← Chapters

အကြင်နာတရားမရှိသော

Vol. 37 Ch. 718

အကြင်နာတရားမရှိသော

Vol. 37 Ch. 718

"အဲဒီကိစ္စက … အရမ်းကြောက်စရာကောင်းတယ်၊ မြို့တော်မှာ ကလေးမွေးရတာခက်ခဲတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့ဖူးတယ်၊ သူ့ကလေးတွေက ထွက်မလာခဲ့ဘူး အဲဒါနဲ့ ဆွေမျိုးတွေက သားအိမ်ကို ခွဲပစ်ပြီး ကလေးကို ထုတ်ပစ်လိုက်ရော.. ဒါပေမဲ့ ကလေးတွေထွက်လာလာချင်းပဲ သူတို့က ဆက်‌နေတဲ့အမြွှာမိန်းကလေးတွေ ဖြစ်နေကြတယ်ဆိုတာ အမျိုးတွေ သိသွားတယ်။ သူတို့ကလည်း လန့်၊ ကလေးတွေကလည်း ငိုနဲ့ သိပ်မကြာဘူး သေသွားခဲ့တယ်…"

“ ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ ဘဝက ဘာမှမဟုတ်ပဲနဲ့ ဆုံးရှုံးသွားရတာ အရမ်းသနားဖို့ကောင်းတယ်၊ အဲ့အကြောင်းက အစေခံတွေပြောနေကြတာကို သခင်မယန်က မတော်တဆကြားသွားခဲ့တာ။ အဲ့တုန်းက သခင်မလည်း ကိုယ်ချင်းစာစိတ်ဖြစ်ခဲ့ရပေမဲ့ သူ့(မ)ကလေးမွေးရင်လည်း

တစ်ခုခုဖြစ်မှာကို စိုးရိမ်နေခဲ့တယ်။ သူ့(မ) ရက်ပိုင်းလောက်ထိ ကောင်းကောင်း အိပ်မ‌ပျော်နိုင်ခဲ့တာနဲ့ ဒီအစေခံအိုကြီးကပဲ အဖော်ပြုပေးခဲ့ရတာပါ”

အထိန်းတော်က အမှန်အတိုင်းဖြေ၏။

“ဒါပေမဲ့ အဲ့ကိစ္စကို အမှတ်မထင် ကြားလိုက်ရုံပါပဲ ကိုယ်ဝန်သည်က ဘယ်သူလဲဆိုတာတောင် မသိပါဘူး”

အထိန်းတော်က ရှင်းပြပြီးသွားသည့်နှင့် ယန်ရူကျောင်း သူမကို ပြန်လွှတ်လိုက်သည်။

ထို့နောက် သူမ ရှဲ့ချောင်အား စိတ်လှုပ်ရှားစွာနှင့် ကြည့်လိုက်၏။

“ဆရာမမော့၊ အထိန်းတော်ပြောသွားတာတွေက အမေနေမကောင်းတာနဲ့ ပတ်သက်ပြီး အထောက်အကူ ဖြစ်ရဲ့လား” ယန်ရူကျောင်း အလွန်စိုးရိမ်နေသည်။

သခင်ကြီးယန်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ ထိုသို့သော လူမျိုးရှိနေလိမ့်မယ်လို့ မထင်ထားခဲ့။

ဒါပေမဲ့…

အဲဒီအမျိုးသမီးက သူတို့ယန်မိသားစုနဲ့ ဘာအဆက်အစပ်မှ မရှိဘူးမဟုတ်လား?

သူမ ဆိုးဆိုးရွားရွာသေသွားခဲ့တယ်ဆိုရင်တောင် လက်စားချေဖို့အတွက် တခြားလူတစ်ယောက်ကို

ရှာခဲ့‌သင့်တာလေ။ ဘာလို့ သူ့မိန်းမကိုမှ လာရှာရတာလဲ?

ရှဲ့ချောင် မကောင်းဆိုးဝါးဝိဉာဉ်အား စိုက်ကြည့်ကာ

“နင့်ကလေးတွေက အပြစ်ကင်းသလို နင်လည်း အပြစ်ကင်းပါတယ်၊ဒါပေမဲ့ သခင်မယန်က နင်နဲ့ ဘာရန်ငြိုးမှမရှိတဲ့ဟာကို နင်ဘာလို့ အန္တရာယ်ပေးရတာလဲ”

ရှဲ့ချောင်သည်လည်း အဖြေရှာမရခဲ့ချေ။

မကောင်းဆိုးဝါးဝိဉာဉ်မှာ ပါးစပ်အဟောင်းသားနှင့်။ သူမမှာ နာကြည်းချက်များပြည့်လို့နေသည်။ သူမသည် အငြိုးကြီးဝိဉာဉ်အဆင့် မရောက်သေးသည့်တိုင် ဖြစ်လုဆဲဆဲပင်။

သခင်မယန်၏ ကိုယ်ထဲကနေ ထွက်သွားဖို့ ငြင်းဆိုနေခဲ့သည်။

သူမ ရှဲ့ချောင်ကို လစ်လျူရှုထားသည်။

ရှဲ့ချောင် မကျေမနပ်ဖြစ်သွားခဲ့၏။

“ငါနင့်ကို သက်ညှာပေးထားပြီးပြီ”။ ရှဲ့ချောင်ရဲ့ မျက်နှာ တည်နေခဲ့သည်။ သူမ အဆောင်စာရွက်တစ်ထပ်ကြီးကို ကောက်ယူ၍ ပစ်ပေါက်လိုက်ကာ “ငါနင့်ကို မေး‌နေတယ်၊ သေချာပြန်ဖြေစမ်း!”

မကောင်းဆိုးဝါးဝိဉာဉ်သည် ကျယ်လောက်စွာ အော်ဟစ်လျက် “နင့်အပူမပါဘူး၊ ထွက်သွားစမ်း၊ ေ*ာက် တာအိုဆရာ”

ရှဲ့ချောင် တခစ်ခစ်ရယ်လိုက်သည်။ “ငါ ခြံဝန်းထဲမှာ အားနည်းပြီး အသိစိတ်မရှိတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေ တွေ့ခဲ့တယ်။ သူတို့က မွေးပြီးပြီးချင်း‌ သေသွားတဲ့ ကလေးတွေဖြစ်လောက်တယ်။ နင့်ကလေးတွေရော ဒီမှာ ရှိနေတာလား”

သူမရဲ့စကားကြောင့် မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ မျက်နှာထားဟာ ပြောင်းလဲသွားခဲ့သည်။

“ငါ့သမီးတွေ! ငါ့သမီးတွေက ကြေကွဲဖွယ် သေသွားခဲ့ရတာ!”

“သူတို့က ဘာမှ ဆက်နေကြတာမဟုတ်ဘူး၊ ငါ့ကို လိမ်တာ၊ ငါ့ကလေးတွေ သေအောင်လုပ်ခဲ့တာ၊ သူတို့ သေသင့်တယ်!” ဝိဉာဉ်မှာ ရုတ်ချည်း စိတ်ပျော့သွားခဲ့၏။

သခင်မယန်အား အားကောင်းတဲ့ မကောင်းဆိုးဝါးစွမ်းအင်ကို ခံနိုင်ရည်မရှိတာကြောင့် သတိလစ်သွားခဲ့သည်။

“ငါ နင့်ကို ကူညီပေးနိုင်တယ်၊ ဒီမှာ ရှိနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေ ပြန်မဝင်စားနိုင်သေးတဲ့အကြောင်းရင်းက သူတို့က အရမ်းအားနည်းနေလို့ လျှောက်ပြီး ဟိုသွားလိုက် ဒီသွားလိုက် လုပ်နေကြတာ၊ အနှေးနဲ့အမြန် သူတို့ရပ်သွားကြလိမ့်မယ်၊ ငါနင့်ကို ကူညီပေးမယ်၊ သူတို့ကို အဝေးကို ပို့ပြီး ပျိုးထောင်ပေးလိုက်၊ ပြီးရင် ပြန်ဝင်စားလို့ရအောင် ပို့ပေး၊ ဒါမှ သူတို့ဝိဉာဉ်တွေ တစ်စစီ မပြန့်ကျဲကုန်မှာ”

မကောင်းဆိုးဝါးဝိဉာဉ်မှာ ထိုစကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။

သခင်ကြီးယန်ကတော့ အံ့ဩလွန်း၍ ပြောစရာစကား ပျောက်ဆုံးနေခဲ့၏။

သူ စကားတစ်လုံးချင်းစီကို နားလည်တယ်၊ ဒါပေမဲ့ အကုန်လုံးပေါင်းလိုက်တဲ့အခါကျတော့ ဘာလို့ နားမလည်တော့တာလဲ။

မကောင်းဆိုးဝါးဝိဉာဉ်? ပြန်ဝင်စားတာ? ဆရာမမော့က ဘယ်သူ့ကို ပြောနေတာလဲ?

“တကယ်.. ကူညီပေးနိုင်တာလား” မကောင်းဆိုးဝါးဝိဉာဉ်က မယုံကြည်ခဲ့ချေ။

“အရင်ဆုံး ငါ့ကို ပြောပြ၊ နင့်ကို ဘယ်သူ ထိခိုက်အောင် လုပ်ခဲ့တာလဲ၊ ငါ နင့်အတွက် လက်စားချေချင် ချေပေးလို့ရလောက်တယ်” ရှဲ့ချောင်က သူမ

ရဲ့ ဝမ်းဗိုက်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။

“အဲဒီ အကြင်နာတရားမရှိတဲ့ ပေါင်လွင်ရှန်း! ငါသူ့ကို လက်ထပ်ခဲ့တာ ခုနစ်နှစ်ရှိပေမဲ့ ကလေးတစ်ယောက်မှ မမွေးပေးနိုင်ခဲ့ဘူး။ သူငါ့ကို ရိုက်ချင်ရိုက်တယ် ဆူချင်ဆူတယ်၊ ငါ နောက်ဆုံး ကိုယ်ဝန်ရလာပြ‌န်တော့လည်း ဂရုမစိုက်ခဲ့ဘူး။ ငါ့မှာ စားမဝင်အိပ်မပျော်ဖြစ်ပြီး နောက်ဆုံး ကလေးမွေးတာ ခက်ခဲခဲ့ရတာ!”

မကောင်းဆိုးဝါးဝိဉာဉ်သည် ငိုကြွေးနေကာ ရှဲ့ချောင်အားတစ်ခွန်းချင်းစီ ရှင်းပြခဲ့သည်။

ပေါင်လွင်ရှန်းသည် မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ ခင်ပွန်းဖြစ်၏။ သို့သော် သူမရဲ့ ဗိုက်ကို ဖွင့်ခဲ့တဲ့သူတော့မဟုတ်။

ပေါင်လွင်ရှန်း၌ အဒေါ်တစ်ယောက်ရှိ၏။ သူမသည် လက်သည်တစ်ယောက်ဖြစ်ကာ ကျော်ကြားသူဖြစ်သည်။ သူမ၏ အရည်အချင်းမှာ ကောင်းမွန်တာကြောင့် ပေါင်မိသားစုက သူမကို အလွန်လေးစားကြသည်။

••••

All Chapters