← Chapters

အရွယ်ရောက်လာပြီ

Vol. 37 Ch. 712

အရွယ်ရောက်လာပြီ

Vol. 37 Ch. 712

တိုင်းပြည်တစ်ပြည်၏ အုပ်ချုပ်သူသည် ဒဏ်ရာရနေတဲ့သူမျိုး မဖြစ်သင့်။

သို့မဟုတ်ပါက တခြားတိုင်းပြည်ကလူများဟာ သူ့အပေါ် အထင်မြင်သေးကြလိမ့်မည်။ သူ့အား ထိုအကြောင်းကြောင့် တိုက်ခိုက်ပါက ချင်းယွမ်ပြည်အတွက် မကောင်းပေ။

“အဖေက မင်းကြီးနဲ့ အငြင်းအခုံ လုပ်မနေချင်ဘူးလို့ ထင်ခဲ့တာ။ အိမ်ရှေ့စံမင်းသား အတွက်သာ မဟုတ်ရင်၊ ဘာအကြောင်းမှမရှိဘဲနဲ့ တခြားသူတွေနဲ့ အတိုက်အခံလုပ်နေမှာမဟုတ်ဘူး။ နောက်ပြီး.. တခြားသူမပြောနဲ့.. ကြင်ရာတော်လောင်း သုန့်ရှီးယွင်ကတောင် ပြဿနာအိုးတစ်ယောက် ဖြစ်နေတာ.. သမီး သူ့ကို တကယ် သဘောမကျဘူး…”

သခင်မလေးယန်မှာ စတုတ္ထမင်းသားလိုအေးချမ်းတဲ့သူတစ်ယောက်က သုန့်သခင်မလေးလို ရည်မှန်းချက် ကြီးလွန်းတဲ့သူတစ်ယောက်နဲ့ ဆုံဖက်ပေးခဲ့ရတာကို တွေးမိလျှင် စိတ်မသက်မသာ ဖြစ်ရသည်။

သို့သော် သူမက ဒီလိုအရာတွေကို လိုက်ပြီးတွေးပူနေရမည့်သူမျိုးမဟုတ်။

သူမရဲ့ အကြည့်က သစ်သားပြားပေါ်ရောက်သွားသည်။

“အဖေ.. ရှဲ့သခင်မလေးက သမီးတို့ကို အမေ့ဆီသွားလည်လို့ရအောင် ဆရာမမော့ကို ဖိတ်စေချင်နေတယ်လို့ထင်လား”

သခင်ကြီးယန်၏ မျက်နှာထားပြောင်းသွားသည်။

“အဖေ စဉ်းစားကြည့်။ သမီးက ဒုတိယသခင်မလေးရှဲ့ရဲ့ အသက်ကို ကယ်ပေးခဲ့တာ၊ ဒီကျေးဇူးက တော်တော်လေးကြီတယ်။ အဖေ ဆရာမော့ကို သဘောမကျဘူးဆိုတာ ရှဲ့သခင်မလေးလည်း သိရဲ့သားနဲ့ ဒီလိုပစ္စည်းကို တကူးတကကြီးပို့နေမှာမှာမှမဟုတ်တာ။ သမီးအထင် သူ လိုက်စုံစမ်းကြည့်ပြီး သမီးတို့မိသားစု့ရဲ့ အခြေနေကို သိသွားတာ ဖြစ်လောက်မယ်။ ဒါကြောင့်မလို ဆရာမမော့ကို စဉ်းစားမိသွားတာနေမှာ။ သူ သမီးတို့ကို.. ကြိုးစားကြည့်စေချင်နေတာမလား?”

သခင်ကြီးယန်ရဲ့ မျက်နှာထားက ပိုပြီးတည်သွားခဲ့သည်။

“စုန်းမတစ်ယောက်ကို ဘာကိစ္စယုံရမှာလဲ။ သူ့ကို ဖိတ်လိုက်ရင်,အဖေတို့ ယန်မိသားစုရဲ့ ဂုဏ်

သတင်းက…”

“အဖေ၊ ဂုဏ်သတင်းက အမေ့ထက် ပိုပြီး အရေးကြီးတယ်လို့ ထင်နေတာလား” သခင်မလေးယန်က တိုက်ရိုက်မေးသည်။

သခင်ကြီးယန်၏ မျက်နှာထားမှာ ပြောင်းလဲသွားရပြန်သည်။

“အဖေ.. အဖေက အဲ့ဒီစုန်းမမော့က လူတွေကို ပြုစားနေတဲ့သူဆိုပြီး ဆဲဆိုပြောထားတာ။ မင်းကြီးရဲ့ ရှေ့မှာတောင် အဲ့အတိုင်း ပြောခဲ့တာ။ အဖေတို့သာ စုန်းမမော့ကို သွားရှာလိုက်ရင်၊ သူက သမီးအမေကို တကယ် ကယ်ပေးနိုင်တယ်ပဲထား၊ အဖေ့ရဲ့ အရင်တုန်းက သဘောထားကိုတွေးပြီး သူက အဖေတို့မိသားစုကို ကယ်တင်ပေးမှာတဲ့လား။ တခြားလူတစ်ယောက်ရဲ့ လက်ထဲမှာ ကိုယ့်အားနည်းချက်ရှိစေလိုက်မှာနဲ့စာရင် ကိုယ့်

ရဲ့ ကံကြမ္မာကို ဆန့်ကျင်မနေဘဲ လက်ခံလိုက်တာ ပိုကောင်းတယ်”

စုန်းမမော့၌ အရည်အချင်းတချို့ရှိလောက်မှာကို သူသိသည်။

သူ့မှာ ဆေးကောင်းတချို့ရှိတာ ဒါမှမဟုတ် လူတွေကို ဘယ်လို ခြောက်ရမလဲ သိတာ ဖြစ်နိုင်လောက်သည်။

သို့မဟုတ်ပါက အိမ်ရှေ့စံမင်းသားနဲ့ တခြားသူတွေ သူမကို လေးစားပြီး ခယလာအောင် လုပ်နိုင်လိမ့်မည်မဟုတ်။

သို့သော် ဒီအကြောင်းကြောင့်ပဲ သူ သူမဆီ မသွားရဲ။

“ရှဲ့သခင်မလေးက သမီးတို့က ဒီဟာပေးလာမှတော့ ဆရာမော့က အာဃာတတရားတွေ လက်ကိုင်ထားနေမယ့် သဘောထားသေးသိမ်တဲ့ လူမျိူးမဟုတ်ဘူးဆိုတာ အဖေသိသင့်တယ်။ တကယ်လို့ အဖေ့အနေနဲ့ မသင့်တော်ဘူးထင်ရင် သမီးသွားတွေ့လိုက်မယ်” သခင်မလေးယန်က သစ်သားပြားကို ချက်ချင်း ဆွဲယူလေသည်။

သခင်ကြီးယန် သူမကို စိုက်ကြည့်လိုက်သည်။ “ပြန်ပေးစမ်း”

“မပေးဘူး၊ အဖေပဲ သမီးတို့ကို ငယ်ငယ်ကတည်းက သင်ထားပေးတာလေ၊ ဘယ်အရာမဆို ကိုယ်ပိုင် ထင်မြင်ချက်ရှိသင့်တယ်၊ တသမတ်တည်း မသွားရဘူးဆိုပြီး။ အခု သမီးအတွက်သမီး ဆုံးဖြတ်နေတာ။ သူ့မှာ အမေ့ကို ကူပေးနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုရင်, အတိတ်က

အငြိုးတရားတွေကို ဖျောက်ပေးနိုင်ဖို့ သူ့ရှေ့မှာ သုံးခါဒူးထောက်ပြီး ကိုးခါ ကန်တော့ တောင်းပန်မယ်” သခင်မလေးယန်က ပွင့်ပွင့်လင်းလင်း ပြောလာလေသည်။

သူ့သမီးတောင် အရွယ်ရောက်လာပြီပဲ !

သခင်ကြီးယန်တစ်ယောက် ကူကယ်ရာ မဲ့နေလေပြီ။ သူမကို မောင်းထုတ်လိုက်ချင်ပေမဲ့ သူ့သိက္ခာကိုလည်း မကျစေချင်။ ဆူပူပစ်လိုက်ချင်ပေမဲ့လည်း ထိုသို့ မလုပ်ရက်။

ဒီလိုနဲ့ပဲ သူ သည်းခံနေလိုက်ရကာ သူ့သမီးကတော့ ထွက်သွားလေပြီ။

ယန်ရူကျောင်းသည် သူမအဖေ သူမကို တားမှာစိုးတာကြောင့် ချက်ချင်း မြင်းလှည်းတစ်စင်း ပြင်

ခိုင်းကာ အိမ်ကနေ ထွက်သွားခဲ့သည်။

သူမ ကြမ္မာဉယျာဉ်ဆီ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့၏။

ရှဲ့ချောင် ကြမ္မဥယျာဉ်ဆိုင်၏ခန့်ခွဲသူဆီ စာတစ်စောင် ပို့ထားနှင့်ပြီဖြစ်သည်။ အကယ်၍ သစ်သားပြားနှင့် လူတစ်ယောက်လာခဲ့ပြီး သူမ မရှိတဲ့အချိန်ဖြစ်နေလျှင် သူတို့နဲ့ အချိန်ညှိထားပြီး ယန်အိမ်တော်သို့ တန်းသွားဖို့ ပြောထားသည်။

သို့သော် ယန်မိသားစုက အဲ့နေမှာပဲ တန်းရောက်လာလိမ့်မယ်လို့ ရှဲ့ချောင် မထင်ထားခဲ့ !

သခင်ကြီးယန်ကို သိမ်းသွင်းဖို့ အချိန်တော့ရလောက်ဦးမည်။

ဥပမာ ဆိုရလျှင် သူမရဲ့ ဆရာ လီရှီးယန်သာ မြို့တော်သို့ ပြန်ရောက်လာလျှင် သူ ဘယ်လောက်ပဲ ဖုံးဖိဖို့ ကြိုးစားကြိုးစား သူမရဲ့ အကြီးဆုံးတပည့်ဟူသော ဂုဏ်သတင်းက ပြန့်သွားမည်ပေ။ အဲ့အချိန်ကျလျှင် သခင်ကြီးယန် စိတ်ပြောင်းသွားမှ အသေချာပင်။

တကယ်တော့ မော့ချူးရှန်းနှင့် လီရှီးယန်ကြားက ဆက်ဆံရေးကို သိတဲ့သူတချို့ရှိနေတယ်ဆိုပေမဲ့ အများကြီးတော့ မဟုတ်။ သိထားတယ်ဆိုလျှင်တောင် ယုံတဲ့သူ သိပ်ပြီး မရှိပေ။

အခု ယန်ရူကျောင်း ကိုယ်တိုက်လာပြီး၊ တိုက်တိုက်ဆိုင်ဆိုင် သူမလည်း အားနေတာကြောင့်….

ရှဲ့ချောင် သူမကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံက သီးသန့်ခန်းထဲသို့ ဖိတ်ခေါ်ခဲ့၏။

•••••

All Chapters