← Chapters

ဝင်ပူးခံထားရသော

Vol. 37 Ch. 713

ဝင်ပူးခံထားရသော

Vol. 37 Ch. 713

ယန်ရူကျောင်းမှာ အနည်းငယ်စိတ်လှုပ်ရှားလို့နေ၏။ အခန်းထဲကို ဝင်လာပြီးသည်နှင့် ဘေးဘယ်ညာကို ကြည့်နေခဲ့သည်။

ဤ အခန်းကျဉ်းလေးထဲ၌ အမွှေးအကြိုင်တချို့ ထားထားသည်။ သူတို့ရဲ့ ရနံ့က …. ရင်းနှီးနေပေမဲ့ ဘယ်နေရာမှာ ရခဲ့ဖူးတဲ့ ရနံ့လဲဆိုတာကို ပြန်စဉ်းစားကြည့်လို့မရပေ။

အခန်းထဲတွင် မီးခိုးငွေ့များ ပျံ့လွင့်လို့နေသလို သန့်စင်သည့် နတ်သမီး ရုပ်ထု သုံးခုလည်း ရှိနေသည်။ ၎င်းတို့က သူမကို စိတ်သက်သာရာရစေသည်။

သူမရှေ့မှာ ရှိနေတဲ့ ဆရာမမော့က….

သူမ စိတ်ကူးထားသလိုမျိုး ဟုတ်မနေခဲ့။

သူမ အဖေက ဆရာမော့ဟာ စုန်းမတစ်ယောက်ဟု အမြဲတမ်း ပြောနေတတ်တာကြောင့် သူမလည်း ထိုပုဂ္ဂိုလ်က အရှက်အကြောက်မရှိတဲ့သူ၊ အနုပညာကို နားမလည်တဲ့သူမျိူး ဒါမှမဟုတ် အပြောကောင်းတဲ့သူမျိုးဟု ထင်ခဲ့မိသည်။ ဒါကြောင့်မလို့လည်း အိမ်ရှေ့စံမင်းသားနှင့် နင်ပေ့မင်းသားတို့ကို သူမအား လေးစားခယလာအောင် ပြုစားထားနိုင်တာဟူ၍။

သို့သော် ထိုကောလဟာလများပျံ့နေသည့် ဆရာမော့အား မြင်လိုက်ရသည့်အခါ သူမ စိတ်ကူးထားတာနှင့် အလွန်ကွာခြားနေသည်ဟု ထင်မိလေသည်။

နောက်ပြီး ဆရာ‌မော့ဟာ အသက်ကြီးနေပြီဖြစ်သဖြင့် သူမမှာ လှပတဲ့ သွင်ပြင်ဆိုတာမျိုး မရှိတော့။ သို့တိုင်၊ သူမအား ကြည့်ရုံနဲ့ လူများအား စိတ်သက်သာရာရအောင် လုပ်နိုင်စွမ်းရှိသည်။

သူမရဲ့ မျက်လုံးတို့က တည်ငြိမ်ကာ တုန်လှုပ်ခြင်း အလျဉ်းမရှိ။

သူမရဲ့ မျက်ခုံးတို့က တိမ်ဆိုင်များကြားပေါ်ထွက်နေသည့် လခြမ်းကွေးပမာဖြစ်ကာ သူမရဲ့ အပြုံးက နှင်းပွင့်များကို တိုက်ခတ်သွားသည့် လေပြေညှင်းတစ်ခုအလား။

သူမဟာ အင်မတန် နူးညံ့သိမ်မွေ့ကာ ဂုဏ်သိက္ခာ အပြည့်ရှိတဲ့သူတစ်ယောက်ပင်။

ယန်ရူကျောင်း၏ နှလုံးမှာ တဒိန်းဒိန်းခုန်လို့နေလျက်။ ထိုမျက်လုံးအစုံ၏ အကြည့်အောက်၌၊ သူမ လိပ်ပြာမလုံသလို ခံစားလာရသည်မှာ အရင်က တွေးခဲ့ဖူးသည့် ဆိုးရွားလှတဲ့ ခန့်မှန်းချက်က ပေါ်သွားသယောင်၊ သူမကို မသိနားမလည်တဲ့ သူတစ်ယောက်ပုံစံပေါ်နေစေသည်။

“ဆရာမမော့အ‌ကြောင်း.. အများကြီး ကြားဖူးပါတာ်” ယန်ရူကျောင်းတစ်ယောက် အသက်ရှုထုတ်ကာ တည်ငြိမ်အောင် ကြိုးစားလိုက်၏။

“ကျွန်မတို့.. ရှဲ့မိသားစုက သခင်မလေးဆီကနေ ကျေးဇူးတင် လက်ဆောင်ကို ရခဲ့တယ်၊ အဲ့တာက သစ်သားပြားလေးတစ်ခု၊ ဆရာမော့ဆီကနေ အကူအညီတောင်းလို့ရတယ်ဆိုပြီး ကြားလို့…”

ရှဲ့ချောင် ကြင်နာစွာ ပြုံးလိုက်၏။

“အမှန်ပဲ၊ ငါ့ကို ဖုန်းရွှေဖတ်ခိုင်းချင်လည်း ရသလို ကံကြမ္မာဖတ်ခိုင်းစေချင်လည်း ရတယ်။ ဘာလိုချင်လဲဆိုတာပေါ် မူတည်တာပေါ့”

“ကျွန်မ ဒီနေ့လာတာ ဆရာမမော့ကို မေးချင်တာလေး ရှိလို့ပါ၊ ဒီကမ္ဘာပေါ်က အသိစိတ်ပျောက်သွားတဲ့သူတွေက မကောင်းဆိုးဝါး ဝင်ပူးခဲ့ရတယ်လို့ ကြားမိလို့။ အဲလိုဟာမျိုးက.. တကယ်ရှိတာလား။ ကုလို့ရောရလား” ယန်ရူကျောင်းက စိတ်လှုပ်ရှားစွာဖြင့်မေးလေသည်။

“ဒါက ပြောဖို့တော့ ခက်တယ်, တချို့ လူတွေကျတော့ တကယ် နေမကောင်းကြတာ။ ဥပမာ သူတို့ ခေါင်းကို သူတို့ ပြန်ရိုက်နေကြတာ၊ ရန်လိုနေကြတာမျိုး။ သူတို့ရဲ့ နှလုံးသားက သည်းမခံနိုင်တော့ စိတ်ကိုပါ သက်ရောက်သွားကြတာ။ ဒါပေမဲ့ တချို့လူတွေကျတော့ ဝိဉာဉ်တွေရဲ့ သက်ရောက်ခြင်းကို ခံနေရတာ” ရှဲ့ချောင် ပြောလိုက်တဲ့ စကားများက အသုံးမဝင်ပေ။

သူမ ထိုသခင်မလေးအား ရှင်းလင်းပြတ်သားတဲ့ အဖြေမျိုးကို မပေးခဲ့။

သို့သော်၊ ယန်ရူကျောင်းသည် ဆရာမမော့အား အနည်းငယ် ယုံကြည်စ ပြုလာခဲ့၏။

ဆရာမမော့သာ သူမအမေက မကောင်းတာတစ်ခုခုနှင့် ထိတွေ့မိပြီး ဝင်ပူးခံလိုက်ရတယ်ဟုသာ ပြောနေလျှင် သူမ လူလိမ်တစ်ယောက်နှင့် တွေ့မိတာဟု ထင်မှာပင်။

“ဖြစ်ပုံက ဒီလိုပါ။ ကျွန်မ အမေက ကလေးမွေးပြီးတုန်းက အကောင်းကြီးရှိပါသေးတယ်။ ဒါပေမဲ့ တစ်ရက်ကျတော့ သူ စပြီးကယောင်ကတမ်းတွေ ပြောလာပါတယ်။ ညဘက်

ဆိုလည်း ကောင်းကောင်း အိပ်မပျော်ဘူး၊ တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေတယ်ဆိုပြီး ပြောနေတာ။တစ်ခါတလေကျတော့လည်း အဆင်ပြေတယ်၊ ဒါပေမဲ့ တစ်ချက်တစ်ချက်ကို ကောက်ကာငင်ကာကြီး ထထဖောက်သွားတတ်တယ်။ ပြီးတော့ တစ်နေရာရာကို လက်ညှိုးထိုးပြီးတော့လည်း အော်နေတတ်တယ်။ သူ့ကို လစ်လျူရှုထားလိုက်ပြန်ရင်လည်း ကျွန်မတို့ကို စိတ်ဆိုးပြန်ရော။ အဲ့လိုမျိုး ဖြစ်နေတာ နှစ်တော်တော်ကြာနေပြီ….”

"ဆရာမမော့ ကျွန်မ အမေကို လိုက်ကြည့်ပေးလို့ရနိုင်မလား” ယန်ရူကျောင်း အမြန် မေးလိုက်၏။

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ “ရပါတယ်”

ယန်ရူကျောင်းမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

သူမ သိချင်နေတာကြောင့် “ ဆရာမော့ရဲ့ သစ်သားပြားလေးကို ရှဲ့သခင်မလေးက ပေးလိုက်တာဆိုတော့ ဆရာမတို့ နှစ်ယောက်ကြားမှာ အမုန်းတရားတချို့များ ရှိနေတာလား”

ထိုသို့ ထင်မိတာ သူမတစ်ယောက်တည်းမဟုတ်။ လူများစွာက အိမ်ရှေ့စံမင်းသားဟာ ဆရာမမော့အား သဘောကျနေသည်ဟု ထင်ကြသည်။သို့သော် တိုင်းသူပြည်သားများက လက်မခံကြသည့်အတွက် ကျန်းမာရေးလည်းမကောင်း အသက်ရှည်ရှည်လည်း မနေရသည့် ရှဲ့ချောင်ကို ရွေးလိုက်တာဖြစ်မည်ဟူ၍။

ထိုသို့ ကောလဟာလများ ရှိနေခဲ့သော်လည်း၊ သူမ ရှဲ့ချောင်ကို အရင်တစ်ခေါက် တွေ့ခဲ့စဉ်ကဆိုလျှင် အိမ်ရှေ့စံမင်းသားက သူမ‌အပေါ် အင်မတန်ညင်သာပုံပေါ်လေသည်။

အိမ်ရှေ့စံမင်းသား ဘာတွေတွေးနေလဲဆိုတာ ဘယ်သူ သိမှာလဲ?

“ရှဲ့သခင်မလေး ငယ်ငယ်တုန်းက တာအိုဘုရားကျောင်းမှာ ကြီးပြင်းခဲ့တာလေ။ အဲ့ဒါက ငါ ကျင့်ကြံခဲ့တဲ့ ဘုရားကျောင်းနဲ့ အတူတူပဲ။ ဒါကြောင့်မလို ငါတို့က တပည့်အပေါင်းအပါလိုမျိူးဖြစ်နေပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးနေကြတာ” ရှဲ့ချောင်ပြုံးကာ ရှင်းပြလိုက်သည်။

သူမ စိတ်ထဲကတော့ နတ်သမီးရုပ်ထုအား တိတ်တိတ်ကလေး တောင်းပန်နေခဲ့၏။

သူမ အဖြူရောင်မုသားပြောခဲ့ရုံပဲ!

•••••

All Chapters