မလာနဲ့
Vol. 37 Ch. 716
ယန်ရူကျောင်းသည် ဆရာမော့ရဲ့စကားကို ကြားလိုက်ရတဲ့အခါ အလျင်စလို ခေါင်းရမ်းလိုက်၏။ “မရှိပါဘူး၊ ကျွန်မတို့ မိသားစုရဲ့ စည်းမျဉ်းတွေက တင်းကျပ်တယ်။ အစေခံတစ်ယောက်က အမှားလုပ်မိတယ်ဆိုရင်တောင် သူ့ရဲ့ အသက်ကို ယူတာမျိုး မလုပ်ဘူး။ အများဆုံးမှ နှင်ထုတ်လိုက်ရုံပဲ။ အမေရဲ့ အထိန်းတော်နဲ့ အစေခံတွေလည်း အကုန်အဆင်ပြေပါတယ်။ ဘာမတော်တဆမှမရှိဘူး”
ရှဲ့ချောင် မျက်မှောက်ကြုတ်လိုက်သည်
သခင်ကြီးယန်ကတော့ နှုတ်ခမ်းတွန့်သွားပြန်သည်။
ကြည့်ပါလား၊ အလိမ်အညာတွေ!
ဤ ခြံဝန်းက သန့်ရှင်းနေခြင်းမရှိ။ အနက်ရောင်စွမ်းအင်များတစ်စုတည်းရှိနေ၏… ရုပ်လုံးမပေါ်သေးတဲ့ ဝိဉာဉ်များပမာ။ ဒါတင်မက အထဲမှာ ပိုပြီး အင်အားကြီးတဲ့ ဝိဉာဉ်ရှိနေလောက်သည်။ ၎င်းဟာ အိမ်အတွင်းပိုင်းထဲမှာဖြစ်ကာ, ထိုအရောင်အဝါက… ထိန်းသိမ်း၍ မရနိုင်ပေ။
“အထဲဝင်ပြီး ကြည့်ကြည့်လို့ရမလား” ရှဲ့ချောင် မေးလိုက်၏။
ယန်ရူကျောင်း ခေါင်းညိတ်လိုက်သည်။
ဒီအချိန်ဆို သူမအမေ ပြတင်းပေါက်ရှေ့မှာထိုင်ပြီး ပန်းထိုးနေလောက်မယ်မလား။
သူမက အမြဲတမ်း ဒီလိုပင်။ တစ်ခါတလေ၌ နေပူစာလှုံကာ ပန်းထိုးရင်း ငြိမ်ငြိမ်လေးနေနေတတ်သည်။ သို့သော် ဗြုန်းစားကြီး စိတ်ရူးဖောက်သွားတတ်ပြန်၏။ လွန်ခဲ့သည့် နှစ်များအတွင်း သူမ ညီမလေးမပြောနှင့် သူမတောင် တစ်ခါတစ်လေ အနားကပ်သွားဖို့ကို ကြောက်ရွံနေခဲ့သည်။
အခန်းမှာ အလွန်ကို သန့်ရှင်းလှသည်။ အခန်းထဲမှ ပရိဘောဂများကို မြင်လိုက်ရသည်နှင့် နန်းတွင်းစီစစ်ရေးမှူးယန်တစ်ယောက် ဇနီးသည်ကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုတာ ရှဲ့ချောင် ချက်ချင်းခံစားလိုက်နိုင်သည်။
အခန်းထဲ၌ ချွန်ထက်ပြီး အန္တာရာယ်များသော ပစ္စည်းတစ်ခုမှမရှိပေ။ ဥပမာ ကြွေထည်ပစ္စည်းလိုမျိုး။ လက်ဖက်ရည်ခွက်တောင်မှ သစ်သားဖြင့် လုပ်ထားသည်။ သူ့ဇနီး စိတ်ဖောက်သည့်အခါ
သူမကိုသူမ အနာတရဖြစ်အောင် လုပ်မိမှာကို စိုးရိမ်သည့်ပုံပင်။
ဒါ့အပြင် အခန်းထဲ၌ ပန်းတချို့လည်း ရှိ၏။ ၎င်းတို့က လှပကာ လူတွေကို စိတ်သက်သာရာရစေ၏။
ယန်ရူကျောင်းသည် အထိန်းတော်နှင့် အစေခံများအား ထွက်သွားဖို့ ပြောထားပြီဖြစ်ရာ အခန်းထဲ၌ သခင်မယန်တစ်ယောက်သာ ကျန်ရစ်နေလေသည်။
ရှဲ့ချောင် သခင်မယန်ကို မြင်လိုက်သည်နှင့် မသိစိတ်ကနေ ခြေတစ်လှမ်းနောက်ဆုတ်သွားမိသည်။
သခင်မယန်ကြောင့် လန့်သွား၍ မဟုတ်ဘဲ၊ သူမ
ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွယ်ကပ်နေသည့် မကောင်းဆိုးဝါးဝိဉာဉ်ကြောင့်ပင်။
မကောင်းဆိုးဝါးဝိဉာဉ်သည် ခန္ဓာကိုယ်တွင် တွယ်ဆက်လုနီးနီးဖြစ်နေကာ သခင်မယန်၏ မျက်နှာနှင့် တစ်ထပ်တည်းဖြစ်နေသည်။
သို့သော် နေရောင်ခြည်ဟာ တောက်ပနေလို့ပဲလား သခင်မယန်၏ စိတ်အခြေနေကောင်းနေပြီး ဝိဉာဉ်က သန်မာနေ၍ပဲလားတော့မသိ၊ မကောင်းဆိုးဝါးဝိဉာဉ်သည် လုံးလုံးလျားလျားကြီး ဝင်မပူးနိုင်ခဲ့ချေ။ ဒီလိုနှင့် အရိပ်တစ်ခုသဖွယ် ဖြစ်နေပြီး ယန်သခင်မ၏ လှုပ်ရှားမှုအတိုင်း လိုက်ပါနေခဲ့၏။
ထိုမကောင်းဆိုးဝါးဝိဉာဉ်သည် အနည်းငယ် ကြောက်စရာကောင်းလှ၏။
သူမရဲ့ မျက်လုံးတို့က အနက်ရောင်နှင့် အပြာရောင်ဖြစ်နေကာ သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက သွေးများဖြင့်နီနေသည်။ သာမန်လူတို့ မမြင်နိုင်သည့် သွေးစက်တို့က မြေကြီးပေါ် တစ်စက်စက်ကျလို့နေလျက်။
သူမရဲ့ ဝမ်းဗိုက်က.. ဟက်တက်ပွင့်နေလေသည်။
ဘာမှန်းမသိသည့် အစိတ်အပိုင်းတစ်ခုက အထဲမှာ တွဲလောင်းကျနေ၏။ ၎င်းဟာ သွေးများဖြင့်လွှမ်းနေကာ သူမရဲ့ အဝတ်အစားတို့က အစိတ်စိတ်အမြွှာမြွာ အဖြဲခံထားရသည်။ သခင်မယန် လှုပ်ရှားလိုက်တိုင်း သူမခန္ဒာကိုယ်ထဲက အရာက ထွက်ကျမလိုဖြစ်ကာ သူမ ကုန်းပြီး ကောက်လိုက်သည်။
“အမေ” ယန်ရူကျောင်းအထဲဝင်သွားပြီး ညီမလေး
ရဲ့ အဝတ်အစားကို ချုပ်နေသည့် အမေဖြစ်သူကို ကြည့်နေခဲ့၏။
သခင်မယန်၏ မျက်နှာမှာ ဖြူဖျော့နေသည်။ “ကျောင်းအာ ပြန်လာပြီလား၊ သမီးရောက်လာတာ ကွက်တိပဲ၊ အမေ့ကို ကူကြည့်ပေးပါဦး၊ အရောင်လေးလှရဲ့လား သမီးညီမလေးနဲ့ လိုက်လောက်လား”
ယန်ရူကျောင်းရဲ့ မျက်လုံးများမှာ နီရဲနေခဲ့သည်။ “လှတယ်”
သူမအမေဟာ ညီမလေးကို မွေးပြီးကတည်းက သူ့ကို မတော်တဆ ထိခိုက်မိမှာ စိုးရိမ်တာကြောင်ပ နီးနီးကပ်ကပ် မနေရဲခဲ့။
သူမအမေရဲ့ ကျန်းမာရေးဟာ ချို့တဲ့နေပြီး
မကြာခဏ ဖျားနာတတ်သည်။ သို့သော်လည်း သူမရဲ့ကလေးကို သတိရသည်။ သားသမီးလေးယောက်က သူမနဲ့အတူ မနေရဲသည့် အချိန်တိုင်း စိတ်မကောင်းဖြစ်ရသည်။
သို့ပေမဲ့ သူတို့ လာရင်တောင် သူမအမေက မကြာခဏ နှင်ထုတ်တတ်သည်။
သူမ နာမကျန်းဖြစ်နေတာကို သိတာကြောင့် သူတို့ကို ထိခိုက်သွားမှာ စိုးရိမ်နေခဲ့၏။
“တော်ရင်ပြီးတာပါပဲ” သခင်မယန် သက်ပြင်းချကာ တံခါးဘေးမှာ ရပ်နေသည့် ဆရာမမော့ကို မြင်သွားခဲ့သည်။ သူမရဲ့ ဝတ်ပုံစားပုံကို မြင်ပြီး အနည်းငယ် ပဟေဠိဖြစ်သွားကာ “ ကျောင်းအာ ဧည့်သည်ခေါ်လာတာလား”
“ဟုတ်တယ်အမေ၊ သူ(မ)က ဆရာမမော့တဲ့၊ မြို့တော်ထဲမှာ အရမ်းနာမည်ကြီးတဲ့ တာအိုဆရာတစ်ယောက်။ အမေ့ကို တွေ့ဖို့ လာတာလေ”
သခင်မယန် အံ့ဩသွားသည်။ “တာအိုဆရာ? သမီးအဖေက…”
သူမရဲ့ စကားတစ်ဝက်၌၊ သခင်မယန်၏ မျက်နှာထားမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။
“ ထွက်သွား! ထွက်သွား! မလာခဲ့နဲ့”
“နင်က မကောင်းဆိုးဝါး၊ မမကောင်းဆိုးဝါး…” သူမ ယန်ရူကျောင်းကို လက်ညှိးထိုးရင်း ရုတ်တရက် စပြီး အော်ဟစ်လေသည်။ သူမလက်ထဲက အဝတ်တွေကို လွင့်ပစ်ခဲ့၏။ သူမရဲ့ နဂိုဖြူဖျော့နေပြီးသား မျက်နှာဟာ ပို၍ပင်ဆိုးသွားခဲ့
ကာ မောဟိုက်နေလေသည်။
•••••