← Chapters

တောင်းပန်ခြင်း

Vol. 37 Ch. 707

တောင်းပန်ခြင်း

Vol. 37 Ch. 707

တော်ဝင်ကိုယ်လုပ်တော်မုန့်၏ ရုတ်တရက် ဒေါသထွက်မှုက လူတိုင်းကို စိုးထိတ်သွားစေကာ အထူးသဖြင့် သုန့်ရှီးယွင်ကိုပင်။ ရင်တဒိန်းဒိန်း ဖြစ်နေကာ မျက်နှာမှာ ဖြူဖျော့လို့နေလျက်။

ခုနက….. တော်ဝင်ကိုယ်လုပ်တော်မုန့် ဘာပြောလိုက်တာလဲ ?!

သူမကို အိမ်ပြန်ပြီး အကျင့်စရိုက်ကိုပဲ တိုးတက်အောင် လုပ်နေလိုက်တဲ့လား !

“ မယ်မယ် စိတ်လျှော့ပါ၊ ကျွန်မ မသိလိုက်ဘူး ဖြစ်သွားတယ်၊ သူ့တို့နှစ်ယောက်က ဒီလောက်ကြီးတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့မှန်း မသိလို့ပါ၊ ကျွန်မသာ သိခဲ့ရင် အခုလို မဆင်မခြင် ပြောမှာမဟုတ်

ပါဘူး” သုန့်ရှီးယွင်က အမြန် ပြန့်တုံ့ပြန်လိုက်၏။ သူမ ဒူးထောက်နေဆဲပင်။

သူမရဲ့ အသံက အနည်းငယ် တုန်နေလျက် သနားစရာကောင်းနေသည်။

သူမနဲ့ အတူ အသနားလာခံကြတဲ့ သခင်မလေးများကလည်း “မယ်မယ်၊ ကျွန်မတို့ အမှန်တရားကို မသိခဲ့လို့ပါ။ ရှဲ့သခင်မလေးက အဲ့ဥယျာဉ်မှူးနှစ်ယောက် ဒီလောက် ကြောက်-ကြောက်ဖို့ ကောင်းမှန်း မပြောပြခဲ့ဘူး”

ထိုသို့ ပြောပြီးနောက် တော်ဝင်ကိုယ်လုပ်တော် ပြောသွားသည့်စကားကို သတိရသွားကြသည်!

လူအရိုးတွေကို… မြေဩဇာအဖြစ်နဲ့ ?!

ဒါဆို အပြင်ဘက်ကပန်းပင်တွေရဲ့ မြေကြီးထဲမှာ သေပြီးသားလူတွေရဲ့ ပြာမှုန့်တွေ ရှိနေတာလား!

လူယုတ်မာတွေ!

သခင်မလေးများမှာ နောင်တရနေကြလေပြီ။ သူတို့ တကယ်ကို နားဝေတိမ်တောင် ဖြစ်သွားလို့ သုန့်သခင်မလေးနောက် လိုက်ပြီး အဲ့လူတွေအတွက် အသနားခံပေးမိတာ!

အခုဆိုလျှင် မိဖုရားခေါင်ကြီးနှင့် တော်ဝင်ကိုယ်လုပ်တော်မုန်တို့က သူမတို့ကို အမှားအမှန်တောင် ခွဲခြားနိုင်ခြင်း မရှိတဲ့ အရူးတွေဆိုပြီး ထင်ကြတော့မှာပင်။

သို့ပေမဲ့… ရှဲ့သခင်မလေးက နည်းနည်းလွန်သွားတာကြောင့်လည်းပါသည်။

သူမ ဘာလို့ အဲ့လူနှစ်ယောက်ကို အပြစ်ပေးရလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနေတာတောင် သူမတို့ကို မပြောပြခဲ့ဘူး….

ရှဲ့ချောင်ကတော့ အလျင်လိုနေခြင်း မရှိ။ သူမက ဖြည်းဖြည်းအေးအေးနှင့် “ခုနက ကျွန်မ နန်းဆောင်ကို ပြန်ရောက်ရုံရှိသေး၊ သခင်မလေးတစ်ချို့က ကျွန်မကို ဝေဖန်နေကြပြီ၊ ကျွန်မလည်း ရှင်းပြမလို့လုပ်ပေမဲ့၊ စကားတောင် မဆုံးသေးဘူး သုန့်သခင်မလေးက ဖြတ်ပြောတော့.. ကျွန်မ…”

ရှဲ့ချောင်ဟာ အပြစ်ကင်းစင်ပြီး ကရုဏာသက်ဖွယ်ကောင်းကာ “မယ်မယ်၊ ကျွန်မ သူတို့ကို အမှန်အတိုင်းပြောပြဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမဲ့.. သူတို့က နားမထောင်ခဲ့ဘူး၊

သူတို့က ကျွန်မကို ရက်စက်တဲ့သူ၊ အသည်းနှလုံးမရှိတဲ့သူဆိုပြီးပြောနေကြတာ.. ကျွန်မမှာ ပြန်ငြင်းဖို့ အခွင့်အရေးတောင် မရှိခဲ့ဘူး.. သူတို့က အသနားခံမယ်ပဲ တကဲကဲ လုပ်နေကြတော့.. ကျွန်မ ဘာတစ်ခုမှ မပြောနိုင်ခဲ့ဘူး.. ကျွန်မလည်း မတရားခံရပါတယ်”

ရှဲ့ချောင်၏ မျက်လုံးများမှာ မျက်ရည်တို့ဝဲနေလျက် ကူကယ်ရာမဲ့နေသည့်အလား။

သူမက ပိုပြီးတောင် ဝမ်းနည်ပုံနေ၏။

သုန့်ရှီးယွင်ရဲ့ သနားစရာကောင်းသည့် ပုံစံနှင့် ယှဉ်လျှင် ရှဲ့ချောင်ရဲ့ သရုပ်ဆောင်ချက်က ပိုပြီးပီပြင်နေသည်။

လူတိုင်း ခုနက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိ

ကြတော့သည်။

သုန့်ရှီးယွင်၏ ကိုယ်မှာတောင့်တင်းသွားခဲ့၏။ သူမလည်း ပြန်တွေးကြည့်မိသည်။

ရှဲ့ချောင်.. တစ်ခုခု ပြောမလို့ လုပ်ခဲ့ပေမဲ့ အဲ့တုန်းက သူမ အာရုံထားမနေဘဲ ရှဲ့ချောင်ကို တားခဲ့သည်။ အဲ့လိုဆိုရင်.. ဥယျာဉ်မှူးနှစ်ယောက်က မကောင်းတာတွေ လုပ်ခဲ့တယ်ဆိုပြီး ရှဲ့ချောင် ပြောချင်ခဲ့တာလား?

သုန့်ရှီးယွင်တစ်‌ယောက် ငှက်ချေး မျိုချမိလိုက်သလိုပင် ခံစားလိုက်ရသည်။

“အရှင့်သား၊ ရှဲ့သခင်မလေးက ရှင်းပြမလို့လုပ်ခဲ‌ပေမဲ့ သုန့်သခင်မလေးက ပြောဖို့ အခွင့်အရေး မပေးခဲ့ဘူးဆိုတာ ကျွန်မ သက်သေခံပေးနိုင်ပါ

တယ်။ ရှဲ့သခင်မလေးက သွေးအေးတဲ့ သူတစ်ယောက်ဆိုပြီး မတရား စွပ်စွဲခံခဲ့ရတာပါ။သူမက တကယ် အပြစ်ကင်းပါတယ်” ဖန်းမုရွှယ်သည် ချက်ချင်းထရပ်ကာ ရှဲ့ချောင်ဘက်ကနေ ပြောပေး၏။

ရှဲ့ချောင်နှင့် ရင်းနှီးတဲ့ သခင်မလေးတစ်ချို့ကလည်း ဝင်ပြောပေးကြသည်။

မိဖုရားခေါင်ကြီးနှင့် တော်ဝင်ကိုယ်လုပ်တော်မုန့်သည် ဒီအကြောင်းကို ကောင်းကောင်းသိသည်။

နန်းတွင်း ရုံးတော်၌ စတုတ္ထမင်းသားနှင့် အိမ်ရှေ့စံမင်းသားကို ပြိုင်ဖက်တွေ အဖြစ် အသုံးချနေသူများ ရှိ၏။ သူ့တို့က တစ်ယောက်နှင့် တစ်ယောက် အမြဲတစေ စကားများနေတတ်ကြသည်။ အိမ်ရှေ့စံမင်းသား၊ စတုတ္ထမင်းသားတို့နှင့် စေ့စပ်ထားတဲ့သူများဟာလည်း တစ်ယောက်နှင့်

တစ်ယောက် ရန်ဖြစ်တတ်သည်မှာ ငြင်းဆန်၍မရနိုင်သည့် အချက်ပေ။

သူတို့ ခုနကတင် သုန့်ရှီးယွင်က အလွန်ကျော်ကြားသူဖြစ်နေလောက်မလားဟု ထင်နေခဲ့ကာ ကြင်ရာတော်မင်းသမီး အဆင်မပြေဖြစ်မှာကို စိုးရိမ်နေကြသေးသည်။

သို့သော် သူတို့မထင်ထားခဲ့သည်က အဆင်မပြေဖြစ်နေသည့်သူက ရှဲ့ချောင် မဟုတ်ဘဲ တကယ်တမ်း သုန့်ရှီးယွင် ဖြစ်နေတာကိုပင်။

သုန့်ရှီးယွင်တစ်ယောက် ဒီပြဿနာကို လက်မခံနိုင်ဖြစ်နေတယ်ဆိုတာ မျက်လုံးပါတဲ့ လူတိုင်းသိသည်။ သူမက ရှဲ့ချောင်ရဲ့ အပြစ်ကိုသာ ရှာနေပြီး သူမစကားလုံးတွေက ထေ့လုံးငေါ့လုံးများနှင့် ပြည့်နေလေသည်။

တော်ဝင်ကိုယ်လုပ်တော်မုန့်မှာ သူမ၏ ဒီ စိတ်ပျက်စရာ ချွေးမလောင်းကို ကြည့်လေလေ ရင်ထဲ မွန်းကျပ်လာရလေပင်။

သုန့်ရှီးယွင်သည် အခု သူမရှုံးနေပြီဆိုတာ သိသည်။သူမသာ ရှဲ့ချောင် မကောင်းကြောင်းထပ်ပြောနေမယ်ဆိုလျှင် မိဖုရားခေါင်ကြီးနှင့် တော်ဝင်ကိုယ်လုပ်တော်မုန့်တို့က သူမအပေါ် မကောင်းမြင်ကြပေတော့မည်။

သူမရဲ့ မျက်လုံးများက နီရဲလို့နေလျက် “ ကျွန်မ အပြစ်ကို သိပါပြီ! ဒီနေ့က အကုန် ကျွန်မ အမှားတွေပါ။ ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အဲဒီ သူငယ်ချင်းက ရှဲ့ချောင်နဲ့ အတူတူ သစ်ခွခြံဝန်းကပဲ။ သူ(မ)က ကျွန်မအရှေ့မှာ ရှဲ့သခင်မလေးရဲ့ မကောင်းကြောင်းကို ပြောတတ်တော့ ကျွန်မလည်း စုံလုံးကန်ပြီး ရှဲ့သခင်မလေးကို အကြင်နာတရား မရှိတဲ့သူလို့ ထင်မိပါတယ်။

ကျွန်မ မထင်ထားခဲ့ဘူး.. ရှဲ့သခင်မလေး၊ ဒါ ငါ့အမှားပါ။ အဲဒီ သူငယ်ချင်းက.. အရင်က အမှားလုပ်မိခဲ့လို့ သူ အခု အဖမ်းလိုက်ခံရပြီး အကျဉ်းထောင်ထဲမှာ၊ ငါ အ,လို့ သူမစကားတွေရဲ့ လွှမ်းမိုးတာ ခံလိုက်ရတာ၊ ငါ တောင်းပန်ပါတယ်!”

••••••

All Chapters