မျက်နှာကိုကြည့်ကာ ဖုန်းရွှေဖတ်ခြင်း
Vol. 37 Ch. 710
ယန်မိသားစု၏ မျိုးဆက်သုံးဆက်၌ ပြတ်သားတင်းကျပ်သည့် မိသားစု အစဉ်အလာမျိုး ရှိသည်။ သူတို့သည် စာသင်သားများ ဖြစ်လာကြကာ သူတို့ရဲ့ ကိုယ်ပိုင် အရည်အချင်းပေါ် မူတည်၍ ရာထူးတိုးခြင်းခံကြရသည်။
ယန်မိသားစုရဲ့ တတိယမျိုးဆက်များသည် ရိုးသားဖြောင့်မတ်သူများ ဖြစ်သည်နှင့် အညီ နန်းတွင်းစီစစ်ရေးမှုယန်သည် အရေးကြီးသော ရာထူး၌ ခန့်အပ်ခြင်းခံထားရသည်။ မင်းကြီးက တစ်ခါတစ်ရံ သူ့ရဲ့ လစာ ဖြတ်ခြင်းဖြင့် အပြစ်ပေးတတ်သော်လည်း ငွေစ တစ်ချို့ကို ဖြတ်တောက်ခြင်းသာ။ သူသည် အခြားနည်းလမ်းများဖြင့် ယန်မိသားစုအား အပြစ်ပေးခြင်း မရှိခဲ့ချေ။
ဖြတ်ချခံရတဲ့ လစာကိုတောင် တစ်ချိန်ချိန်မှာ ပြန်ဖြည့်ပေးတတ်သည်။
မင်းကြီး၏ နှလုံးသား၌ ယန်မိသားစုဟာ သစ္စာရှိပြီး ဖြောင့်မတ်တယ်ဆိုတာ မြင်သာပေသည်။
မင်းကြီးအနေနဲ့ ယန်မိသားစုဟာ အိမ်ရှေ့စံမင်းသားအား အမြဲတမ်းလိုလို ပစ်မှတ်ထားနေတတ်တဲ့ အချက်ကို ဘယ်လောက်ပဲ မကြိုက်စေဦးတော့ သစ္စာရှိ အမတ်များကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုသည့် ရည်ရွယ်ချက် အလျင်းရှိမနေပေ။
ဒါတင်မက ယန်မိသားစု၏ မျိုးဆက် သုံးဆက်လုံးတွင် တရားဝင် ဇနီးတစ်ယောက်တည်းသာ ရှိကြကာ ကိုယ်လုပ်တော် မရှိချေ။ နန်းတွင်း စီစစ်
ရေးမှုးယန်၌ သားနှစ်ယောက် သမီးနှစ်ယောက်ရှိ၏။ သို့သော် ရှဲ့မိသားစုနှင့် မတူသည်က ထိုသားသမီး လေးယောက်စလုံးဟာ အမေတစ်ယောက်တည်းကနေ မွေးလာကြတာပင်။
ပိုပြီး လေးစားစရာ ကောင်းသည်က နန်းတွင်းစိစစ်ရေးမှုးယန်၏ ဇနီးသည် အပြင်းအထန် နာမကျန်းဖြစ်နေသည့်တိုင် သူသည် သူမကို ထားမသွားခဲ့ပေ။
သူမဟာ ပြင်ပရောဂါတစ်ခုက ခံစားလိုက်ရတာဖြစ်ကာ တစ်နေ့၌ ရုတ်တရက် မေ့လဲသွားသည်ဟု ဆိုကြ၏။ မကြာခဏဆိုသလို ကယောင်ချောက်ချားနှင့် ပြောဆိုတတ်သည်။ သူမရဲ့ ခန္ဓာကိုယ်က အဆင်ပြေနေပေမဲ့ စိတ်အခြေနေကတော့ ကောင်းမနေချေ။
သို့သော် ဒီလောက်နှစ်တွေ ကြာတာတောင် နန်း
တွင်းစီစစ်ရေးမှူးယန်က ကိုယ်လုပ်တောင် မယူခဲ့သည့်အပြင် သူမကို ပိုလို့တောင် ဂရုစိုက်ပေးခဲ့သည်။
၎င်းတို့က အပြင်လောကမှာ ပြောနေကြတဲ့စကားများပင်။
ယန်သခင်မလေးရဲ့ အကြည်များမှ သူမတွင် ချစ်စရာကောင်းသည့် အဖေတစ်ယောက် ရှိနေတယ်ဆိုတာ ရှဲ့ချောင် ပြောနိုင်သည်။
သူမမှာလည်း အဖေရှိတယ်ဆိုပေမဲ့….
ရှဲ့ချောင် ခေါင်းကိုသာ ရမ်းမိလိုက်သည်။
“သူက ညီမလေးကို အသက်ကယ်ပေးခဲ့တာဆို
တော့ တခြားမိသားစုတွေကို ပေးတဲ့ဟာထက် ယန်မိသားစုကို နှစ်ဆပိုပြီး ပေးချင်တယ်၊ အဆင်ပြေလားဟင်” ရှဲ့ရှီက လေးလေးနက်နက် မေးလေသည်။
သူမဟာ ဤ အခိုက်အတန့်၌ အတော်လေး ရက်ရောနေသည်။
“အင်း၊ အစ်မ တခြားဟာ တစ်ခု ထပ်ပေးဦးမယ်…” ရှဲ့ချောင် ခဏလောက်တွေးဆကာ သစ်သားပြားတစ်ခု ယူထုတ်လိုက်၏။ “သေဆုံးသူလည်းမဟုတ် ရှင်သန်သူလည်း မဟုတ်သော ပညာရှိမော့” ဟူသည့် စကားလုံးကို ရေးထားပြီး တိမ်များနှင့် မြူခိုးပုံများပင် ထွင်းထုထားသေးသည်။
“ဒီဟာကိုရော ပေးရမှာလား” ရှဲ့ရှီမှာ ပဟေဠိဖြစ်
လို့နေလျက်။
ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ လက်ဆောင်ပို့တဲ့ အချိန်ကျရင် ပိုပြီး ဈေးကြီးတဲ့ဘူးတစ်ဘူး ဝယ်ပြီး ဒီဟာကို ထည့်ခိုင်းလိုက်”
ရှဲ့ရှီ နားမလည်ခဲ့။ သို့သော် သူမဟာ နားမလည်တဲ့အခါ မေးခွန်းများ မေးနေတတ်သည့် လူစားမျိုးလည်း မဟုတ်ပေ။ သူမက လိမ်လိမ်မာမာနှင့်သာ ခေါင်းညိတ်ပြီး လက်ခံခဲ့သည်။
နောက်တစ်နေ့၌ ၊ အိမ်တော်ထိန်းအား ကိုယ်တိုင် လက်ဆောင်သွားပို့ပေးဖို့ တောင်းဆိုခဲ့၏။
နန်းတွင်းစီစစ်ရေးမှုးယန်သည် ရုံးတော်သို့ နေတိုင်းသွားစရာမလိုတတ်။ယနေ့ဟာ တိုက်တိုက်
ဆိုင်ဆိုင် သူ၏ နားရက် ဖြစ်နေလေသည်။
သူလည်း သူ့သမီးဆီကနေ မနေ့က အဖြစ်ပျက်ကို ကြားခဲ့ပြီဖြစ်၍ ရှဲ့မိသားစုကနေ လူတစ်ယောက်လွှတ်ပြီး လက်ဆောင် ပို့လာလိမ့်မည်ဟု ခန့်မှန်းထားသည်။
လက်ဆောင်များဟာ အနည်းငယ် လေးတယ်ဆိုပေမဲ့ လွန်ကဲနေပုံလည်း မပေါ်တာကြောင့် သူ့ရဲ့ အိမ်တော်ထိန်းအား လက်ခံခိုင်းလိုက်သည်။
သို့သော် အိမ်တော်ထိန်းမှာ လက်ဆောင်ပစ္စည်းအား စာရင်းမှတိနေစဉ် သစ်သားပြားတစ်ခုကြောင့် အခက်တွေ့သွားရာ သခင်ကြီးယန်ဆီ ချက်ချင်း သွားပို့ပေးခဲ့၏။
သခင်ကြီးယန်က ကောက်ယူပြီး ကြည့်လိုက်
သည်။
“သေဆုံးသူလည်းမဟုတ် ရှင်သန်သူလည်း မဟုတ်သော ပညာရှိမော့? ဆရာမော့” သခင်ကြီးယန် မျက်မှောင်ကြုတ်သွားသည်။ “အဲဒါ.. စုန်းမမော့လား”
မြို့တော်ထဲမှာ ဖြစ်ပျက်သွားသည့် ကိစ္စ အကြီးအသေးမှန်သမျှ သူသိထားသည်။ စုန်းမမော့ဆိုသူက အိမ်ရှေ့စံမင်းသားအား ပြုစားခဲ့ရုံတင်မဟုတ်။ မင်းသားနင်ပေ့နှင့် နန်းတွင်းဆရာဟောင်း လီမိတို့ကိုပါ ပြုစားခဲ့သူဆိုတာကိုလည်း သိထားသည်။
သူက ထိုမိသားစုနှစ်စုအား ကူညီပေးနိုင်တဲ့အရည်အချင်းရှိသည့် ပညာရှင်တစ်ယောက်ဟု ဆိုကြ၏။
လူတော်တော်များများက စုန်းမမော့အား အထင်ကြီး လေးစားကြသည်။ ကြမ္မာဥယျာဉ်ထဲမှာဆိုလျှင် တစ်နေ့တစ်နေ့ စုန်းမမော့ကို တွေ့ရဖို့ အရေး တံခါးမှာ ရပ်စောင့်ရင်း အချိန်ဖြုန်းနေကြတဲ့ လူပေါင်းများစွာ ရှိပေသည်။
ဆိုင်ထဲ၌ အဆောင်စာရွက်များပင် ရောင်းချသေးသည်။
ထူးဆန်းသော နေရာတစ်ခုပင်။
ရှဲ့မိသားစုက ဘာလို့ ဒီလိုပစ္စည်းကို ပို့လိုက်ရတာလဲ။
“ရှဲ့မိသားစုက လူပြန်သွားပြီလား” သခင်ကြီး ယန်က မေးလိုက်၏။
“သူ အပြင်မှာ စောင့်နေပါတယ်၊ သခင်ကြီးမှာ မေးစရာ သေချာပေါက်ရှိလာလိမ့်မယ်ဆိုတာကို သိလို့ စောင့်နေတာပါဆိုပြီး ပြောပါတယ်” ယန်မိသားစုက အိမ်တော်ထိန်းက တလေးတစားနှင့် ပြန်ဖြေသည်။
“သူ့ကို ဝင်လာခိုင်းလိုက်”
ရှဲ့မိသားစုက အိမ်တော်ထိန်းသည် ဝင်လာသည်နှင့် သစ်သားပြားအား ကြည့်လိုက်ပြီး တရိုတသေနှင့် ဂါရဝါပြုကာ ရှင်းပြလိုက်၏။
“သခင်ကြီးယန်၊ တခြားဟာတွေက ကျွန်တော်တို့ရဲ့ ဒုတိယသခင်မလေးက ပြင်ဆင်ပေးလိုက်တာပါ၊ ဒီသစ်သားပြားတစ်ခုပဲ ပထမသခင်လေးက ပေးလိုက်တာ။ သခင်ကြီး အဲဒီ သစ်သားပြားကို ယူပြီး ကြမ္မာဥယျာဉ်ကို လာလို့ရတယ်လို့ ပြော
လိုက်ပါတယ်။ ကြမ္မာဥယျာဉ်မှာရှိတဲ့ ဆရာမမော့က ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုပြီး၊ သခင်ကြီးရဲ့ မျက်နှာကို ကြည့်ပြီး ဖုန်းရွှေ ဖတ်ပေးပါလိမ့်မယ်၊ သူမက ငွေစတစ်စပဲ တောင်းခံမှာပါ၊ ဒါ အရမ်းသက်သာပါတယ်…”
••••••