← Chapters

သခင်မလေးရဲ့ အဖေက ထီးနန်းသိမ်းချင်နေတာလား

Vol. 37 Ch. 714

သခင်မလေးရဲ့ အဖေက ထီးနန်းသိမ်းချင်နေတာလား

Vol. 37 Ch. 714

ယန်ရူကျောင်းမှာ အလွန်အံ့ဩသွားရသည်။ ရှဲ့သခင်မလေးနှင့် ဆရာမော့တို့ကြား၌ အခုလို ဆက်ဆံရေးမျိုး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ချေ။

ရှဲ့သခင်မလေး သူမကို သစ်သားပြားပေးတာ အံ့ဩစရာ မရှိတော့။

ရှဲ့ချောင် ယန်ရူကျောင်း၏ ဖိတ်ကြားမှုကို လက်ခံခဲ့သည်။ အချိန်လည်း စောနေသေးတာကြောင့် သခင်မလေးရဲ့နောက်ကနေ လိုက်ကာ ယန်အိမ်တော်သို့ သွားကြည့်ခဲ့သည်။

သူမရဲ့ ဝါးခြင်းလေးကို သယ်ရင်း မြင်းမြီး

တောင်ဝှေးတစ်ချောင်းကို ကိုင်ထားသည့် သူမရဲ့ မျက်နှာဟာ တည်ကြည်နေလျက်။

ယန်သခင်မလေးလည်း သူမနှင့် လှည်းအတူတူစီးလိုက်၏။ သူမသည် ဆရာမော့ကို ကြည့်ရင်း ခန္ဓာကိုယ်ပေါ်က အရာမှန်သမျှကို သိချင်နေလေသည်။

ဒီဆရာမက…. တကယ် ထူးဆန်းတာပဲ…

သူမသည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားလျက် သူမရဲ့ ကိုယ်ကနေ ကြည်လင်အေးချမ်းမှုများကို ထုတ်လွတ်နေသည်။ သူမရဲ့ မျက်နှာထားက တည်တင်းနေသည့်တိုင် လူတွေကို စူးစမ်းချင်စိတ်ပေါ်လာစေသည်။ သူမတို့ မျိုးဆက်ရဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေတာတောင် … ရိုးရိုးရှင်းရှင်း ဝါးခြင်းလေးတစ်လုံးကိုသာ သယ်ထား

လေသည်။

၎င်းက ကလေးတစ်ယောက် ခြေတံရှည်ရှည်ကုလားမခြေထောက်ခုံနှင့် ကစားနေသလိုပင်။

သူမ မနေနိုင်ဘဲ ထပ်ခါထပ်ခါ ကြည့်‌နေမိ၏။

ရှဲ့ချောင်က တည်ငြိမ်စွာဖြင့်သာ ထိုင်နေပြီး ထိုမိန်းကလေးရဲ့ အကြည့်တွေကို သေချာ ကြည့်နေခဲ့သည်။ “မင်းအဖေက ငါ့ကို ဖိတ်ဖို့ တကယ်ရော ခွင့်ပြုရဲ့လား”

ထိုအမေးကြောင့် ယန်ရူကျောင်းရဲ့ နှလုံးသားတင်းကျပ်သွားရသည်။

မဖြစ်ဘူး !

ဆရာမမော့က သူမအ‌ဖေ ဘယ်လို ပြောထားလဲဆိုတာ သိနေတာပဲ!

“ရိုးရိုးသားသား ပြောရမယ်ဆိုရင်၊ဆရာမမော့.. တကယ်တော့ ကျွန်မအဖေက ဖိတ်ကြားဖို့အတွက်ကို သဘောမတူခဲ့ဘူး။ ဒါတွေ အားလုံးက ကျွန်မရဲ့ အကြံတွေပါ.. ဒါပေမဲ့ ဆရာမမော့ စိတ်တော့မဆိုးလိုက်ပါနဲ့.. အဖေက နည်းနည်း ခေါင်းမာတယ်ဆိုပေမဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တော့ မရှိပါဘူး” ယန်ရူကျောင်းခမျာ အတော်လေး စိတ်သောက ရောက်နေလေသည်။

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ “ငါ မင်းအဖေကို သိတယ်။သူက အတော်လေးသစ္စာရှိတဲ့သူတစ်ယောက်ပါ”

ထိုစကားလုံးများရဲ့ နောက်ကွယ်မှာ တခြား အဓိပ္ပာယ်တစ်မျိုး ရှိနေမလားဆိုတာ ယန်ရူကျောင်း အတပ်မပြောနိုင်ပေ။

“ဒါပေမဲ့ သခင်မလေးရဲ့ အဖေက ချင်းယွမ်တိုင်ပြည်ကို သစ္စာရှိတာလား, ဘုရင်ကို သစ္စာရှိတာလား”

ယန်ရူကျောင်း မှက်တက်သွားသည်။ သူမသည် ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ရာ ရှဲ့ချောင်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို မြန်မြန်သဘောပေါက်သွားခဲ့၏။

ဘုရင်သည် အိမ်ရှေ့စံမင်းသားအပေါ် ချစ်မြတ်နိုး၏။ အိမ်ရှေ့စံဖြစ်သူ ကျောက်ရွှမ်ကျင်းထံ ထီးနန်းလွှဲပြောင်းပေးမည်ဟု မရေမတွက်နိုင်အောင် ပြောခဲ့ဖူးသည်။ သူက စတုတ္ထမင်းသားနှင့် ပဉ္စမင်းသားတို့အပေါ်တော့ ခပ်တန်းတန်းသာ

ဆက်ဆံသည်။ ဆရာများကိုတောင် သူတို့အား ဘုရင်တစ်ပါးအား ဘယ်လို ကူညီပေးရမလဲဆိုတာကိုတောင် သင်ခိုင်းလိုက်သေးသည်။

မင်းကြီး ဘာကိုဆိုလိုနေမှန်း လူတိုင်း ရှင်းရှင်းလင်းလင်းသိသည်။

သို့သော် သူမရဲ့ အဖေက မင်းကြီးနှင့် မကြာခဏဆိုသလို အတိုက်အခံ လုပ်တတ်၏။

သူက မင်းကြီးအပေါ် သစ္စာရှိတယ်ဆိုပေမဲ့ အိမ်ရှေ့စံမင်းသားအပေါ် ချစ်မြတ်နိုးပေးနေတာကိုတော့ ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့။ သစ္စာမရှိသူဟု ပြောဖို့ရာကျတော့လည်း သူက ချင်းယွမ်တိုင်းပြည်အကျိုးအတွက် လုပ်နေခြင်းဖြစ်နေသည်။

ယန်ရူကျောင်း၏ နှလုံးသား အနည်းငယ် အေးစက်သွားခဲ့သည်။

ဘုရင်တစ်ပါးအနေနဲ့ သူ့မှာ အမြဲတမ်းလိုလို သံသယစိတ်တွေ ရှိနေတတ်သည်။ ထိုသံသယစိတ်က အိမ်ရှေ့စံမင်းသားအပေါ်သို့ သက်ရောက်ခြင်းမရှိ၊ အခြားသူများကိုသာ ဖြစ်၏။ သူမ အဖေသည် မင်းကြီးရဲ့ အလိုဆန္ဒများကို လိုက်လျောပေးနိုင်ခြင်းမရှိခဲ့ချေ။

မင်းကြီးက သူမအဖေ သူ့ကို လုံးဝ လေးစားမှုမရှိဘူးလို့ ထင်မသွားနိုင်ဘူးလား?

သူ့ တခြားသခင်တစ်ယောက်ကို ရှာတွေ့သွားပြီး အဲ့သခင်က စတုတ္ထမင်းသား ဖြစ်နေလောက်တယ်လို့တောင် ထင်ချင်ထင်သွားနိုင်တယ်မလား?

“ဒီ အညတရဆရာက စကားအဖြစ်မေးလိုက်တာ

ပါ၊ အဲ့လောက်ကြီး စိတ်ရှုပ်ခံမနေပါနဲ့” ရှဲ့ချောင် တခစ်ခစ်ရယ်လိုက်သည်။

“ အိမ်ရှေ့စံမင်းသားရဲ့ လက်တွေက… ဘုရင်တစ်ပါးရဲ့နေရာအတွက် မသင့်တော်ဘူးလို့ အဖေက ထင်နေတာ”

“ ဘယ်သူက ရှင်ဘုရင် ဖြစ်မလာဆိုတာ မင်းအဖေမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိလို့လား။ ဒါက အတွေးသက်သက်ဆိုရင်လည်း စိတ်ထဲမှာ သိမ်းထားသင့်တယ်မဟုတ်လား။ ထုတ်ပြီးပြောနေတော့.. သူက ထီးနန်းကို သိမ်းချင်နေတယ်လို့တောင် ဒီ အညတရဆရာက ထင်မိသွားပြီ” သူမရဲ့ စကားများက ပြတ်သားလွန်းသည်။

သူ့ရဲ့ ထင်မြင်ချက်ကို ဖော်ပြချင်တာက ကိစ္စမရှိ။ သို့သော် သူက ထပ်တလဲလဲ လုပ်နေခဲ့သည်။ ဘယ်အချိန်မှာ ရပ်သင့်လဲဆိုတာကို မသိ။ နှစ်

ပေါင်းများစွာ ဒဏ်ကြေးဖြတ်ခံလာရတာတောင် မင်းကြီးရဲ့ အလိုဆန္ဒအတိုင်း မလိုက်နာဆဲ။

တမင်သက်သက်ကြီး လုပ်နေတာမဟုတ်ဘူးလား?

ဒီလိုလုပ်နေတာ ချင်ယွမ်ပြည်သူတွေအတွက်လား ဒါမှမဟုတ် သူ့ရဲ့ သစ္စာရှိပြီးဖြောင့်မတ်သော အမတ်တစ်ယောက်ဆိုတဲ့ ဂုဏ်သတင်းအတွက်လား။

ဘုရင်တစ်ပါးမပြောနှင့် သာမန်လူတစ်ယောက်ရဲ့ စိတ်ရှည်သည်းခံမှုကတောင် အကန့်အသတ်ရှိသည်။

မင်းကြီးရဲ့ ကျန်းမာရေးသည် ကောင်းနေဆဲဖြစ်သည့်အပြင် နန်းစွန့်မည့်အရိပ်အယောင်လည်း မရှိသေးသည့်အတွက် သူ သည်းခံနေနိုင်ဦးမှာပင်။

သို့သော် မင်းကြီးသာ တစ်နေ့၌ ထီးနန်းလွှဲပြောင်းပေးဖို့ ဆုံးဖြတ်လိုက်လျှင် ၎င်းကို အမြဲတမ်းဆန့်ကျင့်နေခဲ့သည့် သခင်ကြီးယန်က သူ့ကို ထောက်ခံဦးမည်တဲ့လား။ သခင်ကြီးယန်သာ ဆန့်ကျင်လိုက်မယ်ဆိုရင် သူဟာ ပထမဆုံး အပြစ်ပေးခံရမည့်သူဖြစ်လာမည်ပေ။

အကျိုးဆက်က ဝမ်းနည်းစရာကောင်းလိမ့်မည်။

ရှဲ့ချောင် ထိုသို့ ပြောရခြင်းမှာ သခင်မလေးယန်သည် ဆိုလိုရင်းကို သဘောပေါက်ရန် ထက်မြက်တဲ့သူတစ်ယောက်ဖြစ်နေတာကြောင့်ပင်။

•••••

All Chapters