မထိုက်တန်ဘူး
Vol. 37 Ch. 703
ရှဲ့ချောင်၏ မျက်နှာသည် တည်ငြိမ်နေဆဲဖြစ်ကာ အပြစ်ရှိစိတ် တစ်စက်ကလေးမှ မခံစားရ။
ဖန်းမုရွယ်နှင့် တခြားသူများသည် ရှဲ့ချောင်ဘက်တွင်သာ မယိမ်းမယိုင်ရှိနေကြလျက်။ ယခုလို တခြားသူတွေက ရှဲ့ချောင်အား ရှုပ်ထွေးလှတဲ့ အကြည့်တွေနဲ့ ကြည့်နေတာတောင် သူမဘက်က မှားနေတယ်လို့ မခံစားကြရချေ။
သူတို့ လတိုင်း ရှဲ့အိမ်တော်ဆီ သွားပြီး စာအတူတူ လေ့လာနေကြတာ၊ ရှဲ့ချောင်က ဘယ်လိုလူစားမျိုးလဲ မသိဘဲ နေမလား။
ရှဲ့မိသားစုက အစေခံတွေရဲ့ ဘဝကတောင် ကောင်းစားနေကြတဲ့ဟာ!
ချွင်းအာကိုပဲကြည့်၊ ရှဲ့ချောင်က သူ့ကို သူ့ရဲ့ညီမလေး တစ်ယောက် အတိုင်း ဆက်ဆံတာ။ ကောင်းတာတစ်ခုခုရှိတိုင်း သူမကိုလည်း မချန်ထားတတ်ဘူး !
ရှဲ့ချောင်က လူ့အသက်တွေကို အထင်မြင်သေးနေတဲ့ လူစားမျိုးတဲ့လား ?!
ဥယျာဉ်မှူးတွေကို သေစေချင်ရတဲ့ အကြောင်းရင်း ရှိကိုရှိမှာ !
သုန့်ရှီးယွင်ကတော့ လူကောင်းတစ်ယောက်လို ဟန်ဆောင်ဖို့ အခွင့်ရေး ရသွားလေပြီ။ သူမရဲ့ မျက်နှာထားက နိဗ္ဗာန်ကို ရောက်ဖို့အရေး အကျိုးဆောင်နေတဲ့သူတစ်ယောက် လိုမျိုး ဖြစ်
ကာ၊ သူမရဲ့ မျက်လုံးတို့ကလည်း နီရဲနေလျက်ဖြင့်။
သူမရဲ့ အရည်အချင်းက လူတွေကို သူမဘက်ပါလာအောင် အပျော့ဆွဲနှင့် ဆွဲနိုင်တာပင်။ သခင်မလေးများအား သူမဆီလာပြီး နှစ်သိမ့်ပေးအောင် လုပ်လိုက်နိုင်၏။ သူမက မိဖုရားခေါင်ကြီးကို တွေ့ဖို့ တောင်းဆိုပြီး သူ့ကို အဆုံးအဖြတ်ပေးခိုင်းမယ်ဟုတောင် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။
မိဖုရားခေါင်ကြီးသည် ကရုဏာစိတ်ရှိသူတစ်ယောက်ဖြစ်၍ အကြင်နာတရား ခေါင်းပါးလိမ့်မည် မဟုတ်။
ထိုအချိန် မိဖုရားခေါင်ကြီးသည် နန်းဆောင်အလယ်တွင် ထိုင်လို့နေ၏။
မယ်တော်ကြီးကျန်း၏ တာဝန်မှာ ရုတ်သိမ်းထားတာကြာပြီဖြစ်သည်။ နန်းဆောင်ထဲမှ ကိစ္စကြီးငယ်မရွေး မိဖုရားခေါင်ကြီးကသာ ဆုံးဖြတ်သည်။
တော်ဝင်မြင့်မြတ်ကိုယ်လုပ်တော် မေ့သည် အသက်ခြောက်ဆယ်နီးပါးဖြစ်နေသည့်တိုင် သူမရဲ့ ဆံပင်တို့က နက်မှောင်နေဆဲဖြစ်သည့်အပြင် မျက်နှာတွင်လည်း အရေးကြောင်းတို့ မရှိသေး။ မိဖုရားခေါင်ကြီးနှင့် အသက်အတူတူလောက်ဟုတောင် ထင်ရသည်။
တော်ဝင်ကိုယ်လုပ်တော်မေ့ နန်းတော်ထဲတွင် နေလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဆိုသော်ငြား မိဖုရားခေါင်ကြီးသည် သူမအား အမှတ်မထင်သာ တွေ့ဆုံဖူးသည်။
သေချာပြန်စဉ်းစားကြည့်လိုက်ရင် ဒီနှစ်တွေထဲ
သူမကို တွေ့လိုက်တဲ့အခါတိုင်း သူမဟာ သိပ်ပြီး ပြောင်းလဲသွားတာမျိုး မရှိ။
မိဖုရားခေါင်ကြီးသည် ဘာမှ သိပ်ပြီးမသိပေ။
တော်ဝင်မြင့်မြတ် ကိုယ်လုပ်တော်ဟောင်းမေ့ နန်းဆောင်ထဲကနေ ထွက်သွားသည်နှင့် သူမရဲ့ နန်ဆောင်ထဲ ဝင်ရှာရန် ကျောက်ရွှမ်ကျင်း အမိန့်ပေးလိုက်သည်။
“ပစ္စည်းတွေ ယူလာခဲ့”
သူ့စကားဆုံးတာနှင့် မိန်းမစိုးများသည် ပစ္စည်းများစွာ သယ်ထုတ်လာလေသည်။
အများစုမှာ အနီရောင်နှင့် အဖြူရောင် ဖန်ပုလင်း
များ ဖြစ်ကြ၏။ ၎င်းတို့သည် ကြီးမားလှကာ အထဲ၌ ဘာတွေရှိနေသလဲဆိုတာ မသိရ။ ပျားဖယောင်းများနှင့် ပိတ်ဆို့ထားသည့် ပုလင်းများနှင့် ဘူးများလည်း ရှိသေးသည်။
အားလုံးက အတော်လေး ထူးဆန်းနေပေသည်။
ထိုပစ္စည်းများကို မြင်လိုက်သည်နှင့် ကိုယ်လုပ်တော်ဟောင်းမေ့၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ “မိဖုရားခေါင်ကြီးက ဘာကိစ္စ ငါ့ပစ္စည်းတွေကို ကိုင်ခိုင်းရတာလဲ။ ဒီနှစ်တွေ တစ်လျှောက်လုံး ငါ နန်းတော်ထဲမှာ ကောင်းကောင်းမွန်မွန် နေလာခဲ့တယ် မဟုတ်လား။ ဘာလို့ ငါ့ကို ဒီလိုမျိုး အရှက်ခွဲရတာလဲ။ ဒီလိုသာ ဖြစ်လာမယ်မှန်းသိရင် အဲ့ကတည်းက နတ်ရွာစံမင်းကြီးနောက်ကို လိုက်သွားလိုက်ရမှာ!”
မိဖုရားခေါင်ကြီးမှာ ထိုစကားများကြောင့် အခက်
တွေ့သွားသည်။
သူမ မျက်ခုံးစပ်ကြားပွတ်သပ်ရင်း အိမ်ရှေ့စံမင်းသားအား ကြည့်ကာ “ဒီပစ္စည်းတွေကို ပိုင်ထားတာက နန်းတွင်း စည်းကမ်းတွေကို ချိုးဖောက်နေလို့လား”
အဲ့လိုပဲနေမှာ၊ မဟုတ်ရင် သူမသားက ဒီလောက်ထိ ပေါ်ပေါ်ထင်ထင် လုပ်မှာမဟုတ်ဘူး။
သို့သော် ကိုယ်လုပ်တော်ဟောင်းမေ့အား စော်ကားသလို ဖြစ်သွားစေရလောက်အောင် သူမ၏တော်ရုံဂရုမစိုက်သလို နေတတ်သည့် အိမ်ရှေ့စံက တန်းပြီး ယူထုတ်ခိုင်းရလောက်တဲ့အထိ ဘယ်လိုပစ္စည်းမျိုး ဖြစ်နေလို့လဲဆိုတာ သူမလည်း သိချင်နေမိ၏။
“အရင်တုန်းက၊ နတ်ရွာစံမင်းကြီးက ကိုယ်လုပ်တော်ကို သနားလို့ ဘုရားကျောင်းကို သွားပြီး တရားအားထုတ်ခိုင်းရင် ခံစားရမှာကို စိတ်ပူပြီး မင်းသားရုန်ကို စောင့်ရှောက်ခိုင်းခဲ့တာ။ မင်းသားရုန်က ကိုယ်လုပ်တော်ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို စောင့်ရှောက်ပေးသွားမှာလို့ တွေးပြီး အဲ့လိုလုပ်ခိုင်းခဲ့တာ မလား” ကျောက်ရွှမ်ကျင်း အေးတိအေးစက် မေးလိုက်သည်။
“ဟုတ်တယ်” ကိုယ်လုပ်တော်ဟောင်းမေ့၏ မျက်လုံးများသည်လည်း အေးစက်နေကာ ခပ်တန်းတန်း ဖြစ်နေလျက်။
အဲ့တုန်းက နတ်ရွာစံမင်းကြီးထင်တာက မင်းသားရုန်သာ မြိုတော်မှာ ရှိနေရင် သူမရဲ့ ဘဝက ကောင်းမှာဆိုပြီး !
သို့သော် မင်းသားရုန်နှင့် သူ့ဦးလေးက လမ်းမပေါ်
မှာ မြင်းစီးပြီး လူပေါ်များစွာကို နင်းခြေခဲ့သည်။
မင်းကြီးမှာ အလွန်ဒေါသထွက်ခဲ့ရာ ဦးလေးဖြစ်သူအား သေဒဏ်ပေးခဲ့ပြီး မင်းသားရုန်ကိုတော့ နှင်ထုတ်ပစ်ခဲ့ကာ သူ့ရဲ့ နန်းဆောင်ကိုလည်း တသီးတခြားဖြစ်သည့် အအေးနန်းဆောင် အဖြစ်ကို ပြောင်းလဲပစ်ခဲ့သည်။
ထိုသို့သော နေရာမျိုးမှာ နေရာသည်က ဝေဒနာခံစားရလိမ့်မည်ဟု သူမထင်မိသည်။ ဒါတင်မက မင်းသားရုန်က သူ့ရဲ့ အဆင့်နိမ် မွေးမိခင်ကိုပါ ခေါ်ထားသေး၏။ သူမသာ သူတို့နဲ့အတူ အဲ့နန်းဆောင်မှာသွားရင် သူမရဲ့ဘဝကကောင်းမှာတဲ့လား ?
ဒါကြောင့် သူမ နန်းတော်တွင်သာ ဆက်နေခဲ့သည်!
“နတ်ရွာစံမင်းကြီးက ခင်ဗျားအပေါ် ကြင်နာပေးခဲ့ပေမဲ့ ခင်ဗျားက မထိုက်တန်ဘူး” ကျောက်ရွှမ်ကျင်းသည် ခက်ထန်စွာဖြင့် ပြောလိုက်၏။
“ နန်းတွင်းသမားတော် ဒီပစ္စည်းတွေကို သေချာ စစ်ဆေးလိုက်”
••••••