← Chapters

လူတွေနဲ့ တွေ့ဖို့ ရှက်လွန်းသည်

Vol. 37 Ch. 708

လူတွေနဲ့ တွေ့ဖို့ ရှက်လွန်းသည်

Vol. 37 Ch. 708

သုန့်ရှီးယွင်သည် ဘယ်အချိန်မှာ‌ရှေ့တိုးသင့်လဲ ဘယ်အချိန်မှာ နောက်ဆုတ်သင့်လဲဆိုတာကို သိသူဖြစ်၏။ အခုချိန်၌ သူမ ဘက်က အရေးနိမ့်နေပြီဆိုတာကို သိတာကြောင့် ရှဲ့ချောင် ရှိရာဘက်သို့ ချက်ချင်း ပြေးသွားကာ ပြတ်ပြတ်သားသားနှင့် ဦးညွှတ်တောင်းပန်လိုက်၏။

ထို့နောက် သူမရဲ့ ခေါင်းအား မြေကြီးနဲ့ တိုက်ထားရင်း နေနေသည်မှာ ရှဲ့ချောင်ခွင့်လွှတ်မှာကို စောင့်ဆိုင်းနေသည့်အလား။

သူမရဲ့ အပြုအမူအတွေက စိတ်ရင်းအမှန်လိုပင်။

ဖန်းမုရွှယ်နှင့် တခြားသူတွေတောင် ထိတ်လန့်သွားကြသည်။

ဒီ ဦးညွှတ်မှုက သုန့်ရှီးယွင်ရဲ့ သိက္ခာကို လုံးဝ ကျသွားစေမယ့်ဟာကို သူက ဆန္ဒရှိတယ်တဲ့လား။

သူမက သစ်ခွခြံဝန်းက ကျောင်းသားတွေဆိုရင် အမြဲတမ်း အထင်သေးနေတတ်တာလေ၊ အခု ရှဲ့ချောင်ရှေ့မှာ ခေါင်းငုံ့လိုက်တာက အပို‌လုပ်လွန်းရာ မကျဘူးလား!

ဒါပေမဲ့ သုန့်ရှီးယွင် ဒီလိုမလုပ်တော့ရော တခြား ဘာတတ်နိုင်မှာမလို့လဲ !

သူတို့က အခု ကျောင်းတော်ထဲတွင် ရှိနေကြတာ မဟုတ်။

သူမသာ မိဖုရားခေါင်ကြီးနှင့် တော်ဝင်ကိုယ်လုပ်တော်မုန့်ရှေ့မှာ အမှားတစ်ခုပြီး တစ်ခု လုပ်နေခဲ့လျှင် ဖြစ်လာမည့် အကျိုးဆက်က သူမ သည်းခံနိုင်မည့် အရာ မဟုတ်ချေ။

ခေါင်းလေး ငုံ့ရရုံပဲ၊ သူမ လုပ်နိုင်တယ်။

ဘာပဲဖြစ်ဖြစ်၊ သူမ ဒီကိစ္စအတွက် လက်စားပြန်ချေမှာပဲလေ!

ရှဲ့ချောင်က ကြင်ရာတော်မင်းသမီးဖြစ်လာပြီး သူမကို နှိပ်ကွပ်ချင်တာလား။ မဖြစ်နိုင်ဘူး!

သုန့်ရှီးယွင် မထသေး။ ရှဲ့ချောင် ရုတ်တရက် နှစ်ကြိမ် ချောင်းဆိုးလိုက်ရာ သူမရဲ့ မျက်နှာလေးက ဖြူဖပ်သွားတော့သည်။ သူမက အားနည်းနေပြီး သူမရဲ့ အသံကို အဆင်ပြေအောင် လုပ်ဖို့ အချိန်

ယူနေရကာ သူမရှေ့က ဒူးထောက်နေသည့်သူကို မမြင်မိသည့် အတိုင်းပင်။

“မယ်မယ်၊ ဒီနေ့… ကျွန်မနဲ့ညီမလေးက..ဒီ ပန်းတွေကြောင့်… လန့်သွားတော့.. နေလို့သိပ်မကောင်းချင်ဘူး.. ကျွန်မတို့ အရင်.. ပြန်နှင့်လို့ရမလား..” ရှဲ့ချောင်သည် သုန့်ရှီးယွင်အား လစ်လျူရှုထားကာ မိဖုရားခေါင်ကြီးကိုသာ သိမ်မွေ့စွာ မေးလိုက်၏။

မိဖုရားခေါင်ကြီးသည် သူမကို အပြည့်အဝ နားလည်သည်။

ရှဲ့ချောင် မပြောနှင့် သူမနဲ့ တော်ဝင်ကိုယ်လုပ်တော်မုန့်တောင် အခုချိန်မှာ ကောင်းကောင်းရပ်နိုင်တာ မဟုတ်။

ဒီနေ့ ပန်းများကို ရှုစားရန် လာကြသော သခင်မလေးအားလုံးဟာ ကြောက်လန့်နေကြသည်မှာ အသိသာပင်။

“မင်းရဲ့ ကျန်မာရေးက သိပ်မကောင်းတဲ့ဟာကို အခုလို လန့်သွားရပြီ။ မင်းရဲ့ ညီမလေးကို ခေါ်ပြီး မြန်မြန် အိမ်ပြန် အနားယူလိုက်တော့။ နောက်ပြီး ခဏနေ နန်းတွင်းသမားတော် တစ်ယောက်ကိုပါ လွှတ်လိုက်မယ်။ မယ်တော် သောက်နေကျ စိတ်ငြိမ်စေတဲ့ စွပ်ပြုတ်က အတော်လေး ကောင်းတယ်။ မင်းရဲ့ ခန္ဓာကိုယ် အခြေနေကို ကြည့်ပြီး အဲ့လိုမျိုးဟာ လုပ်ခိုင်းဖို့ သမားတော်ကို ပြောလိုက်‌နော်” မိဖုရားခေါင်ကြီးမှာ အင်မတန် ညှာတာ ထောက်ထားပေးတတ်သူတစ်ယောက် ဖြစ်သည်။

ပြောရရင်၊သူမရဲ့ ဒီချွေးမနှင့် ပတ်သက်ပြီး အတော်လေး စိတ်တိုင်းကျမိသည်။

သူမဟာကြည့်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ကာ အကျင့်စရိုက်လည်း ကောင်းမွန်သည်။ နှုတ်ဆိတ်နေတတ်တယ်ဆိုသော်ငြား လူနုံလူအ တစ်ယောက် မဟုတ်ချေ။

အရေးကြီးဆုံးကတော့ သူမသားက သူမကို သဘောကျနေတာပင်။

သူမမှာ အားနည်းချက် ရှိတယ်ဆိုလျှင်တောင် ၎င်းက ကျန်းမာရေးချို့တဲ့တယ် ဆိုတဲ့ အချက်သာ ဖြစ်မည်။ သူမကို ပြန်ကျန်းမာလာအောင် ကုသပေးနိုင်မလားဆိုတာ မသေချာပေမဲ့ မြေးတစ်ယောက် မြန်မြန် ရလာဖို့တော့ မျှော်လင့်မိသည်။

ရှဲ့ချောင် သူမအား ချက်ချင်း ကျေးဇူးတင်လိုက်သည်။

“မင်းတို့ အားလုံးလဲ ပြန်သင့်ပြီ၊ ဒီနေ့ အားလုံး ခံစားလိုက်ကြရတာ စိတ်မကောင်းပါဘူး”

မိဖုရားခေါင်ကြီးက ပြောပြီးသည်နှင့် မိသားစုတိုင်းကို လက်ဆောင်တစ်ချို့ ပို့ပေးဖို့ စေခိုင်းခဲ့သည်။

သုန့်ရှီးယွင်နှင့် အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောခဲ့တဲ့ သခင်မလေး တစ်စုကတော့…

ဆုချီးမြှင့် ခံရမှာ မဟုတ်ပေ။

သူမ သုန့်ရှီးယွင်ကို ပြစ်ဒဏ် မပေးသလို ဆုလာဘ်လည်း မပေး။ ဒါက သူမ အတွက် သင်ခန်းစာ တစ်ခုဟု ယူဆလို့ရသည်။ အနာဂတ်မှာ ကြင်ရာတော်မင်းသမီး ရှဲ့ချောင်ကို သူမအနေနဲ့ ကောင်းကောင်းဆက်ဆံပြီး ဆန့်ကျင်တာမျိုး မ

လုပ်သင့်တော့ပေ။

လူတိုင်း ထွက်သွားပြီးတဲ့ အခါမှသာ သူမနားက လူတွေက သူမကို ဝိုင်းထူပေးခဲ့ကြသည်။

သို့သော်လည်း သူမမျက်နှာထက်၌ မကျေမနပ်ဖြစ်နေမှုတို့ကို တစ်စက်ကလေးတောင် မဖော်ပြရဲ။ သူမရဲ့ ဒေါသကို ထိန်းချုပ်ပြီး အမုန်းတရားတို့ကို မျိုသိပ်နေရသည်။

ရှဲ့ချောင်!

နင်ငါ့ကို လစ်လျူရှုရဲတယ်ပေါ့!

“ညီအစ်မရှဲ့၊ နင်ခုနက သူ့ကို ကြည့်တောင် မကြည့်ဘူး၊ အရမ်း ကောင်းတယ်။ သူ့ကို ဘယ်သူ

က အဲ့လို မြောက်ကြွားနေခိုင်းလို့လဲ။ အခုတော့ သူတူးထားတဲ့ တွင်းမှာ သူ့ဟာသူပြန်မြှုပ်လိုက်ရပြီ။ သူ့ရက်ပိုင်းလောက်တော့ အပြင်ထွက်ပြီး ဘယ်သူနဲ့မှ တွေ့ရဲမှာ မဟုတ်လောက်ဘူး!” ဖန်းမုရွှယ်မှာ ပိုပြီး တက်တက်ကြွကြွ ဖြစ်လာကာ စကားလည်း များလာလေသည်။

ရှဲ့ချောင်က ရှဲ့ရှီရဲ့ လက်တစ်ဖက်ကို ကိုင်ဆွဲရင်း လျှောက်နေ၏။ “သူမ နောက်တစ်ခေါက် စာမေးပွဲကျ ထိပ်ဆုံးတစ်ယောက် ကျိန်းသေပေါက် ဖြစ်ချင်နေလိမ့်မယ်”

သူမသာ သုန့်ရှီးယွင် နေရာမှာဆိုလျှင် ဆုံးရှုံးလိုက်ရတဲ့ ဂုဏ်သိက္ခာအတွက် ပြန်အဖတ်ဆယ်ဖို့ လုပ်မှာပင်။

ဒါပေမဲ့ သုန့်ရှီးယွင်က အဲ့လိုလုပ်နိုင်မှာတဲ့လား?

စာမေးပွဲကြီး ရောက်လာဖို့က အချိန် ဘယ်လောက်မှ မလိုတော့ချေ။

“နင် ဒီရက်ပိုင်းထဲ စာကို အာရုံမစိုက်ဖြစ်ဘူးမလား၊ ယုံကြည်ချက်ရှိရဲ့လား” ဖန်းမုရွှယ်သည် မေးလိုက်မိကာ မှ သူမခေါင်းသူမ ပြန်ပုတ်ကာ “ဒီဝက်ခေါင်းကတော့၊ နင်က ငါတို့ကိုတောင် သင်ပေးနေတဲ့ဟာကို။ ကျောင်းတော်မှာ ဆရာတောင် လုပ်‌လို့ရနေပြီ။ မနိုင်စရာ ဘာအကြောင်းရှိလို့လဲ!”

••••••

All Chapters