← Chapters

စုန်းမအိုကြီး

Vol. 37 Ch. 701

စုန်းမအိုကြီး

Vol. 37 Ch. 701

သုန့်ရှီးယွင်၏ စကားတို့က ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် သခင်မလေးတို့ရဲ့ ထောက်ခံမှုကို ရရှိသွားသည်။

ဥယျာဉ်မှူးများသည် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်၏။

လျှော့လျှော့ပေါ့ပေါ့ အပြစ်ဒဏ်လောက်ပေးခံရပြီး သင်ခန်းစာ ရသွားသည်ဆိုလျှင် ကိစ္စမရှိ။ သို့သော် ရှဲ့သခင်မလေးက အိမ်ရှေ့စံမင်းသားကို အခုလိုမျိုး ရေးကြီးခွင်ကျယ်ဖြစ်အောင်လုပ်စေနေတာမျိုးကို သူတို့ သဘောမတူကြပေ။

သူမဟာ ကြင်ရာတော် မင်းသမီးမဖြစ်လာခင်ကတည်းက အကြင်နာတရား ခေါင်းပါးသူတစ်

ယောက် ဖြစ်နေလေပြီ။ အကယ်၍ သူမသာ ကြင်ရာတော် မင်းသမီးဖြစ်လာလျှင် သို့မဟုတ် နောင်တစ်ချိန် ဧကရီတစ်ပါးသာ ဖြစ်လာမည်ဆိုလျှင် နန်းတွင်းအစေခံများနှင့် မိန်းမစိုးများမှာ အသက်ရှူလျှင်တောင် သတိထားပြီး ရှူကြရမည့်အဖြစ်ပေ။

ဖန်းမုရွှယ်နှင့် တခြားသူများက သုန့်ရှီးယွင်အား မတူမတန်သလို ကြည့်လိုက်ကြသည်။

အရင်က အကြောင်း ပြန်တွေးကြည့်မယ်ဆိုရင် သုန့်ရှီးယွင်ရဲ့ အရည်အချင်းနှင့် စရိုက်တို့ကို သူတို့ အလွန် အထင်ကြီးခဲ့ရသည်။ သို့သော်၊ သူမ အကြောင်းကို နားလည်လာသည်နှင့်အမျှ ယုတ်မာရက်စက်တဲ့ သူတစ်ယောက်ဆိုတာ သိသွားကြတော့သည် !

ဤသို့ ပြောရခြင်း အကြောင်းမှာ …. လွန်ခဲ့သည့် ရက်ပိုင်းတုန်းက ဖြစ်သွားသည့် ရှားယာ့ယွင်၏ အဖြစ်အပျက်ကြောင့်ပင်။

ရှားယာ့ယွင်သည် အကျဉ်းထောင်ထဲ၌ အပိတ်ခံထားရ၏။ သူမဟာ တစ်နေ့လုံး သုန့်ရှီးယွင်က သူမကို ဒုက္ခပေးခဲ့တာဆိုပြီး အဆင်မပြတ် အော်ဟစ်လို့နေသည်။

ရှားယာ့ယွင်သည် သုန့်ရှီးယွင်အား အသရေဖျက်ပြီး လုပ်ကြံပြောဆိုနေသည်ဟု ပျိုနီးပန်းခြံဝန်းက ထင်သော်ငြား၊ သစ်ခွခြံဝန်းက လူတွေသည်တော့…

တစ်ချိန်က သူတို့ ရှားယာ့ယွင်နှင့် ရင်းနှီးခဲ့ဖူးတာကြောင့် သူမ ဘာကြောင့် ရှဲ့ချောင်ကိုပဲ ထပ်ခါထပ်ခါ ပစ်မှတ်ထားနေရသလဲဆိုတာ သိကြသည်။ ရှားယာ့ယွင်ဟာ သုန့်ရှီးယွင်ပြောသမျှ

စကားတိုင်းကို နားထောင်တယ်ဆိုတာလည်း သိကြသည်။

သုန့်ရှီးယွင်သာ သူမကို တကယ် မတရားမလုပ်ခဲ့လျှင် ရှားယာ့ယွင်တစ်ယောက် ဒီလောက်ထိ အသည်းအသန် ဖြစ်နေမှာမဟုတ်ပေ။

ဒါကြောင့် သုန့်ရှီးယွင်က အခုလို ကြင်နာချင်ယောင် ဆောင်ပြနေသည့်အခါ သူတို့ စိတ်ပျက်ပြီး စက်ဆုပ်မိကြသည်။

ကျောက်ရွှမ်ကျင်းသည် တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်မေ့အား လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်သည်။ သူမ၏ အခြေအနေကို သိဖို့ရာ အချိန် သိပ်မကြာလိုက်။

“နတ်ရွာစံ မင်းကြီး အသက်ရှိတုန်းက၊ သူက

တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်ဘွဲ့ ပေးအပ်ခံခဲ့ရပြီး မင်းသမီးတစ်ပါးကို မွေးပေးခဲ့တယ်။ ဒါပေမဲ့ ကံ‌ဆိုးချင်တော့ အဲ့မင်းသမီးက နာမကျန်းဖြစ်ပြီး သေသွားရတယ်။ အရင် မင်းကြီး နတ်ရွာမစံခင် အငယ်ဆုံးမင်းသားလေးကို လပိုင်းလောက် စောင့်ရှောက်ပေးဖို့ သူ့ဆီပေးခဲ့တာနဲ့ပဲ သူက ဘုရားကျောင်းကိုရော အိမ်ကိုရော အပို့မခံလိုက်ရဘူး။ နန်းတော်ထဲမှာ ဆက်နေနေခဲ့တာ” ကျောက်ရွှမ်ကျင်းက ရှဲ့ချောင်ကို ရှင်းပြလိုက်၏။

လက်ရှိပြည်‌ထောင်တွင် အနောက်ဆောင် အတွင်း ပြိုင်ဆိုင်မှုဆိုတာ သိပ်ပြီးမရှိ။

ဘုရင်အဆက်ဆက်သည် မောင်းမမိဿ့ပေါင်းများစွာကို တော်ကောက်ခြင်းမရှိသဖြင့် ယခင် ပြည်ထောင်နှင့် နှိုင်းယှဥ်ပါက သန့်ရှင်းသည်ဟု ယူဆနိုင်ပေသည်။

ရလဒ်အနေဖြင့် အနောက်ဆောင် အတွင်း တိုက်ပွဲများ မများခဲ့တာပင်။ကိုယ်လုပ်တော် အများစုဟာ တားမြစ်ချက်များကို မချိုးဖောက်ခဲ့ကြသလို နောက်ဆုံး အချိန်ထိ တောာင့်ခံသွားခဲ့ကြသည်။

အနောက်ဆောင် အတွင်း၌ ကြင်ရာတော်ကောင်းများဟု ယူဆနိုင်တဲ့ ကြင်ရာတော်ဟောင်း တချို့လည်း ရှိသည်။ မယ်တော်ကြီးကျန်း၏ ကျန်းမာရေးသည် ချို့တဲ့နေကာ ထို ကြင်ရာတော်ဟောင်း များကို အလွန်လေးစားသည်။ သူတို့ဟာ သင့်သင့်မြတ်မြတ်နေနေကြ၏။

ဒါတင်မက တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်မေ့ ဆီ‌ကနေ လပိုင်းလောက် ပျိုးထောင်ပေးခြင်းခံခဲ့ရတဲ့ မင်းသားရုန်သည်လည်း အဆင့်အတန်းမမြင့်တဲ့ မွေးမိခင်အား သူ၏ အပိုင်စားမြေဆီ ခေါ်ခဲ့သော်ငြား သူ၏ မွေးစားမယ်တော်ကိုတော့ အထူးတလည် ဆက်ဆံခဲ့ကာ နှစ်စဉ်နှစ်တိုင်း သူမဆီ လက်ဆောင်များ ပို့ပေးတတ်သည်။

“တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော်မေ့က နတ်ရွာစံမင်းကြီးရဲ့ ကိုယ်လုပ်တော်တွေအားလုံးထဲမှာ အလှဆုံး သူတစ်ယောက်ဆိုလည်း မမှားဘူး” ကျောက်ရွှမ်ကျင်းက ထပ်ပြောလိုက်၏။

အမှန်တော့ သူလည်း သူမကို တစ်ခါမှ မမြင်ဖူးပေ။

နောက်ပြီး သူမက ဘိုးတော်မင်းကြီးရဲ့ ကိုယ်လုပ်တော် ဖြစ်နေ၏။

သူဟာ သူ့ခမည်းတော် နန်းတက်ပြီးသိပ်မကြာ မွေးလာခဲ့တာဖြစ်သည်။ အိမ်ရှေ့စံမင်းသားတစ်ပါးအနေနဲ့ ထိုကိုယ်လုပ်တော်များကို တွေ့မှာ မဟုတ်ပေ။

ထိုအချိန် မကောင်းဆိုးဝါးဝိဉာဉ်က ရှဲ့ချောင် နားဆီကပ်ပြောလာ၏။ “သူက နန်းတော်ထဲမှာဆိုရင် မင်းသားရုန်ကို ပြစ်တင်ပြောဆိုနေသေးတာ။ မင်းသားရုန်က အကြင်နားတရားမရှိတဲ့သူ၊ သူ့ရဲ့ အဆင့်နိမ့်တဲ့ မွေးအမေကို အပိုင်စားမြေဆီ ပြန်ခေါ်ပြီး သူ့ကိုတော့ နန်းတော်ထဲမှာ ထားထားတာ၊ သူ့ကို ချစ်ပေးခဲ့ရတာ အလကားပဲတဲ့!”

“သူက သူ့ရဲ့ ဂုဏ်သိက္ခာကိုပဲ စိတ်ပူပြီးတော့ နတ်ရွာစံမင်းကြီးက မယ်တော်ကြီးလို ရုပ်ဆိုးတဲ့ အမျိုးသမီးတွေကို မကြိုက်ဘူးဆိုပြီးလည်း ခဏခဏ ပြောတတ်သေးတယ်….

“နင် ငါပြောတာကို ကြားရတာဆိုရင် အိမ်ရှေ့စံမင်းသားကို ပြောပြီး သူ့ကို မြန်မြန် သွားဖမ်းခိုင်းလိုက်! သူက စုန်းမအိုကြီးပဲ!”

မကောင်းဆိုးဝါးဝိဉာဉ်မှာ သောကရောက်နေလေရာ ရှဲ့ချောင် အဖြစ်ပင် ပြောင်းနိုင်ဖို့ ဆုတောင်းမိနေသည်။

ရှဲ့ချောင်ကတော့ အတော်လေး နားညည်းနေလေပြီ။

အသက်ရှိနေတဲ့ လူတစ်ယောက် စကားပြောတဲ့အခါ လောကကျင့်ဝတ်အရ အာရုံစိုက်နားထောင်ပေးရသည်။

သေပြီးသား လူတစ်‌ယောက်ကတော့ မတူပေ။ ပုံမှန်အားဖြင့် လူသေတစ်ယောက်က သူမ မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်နိုင်တယ်ဆိုတာ သိသွားမယ်ဆိုရင် သူတို့က အလောတကြီးနဲ့ ပြောပေလိမ့်မည်။ အားလုံးနီးပါးကအသက်တောင် ရှူကြလိမ့်မည်မဟုတ်။ တစ်လုံးပြီးတစ်လုံး တရပ်စပ် ထွက်လာကြလိမ့်မည်။ သူမ

နားထောင်မိလိုက်ရင် ဒေါသထွက်လုနီးနီးပင် ဖြစ်ရသည်။

••••••

All Chapters