← Chapters

မသမာသောနည်း

Vol. 37 Ch. 711

မသမာသောနည်း

Vol. 37 Ch. 711

အိမ်တော်ထိန်းသည် ရှဲ့ချောင်၏ ညွှန်ကြားချက်အား တစ်ဆင့် ပြောပြရုံသာ ဖြစ်သည်။

ရှဲ့ချောင်အတွက် အခကြေးငွေ လက်မခံဘဲ အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်။ ယန်မိသားစု၏ အခြေနေမှာ ဘယ်လိုအနေအထားမျိုး ရှိလဲ သူမ မသိတာကြောင့် ငွေအများကြီး လက်ခံမိလျှင်လည်း မသင့်လျော်ရာ ကျသွားလိမ့်မည်။ ဒါတင်မက၊ ယန်သခင်မလေးအပေါ်လည်း ကျေးဇူးကြွေး တင်ခဲ့တာကြောင့် ငွေစတစ်စကိုပဲ လက်ခံခဲ့ခြင်းသာ။

မင်းသားနင်ပေ့သည် သူမအား ဆုလာဘ်အဖြစ် ငွေစ ငါးထောင်ကို ချီးမြှင့်ထားဖူး၏။ လီမိသားစုသည်လည်း အလားတူပင်။ ပြဿနာက ပိုပြီးကြီးလေလေ ငွေပိုပေးကြလေပင်။

လီမိသားစုမှာ မင်းသားနင်ပေ့မိသားစုလောက် မချမ်းသာ‌တာတောင် သူမအား ငွေစများစွာ ပေးခဲ့သည်။

ယန်မိသားစုသည် ဖြောင့်မတ်သောသူများ ဖြစ်ကြသလို နောက်ခံသည်လည်း အင်အားသိပ်မကြီးလှ။သူတို့ရဲ့ မိသားစုနောက်ခံသည် ရှဲ့မိသားစုရဲ့ နောက်ခံနှင့် သိပ်မကွာသည်မို့ ရှဲ့ချောင်တောင်းခံသည့် ငွေပမာဏမှာ တတ်နိုင်သည့် အနေထားဖြစ်၏။

သခင်ကြီးယန်မှာ ထူးဆန်းတယ်ဟု ထင်မိသည်။

“ငါက စင်ကြယ်တယ်၊ အဲ့လို မသမာတဲ့ နည်းလမ်းတွေကို အယုံကြည်မရှိဘူး”

“သခင်ကြီးအတွက် မယုံကြည်တာထက် ယုံကြည်လိုက်တာက ပိုပြီးကောင်းလိမ့်မယ်လို့ ပထမသခင်မလေးက ပြောပါတယ်။ သခင်ကြီး… ကြမ္မာဥယျာဉ်အကြောင်း သိချင်နေတာမလား။ သခင်ကြီး ဒီသစ်သားပြားကို သုံးပြီး သိချင်နေတဲ့ဟာကို သွားကြည့်လို့ရပါတယ်” အိမ်တော်ထိန်းက ရိုးသားစွာ ပြန်ဖြေသည်။

ထိုစကားဟာ ကျိုးကြောင်းသင့်သည်ဟု သခင်ကြီးယန်တွေးမိ၏။

ဒါကြောင့် အိမ်တော်ထိန်းအား ထွက်ခွာဖို့ ပြင်ခိုင်းလိုက်သည်။

တစ်ခဏအကြာ၌၊ သခင်မလေးယန်သည် ပင်မခန်းမထဲသို့ ရောက်လာချိန် သူမ အဖေရဲ့ မျက်နှာညှိုးနေတာကို မြင်လိုက်ရသည်။

“အဖေ၊ သမီး မနေ့က နန်းတော်ထဲဝင်ခဲ့တယ် သမီးလေ ရှဲ့သခင်မလေးကို အရမ်းအားကျတာပဲ”

“ရှဲ့သခင်မလေးက သူ့အဖေနဲ့မတူဘူးဆိုတာ အဖေသိတယ်။ သူက စာသင်သားတစ်ယောက်လည်းဖြစ်၊ ကျောင်းတော်မှာဆိုရင်လည်း ဂုဏ်သတင်းကကောင်းတယ်။ဒါပေမဲ့.. သူ့ကျန်းမာရေးက မကောင်းဘူးကွယ်။ သူ့မှာ သေစေနိုင်တဲ့ ကံကြမ္မာရှိတယ်ဆိုပြီး ပြောနေကြတာ။ သူ့လိုလူမျိုးတစ်ယောက်က အိမ်ရှေ့စံမင်းသားအတွက် ဘယ်လိုလုပ်ပြီး သင့်တော်နိုင်မှာလဲ” သခင်ကြီးယန် သက်ပြင်းချလိုက်သည်။

“အဖေ, ရှဲ့အိမ်တော်က အိမ်တော်ထိန်းကို မသမာတဲ့ နည်းလမ်းတွေ အယုံအကြည်မရှိဘူးဆိုပြီး ပြောလိုက်တယ်ဆို။ အခုကျတော့ ရှဲ့သခင်မလေးရဲ့ သေစေနိုငိတဲ့ကံကြမ္မာဆိုတာကို ဘာလို့ ယုံနေ

တာလဲ” သခင်မလေးယန် ပြုံးလိုက်သည်။

“ရှဲ့သခင်မလေးရဲ့ ကျန်းမာရေးက ချို့တဲ့နေတာဆိုတာ မှန်တယ်၊ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းတွေက အံ့မခန်းပဲ။ ပြောရရင် သုန့်သခင်မလေး ယှဉ်နိုင်တဲ့သူ မဟုတ်ဘူး”

“နောက်ပြီး၊ သမီး မနေ့က တော်ဝင်ကိုယ်လုပ်တော်မုန်နဲ့ စတုတ္ထမင်းသားကိုလည်း တွေ့ခဲ့သေးတယ်။ သူတို့က မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့စံမင်းသားကို အရမ်း ရိုသေကြတာ.. စတုတ္ထမင်းသားကလည်း အာဏာကိုတပ်မက်နေတဲ့ပုံမပေါ်ဘူး .. အဖေ့ကို အဲ့ကိစ္စတွေမှာ ပါလာအောင် လုပ်ခဲ့တာက မုန့်မိသားစုဆိုပြီး ပြောဖူးတယ်မလား။ သမီးကတော့.. မသင့်တော်ဘူးလို့ထင်တယ်။ မုန့်မိသားစုက အာဏာသုံးပြီး လွန်လွန်ကျူးကျူးတွေ လုပ်နေတာ၊ ဒါမျိုးက အရှေ့နန်းဆောင်မှာ မဖြစ်သင့်ဘူး”

“သမီးက အဖေ မသိဘူးလို့ ထင်နေတာလား။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက….” သခင်ကြီးယန်သည် တခြားသူများထက် ပိုပြီး ကောင်းကောင်းသိသည်။

စတုတ္ထမင်းသားသားသည် အေးအေးချမ်းချမ်းနှင့် ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်။ သူဟာ ကဗျာနဲ့ သီချင်းတွေကို သင်ယူရတာ နှစ်သက်တဲ့သူတစ်ယောက်ဆိုပေမဲ့ ဘုရင်တစ်ယောက် အရည်အချင်းတွေကို ဘာတစ်ခုမှ သိမနေချေ။

တကယ်တော့၊ စတုတ္ထမင်းသားသည် လူတွေအကြောင်း ဘာမှမသိ။ သူဟာ တကယ်ကို တိမ်တွေ ကြားမှာ ကြီးပြင်းလာတဲ့သူဖြစ်ပြီး ခြေထောက်နဲ့ မြေကြီးထိ‌ဖူးတဲ့ လူစားမျိုး ဟုတ်မနေပေ။

ငယ်စဉ်ကတည်းက လူတွေရဲ့ စိတ်ကို

သဘောပေါက်ခဲ့တဲ့ အိမ်ရှေ့စံမင်းသားကတော့ မတူပေ။ ယခင် တော်ဝင်ကျောင်းတော််မှာ ရှိခဲ့စဉ်ကတည်းက လောကမှာဖြစ်ပျက်နေသည့် အရေးကြီးကိစ္စများကို မကြာမကြာ အာရုံစိုက်လေ့ရှိတတ်ပြီး ငယ်ငယ်ကတည်းက ထက်မြက်တဲ့သူတစ်ယောက် ဖြစ်ခဲ့၏။

တဲ့တိုးပြောရလျှင် လက်ရှိ ဧကရာဇ် နတ်ရွာစံသွားလျှင်၊ အိမ်ရှေ့စံမင်းသားက ချက်ချင်း နန်းတက်နိုင်ပေသည်။ သူ့ရဲ့ အရည်အချင်းနှင့်သာဆိုလျှင် ရုံးတော်အတွင်းမှာ နိုင်ငံရေး အခြေနေကို ကောင်းစွာ ထိန်းချုပ်နိုင်မှာဖြစ်ကာ တိုင်းသူပြည်သားတွေအနေနဲ့ ဘာမှ စိတ်ပူစရာရှိမှာ မဟုတ်ပေ။

အိမ်ရှေ့စံသည် အိမ်ရှေ့စံမင်းသားကောင်းတစ်‌ယောက်ပင်။

“အဖေ၊ အဲဒါက လက်မောင်းလေးတစ်ဖက်ပဲ

မဟုတ်လား၊ အဲ့လောက်ထိ အရေးပါနေလို့လား။ အိမ်ရှေ့စံက သူ့လက်နဲ့ ရေခွက်တစ်ခွက်ကို ကောင်းကောင်းကိုင်နိုင်နေတာပဲလေ။ သူသာ အင်အားသုံးပြီး မလုပ်ရင်၊ ဘယ်သူကမှ မသန်မစွမ်းဖြစ်နေတာကို မြင်နိုင်မှာမဟုတ်ဘူး, ဟုတ်တယ်မလား”

သခင်ကြီးယန်က ခဏစဉ်းစားလိုက်၏။ “အဲ့တုန်းကပေါ့၊ ပိုးကောင်ကြီးတစ်ကောင် သူ့ရဲ့လက်မောင်းကို ကိုက်လိုက်တဲ့အချိန် သွေးစိမ်းတွေ နေရာတိုင်းကို စဉ်ကုန်တာ။ သူ့ကို ကုပေးဖို့ဆိုပြီး နန်းတွင်းသမားတော် ဘယ်နှယောက်တောင် တာဝန်ပေးခံခဲ့ရလဲ မသိဘူး။ ဘေးထွက်ဆိုးကျိုးတွေက… သမီး, အဲ့ဒဏ်ရာက အရမ်းကိုမှ နာကျင်ပြီးတော့ သွေးတွေအများကြီးထွက်ခဲ့တာလေ၊ လူတစ်ယောက်ရဲ့ ဘဝကို မထိခိုက်စေဘဲနေမလား။ နောက်ပြီး အိမ်ရှေ့စံမင်းသားရဲ့ လက်မောင်းက တစ်ခါတစ်လေ ပြင်းပြင်းထန်ထန် နာကျင်‌ရတယ်ဆိုပြီး ကြားမိတယ်။ ဒါကြောင့်မလို့ ပုံမှန်အချိန်တွေမှာ

အဆင်ပြေနေတယ်ဆိုရင်တောင်၊ သူက သာမန်လူတစ်ယောက်လိုမျိုး မဟုတ်တော့ဘူးလေ။ ဒါတင်မကဘူး၊ အိမ်ရှေ့စံမင်းသားက လွန်ခဲ့တဲ့ နှစ်တွေတုန်းက မတော်တဆ‌မှုတွေ အများကြီး ဖြစ်ခဲ့တာ။ သူ အသက်ရှည်ရှည်မနေရတော့မှာတောင် စိုးတယ်”

•••••

All Chapters