ဖြစ်ကြောင်းကုန်စဉ်
Vol. 37 Ch. 719
ပေါင်လွင်ရှန်း၌ သားတစ်ယောက်မှမရှိသေးပေ။ ဝမ်းဆွဲသည်ဖြစ်တဲ့ သူ့အဒေါ်ဟာ သူမတူလေးနဲ့ ပတ်သက်ပြီး စိုးရိမ်ခဲ့၏။
တူမဖြစ်သူ ကလေးမွေးသည့်အခါ ကိုယ်တိုင်ကိုယ်ကျ အခြေနေသွားကြည့်ပြီး ကလေးမွေးပေးခဲ့သည်။
သူမသည် စွမ်းဆောင်ရည်ရှိပြီး တခြားသူတွေအတွက် ကလေးမွေးပေးသည့်အခါ စွမ်းဆောင်ရည်ရှိသည်ဆိုသော်ငြား သူမအမျိုးရဲ့ကလေးကို မွေးပေးတဲ့အခါတွင်တော့ ဘယ်တူနိုင်တော့မည်နည်း။
သူမဟာ မိခင်ဖြစ်သူကို လစ်လျူရှုပြီး ဗိုက်ထဲက
ကလေးကိုသာ အာရုံစိုက်ထားခဲ့သည်။ မွေးဖွားချိန်၌ ခက်ခဲတာကြောင့် သူမ ဆုံးဖြတ်ချက်မချနိုင်ခဲ့။
မိခင်ကိုသာ အင်အားဆက်သုံးခိုင်းနေမည်ဆိုလျှင် တကယ်လို့ ကလေးမွေးလာနိုင်ခဲ့လျှင်တောင် မိခင်ဟာ ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်။ မိခင်က သွေးထွက်လွန်ပြီးသေတာ သို့မဟုတ် ကလေးက အသက်ရှူကြပ်ပြီးသေသွားရတာမျိုး ဖြစ်နိုင်ချေရှိနေသည်။
သူမ မျက်လုံးထဲ၌ တူမဖြစ်သူဟာ သေလူတစ်ယောက်နဲ့ ဘာမှမခြား။
ကလေးအမေရဲ့ နားနားကို ကပ်ပြီး ကလေးကိုကယ်ချင်သည်ဟု ပြောခဲ့၏။
သူမဗိုက်ထဲ၌ ကလေးနှစ်ယောက်ရှိနေလေရာ အမေကို လက်လျှော့လိုက်လျှင်တောင် ကလေးတစ်ယောက်တည်းကိုသာ မွေးပေးနိုင်လိမ့်မည်။
သို့သော်လည်း အဲဒီအချိန်က မကောင်းဆိုးဝါးဝိဉာဉ်ဟာ သဘောတူခဲ့သည်။ သူမလည်း သူမကလေးတွေကို ကောင်းကောင်းအသက်ရှင်စေချင်ခဲ့သည်။
လက်သည်က ကလေးမွေးပေးချင်သည်ဟု သူမထင်ခဲ့ကာ အစိမ်းလိုက်ဗိုက်ခွဲပြီး မွေးထုတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့။
ကလေးများကို အသက်ရှင်လျက် ထုတ်နိုင်ခဲ့သည်။
ထိုအချိန်၌ မိခင်မှာသေသွားခဲ့၏။ သို့သော် ကလေးများကို ထုတ်လိုက်ပြီးနောက် အမြွှာမိန်းကလေးနှစ်ယောက်ဖြစ်နေလေရာ မိသားစုက တောင့်တနေခဲ့ရတာ လုံးဝဟုတ်မနေခဲ့ချေ။
ပေါင်လွင်ရှန်း၊ သူ့အမေ၊ သူ့အဒေါ် သူတို့အားလုံးက ကလေးတွေကို အထင်သေးစွာဖြင့် ကြည့်ခဲ့ကြ၏။ အမြွှာနှစ်ယောက်ကို စောင့်ရှောက်ရတာ အလွန်ပင်ပန်းလိမ့်မည်။ သူတို့မှာ ထိုသို့ စောင့်ရှောက်ဖို့ ငွေအားရော လူအားရော ရှိမနေခဲ့။
သူတို့က ငယ်သေးပြီး ပေါင်လွင်ရှန်းသည် နောက်မိန်းမတစ်ယောက်ထပ်ယူတဲ့နေရာမှာ သူမကလေးတွေကြောင့် နှောင့်နှေးသွားမှာကိုစိုးရိမ်နေသဖြင့်…..ရေနှစ်သတ်ပစ်ခဲ့ကြလေသည်။
တခြားလူများကိုတော့ ကလေးနှစ်ယောက်ဟာ ဆက်နေသည့်အတွက် မွေးပြီးပြီးချင်း အသက်မရှင်လိုက်ဟုသာ ပြောထားသည်။
မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ နှလုံးသား၌ အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။
သူမ၌ ရန်သူများစွာ ရှိသည်။ သူမ ယောကျာ်း၊ ဆွေမျိုးတွေနဲ့ သူ့အဒေါ်…
သို့သော်၊ ဝမ်းဆွဲသည်သည် သူမအား ကလေးကို ကယ်ချင်သည်ဟု ပြောခဲ့သူဖြစ်လေရာ ကလေးများရဲ့ သေဆုံးမှုအတွက် ကြိုးကိုင်ခြယ်လှယ်သူတွေထဲက တစ်ယောက်ဖြစ်လာသည်။ သူမ ပိုပြီးတောင် နာကြည်းမိသည်။ ဘာကြောင့်ရယ်မှန်းမသိ၊ သူမဟာ ဝမ်းဆွဲသည် သယ်သွားလေ့ရှိတဲ့ ချွန်ထက်သည့် လက်နှင့် ကတ်ကြေးတွင် တွယ်ကပ်သွားခဲ့သည်။
နောက်တော့ ထိုလက်သည်သည် သခင်မယန်
မီးဖွားမှာကို စောင့်ဆိုင်းပေးရန်အတွက် ယန်အိမ်တော်တွင် နေထိုင်ရန် ရောက်လာခဲ့၏။
အမျိုးသမီးများ မီးဖွားရသည်မှာ မရဏတံခါးကို ဖြတ်လျှောက်နေရသလိုပင်။ သူမရဲ့ ခန္ဓာကိုယ်က အားနည်းပြီး၊ သူမရဲ့ ဝိဉာဉ်က မတည်မငြိမ်ဖြစ်နေကာ ဝိဉာဉ်အမှတ်နေရာတွေက ပွင့်နေခဲ့သည်။
ကံဆိုးခြင်းဖြစ်ဖို့ရာ လွယ်ကူလှသည်။
လက်သည်သည် အငြိုးကြီးဝိဉာဉ်ရဲ့ သက်ရောက်ခြင်းကို ခံခဲ့ရပေမဲ့ ကလေးမွေးပေးတာ သူမတစ်ယောက်တည်း မဟုတ်သည့်အတွက် သခင်မယန်ဘာမှမဖြစ်ဘဲ သမီးတစ်ယောက်အား အောင်အောင်မြင်မြင် မွေးလိုက်နိုင်ခဲ့၏။
လက်သည်သည် ကောင်းကောင်းမလုပ်ဘဲ ပိုက်ဆံ
ကိုသာ ယူပြီးပြန်သွားခဲ့သည်။ ယန်အိမ်တော်၌ သူမရဲ့ ပစ္စည်းတစ်ခု ကျန်နေခဲ့လေသည်။
၎င်းဟာ ကလေးပေါင်းများစွာရဲ့ ချက်ကြိုးကို ဖြတ်ပေးခဲ့တဲ့ ကတ်ကြေးတစ်လက်ပင်။
ထိုကတ်ကြေးဟာ အသက်ပေါင်းများစွာကိုကယ်ခဲ့တာမှန်သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားခဲ့ရတဲ့ ကလေးများရဲ့ မကောင်းဆိုးဝါးစွမ်းအင်သည်လည်း တင်ကျန်နေ၏။ ပြန်ဝင်စားရန် အလွန်အားနည်းနေသည့် ဝိဉာဉ်များမှာ ထိုကတ်ကြေးတွင်သာ ကတ်ကျန်နေပြီး ခြံဝန်းထဲ၌ ရစ်ဝဲလို့နေကြသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ဝိဉာဉ်သည်လည်း အလားတူပင်။
သူမသည် ကတ်ကြေးတစ်လက်နောက်ကို လိုက်လာခဲ့တာဖြစ်ပြီး ယန်အိမ်တော်ထဲမှာ ပိတ်မိနေခဲ့သည်။
သခင်မယန်သည် အစကတော့ အဆင်ပြေနေခဲ့သေးပေးမဲ့၊ သူမရဲ့ အားနည်းနေတဲ့ကျန်းမားရေးအခြေနေနှင့် အိမ်ထဲကို ဝင်လာကြသည့် မသန့်စင်တဲ့အရာများစွာကြောင့် ရံဖန်ရံခါ ထူးထူးဆန်းဆန်းအရာတချို့ကို မြင်ခဲ့ရကာ တစ်ခုခုမူမမှန်နေတာကို ခံစားမိခဲ့၏။
၎င်းက အခြေနေကို ပိုဆိုးသွားစေသည့်အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးက သခင်မယန်ကိုပါ မနာလိုဖြစ်လာခဲ့သည်။
သူတို့နှစ်ယောက်စလုံး မိန်းမတွေပဲကို ဘာလို့ သူကျတော့ ကလေးမွေးနေတုန်း ဗိုက်ခွဲခံရပြီး သေသွားရတာလဲ?
သခင်မယန်ကျတော့ သူ့ယောကျာ်းဆီကလည်း အချစ်ခံရတယ်၊ ကလေးလည်း မွေးပေးနိုင်တယ်!
မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်လာကတည်းက သူမမှ နာကြည်းမုန်းတီးချက်များရှိနေခဲ့၏။ သူမဟာ ကြင်နာတတ်တဲ့သူတစ်ယောက် ဖြစ်ခဲ့တာဆိုလျှင်တောင် သူမ ခက်ခဲတဲ့အခြေနေရောက်သွားမှာ အသေချာပင်။ ဒါကြောင့် တခြားသူအပေါ် မနာလိုဖြစ်လာပြီး ဒုက္ခပေးချင်လာခဲ့သည်။
ထိုအတွေးပေါ်လာသည်နှင့် ၎င်းက မကောင်းဆိုးဝါးဝိဉာဉ်မှာ နက်နက်ရှိုင်းရှိုင်းကို အရိုးစွဲသွားကာ ဖျောက်ဖျက်လို့ မရတော့ချေ။
ဒီလိုနှင့် သခင်မယန်နောက်ကို တကောက်ကောက်လိုက်နေခဲ့သည်။
သူမရဲ့ကလေးတွေကလည်း ခြံဝန်းထဲမှာ ရှိနေပြီး သူမလည်း ဒီမှာနေကာ နေ့တိုင်း သူတို့ကို ကာကွယ်ပေးထားသည်။
ဤနေရာဟာ အနက်ရောင်စွမ်းအင်များပိုပြီးရှိတဲ့နေရာဖြစ်တာကြောင့် အနားဝန်းကျင်၌ အထီးကျန်နေသည့် ဝိဉာဉ်တချို့ ရှိနေနိုင်သည်။
ဒါကြောင့် သခင်မယန်အပေါ် သက်ရောက်မှုက ပိုပြီး ကြီးသွားခဲ့ရသည်။
သခင်မယန် အသိဝင်နေတဲ့ အချိန်ဆိုလျှင် ထိုမကောင်းဆိုးဝါးဝိဉာဉ် အဝေးကို ရောက်နေတာဖြစ်လောက်သည်။ သို့သော် ထိုဝိဉာဉ် ချဉ်းကပ်လာပြီဆိုတာနှင့် နာကြည်းချက်တွေက သူမအပေါ် သက်ရောက်ကာ ဝင်ပူးခံရလုနီးနီး။ မကောင်းဆိုးဝါးဝိဉာဉ်ကို မြင်နေရသည့် လူတစ်
ယောက်ပမာ ဖြစ်သွားရပြန်သည်။
သူမ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမဲ့ သူမ ပတ်ဝန်းကျင်၌ ဘယ်လောက်တောင် ဆိုးရွားနေလဲ သိနေသည်။
သူမ နေ့တိုင်းနှိပ်စက်ခံနေရ၏။
သို့သော် သာမန်လူများကတော့ မမြင်နိုင်ခဲ့။ အချိန်ကြာလာသည်နှင့် သည်းမခံနိုင်တော့။ လွယ်လွယ်နှင့် စိတ်ဆိုးတတ်လာသည်။ ကိစ္စသေးသေးလေးကတောင် သူမကို မကျေမနပ်ဖြစ်စေခဲ့သည်။
•••••