← Chapters

အန္တရာယ်

Vol. 37 Ch. 709

အန္တရာယ်

Vol. 37 Ch. 709

ဖန်းမုရွယ်သည် ရှဲ့ချောင်ရဲ့အရည်အချင်းကို တကယ်ပင် လေးစားကာ သူမအပေါ် အပြည့်အဝ ယုံကြည်ထားသည်။

ချင်လျို့ ရှိမနေတာ စိတ်မကောင်းစရာပင်။ မဟုတ်လျှင် သုန့်ရှီးယွင်တစ်ယောက် ပြန်ခံလိုက်ရတာကို မြင်ပြီး လက်ခုပ်လက်ဝါးတီးနေလောက်လေပြီ။

“ညီမစ်မရှဲ့.. ငါ နင့်ကို မေးချင်နေတာ…” ဖန်းမုရွှယ်သည် လမ်းလျှောက်နေရင်းနှင့် သံသယဖြစ်ဖွယ် ပြောလာကာ “နင်က ငါ့လောက်တောင် အသက်ကြီးသေးတာမဟုတ်ဘဲနဲ့.. ဒီလောက် အများကြီးကို.. ဘယ်လိုသိတာလဲ။ နင့်ဆီကို ပညာတွေ ပြောင်းထည့်ပေးလိုက်တဲ့ အစွမ်းထက်တဲ့ ဆရာကြီးတစ်ယောက် ရှိတယ်လို့တော့ မပြော

နဲ့နော်”

ဖန်းမုရွှယ်သည် ထိုမေးခွန်းကို မေးချင်နေတာ ကြာပြီဖြစ်သည်။

ရှဲ့ချောင်နဲ့ နေတာ ကြာလေလေ၊ သူမဟာ မတွေးနိုင်လောက်အောင်ကို နက်နဲတဲ့သူတစ်ယောက်ဆိုတာ သိလာရလေပင်။

ရှဲ့ချောင်သည် ဂန္တဝင်စာပေများ၊ စာအုပ်များနှင့် အထိအတွေ့ သိပ်ပြီး မရှိသော်လည်း သူမ ဖတ်လိုက်တဲ့အခါတိုင်း သူတို့ထက် ပိုပြီး မြန်မြန်ဆန်ဆန် မှတ်မိနိုင်ရုံသာမက ထိုစာပေများ၏ အနက်အဓိပ္ပာယ်တို့ကိုပါ ဖော်ထုတ်နိုင်သည်။ သူမ နားမလည်သော အရာတစ်ချို့ရှိလျှင်လည်း၊ဆရာများကို မေးခွန်းအနည်းငယ် မေးလိုက်ရုံနှင့် နားလည် သွားတတ်သည်။

တခြားအကြောင်းအရာတွေဆိုရင်တော့ ရှဲ့ချောင်က ပိုလို့တောင် သိသည်။

ဒီလို ခေါင်းသေးသေးလေးထဲမှာ ဗဟုသုတ မျိုးစုံကို ဘယ်လိုတောင် သိမ်းထားမှန်းမသိ။

“ငါ့ရဲ့ ကျန်းမာရေးက ချို့တဲ့တယ်လေ၊ အဲ့တော့ ငယ်ငယ်လေးကတည်းက စာဖတ်ရတာကို သဘောကျခဲ့တာ ငါ့မှာ အရည်အချင်းက သိပ်မရှိပါဘူး.. ဆရာကတော့.. တစ်ယောက်ရှိတယ်၊ ဒါပေမဲ့ သူကလည်း တစ်နှစ်ပတ်လုံး ဝေးဝေးလံလံကို ခရီးထွက်နေတာ၊ ငါတောင် သူ့ကို မတွေ့ရတာ တော်တော်ကြာပြီ” ရှဲ့ချောင်က နိမ့်ချစွာဖြင့်သာ ပြန်ဖြေသည်။

“ငါ့မှာသာ နင့်လို စွမ်းဆောင်ရည်မျိုး ရှိနေရင်၊ တစ်လောကလုံးကလူတွေကို သိအောင် ပြောပြပြီးနေလောက်ပြီ” ဖန်းမုရွှယ်က ပြုံးလျက်ဆို၏။

ဒီလိုနှင့် သူတို့၏ ဝေါယာဉ်ပေါ်ကို တက်ကြကာ နန်းတော် ဂိတ်တံခါးဆီသို့ ဦးတည်သွားခဲ့ကြလေသည်။

ရှဲ့ချောင်နှင့် ရှဲ့ရှီတို့က ဝေါယာဉ်တစ်ခုတည်းတွင် ဖြစ်သည်။ သူ့ညီမလေး၏ အမူအရာကို ကြည့်လိုက်သည့်အခါ သူမမှာ ရှိနေတဲ့ ကံဆိုးမှုက အနည်းငယ် လျော့နည်းသွားခဲ့ပြီဆိုသော်လည်း… ရှိတော့ ရှိနေဆဲပင်။

“မမ၊ အဲ့ဒီ အမွေးထူထူနဲ့ပင့်ကူက နင်းသတ်ခံလိုက်ရတယ်” ဝေါယာဉ်ထွက်ခွာသည်နှင့် ရှဲ့ရှီက ရုတ်တရက် ပြောလာ၏။

ရှဲ့ချောင် မှင်တက်သွားသည်။ “ဟင်?”

“အဲ့ဟာက .. တော်တော်လေး လှတဲ့ဟာကို” ရှဲ့ရှီက ကြုံရာ ထပ်ပြောလိုက်၏။

ရှဲ့ချောင်၏ မျက်လုံးအိမ်တို့ ကျဉ်းမြောင်းသွားခဲ့ကာ သူမ လန့်လည်းလန့်သွားသည်။

“ဘာက လှတာလဲ၊ ပင့်ကူကလား!”

ရှဲ့ရှီ ခေါင်းညိတ်လိုက်၏။

ထိုပင့်ကူသည် အနီရောင် နည်းနည်းသမ်းကာ ခြေထောက်၌ အမွေးမျှင်များရှိသည်။ ၎င်းရဲ့ မျက်လုံးများကလည်း အသက်ဝင်ကာ အတော်လေး ထူးခြားလှသည်။ ဒါတင်မက လူတွေနှင့်

ယှဉ်လိုက်လျှင် ၎င်းက အလွန်သေးငယ်တယ် ဆိုသော်ငြား လူတိုင်းရဲ့ မျက်နှာထားကို ပြောင်းလဲသွားအောင် လုပ်နိုင်သည်။ တကယ်ကို အံ့ဩစရာ ကောင်းလှပေသည်။

ရှဲ့ချောင် နှုတ်ခမ်းသပ်လိုက်ကာ သူမရဲ့ မိသားစုထဲ၌ ပုံမှန်ဖြစ်တဲ့သူတစ်ယောက်မှ ရှိမနေကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

“ခုနတုန်းက ကျတော့ ကြောက်နေတာမဟုတ်ဘူးလား” ရှဲ့ချောင်ရေရွတ်လိုက်၏။

ရှဲ့ရှီသည် ရှဲ့ချောင်ရှေ့ဆိုလျှင် မဖုံးကွယ်တတ်သဖြင့် အမှန်အတိုင်းဖြေသည်။ “အစ်မယန်က ညီမလေးကို ရုတ်တရက်ကြီး တွန်းလိုက်လို့ လန့်သွားတာ။ ညီမလေးတောင် တုံ့ပြန်ချိန်မရလိုက်ဘူး… ပင့်ကူက.. သေသွားပြီ”

သူမရဲ့ မျက်ဝန်းထဲ၌ ကရုဏာသက်သည့် အရိပ်အယောင်များပင် ရှိနေသည်။

ရှဲ့ချောင် တခစ်ခစ်ရယ်လိုက်၏။

သူမ အဖေက လူကြမ်းတစ်ယောက်၊ သူမ အစ်ကိုက မိုက်မဲတဲ့ ဝက်ဝံတစ်ကောင်၊ သူမ မောင်ကလည်း မျောက်လိုလူတစ်ယောက်။ သူမရဲ့ ညီမလေးကတော့ ပုံမှန်ဖြစ်လိမ့်မယ်ဟု ထင်ထားခဲ့သော်လည်း… သူမ အဖေရဲ့ သမီးတစ်ယောက်ပီပီ သတ္တိရှိတဲ့ ကလေးမတစ်ယောက်ပင်။

ရှဲ့ချောင်သည် ရှဲ့ရှီကို တိတ်ဆိတ်စွာဖြင့် ကြည့်လို့နေ၏။ သူမရဲ့ ဒီညီမလေးကြီးလာတဲ့အခါ ဘယ်လိုပုံမျိုး ဖြစ်နေမလဲဆိုတာ စဉ်းစားကြည့်လို့တောင်မရ။

သူမက အရင်ထက် ပိုပြီး တက်ကြွလာကာ စကားလည်း များလာသည်။ လင်းအိမ်တော်မှာတုန်းကဆိုလျှင် ရှဲ့ဖင်းဟွိုက်ရယ် သူမ ဝမ်းကွဲရယ်နဲ့ အတူ သစ်ပင်ပေါ်တက်ပြီး ငှက်ဥတောင် ရှာကြသေးသည်။

သူမရဲ့ စိတ်ဓာတ်က နည်းနည်းချင်းစီ ပြောင်းလဲလာသည်။နောက်ထပ် နှစ်နည်းနည်းလောက်ဆိုရင် သူမရဲ့ ယခုလို တွေဝေနေသည့် အကြည့်မျိုးကို မြင်ရတော့မည်တောင် မဟုတ်။

အဲ့အခါကျရင်….

မြို့တော်ထဲမှာ နောက်ထပ် ပြဿနာရှာတတ်တဲ့ အမျိုးသမီးတစ်ယောက် ထပ်ပေါ်လာမှာမလား။

တွေးကြည့်ရုံတင်.. စိတ်လှုပ်ရှားစရာ ကောင်းနေလေပြီ။

“ညီမလေး ဒီတစ်လော ဘာ ထူးဆန်းတာမျိုးနဲ့မှ မကြုံမိဘူးမလား” ရှဲ့ချောင် အတည်ပြုရန် ထပ်မေးလိုက်သည်။

“မကြုံမိပါဘူး” ရှဲ့ရှီ ခေါင်းလေး တစ်ခါခါဖြင့်။

သို့သော် ရှဲ့ချောင် စိတ်တော့ပူနေ‌ဆဲပင်။ သူမ မေးခွန်းတွေ အများကြီးမေးနေမိပြန်လျှင်လည်း ဒီကလေး အတိုက်အခံ လုပ်တတ်လာမှာကို စိုးရိမ်မိသည်။

အိမ်ပြန်ရောက်သည်နှင့် ရှဲ့ချောင်က ရှဲ့ရှီအား ယန်မိသားစုအား ကျေးဇူးတင်ကြောင်းပြရန်အတွက် ဘယ်လို လက်ဆောင်မျိုးကို ပို့ပေးချင်လဲဆိုတာ

စဉ်းစားစေခဲ့သည်။

နန်းတွင်းစီစစ်ရေးမှူးယန်သည် ရှဲ့မိသားစုနှင့် သိပ်ပြီး အဆင်မပြေသော်လည်း သူက သူမအဖေထက် ယုံကြည်အားကိုးလို့ရတဲ့သူဆိုတာတော့ ရှဲ့ချောင် ဝန်ခံရလိမ့်မည်။

•••••

All Chapters