← Chapters

အသက်ကို ချမ်းသာပေးပါ

Vol. 37 Ch. 706

အသက်ကို ချမ်းသာပေးပါ

Vol. 37 Ch. 706

နောက်ပိုင်းတွင် ကိုယ်လုပ်တော်ဟောင်းမေ့သည် သူမရဲ့ ကိုယ်ရနံ့သင်းစေကာ လှပစေသည့် ပန်းမျိုးစုံကို အသုံးပြုရတာ စွဲလန်းလာခဲ့၏။ သို့သော် ပန်းပင်များက ကောင်းကောင်းမကြီးထွားဘူးဆိုပြီး ညည်းညူခဲ့သည်။

ယခင်မင်းဆက်လက်ထက်က ပန်းပင်များတွင် မြေဩဇာအဖြစ် အရိုးပြာမှုန့်များကို သုံးကြောင်းသိရသည်နှင့် သူမလည်း အသုံးပြုခဲ့သည်။

အခုချိန်ထိဆိုလျှင် ငါးနှစ် ခြောက်နှစ်လောက်တောင် ရှိနေလေပြီ။

အစပိုင်း၌ သူမနှင့် ရင်းနှီးသည့် မိန်းမစိုးများအား အရိုးပြာမှုန့်ကို ရှာစေခဲ့သည်။ သို့သော် အရိုးမှု့န်

တို့ကို ရှာရန် ခက်ခဲလှတာကြောင့် နန်းတွင်းအစေခံလေးများကို ကြံစည်ခဲ့ကြသည်။

ခန်းမဆောင်ထဲ၌ အစေခံများစွာ ရှိနေ၏။

ထိုစကားများကို ကြားရသည့်အခါ ကိုယ်လုပ်တော်ဟောင်းမေ့အား သေလောက်အောင် မုန်းတီးသွားကြ‌သည်။

နန်းတွင်းအစေခံများအနေဖြင့် အသက်၂၅ နှစ်ရောက်လျှက် နန်းပြင်ထွက်နိုင်၏။ မထွက်နိုင်ခဲ့လျှင် အထိန်းတော်များ၊ နို့ထိန်းများ ဖြစ်လာကြ၏။

မတော်တဆမှု တစ်ခုဖြစ်ခဲ့ပါက နန်းတော်ထဲတွင်သာ သေဆုံးကြရသည်။ သူတို့သေဆုံးပြီးနောက်၊

နောက်ဘဝအတွက် ဆုတောင်းပေးရန်အတွက် မိန်းမစိုးများကို အကူညီတောင်းရသည်။ စီစဉ်စရာ ရှိတာ စီစဉ်ရပြီး သူတို့က မြှပ်နှံရန်အတွက် နေရာကောင်းတစ်ခုကို ရွေးရသည်….

အလောင်းကိုတောင် အလွတ်မပေးလောက်ဘူးလို့ ဘယ်သူထင်မှာလဲ …?

မိဖုရားခေါင်ကြီးမှာ အလွန်ဒေါသထွက်နေ၏။ အခုဆိုလျှင် သက်သေအားလုံး ပြည့်စုံခိုင်မာနေပြီဖြစ်ရာ မင်းကြီးဆီ လျှောက်တင်ရန် လူတစ်ယောက်ကို ချက်ချင်း စေလွှတ်လိုက်သည်။

ဤ ကိုယ်လုပ်တော်ဟောင်းမေ့ဟာ နတ်ဆိုးတစ်ကောင်လိုပင်၊ စက်ဆုပ်စရာကောင်း၏။သူမကို နန်းတော်ထဲမှာ ဆက်ပြီး ထားထားဖို့ဆိုတာ မဖြစ်နိုင်။ သူ့လိုလူမျိုးက ဘုရားကျောင်းကို ပို့လိုက်

လျှင်တောင် ဘာသာ‌တရားအား စော်ကားရာကျပေမည်။ သူ့လိုလူက သေဒဏ် ချလိုက်သင့်တယ်!

မိဖုရားခေါင်ကြီး၏ စိတ်ထဲ မသက်မသာဖြစ်လို့နေသည်။ သူမရော တော်ဝင်ကိုယ်လုပ်တော်မုန့်ရော စားချင်သောက်ချင်စိတ်များပင် ပျောက်ဆုံးသွားရလေသည်။

ထိုအချိန် အစေခံတစ်ဦးရောက်လာကာ လျှောက်တင်၏။

“မယ်မယ်၊ သခင်မလေး တချို့က မယ်မယ့်ကို တွေ့ချင်နေကြပါတယ်…”

“ဘာကိစ္စလဲ” မိဖုရားခေါင်ကြီးသည် စိတ်ဝင်စားခြင်း အလျင်းရှိမနေချေ။

သူမ ပင်မနန်းဆောင်ထဲကနေတောင် ထွက်မသွားချင်၊ ထွက်သွားလိုက်တာနဲ့..အဲ့ပန်းတွေကို မြင်ရမှာ…

“ ဥယျာဉ်မှူးတွေအကြောင်း ဖြစ်လောက်ပါတယ်။ အရှေ့မှာလဲ ဆူဆူညံညံတွေနဲ့။ သခင်မလေး တော်တော်များများက ရှဲ့သခင်မလေးက ဥယျာဉ်မှူးတွေကို ကြိမ်ဒဏ်နဲ့အပြစ်ပေးချင်နေတယ်ဆိုပြီး ပြောနေတာပါ။ အရမ်းလွန်တယ်လို့ ထင်နေပုံပါပဲ”

အစေခံမလေးက ရိုးသားစွာ ပြန်ဖြေခဲ့သည်။

“ပြစ်ဒဏ်ပေးတာ ငါလေ၊ ရှဲ့သခင်မလေးနဲ့ ဘာဆိုင်လို့လဲ?!”

သူတို့က ပြဿနာ ရှာချင်နေတာမလား?!

ကျောက်ရွှမ်ကျင်းက “မယ်တော်၊မြေကြီးနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲနေမှန်း စသိခဲ့တာ ရှဲ့သခင်မလေးပါ။ အဲဒါကြောင့်ပဲ ဒီအမှုကို သိလိုက်ရတာ။ ဒီ့မတိုင်ခင်၊ ရှဲ့သခင်မလေးရဲ့ ညီမလေးက ပန်းပွင့်ထဲက အဆိပ်ရှိ ပိုးကောင်တစ်ကောင် အကိုက်ခံရမလိုတောင် ဖြစ်သွားသေးတယ်”

မိဖုရားခေါင်ကြီးမှာ ထိုစကားကြောင့် ဘာဖြစ်သလဲဆိုတာကို သဘောပေါက်သွား၏။

ရှဲ့သခင်မလေးက သူ့ညီမ အတွက် လက်တုံ့ပြန်ရန် ဥယျာဥ်မှူးများအား ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တောင်းဆိုခဲ့ခြင်းဟု ထိုသခင်မလေးတွေက ထင်ကောင်းထင်နိုင်လောက်သည်။

မိဖုရားခေါင်ကြီးသည် သက်ပြင်းချလိုက်ကာ တော်ဝင်ကိုယ်လုပ်တော်မုန့်အား ကြည့်၍ “ဝောာ်ဝင်ကိုယ်လုပ်တော်မုန့်၊ ငါနဲ့ အတူတူ သွားကြည့်ကြည့်မလား၊ အရှေ့မှာ သခင်မလေးတွေအများကြီးရှိနေတာဆိုတော့ သူတို့ကို မြင်လိုက်ရင် နေရထိုင်ရတာ အဆင်ပြေသွားလောက်တယ်”

“ဟုတ်ကဲ့ပါ” တော်ဝင်ကိုယ်လုပ်တော်မုန့်သည် ပလုတ်ကျင်းလိုက်၏ ။ ယခု ထိုအရာအား ဖယ်ရှားလိုက်ပြီဖြစ်၍ သူမ နည်းနည်းတော့ အဆင်ပြေလာခဲ့သည်။

ထိုစဉ်၊ သုန့်ရှီးယွင်နှင့် တခြားသူများမှာ အင်မတန်ကို စိတ်ကြီးဝင်နေကြ၏။

သိပ်ပြီးမကြာလိုက်၊ မိဖုရားခေါင်ကြီးနှင့် တော်ဝင်

ကိုယ်လုပ်တော်မုန့်တို့ ရောက်လာပြီဖြစ်ကြောင်း ကြေညာသံကို ကြားလိုက်ရသည်။ သခင်မလေးများသည် ဂါရဝပြုပြီးတဲ့နောက် အတူတကွ ဒူးထောက်လိုက်ကြ၏။

သုန့်ရှီးယွင်က “မယ်မယ်.. ကျွန်မတို့ .. ဉယျာဉ်မှူးနှစ်ယောက် အတွက် အတင့်ရဲပြီး အသနားခံပါရစေ။ မယ်မယ် သဘောထားကြီးပြီး သူတို့ နှစ်ယောက်ရဲ့ အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်”

တော်ဝင်ကိုယ်လုပ်တော်မုန့်ခမျာ သူမရဲ့ အနာဂတ်ချွေးမလောင်းကို ကြည့်၍ ရင်ဘတ်ထဲ မွန်းကြပ်လာသလို ခံစားလိုက်ရသည်။

“သူ့တို့နှစ်ယောက်က သေဒဏ်ချခံလိုက်ရပြီ။ အခုဆို သူတို့ ခန္ဓာကိုယ်တွေတောင် အေးနေလောက်ရောပေါ့၊ မင်းတို့အားလုံး ထကြတော့”

မိဖုရားခေါင်ကြီးခမျာ နုံးချည့်လို့နေ၏။

သုန့်သခင်မလေးနှင့် တခြားသူများမှာ ထိတ်လန့်ကုန်ကြသည်။

“မယ်မယ်၊ ဒီကိစ္စက နားလည်မှုလေး လွဲသွားရုံပဲ၊ ဘယ်လိုလုပ်ပြီး အသတ်ခံလိုက်ရတာပါလဲ။ ရှဲ့-ရှဲ့သခင်မလေးက ဘာမှမဟုတ်တာလေးကို ရေးကြီးခွင်ကျယ် လုပ်လွန်းနေတာ မဟုတ်ဘူးလား” သုန့်ရှီးယွင် မယုံကြည်နိုင်။ သူမရဲ့ မျက်လုံးများဟာလည်း နီရဲနေလျက်။ “ဥယျာဉ်မှူးတွေကလည်း လူသားတွေပါ…”

“အတင့်ရဲလိုက်တာ!” တော်ဝင်ကိုယ်လုပ်တော်မုန့်သည် စားပွဲအား ဝုန်းခနဲ ထုချလိုက်၏။

သုန့်ရှီးယွင် လန့်ဖျပ်သွားသည်။

“မင်း ဘာသိလို့လဲ။ အဲ့ဒီ ဉယျာဉ်မှူးနှစ်ယောက်က စက်ဆုပ်စရာ ကောင်းတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာ၊ လူ့အရိုး‌တွေကို သုံးပြီး အပင်အတွက် မြေဩဇာလုပ်ခဲ့တာလေ။ ရှဲ့သခင်မလေး သတိထားမိလို့သာပေါ့! အဲ့လို အပြစ်မျိုးနဲ့ သူတို့ကို ဆယ်ခါပြန် သတ်ရင်တောင် မလုံလောက်ဘူး!”

တော်ဝင်ကိုယ်လုပ်တော်မုန့်သည် မကျေမနပ်ဖြစ်လို့နေ၏။ “အဲ့လို မဖြစ်ခဲ့ဘူးဆိုရင်တောင် မင်း ဒီကိစ္စမှာ ဝင်မပါသင့်ဘူး၊ အချိန်တွေ အရမ်း ပေါနေတယ်ဆိုရင်လည်း အိမ်ပြန်ပြီးပဲ မင်းရဲ့ စရိုက်ကိုပြင်ဖို့ ပန်းထိုးနေလိုက်ပါလား”

ဒီသခင်မလေးက ရှဲ့ချောင်ကို အထင်သေးနေတာ မဟုတ်လား။

ဒီသခင်မလေးသည် ရန်မူတတ်လွန်းတာကြောင့် သူမနှင့် ပြိုင်ပြီး ငြင်းခုံနေစရာ အကြောင်းမရှိပေ။

••••••

All Chapters