← Chapters

ကလေးအမေ

Vol. 37 Ch. 717

ကလေးအမေ

Vol. 37 Ch. 717

ယန်သခင်မ၏ အသံမှာ ဝမ်းနည်းကြေကွဲနေသလိုပင်။တစ်ခဏအကြာ၌ ဖိနပ်စီးထားလျက်ဖြင့် ကုတင်ပေါ်တက်သွားကာ ထောင့်တစ်နေရာ၌ ကုပ်ကုပ်လေး သွားနေနေသည်။

ယန်ရူကျောင်း မျက်ရည်များကို သုတ်လိုက်သည်။ “ဆရာမလည်း မြင်တာပဲ၊ အမေက.. အမြဲတမ်း ဒီလိုပဲ၊ စကားပြောနေရင်းနဲ့ကို ဗြုန်းစားကြီး ထထဖြစ်သွားတတ်တာ”

“နောက်ဆုတ်နေ” ရှဲ့ချောင် ပြောလိုက်သည်။ ထို့နောက် အိမ်တော်ထိန်းတစ်ယောက် အတင်းတိုးဝင်းလာတာကို မြက်လိုက်ရ၏။ သူမ တစ်ချက်ကြည့်လိုက်ရုံနှင့် စိုးရိမ်ရိပ်သန်းနေတဲ့ သူမျက်နှာကို တွေ့နေရသည်။ သခင်ကြီးယန် ဖြစ်လောက်မည်ပေ။

သူ့ဇနီးအတွက် စိတ်ပူပြီး အတင်းဝင်လာတာ ဖြစ်နိုင်သည်။

“သခင်ကြီးယန် ရောက်နေတာပါလား၊ သခင်မလေးယန်နဲ့အတူ ကျွန်မနောက်မှာသာ စောင့်နေပေးပါ”

နန်းတွင်းစီစစ်ရေးမှူးယန်မှာ ခဏတာ မှင်တက်သွားရသည်။ သူအရှေ့ကိုတိုးပြီး သူ့‌မိန်းမကို ကာကွယ်ဖို့ သွားလိုက်ချင်ပေမဲ့၊ ဆရာမမော့ရဲ့ တည်ငြိမ်နေတဲ့ မျက်နှာကို မြင်သည့်အခါ တွေဝေစွာနှင့် သဘောတူခဲ့သည်။

သူက ဒီအိမ်ရဲ့ သခင်ဆိုတာ ဒီစုန်းမ ဘယ်လိုသိတာလဲ?

သူ့ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အဝတ်တွေက ရိုးရှင်းနေရဲ့သားနဲ့။

“အဖေ၊ နည်းနည်းတော့လွန်တယ်” ယန်ရူကျောင်းသက်ပြင်းချမိကာ သူမအဖေကြောင့် ကူကယ်ရာမဲ့သလို ခံစားသွားရသည်။

နန်းတွင်းစိစစ်ရေးမှူးယန်သည်လည်း အပြစ်ရှိစိတ်ခံစားသွားရသည့်ပုံပင်။ “အဖေက.. သမီးလှည့်စားခံလိုက်ရမှာ စိတ်ပူလို့၊.. ဒီတာအိုဆရာက လူတွေကို လှည့်စားတဲ့နေရာမှာတော်တယ်။ နင်ပေ့မင်းသားတောင်မှာ သူ့(မ)ဆီကနေ မလွတ်ဘူး…”

“ဒါဆို အဖေကရော၊ နင်ပေ့မင်းသားတောင် အလှည့်စားခံရရင် အဖေရော လွတ်မယ်တဲ့လား”

ယန်ရူ‌ကျောင်း ခေါင်းရမ်းနေမိသည်။

သခင်ကြီးယန်မှာ လေလုံးမထွားရဲခဲ့ချေ။

အဖေနှင့် သမီးဖြစ်သူတို့ ဆရာ‌မမော့၏ နောက်‌ကျောကိုသာ ကြည့်နေခဲ့ကြသည်။

ရှဲ့ချောင် ဝါးခြင်းတောင်းကိုချကာ မက်မွန်သစ်သားဓားရှည်ကို ယူထုတ်လိုက်သည်။

ရှဲ့ချောင်သည် လက်ထဲတွင် မက်မွန်သစ်သားဓားရှည်ကို ကိုင်လျက် သခင်မယန်ဆီ ဦးတည်ထားကာ “ထွက်သွားစမ်း!”

သခင်ကြီးယန်မှာ သူ့ရဲ့ သခင်မယန်တစ်ယောက် တုန်ယင်နေတာမြင်ရ၍ နှလုံးသားနာကျင်နေရ

သည်။ သူ့ရဲ့ စိတ်အခြေနေမှာ ကောင်းမနေတော့။ “စုန်းမ၊ ငါ့မိန်းမကို မခြောက်နဲ့”

ရှဲ့ချောင် သခင်ကြီးယန်အား ဂရုမစိုက်ဟန်ဖြင့်သာ ကြည့်၍

“ရှင်က ဒီအတိုင်းသာမန်မျက်လုံးနဲ့ ဘာမှမမြင်နိုင်တဲ့ သေမျိုးလူသားတစ်ယောက်လေ၊ ဒီဆရာက ရှင့်မိန်းမကို ခြောက်နေတာမဟုတ်ဘူး။ ရှင့်မိန်းမဘေးမှာ နေနေတဲ့ ကလေးအ‌မေ ဝိဉာဉ်ကို ခြောက်နေတာ”

“အဓိပ္ပာယ်မရှိတာ! ကလေးအမေဝိဉာဉ်က ဘယ်လိုလုပ်ပြီး ငါ့မိန်းမဘေးမှာ နေနေနိုင်မှာလဲ!” သခင်ကြီးယန်က လုံးဝမယုံကြည်ပေ။

“ရှင်ကပဲ ကျွန်မကိုမေးရတယ်ရှိသေး” ရှဲ့ချောင် သူ့ကို ကြည့်၍ “အဲဒီဝိဉာဉ်က အဖြူရောင်အဝတ်

ကို ဝတ်ထားတယ်၊ သူ့ဗိုက်နားက အင်္ကျီက ပြဲနေပြီးတော့ ဗိုက်မှာလည်း အပေါက်ကြီးနဲ့။ အခေါင်းပေါက်ကြီးလို ဖြစ်နေတာ။ ကလေးမွေးပြီးပြီးချင်း သေသွားတာ ဒါမှမဟုတ် အူအထုတ်ခံထားရတာ ဖြစ်နိုင်တယ်။ ရှင်တို့မိသားစု အဲ့လိုလူတစ်ယောက်ကို ရန်စဖူးလား”

သခင်ကြီးယန်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာပင် နီနေလေပြီ “မဖြစ်နိုင်ဘူး၊ ငါတို့မိသားစုက မျိုးရိုးအဆက်ဆက် သန့်ရှင်းဖြောင့်မတ်လာတာ၊ ဒီလိုမျိုး လူတွေကို ဒုက္ခပေးမှာတဲ့လား”

ခွဲထုတ်တယ်? သူ ပုရွက်ဆိတ်‌တစ်ကောင်ကိုတောင် နင်းဖူးတာ မဟုတ်ဘူး”

“ခဏလေး!” ယန်ရူကျောင်း ရုတ်တရက် ပြောလိုက်ကာ တံခါးအပြင်က လူတစ်ယောက်ဆီ

အပြေးသွား၍ “အိမ်တော်ထိန်း၊ အထိန်းတော်လျန်ကို မြန်မြန် ခေါ်လာခဲ့။ ကျွန်မ… တစ်ခါက အမေပြောတာ ကြားဖူးတယ်။ အမျိုးသမီးတစ်ယောက် ကလေးမွေးပြီးတော့ သူ့ရဲ့ ဗိုက်က အဖောက်ခံလိုက်ရတယ်ဆိုပြီး…”

၎င်းက ကြာခဲ့ပြီးဆိုသော်ငြား ထိုအချိန်က သူမဟာ ငယ်ပြီး ကြောက်တတ်ခဲ့တာကြောင့် အဲဒီအကြောင်းအား မတော်တဆ ကြားလိုက်ရသည့်အခါ အလွန်လန့်သွားပြီး ညပေါင်းများစွာ အိပ်မက်ဆိုးများ မက်ခဲ့ရသည်။

ထိုအထိန်းတော်သည် တစ်ခဏ အတွင်းရောက်လာခဲ့သည်။

ယန်ရူကျောင်းက အလျင်စလိုမေးလိုက်၏။

“အထိန်းတော်၊ အမေ ကလေးမွေးခါနီးတုန်းက

မြို့တော်ထဲက ဝမ်းနည်းဖွယ်သေသွားခဲ့ရတဲ့ ကလေးအမေအကြောင်း ပြောခဲ့ဖူးလား”

အထိန်းတော်သည် တွေးကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ "ပြောပြဖူးတယ်လို့ထင်တယ်.."

“ကျွန်မကို မြန်မြန်ပြောပြ၊ အဲဒီ ကလေးအမေက ဘယ်သူလဲ။အဲ့တုန်းက ကျွန်မ ဒီအတိုင်းခိုးနားထောင်ခဲ့တာ၊ ငယ်လည်းငယ်သေးတဲ့ အချိန်ဆိုတော့ ရှင်းရှင်းလင်းလင်း မမှတ်မိဘူး!”

အထိန်းတော်သည် သေသေချာချာ ပြန်တွေးကြည့်နေကာ သခင်မလေး ပြောနေတဲ့သူအကြောင်း မှတ်မိသွားခဲ့၏။

“သခင်မရဲ့ ကိုယ်ဝန်က အဆင်ပြေခဲ့တာ မဟုတ်

ဘူး။မမွေးခင် သူ(မ) စိုးရိမ်နေခဲ့တာ။ အဲ့လိုကာလမှာ မြို့တော်ထဲ ဖြစ်သွားတဲ့ဟာကို အစေခံတွေပြောနေကြတာကြားပြီး ပိုပြီး စိတ်ပူသွားခဲ့သေးတာ…”

••••

All Chapters