ပန်းတွေတောင် သုံးလိုက်ရင် လှနေတာပဲကို
Vol. 37 Ch. 705
သူတို့နှစ်ယောက်သည် ပျိုနီးပန်းပင်များအား သေချာ စိုက်ပျိုးခဲ့ကြသဖြင့် နန်းဆောင်များစွာထံမှဆုလာဘ်များ ရရှိခဲ့ကြသည်။
သို့သော် ယခုလို စကားများကို ကြားရချိန်မှာတော့ မိဖုရားခေါင်ကြီးမှာ အမှန်ကို စက်ဆုပ်ရွံရှာနေလေပြီ။ အပြင်ဘက်က ပျိုနီပန်းများ အကြောင်းတွေးလိုက်တာနဲ့ သူမတစ်ကိုယ်လုံး မသက်မသာ ဖြစ်လာသလိုပင်။
လူအရိုးတွေ ရှိနေတာလေ!
မိဖုရားခေါင်ကြီးရဲ့ မျက်နှာမှာ အင်မတန်ကို မြင်မကောင်းအောင် ဖြစ်နေ၏။ “သူတို့ကို အပြင်
ဆွဲထုတ်သွားကြ။ သိလျက်နဲ့ မလျှောက်တင်တဲ့သူတွေ အကုန် သေဒဏ်ပေးခံရမယ်!”
သူမဟာ နန်းတွင်းအစေခံတွေအပေါ် အမြဲတမ်း သက်ညှာပေးခဲ့သူပေမဲ့ ဒီလောက်ကြီးကျ ဘယ်သူက သည်းခံနိုင်မှာလဲ ?!
မိဖုရားခေါင်ကြီး မပြောနှင့် ဘေးမှာ ငြိမ်ငြိမ်လေးနေနေတဲ့ တော်ဝင်ကိုယ်လုပ်တော်မုန့်တောင်မှ စိတ်အခြေနေကောင်းမနေတော့။ တစ်အောင့်အကြာ၌ သူမ ပါးစပ်ကို အုပ်ပြီး အန်လုနီးနီးဖြစ်သွားလေရာ မိဖုရားခေါင်ကြီးမှာ ထွေးခံ အမြန် ယူလာဖို့ ခိုင်းလိုက်ရသည်။
တော်ဝင်ကိုယ်လုပ်တော်မုန့်သည် အလွန် ဖော်ရွှေသူတစ်ယောက်ဖြစ်သည်။ နန်းတော်ထဲမှ ကိုယ်လုပ်တော်တစ်ချို့မှာ အထူးတလည်
ရွေးချယ်ထားသူများ ဖြစ်၏။တော်ဝင်ကိုယ်လုပ်တော်မုန့်သည် နှစ်လိုဖွယ် အကောင်းဆုံးသူတစ်ယောက် ဖြစ်ကာ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်လည်း ရှိမည့်သူမဟုတ်ဟု မင်းကြီးက ယူဆတာကြောင့် ယခုလို ရာထူးမြင့်တစ်နေရာကို ပေးအပ်ခဲ့ပြီး မိဖုရားခေါင်ကြီးအား နန်းတွင်းရေးရာများ စီမံခန့်ခွဲခြင်း၌ ကူညီစေတာပင်။
တော်ဝင်ကိုယ်လုပ်တော်မုန့်၌ အခြားသော ဝါသနာများမရှိသော်လည်း ပန်းမန်သစ်ပင်များကို သဘောကြသူဖြစ်သည်။
နှစ်တစ်နှစ်၏ ဒီလိုအချိန်ရောက်တိုင်း ပျိုနီပန်းပင်များ ဝေဝေဆာဆာ ဖူးပွင့်ကြသည်။
သူမဟာ နှာဖျားလေးဖြင့် ထိုပန်းတို့ကို နမ်းရှိုက်နေကျပင်။ မနက်ခင်းတိုင်း၊ အစေခံမိန်းကလေးများသည် လက်ဖက်ရည်နှပ်ရည်အတွက် ပန်းပွင့်
များပေါ်မှ နှင်းစွတ်ရည်များကို စုဆောင်းကြသည်။ သူမ ရေချိုးလျှင်တောင် တစ်ခါတစ်လေ ပွင့်ချပ်များနှင့် ရေစိတ်တတ်တာပင်….
ဒီအကြောင်းကို တွေးမိလိုက်လျှင်….မနှစ်မြို့စရာ ခံစားချက်ကြီးကို သူမ တကယ် သည်းမခံနိုင်ပေ!
ဥယျာဉ်မှူးနှစ်ယောက်သည် ဆွဲထုတ်ခံသွားရပြီဖြစ်ကာ ကိုယ်လုပ်တော်ဟောင်းမေ့သည်လည်း ပျော့ခွေလို့သွားခဲ့၏။
ကျောက်ရွှမ်ကျင်းသည် သူမရဲ့ အသက်အရွယ်နဲ့မလိုက် တောက်ပြောင်လွန်းနေတဲ့ ဆံပင်ကို ကြည့်လိုက်၏။ သူမဆီ လျှောက်သွားကာ အသာအယာ ဆွဲနှုတ်ပစ်လိုက်သည်။
ဆံပင်တု..
“အာ့၊ ငါ့ဆံပင်ကို မထိနဲ့!” ကိုယ်လုပ်တော်ဟောင်းမေ့သည် သူမရဲ့ ခေါင်းအား အလျင်အမြန် အုပ်လိုက်၏။
သူမ ဆံပင်သည် ကတုံးနီးနီးဖြစ်နေကာ အလွန် ကြောက်စရာ ကောင်းလှသည်။
တော်ဝင်ကိုယ်လုပ်တော်မုန်မုာ ပျို့အန်လုတောင် မပြီးသေး၊ ခေါင်းမော့ပြီး ကြည့်လိုက်ရာ ကိုယ်လုပ်တော်ဟောင်းမေ့၏ ဆံပင်က အတုဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူမရဲ့အခြေနေမှာ ပို၍ပင် ဆိုးရွားသွားတော့သည်
မိဖုရားခေါင်ကြီးမှာလည်း ခေါင်းကိုက်နေလေပြီ။ တော်ဝင်ကိုယ်လုပ်တော်မုန့်အား “မင်းရဲ့ နန်းဆောင်ကိုပဲပြန်ပြီးတော့ အနားယူလိုက်တော့၊ဒီလို
မြင်မကောင်းတဲ့ဟာက…”
“ ကျေးဇူးတင်ပါတယ်၊ မယ်မယ်… ဒါပေမဲ့.. အခုနေ ကျွန်မ ပြန်သွားလိုက်ရင် ပုံပျက်ပန်းပျက်ဖြစ်ပြီးတော့ ပိုဆိုးသွားလိမ့်မယ်၊ အာ့!” ကြင်ယာတော်မုန့်၏ မျက်နှာမှာ ဖြူဖျော့လို့နေသည်
မိဖုရားခေါင်ကြီးလည်း ပြန်စဉ်းစားကြည့်ပြီးနောက် သဘောတူလိုက်သည်။
ကိုယ်လုပ်တော်ဟောင်းမေ့သည် သူမ ဒီလောက်ထိ ဝမ်းနည်းစရာကောင်းတဲ့ အခြေနေ ရောက်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့။
“ရှင် အသက်ရှင်ချင်သေးတယ်ဆိုရင် ကျွန်မကို ဖြစ်ကြောင်းကုန်စဉ် အကုန် ပြောပြ၊ ဒီဆံပင်ကို ဘယ်ကနေ ရလာတာလဲ။ အသက်ရှင်နေတဲ့ လူ
တစ်ယောက်ဆီကနေ ရိတ်လိုက်တာလား။ နောက်ပြီး ဒီဟာတွေကရော ဘာတွေလဲ။ ကိုယ်လုပ်တော်ဟောင်းမေ့၊ ရှင့်ကို မယ်တော်ကြီးကျန်းရော ကျွန်မရော ကောင်းကောင်းဆက်ဆံထားတဲ့ဟာကို။ ရှင် နေမကောင်းဘူးဆိုရင်လည်း နန်းတွင်းသမားတော်ဆီ သွားပါလား၊ ဘာလို့ ဒီလိုဟာမျိုးတွေကို သုံးရတာလဲ”
မိဖုရားခေါင်ကြီးမှာ ကြမ်းပြင်ပေါ်မှ အရာများကို ကြည့်တောင် မကြည့်ရဲ။
ကိုယ်လုပ်တော်ဟောင်းမေ့မှာ သူမ ခေါင်းပေါ်ကနေ လက်ကို ဖယ်လိုက်သည်နှင့် ဆံပင်တွေ ထပ်ကျွတ်လာပြန်တာကို တွေ့လိုက်ရသည်။
သူမ ရုတ်တရက် အရိုးကျိုးပျက် ဖြစ်သွားရကာ မိဖုရားခေါင်ကြီးအား စိုက်ကြည့်လိုက်၍ “နင် ဘာသိလို့လဲ၊ နတ်ရွာစံမင်းကြီးက ငါ့ရဲ့ဆံနွယ်တွေက အလှဆုံးဆိုပြီး ပြောခဲ့တာ။ သူ့မှာ ပြဿနာ
တစ်ခုခုရှိတိုင်း ငါ့နန်းဆောင်ဆီလာတယ်၊ပြီးရင် ငါ့ရဲ့ အရည်အချင်း၊ငါရဲ့ ကြင်လင်နေတဲ့ သွင်ပြင်၊ ငါ့သူ့ကို ဘယ်လောက်တောင် စိတ်သက်သာရာရစေဆိုတာတွေကို တစ်ဖွဖွ ချီးကျူးတတ်တာ။ ဒါပေမဲ့၊ အခုတော့ ငါက ဒီလိုဖြစ်နေပြီလေ!”
“ငါရဲ့ အသက်က ကြီးလာပြီ၊ အရေပြားတွေကလည်း လျော့တိလျော့ရဲ၊ မျက်လုံးတွေက တောက်ပမှုမရှိတော့ဘူး၊ ငါရဲ့ မျက်နှာကို ပြန်တောက်ပလာစေမယ့် အရာတွေ ယူလာခဲ့ဖို့ ခိုင်းလိုက်ရုံပဲလေ၊ ဘာများ မှားသွားလို့လဲ၊ အရိုးမှုန့်လေးပဲ၊ ပန်းတွေတောင် အဲ့ဒါတွေထည့်ပေးလို့ရှိရင် ကြည့်ကောင်းလာသေးတာပဲ၊ ငါလည်း အဲ့လို ကြည့်ကောင်းရမှာပေါ့!”
မိဖုရားခေါင်ကြီးမှာ ဇဝေဇဝါ ဖြစ်လို့နေဆဲ။
သူက ပန်းတွေနဲ့ တူနေလို့လား?
“နင်လည်း အသက်ကြီးနေပြီ၊ ကြည့်လိုက်၊ ဆောင်းဦးမှာ ကြွေနေတဲ့ အရွက်တွေလိုပဲ။ ဒီမျက်နှာကို အသာလေး ထိလိုက်တာနဲ့တင်၊ မမှတ်မိလောက်အောင် အရေးကြောင်းထင်ကုန်တာလေ…” ကိုယ်လုပ်တော်ဟောင်းမေ့သည် ပြုစားခံနေရသူတစ်ယောက်ပမာ။
မိဖုရားခေါင်ကြီးမှာ ခေါင်းခါမိလိုက်၏။
ဘယ်သူကများ တစ်သက်လုံး နုပျိုသွားနိုင်မှာလဲ?
သူမ၏ လက်ရှိအခြေအနေကြောင့် ရှင်းလင်းပြတ်သားတဲ့ အဖြေတစ်ခု ရဖို့ရာ မဖြစ်နိုင်။ ဒါ့ကြောင့် သူမ အနားတွင် အလုပ်ကျွေးပြုသည့် အထိန်းတော်ကို ဆင့်ခေါ်လိုက်သည်။
သူမအား ဖိအားပေးပြီး မေးနေစရာတောင် မလို။ တစ်ဖက်လူသည် ရိုးရိုးသားသား ဝန်ခံလာခဲ့၏။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က၊ ကိုယ်လုပ်တော်မေ့သည် ရုတ်တရက် ဆံပင်တွေ စပြီး ကျွတ်လာခဲ့၏။ ပြင်းထန်လွန်းသဖြင့် နန်းတွင်းသမားတော်အား ဆေးစပ်ခိုင်းရသည်အထိပင်။ သို့သော် သူမဟာ အသက်ကြီးနေပြီဖြစ်လေရာ အကျိုးသက်ရောက်မှုမရှိတော့ချေ။
••••••