← Chapters

ဘာအတွက် သုံးတာလဲ

Vol. 37 Ch. 704

ဘာအတွက် သုံးတာလဲ

Vol. 37 Ch. 704

တော်ဝင်မြင့်မြတ်‌ကိုယ်လုပ်တော်မေ့တစ်ယောက် အလွန် စိတ်လှုပ်ရှားနေ၏။ နန်းတွင်းသမားတော် သုံးယောက်မှာ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။ သူတို့က မိဖုရားခေါင်ကြီးရဲ့ ကျန်းမာရေး တစ်ခုခုဖြစ်လို့ဟု ထင်ခဲ့သော်လည်း အိမ်ရှေ့စံမင်းသားကို ကူညီပြီး တစ်စုံတစ်ရာကို စစ်ဆေးပေးရန်အတွက် လာရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

သူတို့ နာခံစွာဖြင့် ဆောင့်ကြောင့်ထိုင်ချကာ ကြည့်ကြည့်လိုက်၏။

ဖန်ပုလင်း အကြီးနှစ်ခုထဲ၌ ရှိနေသည်က….

နန်းတွင်း သမားတော်သုံးယောက်သည် တစ်ခုပြီး

တစ်ခုကို နမ်းကြည့်ပြီး သူတို့ လက်တို့ တုန်ယင်သွားရသည်။

ထို့နောက် ပစ္စည်းအသေးများကို စစ်ဆေးကြည့်ခဲ့ပြန်၏။

၁၅ မိနစ်ခန့်ကြာပြီးတဲ့ နောက် နန်းတွင်းသမားတော် သုံး‌ယောက်သားသည် ဒူးထောက်လိုက်ကြကာ “အရှင့်သား၊ ဒီ ဖန်ပုလင်း အဖြူထဲကဟာတွေက အရိုးပြာမှုန့်တွေပါ၊ ဒါပေမဲ့ လူအရိုးလား တိရစ္ဆာန် အရိုးလားဆိုတာကတော့… ကျွန်တော်တို့လည်း မသိပါဘူး”

တိရစ္ဆာန်?

ဒီလောက်ကျယ်တဲ့ နန်းတော် ကြီးထဲမှာ တိရစ္ဆာန်

ဘယ်နှကောင် ရှိမှာမလို့လဲ? ဒီလောက် ကြီးတဲ့ ပုလင်းနဲ့ ရတဲ့အထိလေ?

ဒါမှမဟုတ် တိရစ္ဆာန်တွေ ဝယ်ဖို့ မိန်းမစိုးတွေကို ခိုင်းခဲ့တာလား ?

“ပုလင်းအနီထဲကဟာက ပြုပြင်ပြီးသား အချင်းပါ… တခြားဟာတွေကတော့… ဒီဟာက သမင်အချင်း… ဒါက မက်မွန်ပန်းရယ် ကြက်သွေးရယ်နဲ့လုပ်ထားတဲ့ အလှပအတွက် ဖော်ထားတဲ့ဆေးပါ.. တော်တော်များများက လူတစ်ယောက်ရဲ့ အလှကိုတိုးစေဖို့သုံးတဲ့ဟာတွေပါပဲ” နန်းတွင်းသမားတော်ခမျာ အာခေါင် ခြောက်နေသလိုပင် ခံစားနေရသည်။

အလှတိုးအောင် လုပ်ခြင်းက ပြဿနာ မဟုတ်ပေမဲ့ ဒီအရာတွေက သွေးထွက်သံယို ဖြစ်ပြီးမှရလာတာတွေပင်။

အချင်း ဆိုလျှင် ပြောနေစရာတောင် မလို၊ နန်းတွင်းဆေးခန်း၌လည်း ရှိသည်ဆိုသော်လည်း သမားတော် ညွှန်းထားတာမဟုတ်လျှင် ဆန္ဒရှိသလို သုံးစွဲလို့ရတဲ့အရာမဟုတ်ပေ။

သမင်အချင်းအမှုန့်သည်လည်း များများသုံးစွဲလို့သင့်တဲ့ အရာမဟုတ်။

ကိုယ်ဝန်ဆောင် သမင်အမ တစ်ကောင်ဆီကနေ သမင်သားလောင်း၊ အချင်းနှင့် ရေမြွာရည်တို့ပါဝင်သည့် သားအိမ်တစ်ခုလုံးကို ယူထုတ်ပစ်ရသည်။ ၎င်းအား ဝိုင်ဖြင့်စိမ်၊ ပုံစံပြန်သွင်းပြီး အပူပေး အခြောက်ခံသည်။ နောက်ဆုံးမှ ကြော်ပြီး အမှုန့်အဖြစ်ရောက်အောင် ကြိတ်ရလေသည်။

၎င်းဟာ ပစ္စည်းကောင်းတစ်ခု ဆိုပေမဲ့ ပြုလုပ်ရ

သည့် အဆင့်တိုင်းဟာ ပင်ပန်းပြီး တိရစ္ဆာန်များကိုလည်း ရက်စက်ရာကျသည်။

တခြား ဆေးဖက်ဝင် အပင်များနှင့် အစားထိုးနိုင်လျှင်တောင် တော်ရုံတန်ရုံ အသုံးမပြုကြပေ။

မိဖုရားခေါင်ကြီး မျက်မှောင်ကြုတ်သွား၏။ သမားတော်ရဲ့ စကားကို နားထောင်အပြီး အဖြူရောင် ပုလင်းထဲမှအရာဟာ ရိုးရှင်းတဲ့ အရာတစ်ခု မဟုတ်မှန်း သူမ သိလိုက်သည်။

“ကိုယ်လုပ်‌တော်ဟောင်းမေ့ အဲဒီ အမှုန့်အဖြစ် ကြိတ်ထားတဲ့ဟာတွေက ဘာတွေလဲ “ မိဖုရားခေါင်ကြီးက မေးလိုက်၏။

ကိုယ်လုပ်တော်မေ့ကတော့ မျက်နှာကတော့ တစ်

ချက်ကလေးတောင် ပျက်မသွား “ဒီအတိုင်း မိန်းမစိုးငယ်တစ်ယောက် ယူလာတဲ့ ကြက်နဲ့ ဘဲအရိုးတွေကို ကြိတ်ချေထားတဲ့ဟာတွေ၊ ငါရဲ့ ခြံဝန်းထဲမှာ ပျိုနီးပန်းပင်တွေ အများကြီးရှိတယ်လေ အဲ့တော့ မြေဩဇာလုပ်ဖို့အတွက်သုံးတယ်။ မြေဩဇာအတွက်ဆို အကောင်းဆုံးပဲ”

ကျောက်ရွှမ်ကျင်းသည် လှောင်ပြုံးပြုံးလိုက်ကာ ဥယျာဉ်မှူး နှစ်ယောက်အား ဆွဲခေါ်လာစေခဲ့၏။

ဥယျာဉ်မှူးနှစ်ယောက်၏ လက်တို့်မှာ ညှပ်ပစ်ခံထားရကြောင့် သွေးအလိမ်းလိမ်းဖြစ်နေလေသည်။

“ပြောစမ်း၊ ကိုယ်လုပ်တော်ဟောင်းရဲ့ အရိုးပြာမှုန့်တွေက ဘယ်ကနေ ရလာတာတွေလဲ”

ဥယျာဉ်မှူးနှစ်ယောက်သည် တုန်ယင်နေလေရာ အကုန် ထုတ်ပြောလာလေသည်။ “အဲ-အဲဒါ နန်းတွင်းအစေခံတွေရဲ့ အရိုးပြာမှုန့်တွေပါ၊ ကျွန်တော်တို့ မတရားခံခဲ့ရတာပါ၊ ကိုယ်လုပ်တော်ဟောင်းက ကျွန်တော်တို့ကို ပျိုနီပန်းပင်တွေ စောင့်ရှောက်ပေးဖို့ ပြောခဲ့ပါတယ်။ ပျိုနီပန်းပင်တွေက ကြည့်မကောင်းဘူးဆိုပြီး အလောင်းစုတဲ့ အကြီးအကဲဆီကနေ အလောင်းတွေ သွားဝယ်ဖို့ ပိုက်ဆံအများကြီး ပေးခဲ့ပါတယ်”

“အလောင်းတွေကို မီးရှို့တဲ့မီးဖိုက ကိုယ်လုပ်တော်ဟောင်းရဲ့ နန်းဆောင်အနောက်ဘက် ဆီးပန်းတော ထဲမှာပါ” ဥယျာဉ်မှူးက ထပ်ပြောလိုက်၏။

လက်ရှိမင်းကြီး နန်းတက်ပြီးနောက် ထိုကိုယ်လုပ်တော် ဟောင်းများသည် သူတို့ရဲ့ မူလနန်းဆောင်မှ အဝေးကို ရွှေ့ပြောင်းခဲ့ရသည်။

သူတို့နေနေသည့် နေရာသည် ပင်မနန်းဆောင်နှင့် အလွန်ဝေးကွာလှသည်။ သို့သော် တော်ဝင် မြင့်မြတ်ကိုယ်လုပ်တော်မေ့သည် တစ်ချိန်က မျက်နှာသာပေးခံရသူဖြစ်ခဲ့ပြီး တသီးတခြားနေတတ်ကာ ကြော့ရှင်းရည်မွန်တဲ့သူတစ်ယောက်အဖြစ် ထင်ရှားတာကြောင့် မယ်တော်ကြီးကျန်းသည် သူမအား နန်းဆောင်ကောင်းတစ်ခု ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

နန်းဆောင်သည် ကျယ်ဝန်းရုံသာမက သူမ ရှုခင်းခံစားလို့ရရန်အတွက် ဆီးပန်းတောအုပ်ကြီးပင် ရှိသေးသည်။

ဥယျာဉ်မှူးများ၏ စကားကြောင့် မိဖုရားခေါင်ကြီးမှာ ထိတ်လန့်သွားရသည်။

“ရှင် တကယ်ပဲ လူသေတွေရဲ့ အရိုးပြာတွေကို

ဝှက်ထားခဲ့တာလား၊ ဘာအတွက်လဲ!”

“မယ်တော် စိတ်အေးအေးထားပါ၊ ကျွန်တော့်မှာ တင်ပြစရာတွေ ရှိပါသေးတယ်” ကျောက်ရွှမ်ကျင်း၏ မျက်ဝန်းတို့က စိုးရိမ်ရိပ်သန်းလျက်။ “ဒီလူနှစ်ယောက်က ကိုယ်လုပ်တော်ဟောင်းမေ့ရဲ့ နန်းဆောင်ထဲမှာ ပျိုနီပန်းပင် အတွက် မြေဩဇာအနေနဲ့ အရိုးပြာမှုန့်တွေကို စသုံးကတည်းက သူတို့က အထိန်းအချုပ်မဲ့သွားပြီးတော့ ဘုရင့်နားက လူနဲ့ပါ ပေါင်းကြံခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ မွေးရပ်‌မြေနဲ့ ဝေးနေကြတဲ့ နန်းတွင်းအစေခံတွေရဲ့ အရိုးတွေကို သူတို့က ဖွက်ထားခဲ့ကြတာ။ နောက်ပြီး အပြင်ကနေလည်း တိရစ္ဆာန်အရိုးပြာမှုန့်တွေအများကြီးကိုလည်း ဝယ်ခဲ့သေးတယ်… အဲဒီ အရိုးမှုန့်တွေက ဒီနေ့ သခင်မလေးတွေ ရှုစားနေကြတဲ့ ပျိုနီးပန်းပင်တွေမှာပါ သုံးထားတာဆိုတာပဲ….”

••••••

All Chapters