← Chapters

တူးမှာလား မတူးဘူးလား

Vol. 37 Ch. 720

တူးမှာလား မတူးဘူးလား

Vol. 37 Ch. 720

ဤအခိုက်အတန့်၌ မကောင်းဆိုးဝါးဝိဉာဉ်ခံစားခဲ့ရ‌တာတွေကို ရှဲ့ချောင်ကိုယ်ချင်းစာမိသည်။ သို့သော်လည်း သေဆုံးပြီးသားသူတစ်ယောက်ကို ပြန်ရှင်လာအောင် အသက်သွင်းလို့မရနိုင်။ သူမဟာ အသက်ရှင်စဉ်ကတည်း ကိုယ့်ကိုကိုယ်မချစ်ခဲ့။ ဒီလိုမျိုးသေခဲ့ရတာ သူမ အပြစ်လည်း ကင်းသည်ဟု မဆိုနိုင်ပေ။

သခင်မယန်မှာ မဖြစ်သင့်တဲ့‌ဒုက္ခကို ခံစားခဲ့ရ၏။

“သခင်ကြီးယန်၊ ပစ္စည်းတစ်ခုလောက် လူလွှတ်ပြီး ရှာခိုင်းပေးပါလား။ ဒီခြံဝန်းထဲမှာ လက်သည်ရဲ့ ကတ်ကြေးတစ်လက်ရှိလောက်တယ်။ ဘယ်နေရာမှာ ရှိနေလဲ ရှာကြည့်ကြည့်လိုက်”

သခင်ကြီးယန်သည် ခုနလေးတင် ဆရာ‌မမော့တစ်ယောက် လေထဲကို တတွတ်တွတ်နဲ့ပြောနေတာကို မြင်ပြီး ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေခဲ့၏။ အခု ရုတ်တရက် ကတ်ကြေးတစ်လက်ရှာဖို့ အပြောခံလိုက်ရတာကြောင့် သူ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူ့ဇနီးက မေ့လဲသွားပြီး ဘာဖြစ်သွားမှန်းသူလည်း မသိ။ သမားတော်တစ်ယောက် ခေါ်သင့်တာလေ!

“အမေနေမကောင်းဖြစ်ပြီးနောက်ပိုင်း၊ သူ့အနားမှာ ချွန်ထက်တဲ့ လက်နက်တစ်ခုမှ မထားထားရဲဘူး။ ဒါပေမဲ့ သူတစ်ခါတလေ ပန်းထိုးဖို့အတွက် ကတ်ကြေးတွေ ဘာတွေ လို‌တတ်တော့၊ တစ်နေရာရာမှာ သိမ်းထားလောက်တယ်….”

ယန်ရူကျောင်း ဘေးဘီဝဲယာကို ကြည့်လိုက်၏။

နောက်ဆုံးတော့ သခင်မလေးတစ်ယောက်ရဲ့ အပြုအမူတွေ ဘာတွေကို ဂရုမစိုက်တော့။ ခွေးခြေခုံပေါ်တက်၍ ခြေထောက်ထောက်ကာ သေတ္တာရဲ့ အပေါ်ဘက်ကို ရှာကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင်၊အထဲဘက်တွင် သော့ခတ်ထားတဲ့ သေတ္တာအသေးတစ်လုံး ရှိနေ၏။

သခင်မယန်သည် ပန်းထိုးလက်စ အခြေနေဖြစ်ခဲ့တာကြောင့် အထဲမှ သော့ဟာ ပွင့်နေခဲ့သည်။

“အထဲကို ကြည့်ကြည့်လိုက်” ယန်ရူကျောင်း သေတ္တာအား ရှဲ့ချောင်ဆီ အမြန်ယူသွားခဲ့သည်

ရှဲ့ချောင် ကြည့်ကြည့်၏။ အထဲ၌ တကယ်ကို ကတ်ကြေးတချို့ ရှိနေတာမှန်ပေမဲ့ သူမရှာနေတဲ့ဟာတော့ မရှိခဲ့။

ရှဲ့ချောင် ခေါင်းခါလိုက်၏။ “တခြားတစ်ခုရှိသေးလား”

ယန်ရူကျောင်းမှင်တက်သွားရသည်။

နောက်ထပ် ကတ်ကြေးထပ်မရှိတော့။ပင်မခြံဝန်း၌ ကတ်ကြေးထပ်ပြီး ရှိဖို့က မဖြစ်နိုင်ချေ။

“စုန်းမ၊ ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့၊ မြန်မြန်ထွက်သွားစမ်း!” သခင်ကြီးယန် ဒေါသထွက်သွားသည်။

သူ့သမီးကလည်း အဲ့ဒီ အဓိပ္ပာယ်မရှိတဲ့စကားတွေအတိုင်း လိုက်လုပ်နေတာ!

ရှဲ့ချောင် မကောင်းဆိုးဝါးဝိဉာဉ်ကို ကြည့်၍ “အဲဒီ ကတ်ကြေးတွေ ဘယ်မှာလဲ၊ ငါ့ကိုပြော”

မကောင်းဆိုးဝါးဝိဉာဉ်သည် ချီတုံချတုံဖြစ်နေကာ စကားသိပ်မပြောချင်သည့်ပုံပင်။ ရှဲ့ချောင် မက်မွန်သစ်သားဓားကိုကိုင်မြှောက်လိုက်သော်လည် သူမ ဘာမှ မလုပ်ရသေးခင်မှာတင် ဝိဉာဉ်က ပြောလာခဲ့၏။ “ခြံဝန်းထဲမှာ။ မြေကြီးထဲမှာ မြှုပ်ထားတယ်…”

ရှဲ့ချောင် မျက်မှောင်ကြုတ်သွားသည်။

“ဘာလို့ အဲ့မှာလဲ”

“အဲဒါ မိန်းမကြီးတစ်‌ယောက် မြှုပ်သွားတာ၊ ဘာလို့လဲ ငါလဲမသိဘူး” မကောင်းဆိုးဝါးဝိဉာဉ်က ခေါင်းရမ်းလိုက်၏။

ရှဲ့ချောင်ခေါင်းညိတ်လိုက်သည်။သူမက သခင်ကြီးယန်ကို ကြည့်တောင် မကြည့်၊ ခြံဝန်းထဲကို တန်းပြီး လျှောက်သွားခဲ့၏။ သူမဘေးနားက မကောင်းဆိုးဝါးဝိဉာဉ်ကို ကြည့်လိုက်ရင်း “ဒီနေရာလား၊ သေချာရဲ့လား”

“ဟုတ်တယ်၊ အဲဒီမှာ”

သူမ ယန်အိမ်တော်မှာနေလာတာ ကြာလေပြီ။ အတိတ်တုန်းက ဘာမှလုပ်စရာမရှိ။ ဒီနေ့ကျမှ ဒီလို အင်အားကြီးတဲ့ တာအိုဆရာတစ်‌ယောက် ရောက်ချလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။

သူမ ငြင်းလဲမငြင်းရဲခဲ့။

“တူးလိုက်” ရှဲ့ချောင် ထိုနေရာအား လက်ညှိုးထိုး

ပြ၍ အိမ်အိမ်တော်ထိန်းအား တူးခိုင်းလိုက်၏။

အိမ်တော်ထိန်းမှာ တုံဆိုင်းလို့နေလျက်။ သူ သခင်ကြီးကို ကြည့်လိုက်၏။ သခင်ကြီးယန်က မျက်မှောင်ကြုတ်ကာ “မင်းတော်လောက်ပြီ။ ငါ့အိမ်တော်က သန့်ရှင်းတယ်။ မင်း ဒီလိုလုပ်နေတာ ငါ့ကို လက်စားချေချင်လို့မလား။ ငါ့အရင်တုန်းက ပြောခဲ့တာတွေက နည်းနည်း လွန်သွားတယ်လို့ထင်ရင် မင်းငါ့ကို လက်ညှိုးထိုးပြီး ဝေဖန်လို့ရတယ်။ ဒါပေမဲ့ ငါ့ဇနီးက နှစ်တွေ အကြာကြီး ခံစားလာရတာ။ သူ့ကို နင်းခြေစော်ကားမှာမျိုး ခွင့်မပြုနိုင်ဘူး”

ထိုစကားကို ရှဲ့ချောင် စိတ်မဆိုးသွားခဲ့။

သူမ ယန်ရူကျောင်းကိုသာ ကြည့်၍ “မင်းက ဒီအညတရ တာအိုဆရာကို ငှားခဲ့တဲ့သူ၊ ငါ့ကိုပြော၊ မင်း တူးမှာလား မတူးဘူးလား”

ယန်ရူကျောင်းသည် သူမ အဖေအား တစ်ချက်ကြည့်ပြီးနောက် ဆရာမော့ထံပြန်ကြည့်လိုက်၏။ “တူးမယ်၊ ကျွန်မ ဆရာမမော့ပြောတဲ့အတိုင်းလုပ်မှာ”

သခင်ကြီးယန် ဒေါသထွက်သွားသည်။ “နင့်အမေက အခု အိပ်ယာပေါ်မှာ လဲနေတာလေ။ ဒီတာအိုဆရာတော်မှာ အစွမ်းရှိတယ်ဆိုရင် ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်မှာလဲ!”

ယန်ရူကျောင်းသည်လည်း ကြောက်နေသည့်တိုင် သူမ အခွင့်အရေးကိုတော့လက်လွှတ်မခံနိုင်ခဲ့

“အဖေ ၊ဆရာမမော့က သမီးကို မလိမ်လောက်ဘူးလိူ့ သမီးယုံတယ်!”

ပြောရရင် သူ ရှဲ့ချောင်ကို ယုံသည်။

ရှဲ့ချောင်က သစ်သားပြားကို ပေးလာကတည်းက ဆရာမမော့အပေါ် အလွန်ယုံကြည်တယ်ဆိုတာ သက်သေပြနေသည်။

ဒါကြောင့်မလို့ သူ(မ) ကျိန်းသေပေါက် ကူညီပေးနိုင်မှာ!!

ယန်ရူကျောင်း၏ မျက်နှာထက်၌ ခေါင်းမာတတ်သည့်ပုံစံဟာ အတိုင်းသား။

သခင်ကြီးသည် ရှဲ့နျိုရှန်းလို လူတွေကို ရိုက်နှက်တတ်သည့် သူမျိုး မဟုတ်ခဲ့ချေ။

သူ ဒေါသအထွက်လွန်ပြီး ယိုင်လဲလုမတတ်။ သူ့အင်္ကျီလက်ကိုခါ၍ ဇနီးကိုကြည့်ရန် အခန်းထဲ

ပြန်သွားခဲ့လေသည်။

•••••

All Chapters