဆိုတာ ဘာလို့ ကိုယ်တိုင်သွားမကြည့်တာလဲ?” မော့ချူး ချောင်းဟုန်မိန်ကို ဂရုမစိုက်သလိုကြည့်လိုက်သည်။

ထိုအချိန်တွင် သူတို့သည်မြင့်မားသော မှော်အပင်တစ်ခုပေါ်တွင် ရပ်နေကြကာ စမ်းချောင်းလေးတစ်ခုကို အမှန်ပင် ယောင်ဝါးဝါးမြင်နေရသည်။ သို့သော်လည်း အတော်လေး ဝေးသည်။ ထို့အပြင် မြေပြင်၌ စွမ်းအင်ဗုံးများ မြှုပ်နှံထားသေးသည်။ သူတို့တွင် ရေသိုလှောင်ရန် မည်သည့်ကိရိယာမှလည်း မပါရှိတာကြောင့် ထိုကဲ့သို့ ဒုက္ခမျိုးမခံနိုင်ပေ။

သို့သော် အခြားသူများကြားသည့်အခါ မနေနိုင်ဘဲ လှုပ်ရှားလာကြသည်။

သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချောင်းဟုန်မိန်၏ အုပ်စုကြီးမှ ထွက်သွားကြသည်။ "ငါတို့ ရေသွားရှာတော့မှာဆိုတော့ ထွက်တော့မယ်"

ပြောပြီးသည်နှင့် မော့ချူးညွှန်ပြသည့် လမ်းကြောင်းဆီ လျှောက်သွားကြတော့သည်။ မနေ့တစ်ညတည်းနဲ့တင် သူတို့သာ အများအပြား အတူတူရှိနေလျှင် မနှေးမမြန် တစ်ခုခုဖြစ်သွားနိုင်မယ်မှန်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ သူတို့တွေအနေဖြင့် အဖွဲ့အသေးလေးတွေဖွဲ့ပြီးနေပါက ပိုလုံခြုံလိမ့်မည်။

ဤလူအုပ်စု ထွက်ခွာသွားခြင်းသည် တခြားသူများအပေါ် သက်ရောက်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချောင်းဟုန်မိန် အနောက်၌ လူအနည်းငယ်သာ ကျန်ခဲ့တော့သည်။

"ဘာလဲ? မင်းတို့တွေက ငါတို့နောက်ကို ဆက်လိုက်ဖို့ ကြံနေကြတာလား?" မော့ယန် သူတို့ကို ဂရုမစိုက်သလို ကြည့်လိုက်သည်။

ချောင်းဟုန်မိန် နှုတ်ခမ်းကိုကိုက်ကာ ဖိနှိပ်ကိုသည်းခံရင်း မော့ချူးတို့နောက်ကို ဆက်လိုက်သည်။

မော့ချူး၏ နောက်ကျောကို ကြည့်လိုက်ရင်း ချောင်းဟုန်မိန်၏ မျက်လုံးတွေဟာ မတတ်နိုင်ဘဲ ဆတ်ခနဲလှုပ်ရှားသွားသည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်လောက်က ချောင်းမိသားစုဟာ ထိုကဲ့သို့ ကပ်ဘေးဆိုးကြီးထဲ ကျရောက်ရလိမ့်မည်ဟု သူမ မထင်ထားမိခဲ့‌ပေ။ ဒါတွေအားလုံးက ဒီခရိုင် ၁၂က တောသူမကြောင့်ပဲ!

သို့ပေမယ့်၊ သူတို့တွေအနေနဲ့ စိတ်ဝိညာဉ်အစားအစာ၏ နက်နဲသည့်အရာကို ဖော်ထုတ်နိုင်နေသရွေ့၊ ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။ ချောင်းဟုန်မိန် လက်သီးတင်းတင်းဆုပ်လိုက်သည်။ ထိုကဲ့သို့ အခွင့်အရေးကောင်းသည် သူမ၏မျက်စိရှေ့တွင်ရှိနေပြီဖြစ်တာကြောင့် သူမလုံးဝလက်မလွှတ်နိုင်ပေ!

နောက်နှစ်ရက်အကြာတွင် ချင်ယွဲ့တစ်ယောက် ဟော်မုန်းဆေးတွေ သောက်ထားသလိုမျိုး ပြုမူနေသည်။ မှော်သားရဲတစ်ကောင်ကိုမြင်သည်နှင့် သူချက်ခြင်း ခုန်အုပ်လိမ့်မည်ပင်။ ရံဖန်ရံခါ မှော်သားရဲတစ်ကောင်ကို တိုက်ခိုက်ရန် မော့ယန်၏ အကူအညီကိုတောင်ဘမလိုပေ။ ထို့နောက် သူသည် မော့ချူးအား အရူးအမူးစွဲလန်းနေသလို အကြည့်ဖြင့် ကြည့်လာလိမ့်မည်။

'ဒါတွေအားလုံးက အရသာရှိတယ်! အရသာရှိတယ်!'

မော့ချူး သူမလက်ထဲမှအသားတွေကို လှန်လိုက်သည်။ ‌သူမမော့ကြည့်လိုက်တော့ လောဘတကြီးဖြစ်နေသည့် ချင်ယွဲ့၏ အကြည့်နှင့်ဆုံသွားသည်။ သူမ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ 'အစားအသောက်ရဲ့စွမ်းအားက တကယ်ကို အစွမ်းထက်တာပဲ!''

ဘေးမှာရပ်နေတဲ့ မော့ယန်တောင်မှ သူ့နဖူးကို မထိုးဘဲမနေနိုင်တော့ပေ။ 'ချင်ယွဲ့ရဲ့အမူအရာကို ရိုးရိုးသားသားမြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး!'

ထိုအချိန်တွင် ချောင်းဟုန်မိန်နှင့် သူ့နောက်က တခြားသူတွေလည်း အရမ်းအလုပ်ရှုပ်နေကြသည်။

များစွာ အားထုတ်ခဲ့ရပြီး နောက်ဆုံးတွင် သူတို့တွေ မှော်သားရဲတစ်ကောင်ကို အနိုင်ယူနိုင်ခဲ့သည်။ ၎င်းသည် မော့ချူးတို့ ဖမ်းမိခဲ့သည့် မှော်သားရဲအမျိုးအစားနှင့် တူတူဘဲဖြစ်သည်။

"ဘယ်လိုလုပ်ရမလဲဆိုတာ မင်းတကယ်သိလို့လား?" လူတစ်ယောက်က ချောင်းဟုန်မိန်ကို စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။

"ဘာများကြီးကြီးမားမားရှိလို့လဲ?" ချောင်းဟုန်မိန်သည် သူမလက်ထဲရှိ ဓားမြှောင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်ာ “မော့ချူးရဲ့ လှုပ်ရှားမှုတိုင်းကို အခုပဲ ငါမှတ်ထားတာ။ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”

သူမပြောရင်းဖြင့် မှော်သားရဲအား ဓားမြှောင်နှင့် ပွင့်ထွက်အောင် ခုတ်ထစ်ပစ်လိုက်သည်။ ခုတ်သည့်အနေအထားနှင့် အင်အားဟာ မော့ချူးလုပ်သည့်ပုံစံနှင့် အားလုံးနီးပါးတူသည်။

ထို့နောက် သူမအသားများကိုလှီးဖြတ်ကာ မီးပုံပေါ် တင်လိုက်သည်။

လုပ်ပြီးသွားသည့်အခါမှာတော့ ချောင်းဟုန်မိန် မနေနိုင်ဘဲ သက်ပြင်းတိုလေး ချလိုက်သည်။ သူမ လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်သည်။ 'နောက်ဆုံးတော့ အချိန်ကျပြီ!'

ကံမကောင်းစွာပဲဖြင့် သူမအပျော်စောသွားသည်။ ဤအသားကင်တယ်ဆိုတာလည်း အရည်အချင်းတစ်ခုပင်။ မီးကို ကောင်းကောင်းမထိန်းနိုင်လျှင် ကင်ထားသည့်အသားတွေဟာ နူးညံ့လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သူတို့ထဲမှအနည်းငယ်သည် သီတံကို မီးပေါ်တင်ကာ ပျော်ရွှင်စွာဖြင့်ဘထားလိုက်သည်။ ထို့နောက် အနီတောက်တောက် မီးတောက်တွေက ဝါးမြိုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အသားကင်တံသည် လုံးဝမီးကျွမ်းသွားတော့သည်။ အဆီတွေ တစ်စက်စက်ကျနေသည်ကြောင့် မီးက ပိုပြင်းလာကာ သီတံတွေလည်း ပိုပြီးလောင်ကျွမ်းလာသည်။

"အာ-" ဒါကိုမြင်တော့ ချောင်းဟုန်မိန် မနေနိုင်ဘဲ အံ့ဩတကြီးအော်လိုက်ကာ သူမ အမူအရာကလည်း ပြောင်းလဲသွားတော့သည်။ သူမ သီတံတွေကိုယူရန် ရှေ့သို့ ကမန်းကတန်း လျှောက်သွားလိုက်သည်။ သို့သော်လည်း ဒီလောက်ထိ တောက်လောင်နေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သီတံတွေကို တွန်းတွန်းမိသွားကာ မီးထဲ ပစ်ထည့်လုမတတ်ဖြစ်သွားသည်။

အချိန်အတော်ကြာပြီးနောက်တွက်၊ သီတံများသည် တူးသွားရုံသာမက လုံးဝမီးကျွမ်းသွားတော့သည်။ မွှေးတဲ့ရနံ့မပြောနဲ့ ကြည့်လိုက်တာနဲ့တင် စားချင်စိတ်တောင် ပျောက်သွားရသည်။

"အမ်... ဒါက စားလို့တော့ ရပါသေးတယ်" အသားသီတံကို ကိုင်ထားသည့် ထိုလူဟာ နည်းနည်းလေးတောင် စိတ်ပူနေပုံမရပေ။ ဤအရာသည် အဆိပ်ရှိသည်။ စားပြီးလို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? သူတို့ ဘယ်လိုလုပ်ကြမလဲ?

All Chapters