← Chapters

ရန်သူဘက်က မလှုပ်ရှားလျှင် သူမလည်း လှုပ်ရှားမှာ မဟုတ်

Vol. 37 Ch. 702

ရန်သူဘက်က မလှုပ်ရှားလျှင် သူမလည်း လှုပ်ရှားမှာ မဟုတ်

Vol. 37 Ch. 702

သို့သော် မကောင်းဆိုးဝါးဝိဉာဉ်တွေခမျာလည်း အကူအညီတောင်းစရာ မရှိဖြစ်နေရာကနေ သူမလို ကယ်တင်ရှင်ကို တွေ့ရသည်အခါ စိတ်လှုပ်ရှားကြတာချည်းပင်။ ရှဲ့ချောင် သူတို့ကို ဒေါသမထွက်ရက်။

“ငါ နားလည်ပြီ။ နင် ထပ်ပြောနေစရာ မလိုတော့ဘူး” ရှဲ့ချောင် သတိပေးလိုက်၏။ ထို့နောက် အိမ်ရှေ့စံမင်းသားအား ကြည့်ကာ “အရှင့်သားကိုပဲ ဒုက္ခပေးရတော့မယ်။ ဒီအစေခံတွေက နန်းတော်ကို ဝင်လာပြီးကတည်းက အိမ်ကို လွမ်းနေကျတာ, သူတို့ သေပြီးသွားတော့ သူတို့ရဲ့ ဝိဉာဉ် မွေးရပ်ကို ပြန်နိုင်ဖို့ မျှော်လင့်နေကြတယ်”

“စိတ်မပူပါနဲ့၊ ကိုယ်ရဲ့မယ်တော်ကို တော်‌ဝင်မြင့်မြတ်ကိုယ်လုပ်တော် မေ့ကို ခေါ်ဖို့ ပြောပြီးသွားပြီ” ကျောက်ရွှမ်ကျင်းသည် ပြောရဆိုရ လွယ်ကူသူတစ်ယောက် ဖြစ်၏။ “မင်းရော ဆရာမမော့ရောက ဝိဉာဉ်တွေရဲ့ ဆန္ဒကို အရမ်းအလေးထားတာပဲ”

ကျောက်ရွှမ်ကျင်း သူမကို သတိပေးလိုက်ပြန်သည်။

ရှဲ့ချောင် ခေါင်းညိတ်လိုက်၍ “အမှန်ပဲ၊ ကျွန်မတို့လို ကျင့်ကြံအားထုတ်တဲ့သူတွေက ကောင်းတဲ့ကံတွေ စုဆောင်းနိုင်ဖို့ ကြိုးစားရတယ်လေ”

ကျောက်ရွှမ်ကျင်း၏ ခန္ဓာကိုယ် တောင့်တင်းသွားရသည်။

သူ ဘာများ ပြောနိုင်ဦးမှာလဲ ?

ရှဲ့ချောင်က ထက်မြက်တဲ့သူတစ်ယောက် ဆိုပေမဲ့ ဒီကိစ္စကို မထုံတတ်သေး ပြုမူနေလေသည်…

ကျောက်ရွှမ်ကျင်း သူမကို တစ်ချက်ကြည့်ပြီးနောက် မိဖုရားခေါင်ကြီးဆီ သွားခဲ့သည်။

ကျောက်ရွှမ်ကျင်း ထွက်သွားသည်နှင့် ရှဲ့ချောင်ရဲ့ လက်သေးသေး‌လေးတွေမှာ မသိမသာခိုးပြီး ပွတ်သပ်နေမိ၏။

ကျောက်ရွှမ်ကျင်းက သူမကို စမ်းသပ်ချင်နေတာမလား?!

သူသာ သိပြီးသားဆိုရင် သူမကို မဖော်ထုတ်ဘဲထားထားသည်က မဖြစ်နိုင်။

ဆရာတူမောင်လေးတစ်ယောက် အနေနဲ့ သူမလို ငယ်ရွယ်ပြီး အကြီးတစ်ယောက်လို ပြုမူနေတဲ့ ဆရာတူအစ်မကို တလေးတစား လုပ်နေရခြင်းအား သဘောတွေ့နေလိမ့်မည် မဟုတ်။

ရှဲ့ချောင် ခန့်မှန်းကြည့်နေ၏။ သူမ နှလုံးသားထဲ ကမောက်ကမ ဖြစ်နေပေမဲ့ မျက်နှာထက်တွင်တော့ မဖော်ပြခဲ့ချေ။

ရန်သူဘက်က မလှုပ်ရှားလျှင် သူမလည်း လှုပ်ရှားမှာ မဟုတ်။

သူမ ဟန်ပြ ချောင်းဆိုးလိုက်ကာ ကျောကို ပြန်

မတ်လိုက်သည်။သူမရဲ့ တည်ငြိမ်နေတဲ့ မျက်နှာထက်၌ လိပ်ပြာမလုံဖြစ်နေတဲ့ အရိပ်အယောင်မျိုး တစ်စက်ကလေးမှ မရှိ။ ထို့နောက် မြင့်မြတ်တဲ့ သခင်မလေးများ အားလုံး ရှိနေကြသည့် ပင်မ ခန်းမဆောင်သို့ ပြန်သွားခဲ့သည်။

သူမ ပေါ်လာသည်နှင့် ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ လူတိုင်း သူမကို စိုက်ကြည့်နေကြသည်။

သူမ ထိုင်လိုက်ပြီးနောက် သုန့်ရှီးယွင်မှ “ရှဲ့သခင်မလေး၊ ဟိုဥယျာဉ်မှုးတွေနဲ့ ဖြေရှင်းတာ ဘယ်လိုလဲ”

“အင်း…..” ရှဲ့ချောင် ခဏ စဉ်းစားကာ “သူတို့ သေတဲ့အထိ အရိုက်ခံရလောက်မယ်ထင်တယ်”

သူတို့က နန်းတော် အပြင်ကို ပို့ရမည့် အရိုးများအား အမှုန့်များ အဖြစ် ပြောင်းခဲ့ကာ တော်ဝင်ကိုယ်လုပ်တော်မေ့ ဆီ ပို့ခဲ့ကြရုံမက မြေဩဇာအဖြစ်ပင် အသုံးပြလိုက်ကြသေးသည်။ မိဖုရားခေါင်ကြီး သို့မဟုတ် မယ်တော်ကြီးသာ ထိုကိစ္စကိုသိသွားလျှင် သေချာပေါက် စက်ဆုပ်မိမှာပင်။

ဘယ်လိုလုပ်ပြီး လွှတ်ပေးနိုင်မှာလဲ ?

“သေတဲ့အထိ အရိုက်ခံရမယ်?” တခြားသူများဟာ ထိုစကားကြောင့် နင်ကုန်ကြသည်။

“ရှဲ့သခင်မလေး၊ အဲ့ဒါက အရမ်းကြီး လွန်မနေဘူးလား။ ပင့်ကူလေး တစ်ကောင်ပဲဟာကို ဘာလို့ အဲ့လောက်တောင် ပုံကြီးချဲ့ပစ်ရတာလဲ။ သူတို့တွေကလည်း လူ့အသက်တွေပဲလေ၊ နည်းနည်းလေးတောင် စိတ်မကောင်းမဖြစ်မိဘူးလား”

ဒီ အနာဂတ်ကြင်ရာတော်လောင်းက လူ့အသက်တွေကို အထင်သေးသည်။ ထိုသတင်းသာ ပျံ့သွားပါက သူမရဲ့ ဂုဏ်သတင်းက ကျိန်းသေပေါက် ဆိုးရွားလိမ့်မည်။

“သူ့တို့ထဲက နှစ်ယောက်က ရာ‌ဇဝတ်မှု ကျူးလွန်းထားတယ်လေ။ အဲ့လို အပြစ်ပေးတာ မလွန်ပါဘူး။ သူတို့ ကျူးလွန်ထားတဲ့ အပြစ်က အဲ့တစ်ခုတည်းမှ မဟုတ်တာ။သူတို့ကို တစ်ခါတည်း သေဒဏ်ချလိုက်ရင် လွယ်လွယ် သေခွင့်ပေးလိုက်ရာ ကျသွားမှာပေါ့”

'သေဆုံးသူတွေဟာလည်း အရေးပါတယ်’ ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ?

ဘယ်ခေတ်မှာပဲ ဖြစ်နေနေ၊ အလောင်းတွေကို လေးလေးစားစား ကြင်ကြင်နာနာ ဆက်ဆံကြရမည်!

သာမန် စီရင်စုငယ်လေးတစ်ခုမှာတောင် မိသားစုဝင်တွေကို မရှာနိုင်တဲ့ အလောင်းများအတွက် အထူးပြုလုပ်ထားသော ရင်ခွဲရုံများရှိသည်။ ရေခြားမြေခြား၌ သေဆုံးသွားခဲ့သူများ၏ အလောင်းများကို သူတို့ရဲ့ မွေးရပ်မြေကို ပြန်သယ်ဖို့အတွက်တောင်မှ အထူးပြုလုပ်ထားသည့် အလောင်းသယ်စင်များ နေရာတော်တော်များများမှာ ရှိကြ၏။

အခုလို ကိစ္စမျိုးက နန်းတော်ထဲမှာ ဖြစ်ပျက်သွားခဲ့တာကိုတောင် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်မပေးလျှင် လူတွေရဲ့ ယုံကြည်မှုက ပျောက်ဆုံးသွားလိမ့်မည်။

ရှဲ့ချောင် ထိုသခင်မလေးများရဲ့ ဇဝေဇဝါဖြစ်ပြီး စိုးရိမ်နေကြတဲ့ အကြည့်ကို မြင်တဲ့အခါ “သူတို့က အရမ်းရဲတင်း….”

“ရှဲ့သခင်မလေး၊ သူတို့က နင့်ညီမလေးကို ထိခိုက်အောင်ဆိုပြီး ပန်းပင်ထဲကို တမင်တကာ ပိုးကောင် ထည့်ထားတယ်လို့ ပြောချင်နေတာလား။” ရှဲ့ချောင်တောင် စကား မဆုံးသေး၊ သုန့်ရှီးယွင်က ရန်လိုစွာဖြင့် မေးလာလေသည်။ “ နင့်ညီမလေးက လပ်ထပ်မယ့် အရွယ်တောင် မရောက်သေးတဲ့ ကလေးမတစ်ယောက်ပဲဟာ၊ ဥယျာဉ်မှူးတွေက ဘာကိစ္စ အဲ့လို လုပ်မှာလဲ, ရှဲ့သခင်မလေးက သူတို့ကို သက်သက်စွပ်စွဲနေတာမလား။ ကိစ္စသေးသေးလေးကိုတောင် ဒီလိုမျိုး ပုံကြီးချဲ့နေတဲ့ ရှဲ့သခင်မလေးက ငါတို့ကို တကယ်ကြောက်လန့်စေတယ်”

ရှဲ့ချောင် အစက‌တော့ သူတို့ကို အမှန်အတိုင်း ပြောမလို့ပင်။

သို့သော် သူမ ရိုးရိုးရှင်းရှင်းပဲ ပြုံးပြကာ “ဟုတ်

တယ် ငါရဲ့ စိတ်သဘောထားက အရမ်းသေးသိမ်တယ်၊ သုန့်သခင်မလေးကတော့ သဘောထားကြီးတဲ့သူ မလား၊ ခဏနေ သူတို့ အရိုက်ခံရတဲ့အချိန်ကျရင် အပြေးလေးသွားပြီး သူတို့ အသက်ကို ကယ်ဖို့ မမေ့နဲ့‌နော်”

••••••

All Chapters