← Chapters

အခန်း (၁၅၉၁-၁၅၉၃)

Vol. 107 Ch. 1591-1593

အခန်း (၁၅၉၁-၁၅၉၃)

Vol. 107 Ch. 1591-1593

အဆတစ်ရာစနစ် စာစဥ်(၁၀၇)

အခန်း(၁၅၉၁)

"မင်းကို ငါက ဘာလို့ မတိုက်ခိုက်ရဲရမှာလဲ"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားခဲ့သည်။

"ဒီဝူရှို့နတ်သစ်သီးကို ငါအရင် ရှာဖွေတွေ့ရှိခဲ့တယ်.. ဒါပေမဲ့ မင်းတို့က ဝူရှို့နတ်သစ်သီးကို ငါ့ရဲ့ရှေ့မှာပဲ ခွဲဝေနေကြတယ်.. မင်းတို့လို ကောင်တွေကို ငါက ဘာလို့ မတိုက်ခိုက်ရဲရမှာလဲ"

"မင်းလို အလယ်အလတ် ပကတိနတ်ဘုရား အဆင့်က ဝူရှို့သစ်သီးအတွက် ငါတို့နဲ့ ယှဥ်ပြိုင်ချင်တာလား"

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားက လှောင်ပြောင်၍ ပြောလိုက်သည်။

"အလယ်အလတ် ပကတိနတ်ဘုရားက ဘယ်လောက်အထိအစွမ်းထက်လဲ ဆိုတာ မင်းစမ်းကြည့်ရင် သိလာပါလိမ့်မယ်"

"သွားသေလိုက်စမ်း"

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ ခရမ်းရောင် မိုးကြိုးစွမ်းအားများကို ထုတ်ဖော်လိုက်သည်။

ပေ၂၀၀၀ ရှည်လျားသော ခရမ်းရောင် မိုးကြိုးသည် ကြောက်မက်ဖွယ်ကောင်းသော ဖျက်စီးခြင်း စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။

"ပိုင်းဖြတ်စမ်း"

ကျန်းချန်၏ ဥပဒေသ ၆မျိုး စွမ်းအားက ကောင်းကင်နှင့်မြေကြီးကိုပင် ထိုးဖောက်နိုင်သော ဓားအလင်း အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး သူ့ထံသို့ သက်ရောက်လာသော ခရမ်းရောင်မိုးကြိုးကို ပိုင်းဖြတ်လိုက်သည်။

"ဝုန်း.."

ကျယ်‌လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသား၏ ပုံရိပ်သည် ပေရာချီ အကွာအဝေးသို့ နောက်ပြန် လွင့်စင်သွားခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်မှုကြောင့် အစောပိုင်းက လော်ကျွင့်နှင့် တိုက်ခိုက်ခဲ့ရာမှ ရရှိခဲ့သည့် ဒဏ်ရာသည် အဆုံးသတ်တွင် ဖိနှိပ်ရန် ခက်ခဲလာခဲ့ပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

"တတိယအဆင့်ကို ‌‌ရောက်နေတဲ့ ဥပဒေသ ၆မျိုးပါလား.. မင်းက တကယ်ပဲ ပကတိနတ်ဘုရားအဆင့်မှာ ဥပဒေသ၆မျိုးကို တစ်ပြိုင်တည်း ကျင့်ကြံထားတာပဲ"

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏ ကျန်းချန်ကို ကြည့်နေသောအကြည့်တွင် အဆုံးသတ်၌ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားသည် ကိုယ်ခံပညာ ဥပဒေသများကို တစ်ပြိုင်တည်း ကျင့်ကြံသော ပါရမီရှင် အချို့ကို မြင်ဖူးခဲ့သည်။

သို့သော် ၎င်းတို့ထဲမှ အများစုသည် ဥပဒေသ၂မျိုး သို့မဟုတ် ၃မျိုးကိုသာ တစ်ပြိုင်နက် ကျင့်ကြံကြ၏။

ကျန်းချန် ကဲ့သို့ ဥပဒေသ၆မျိုးလုံးကို တစ်ပြိုင်နက် ကျင့်ကြံသူသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင်ပင် အလွန်တရာ ရှားပါး၏။

သူတို့ ထျန်းလဲ့နယ်မြေမှ နှစ်ပေါင်းတစ်သန်း အတွင်း နံပါတ်(၁)ပါရမီရှင်ဟု နာမည် ကျော်ကြားသော ပါရမီရှင်ပင်လျှင် ကိုယ်ခံပညာ ဥပဒေသ ၄မျိုးကိုသာ ကျင့်ကြံထား၏။

သိထားရမည့်အချက်မှာ ပကတိနတ်ဘုရား နယ်ပယ်အဆင့်တွင် ကျင့်ကြံသော ကိုယ်ခံပညာဥပဒေသ အရေအတွက်သည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်သို့ ရောက်လျှင် အဆင့်မည်မျှ ထိုးဖောက်နိုင်စွမ်း ရှိသည်ကို ကိုယ်စားပြု၏။

ကိုယ်ခံပညာ ဥပဒေသ၂မျိုးကို ကျင့်ကြံထားလျှင် ထိုကိုယ်ခံပညာ ဥပဒေသ၂မျိုး၏ မူလစွမ်အား၂မျိုးကို နားလည်နိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော ကျင့်ကြံသူသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် ဒုတိယအဆင့် ကောင်းကင်နတ်ဘုရား ဖြစ်လာနိုင်ပေသည်။

ကိုယ်ခံပညာဥပဒေသ ၄မျိုးကို ကျင့်ကြံသူသည် ကိုယ်ခံပညာဥပဒေသ ၄မျိုး၏ မူလစွမ်းအားကို နားလည်နိုင်သည်။

ထိုကဲ့သို့သော ကျင့်ကြံသူဆိုလျှင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် စတုတ္ထအဆင့်ကောင်းကင်နတ်ဘုရားပင် ဖြစ်လာနိုင်ပေသည်။

ကိုယ်ခံပညာ ဥပဒေသ၆မျိုးကို ကျင့်ကြံထားလျှင်မူ ကိုယ်ခံပညာ ဥပဒေသ၆မျိုး၏ မူလစွမ်းအားကို နားလည်နိုင်ပြီး ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုး‌ဖောက်သည်နှင့် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်မည် ဖြစ်ကာ နယ်မြေနတ်ဘုရားအဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့မည် ဖြစ်၏။

ဤအချိန်တွင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားသည် သူ၏ရှေ့ရှိ ကောင်လေးက အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ဖြင့် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲကို အဘယ်ကြောင့် ဝင်ရောက်နိုင်ခဲ့မှန်း အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

ထိုကောင်လေး၏ ကိုယ်ခံပညာ ဥပဒေသ ၆မျိုးသည် တတိယအဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ထိုကောင်လေး၏ တိုက်ခိုက်ရေး စွမ်းရည်သည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်ရှိ ပါရမီရှင် များစွာထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

"ဒီကောင်လေးက ဒီလောက်တောင် အားကောင်းတယ်လား"

ကျန်းချန်က ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားကို လွင့်စင်သွားအောင် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် တိုက်ပွဲကို ကြည့်ရှုနေကြသော နင်ယန်နှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီး တို့သည် အလွန်တရာ အံ့သြသွားခဲ့သည်။

အလယ်အလတ် ပကတိနတ်ဘုရား အဆင့်သာ ရှိသော အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

အထူးသဖြင့် နင်ယန်သည် သူမကိုယ်သူမ အလွန်တရာ ကံကောင်းသည်ဟု တွေးမိခဲ့သည်။

ကံကောင်းစွာဖြင့် သူမသည် ကျန်းချန်နှင့် ပထမဆုံး တွေ့ဆုံစဥ်က အလျှော့ပေးရန် ရွေးချယ်ခဲ့သည်။

သို့မဟုတ်လျှင် သူမအနေဖြင့် မည်သို့မည်ပုံ သေသွားရမည်ကိုပင် သိလိမ့်မည် မဟုတ်ပေ။

"ကောင်လေး မင်းက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားက သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။

သူ၏ အမူအရာက တဖြည်းဖြည်း သုန်မှုန်လာခဲ့၏။

"မင်းရဲ့ လက်ရှိအခြေအနေက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး.. မင်းဒီနေရာက ထွက်သွားမယ်ဆိုရင် သိပ်နောက်မကျသေးဘူး"

"စိတ်ကူးယဥ်မနေနဲ့"

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှ နတ်စွမ်းအားနှင့် မိုးကြိုးဥပဒေသများကို ပေါင်းစပ်ကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ထုတ်ဖော်၍ ကျန်းချန်ကို ဖိနှိပ်လိုက်၏။

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားသည် သာမန်ပါရမီရှင်သာ ဖြစ်သည်။

ယနေ့ သူ ရရှိထားသော အောင်မြင်မှုအားလုံးသည် သူ၏ ပြင်းထန်သော ဇွဲ၊လုံ့လနှင့်စိတ်ဓာတ် တို့ကြောင့် ဖြစ်၏။

သူက အကန့်အသတ်ရှိသော သူ၏ ပါရမီကြောင့် မိုးကြိုးဥပဒေသကိုသာ အချိန်ပြည့် ကျင့်ကြံခဲ့သည်။

ယခုအခါတွင် သူက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားနယ်ပယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေ၌ ကြီးကျယ်သော အခွင့်အလမ်းများ မရရှိနိုင်ခဲ့လျှင် အခြားသော ပါရမီရှင်များ၏ နောက်တွင် ဝေးကွာစွာ ကျန်ရစ်ခဲ့မည် ဖြစ်ကြောင်း သူကောင်းစွာသိ၏။

ယခုအခါတွင် သူသည် ကိုယ်ခံပညာ ဥပဒေသကို တိုးတက်စေနိုင်သော ဝူရှို့သစ်သီးကို တွေ့ရှိနေခဲ့ပြီ ဖြစ်ရာ မည်ကဲ့သို့ အလွယ်တကူ လက်လျှော့နိုင်ပါမည်နည်း။

ကျန်းချန်ကလည်း ချက်ချင်းဆိုသလိုပင် နတ်စွမ်းအားနှင့် ကိုယ်ခံပညာဥပေဒသ ၇မျိုးကို ပေါင်းစပ်ကာ ရောင်စုံကမ္ဘာငယ်လေးကို ထုတ်ဖော်၍ ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏ မိုးကြိုးအထူးပြု ပကတိနတ်ဘုရား ကမ္ဘာငယ်လေးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ပတ်ဝန်းကျင် နေရာလွတ်က ပေါက်ကွဲထွက်သွားခဲ့သည်။

ခန္ဓာကိုယ် သန်မာထွားကျိုင်းသောအမျိုးသားသည် လော်ကျွင့်နှင့် ယခင်တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် စွမ်းအားအများအပြားကို အသုံးပြုထားခဲ့၍ အတွင်းဒဏ်ရာပြင်းထန်စွာ ရရှိထားခဲ့သည်။

ထို့ကြောင့် ဤအခိုက်အတန့်တွင် ကျန်းချန်၏ အပြည့်အဝတိုက်ခိုက်မှုကို ခုခံရန် မဖြစ်နိုင်တော့ပေ။

ကျန်းချန်၏ ရောင်စုံကမ္ဘာငယ်လေးသည် ခန္ဓာကိုယ်သန်မာထွားကျိုင်းသောအမျိုးသား၏ မိုးကြိုးကမ္ဘာငယ်လေးကို ပြိုပျက်သွားစေခဲ့၏။

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏ ပုံရိပ်သည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ဆေးဥယျာဥ်အပြင်ဘက်ရှိ ပျက်စီးနေသော ခန်းမတစ်ခုပေါ်သို့ ပြင်းထန်စွာကျရောက်သွားခဲ့သည်။

ဖုန်မှုန့်များက မြင့်တက်လာခဲ့ပြီး မြေပြင်က ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့ကာ မြေပြင်တွင် ပေ၁၀၀၀ ရှည်သော အက်ကွဲကြောင်းတစ်ခုပင် ဖြစ်ပေါ်သွားခဲ့သည်။

"စီနီယာလဲ့ခွမ်း ရှုံးနိမ့်သွားတယ်လား"

သူမ၏ရှေ့မှ မြင်ကွင်းကို မြင်လျှင် ဆွဲဆောင်မှုရှိသော အမျိုးသမီးသည် မှင်တက်နေခဲ့ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။

ဤသည်က ထျန်းလဲ့ဂိုဏ်း၏ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူ ၅ယောက်ထဲမှ ၁ယောက် ဖြစ်သည့် စီနီယာလဲ့ခွမ်း ဖြစ်သည်။

ထိုကဲ့သို့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားသည် အလယ်အလတ် ပကတိနတ်ဘုရားအဆင့်မှ ကျင့်ကြံသူ၏ အနိုင်ယူခြင်းကို အမှန်တကယ်ပင် ခံခဲ့ရ၏။

"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အခြားတစ်ဖက်တွင်လည်း အင်မော်တယ်သတ္တဝါကို သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားနေသည့် လော်ကျွင့်သည် ဤမြင်ကွင်းကို မြင်လျှင် အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။

သူဘယ်တုန်းကမှ မျက်လုံးထဲ မထည့်ခဲ့သော ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားကို အနိုင်ယူနိုင်စွမ်း ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားသည် သူနှင့်တိုက်ခိုက်ခဲ့၍ အထွတ်အထိပ် အခြေအနေတွင် ရှိမနေတော့ချေ။

မည်သို့ပင် ဖြစ်စေကာမူ ၎င်းသည် မိုးကြိုး ဥပဒေသ၏ မူလစွမ်းအားကို နားလည်ထားသည့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ဖြစ်သည်။

သူ၏ လက်ရှိအခြေအနေမှာပင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားကို အလွယ်တကူ အနိုင်ယူရန် မဖြစ်နိုင်ပေ။

"ကောင်လေး.. မင်းငါ့ကို စောင့်နေပါ.. ဒီနေ့ကိစ္စအတွက် ငါလဲ့ခွမ်း မင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"

ပတ်ဝန်းကျင်မှ လူအနည်းငယ်က သူတို့အရှေ့ရှိ မြင်ကွင်းကြောင့် အလွန်အမင်း မှင်တက်နေစဥ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ကြုံးဝါးသံ တစ်သံသည် အပြင်ဘက်ရှိ အက်ကွဲကြောင်းထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ဖြူဖျော့သော မျက်နှာနှင့် သွေးများစွန်းပေနေသော ပုံရိပ်တစ်ခုသည် အက်ကွဲကြောင်းထဲကနေ ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး မိုးကြိုးအလင်းအဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးသွားခဲ့သည်။

ကျန်းချန်က ထွက်ပြေးသွားသည့် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားကို လျစ်လျူရှုလိုက်ပြီး အင်မော်တယ်သတ္တဝါနှင့် တိုက်ခိုက်နေသော လော်ကျွင့်ကို တိုက်ရိုက်ပင် ကြည့်လိုက်၏။

လော်ကျွင့်က အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိတော့ဘဲ အားကုန်ထုတ်သုံးကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်၍ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရနေသော အင်မော်တယ်သတ္တဝါကို ချက်ချင်းပင် သတ်ဖြတ်ပစ်လိုက်၏။

ထို့နောက်တွင် သူက ကျန်းချန်ကို စူးစိုက်ကာ ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"မင်းက တကယ်ပဲ ဥပဒေသ၆မျိုးကို တစ်ပြိုင်နက်ကျင့်ကြံထားတဲ့ ထိပ်တန်း ပါရမီရှင် ဖြစ်နေလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး"

ထိုစကားကိုကြားလျှင် ကျန်းချန်က လော်ကျွင့်ကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်ကာ ပြောလိုက်သည်။

"ဘယ်လိုလဲ.. ငါက အခု ဝူရှို့နတ်သစ်သီးအတွက် ယှဥ်ပြိုင်ဖို့အရည်အချင်း ပြည့်မီပြီလား"

"မင်းက အရည်အချင်း ပြည့်မီပါတယ်.. ငါလော်ကျွင့် မင်းကို လေးစားပါတယ်"

လော်ကျွင့်က အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်ကာ ပြောလိုက်သည်။

"ဒီနေရာမှာရှိတဲ့ ရတနာအားလုံးမှာ ငါက ဝူရှို့သစ်သီးတစ်လုံးကိုပဲ ယူမယ်...ကျန်တာအကုန်လုံး မင်းအပိုင်ပဲ.. မင်းဘယ်လိုသဘောရလဲ"

အခန်း(၁၅၉၁)ပြီး၏။

အခန်း(၁၅၉၂)

သူ၏ရှေ့မှကောင်လေးသည် အလယ်အလတ် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သာ ရှိသော်လည်း ဥပဒေသ ၆မျိုးကို တစ်ပြိုင်နက်တည်း ကျင့်ကြံထား၍ တိုက်ခိုက်ရေး စွမ်းရည်သည် အလွန်တရာပင် ထူးခြား၏။

လော်ကျွင့်သည် အလွန်တရာ သတိကြီးသူ ဖြစ်သည်။

ထို့ကြောင့် သူ၏ရှေ့မှကောင်လေးကို အနိုင်ယူရန် မသေချာသောအခြေအနေတွင် တိုက်ခိုက်လိုသောဆန္ဒ မရှိတော့ချေ။

ဤဆေးဥယျာဥ်တွင် ရတနာများစွာ ရှိသော်လည်း လော်ကျွင့် အမှန်တကယ် စိတ်ဝင်စားသည့် တစ်ခုတည်းသောအရာမှာ ဝူရှို့သစ်သီးသာ ဖြစ်သည်။

သူက ဝူရှို့သစ်သီး တစ်လုံးကို ရရှိသည်နှင့် သူ၏ ပန်းတိုင်ကို ရောက်ရှိသွားပြီဟု ဆိုရမည် ဖြစ်သည်။

"ငါသဘောတူတယ်"

ကျန်းချန်က ခဏမျှ စဥ်းစားပြီးနောက်တွင် ခေါင်းညိတ်လိုက်သည်။

တကယ်တမ်းတွင် သူသည် ဤနေရာမှ ရတနာများကို တစ်ဦးတည်း သိမ်းပိုက်ရန် တစ်ခါမှ မတွေးဖူးပေ။

ယခု လော်ကျွင့်က အလျှော့ပေး၍ ကမ်းလှမ်းနေသည် ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ ငြင်းဆန်ရပါမည်နည်း။

အဆုံးသတ်တွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို အနိုင်ယူရန်မှာ မလွယ်ကူပေ။

သူက အစောပိုင်းတွင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားနှင့် တိုက်ခိုက်ရာ၌ စွမ်းအားများစွာကို အသုံးပြုထားခဲ့ရသည်။

သူ၏ရှေ့မှ လော်ကျွင့်သည် ခွန်အားနှင့် တခြားသော ကဏ္ဍအရပ်ရပ်တွင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားထက် ပို၍ အားကောင်းသောသူ ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်သည် မလိုအပ်ဘဲ လော်ကျွင့်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် တစ်ခါမှ မတွေးထားခဲ့ပေ။

"ကျေးဇူးတင်ပါတယ်"

စကားဆုံးသည်နှင့် လော်ကျွင့်က ဝူရှို့သစ်သီး တစ်လုံးကို ယူလိုက်ကာ နင်ယန်နှင့်အတူ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဆွဲဆောင်မှုရှိသော အမျိုးသမီးသည် ဤအခိုက်အတန့်တွင် မှင်တက်ရာကနေ ပြန်လည်အသိဝင်လာခဲ့ပြီး ဆေးဥယျာဥ် အပြင်ဘက်သို့ ထွက်ပြေးရန် ပြင်လိုက်၏။

ထိုအချိန်မှာပင် ကျန်းချန်၏ အေးစက်စက် အသံသည် သူမ၏ ကျောဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"မင်းအသက်ဆက်ရှင်ချင်တယ်ဆိုရင် ဘယ်မှ ထွက်မသွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် တောင့်တင်းသွားခဲ့သည်။

ကျန်းချန်က ဆွဲ‌ဆောင်မှုရှိသော အမျိုးသမီးကို လျစ်လျူရှုလိုက်ကာ ဝူရှို့သစ်သီးနှင့် ဆေးဥယျာဥ်မှ အခြားသော ရတနာများကို စတင် စုဆောင်းလိုက်၏။

ကျန်းချန်က ဆေးဥယျာဥ်ရှိ ရတနာအားလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်ပြီးနောက်တွင် ဆွဲ‌ဆောင်မှုရှိသောအမျိုးသမီး ဆီသို့ လျှောက်လာခဲ့သည်။

ဆွဲဆောင်မှုရှိသောအမျိုးသမီးက သူမ၏ ရှေ့မှ ကျန်းချန်ကိုကြည့်ကာ အလွန်တရာပင် ထိတ်လန့်နေခဲ့၏။

"မင်းငါ့ကို မကြောက်ပါနဲ့.. ငါမင်းကို မေးခွန်းအနည်းငယ်ပဲ မေးမယ်.. မင်းအမှန်အတိုင်းဖြေရင် ငါမင်းကို လွှတ်ပေးမှာပါ"

"သခင်လေး သိချင်တာမေးပါ ကျွန်မ သိသလောက် အားလုံးဖြေပေးပါ့မယ်"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ခပ်သွက်သွက်ပင် ပြောလိုက်သည်။

ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်၏။

"မင်းနဲ့ မင်းရဲ့စီနီယာအစ်ကိုက ဘယ်နယ်မြေကနေ လာတာလဲ.. ဒီရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ဝင်ရောက်လာတဲ့ ပါရမီရှင်တွေက ဘယ်နယ်မြေတွေကလဲ"

"ကျွန်မတို့က ထျန်းလဲ့နယ်မြေမှာ အကြီးဆုံးဂိုဏ်း ဖြစ်တဲ့ ထျန်းလဲ့ဂိုဏ်းရဲ့ တပည့်တွေပါ.. ဒီရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ပိုင်ယွင်နယ်မြေ၊ ကြယ်သင်္ကေတနယ်မြေ၊ စန်းရှန့်နယ်မြေနဲ့ ကျွန်မတို့ ထျန်းလဲ့နယ်မြေတို့က ပူးတွဲထိန်းချုပ်ထားတယ်.. ဒီထဲက ဝင်ရောက်လာတာ ဒီနယ်မြေ၄ခုက ပါရမီရှင်တွေပါပဲ"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက စိတ်နှလုံးထဲတွင် ကျန်းချန်နှင့် ပတ်သက်၍ သံသယအချို့ ရှိနေသော်လည်း တရိုတသေပင် ပြန်ဖြေလိုက်သည်။

နယ်မြေ၄ခုသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို နှစ်သန်းပေါင်းများစွာကြာအောင် ထိန်းချုပ်ခဲ့၏။

ထိုကြောင့် နယ်မြေ၄ခုမှ တပည့်များသည် ဤအချက်အလက်ကို ကောင်းမွန်စွာ သိရှိထားကြသည်။

သို့သော်လည်း သူမ ရှေ့မှလူသည် ဤအချက်အလက်များကို သိမထား၍ အလွန်တရာ ထူးဆန်းနေ၏။

ဤလူသည် နယ်မြေ၄ခုမှ ပါရမီရှင် မဟုတ်ဘဲ အခြားသောနယ်မြေမှ ပါရမီရှင်များ ဖြစ်နေပါသလော။

သို့ဆိုလျှင် ဤလူသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို မည်ကဲ့သို့ ဝင်ရောက်လာခဲ့ပါသနည်း။

ဆွဲဆောင်မှုရှိသော အမျိုးသမီး၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် တဖျပ်ဖျပ် လက်သွားခဲ့သည်။

အမျိုးသမီး၏ စကားထဲတွင် ဤနေရာကို နယ်မြေ၄ခုမှ ထိန်းချုပ်ထားပြီး ရှေးဟောင်းနဂါးကုန်းမြေ မပါဝင်ခဲ့ပေ။

ရှေးဟောင်းနဂါးကုန်းမြေမှ ရှေးဟောင်းနဂါး မျိုးနွယ်စုများသည် ဤနေရာသို့ ဝင်ရောက်ခွင့်ရသည်မှာ မတော်တဆဖြစ်ရပ်တစ်ခုသာ ဖြစ်ပုံရ၏။

ထိုမတော်တဆဖြစ်ရပ်က မည်ကဲ့သို့ ဖြစ်ပွားခဲ့မှန်း ကျန်းချန် မသိပေ။

သို့သော်လည်း ရှေးဟောင်းနဂါး မျိုးနွယ်စုကို တည်ထောင်ပြီးကတည်းကပင် ဤနေရာကို ရှေးဟောင်းနဂါးမျိုးနွယ်စုမှ လူများသည် နှစ်၁၀၀၀လျှင် ၁ကြိမ် ဝင်ရောက်ခဲ့ကြသည်။

သို့ဆိုလျှင် ဤလူများသည် ရှေးဟောင်းနဂါးကုန်းမြေ တည်ရှိမှုကို အဘယ်ကြောင့် မသိရှိရပါသနည်း။

"ဒီရှေးဟောင်းနဂါးအမွေအနှစ်နယ်မြေနဲ့ ပတ်သက်ပြီး မင်း သိသလောက် ရှင်းပြပါလား"

ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေနှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းလိုက်သည်။

ဆွဲဆောင်မှုရှိသော အမျိုးသမီးသည် ဤနေရာကို ထိန်းချုပ်ထားသော နယ်မြေ၄ခုထဲမှ ၁ခုဖြစ်သည့် ထျန်းလဲ့နယ်မြေမှ ကျင့်ကြံသူ ဖြစ်၏။

သူမက ရှေးဟောင်းနဂါး မျိုးနွယ်စုထက်ပင် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေနှင့် ပတ်သက်၍ ပို၍ နားလည်ပုံရသည်။

ထို့ကြောင့် ကျန်းချန်က ဆွဲဆောင်မှုရှိသော အမျိုးသမီးကို ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေနှင့် ပတ်သက်၍ မမေးဘဲ မမေးနိုင်တော့ပေ။

လွန်ခဲ့သော နှစ်သန်းပေါင်းရာချီက မဟာနဂါးနယ်မြေဟု ခေါ်သော အင်အားကြီးမားသည့် နယ်မြေတစ်ခု ရှိခဲ့သည်။

မဟာနဂါးနယ်မြေသည် အလွန်တရာပင် အစွမ်းထက်ပြီး မရေမတွက်နိုင်သော နယ်မြေနတ်ဘုရားများကို ပိုင်ဆိုင်ထားသည်သာမက နတ်ဘုရင်အဆင့် ကျင့်ကြံသူများပင် ရှိ၏။

နောက်ပိုင်းတွင် မဟာနဂါးနယ်မြေတွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများအပါအဝင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ၂ဦးပင် ပါဝင်တိုက်ခိုက်ခဲ့ကြ၏။

အဆုံးသတ်တွင် ထိုတိုက်ပွဲသည် မဟာနဂါးနယ်မြေကို နိဂုံးချုပ်သွားစေခဲ့သည်။

မဟာနဂါး နယ်မြေတစ်ခုလုံးက လုံးဝ ပြိုကွဲသွားခဲ့ပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့၏။

ဤရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို ထိန်းချုပ်ထားသော နယ်မြေ၄ခုသည် မဟာနဂါးနယ်မြေကနေ ကွဲထွက်သွားသော နယ်မြေများ ဖြစ်ကြသည်။

ကွဲထွက်သွားသောနယ်မြေ၄ခု အပြင် မဟာနဂါးနယ်မြေတွင် မပျက်စီးဘဲ ကျန်ရှိသော နယ်မြေတစ်ခု ရှိသည်။

ထိုနယ်မြေမှာ ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေပင် ဖြစ်သည်။

မဟာတိုက်ပွဲတွင် ကျန်ရစ်ခဲ့သော မဟာနဂါးနယ်မြေမှ အမွေအနှစ် ရတနာများသည် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲသို့ ကျရောက်သွားခဲ့သည်။

နယ်မြေ၄ခုက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးမှသာ အဆုံးသတ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး အမွေအနှစ် နယ်မြေ အဖြစ် သတ်မှတ်ကာ ပူးတွဲ ထိန်းချုပ်ခဲ့ကြသည်။

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ဒီလိုဖြစ်တည်လာတာကိုး"

ဆွဲဆောင်မှုရှိသော အမျိုးသမီး၏ ရှင်းပြမှုကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူက ခဏမျှ စဥ်းစားလိုက်ပြီးမှ အမျိုးသမီးကို မေးလိုက်၏။

"မင်း ရှေးဟောင်းနဂါးကုန်းမြေ အကြောင်း တစ်ခါမှ မကြားဖူးဘူးလား"

"မကြားဖူးဘူး.. နတ်ဘုရားနယ်မြေမှာ နယ်မြေတွေ မရေမတွက်နိုင်အောင် ရှိတယ်.. ဒဏ္ဍာရီအရ နတ်ဘုရားနယ်မြေက တစ်ချိန်တုန်းက တိုက်ကြီးတစ်တိုက် ဖြစ်ခဲ့တယ်လို့ ဆိုကြတယ်.. နောက်ပိုင်းမှာတော့ နတ်ဘုရားနယ်မြေက ပြိုပျက်သွားခဲ့ပြီး ဘီလီယံနဲ့ချီတဲ့ ဖုန်မှု့န်တွေက နယ်မြေ၃၀၀၀ အဖြစ် တိုးတက် ပြောင်းလဲလာခဲ့တယ်.. ဖုန်မှုန့်တိုင်းက နယ်မြေတစ်ခုပဲ.. နယ်မြေနတ်ဘုရားအဆင့်ကို မရောက်သရွေ့ နယ်မြေတွေကို အလွယ်တကူ ဖြတ်ကျော်နိုင်ဖို့ မလွယ်ဘူး.. ကျွန်မ သိတာက ကျွန်မတို့ရဲ့ နယ်မြေ၄ခုနဲ့ ပတ်ဝန်းကျင်က နယ်မြေ၁၀ခုကျော်လောက်ပါပဲ"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

နတ်ဘုရားနယ်မြေမှ နယ်မြေ၃၀၀၀သည် တိုက်ကြီးတစ်တိုက် ပျက်စီးသွားပြီးနောက်တွင် ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း ဤအချက်အလက် မှတ်တမ်းများသည် ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် မရှိပေ။

ဤသည်ကိုကြည့်လျှင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အဆင့်အတန်းက တခြားသောနယ်မြေများနှင့် ယှဥ်လျှင် နိမ့်ကျနေသည်မှာ ထင်ရှား၏။

"အပြင်ဘက်က လူတွေ ဒီထဲ ဝင်ရောက်လာတာကို မင်းတို့နယ်မြေ၄ခုက သတိမထားမိဘူးလား"

ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် စူးစမ်းစွာ မေးလိုက်သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စုသည် နှစ်သန်းချီ သမိုင်းကြောင်းရှိသော မျိုးနွယ်စု ဖြစ်သည်။

ထို့အပြင် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် အမွေအနှစ်နယ်မြေ ဖွင့်လှစ်တိုင်းတွင် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ လူများအား စေလွှတ်လေ့ရှိသည်။

သို့ဆိုလျှင် နယ်မြေ၄ခုမှ လူများသည် အဘယ်ကြောင့် သတိမထားမိရပါသနည်း။

"သတိမထားမိဘူး"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ခေါင်းခါရမ်းလိုက်သည်။

သူမသည်လည်း အံ့အားသင့်နေခဲ့၏။

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လေသံကို နားထောင်ခြင်းဖြင့် ထိုလူငယ်၏ နောက်ကွယ်မှ အင်အားစုသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ယခင်ကလည်း ဝင်ရောက်ခဲ့ပုံရသည်။

သို့သော်လည်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို သူမတို့ နယ်မြေ၄ခုမှ ထိန်းချုပ်ထား၍ ပတ်ဝန်းကျင်ရှိ အခြားသော နယ်မြေများပင် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

ရုတ်တရက် ဆွဲဆောင်မှုရှိသောအမျိုးသမီးသည် တစ်စုံတစ်ရာကို စဥ်းစားမိသွားခဲ့၏။

ချက်ချင်းဆိုသလိုပင် သူမ၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ပါးစပ်ကနေ မရေရွတ်ဘဲ မနေနိုင်တော့ပေ။

"ရှင်.. ရှင်က ရှေးဟောင်းနဂါး မျိုးနွယ်စုကလား.. ရှင်တို့ရှေးဟောင်းနဂါး မျိုးနွယ်စုက မဟာနဂါးနန်းတော်ရဲ့ မျိုးဆက်တွေ မဟုတ်လား"

အခန်း(၁၅၉၂)ပြီး၏။

အခန်း(၁၅၉၃)

"မင်းတို့က ရှေးဟောင်းနဂါး မျိုးနွယ်စုကို သိတယ်လား"

ကျန်းချန်၏ မျက်ဝန်းများက တဖျပ်ဖျပ် လက်သွားခဲ့သည်။

နယ်မြေ၄ခုမှ လူများသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့ပုံ ရ၏။

သို့သော်လည်း ရှေးဟောင်းနဂါးမျိုးနွယ်စုမှ လာသည်ဟု သိပုံမရဘဲ သူတို့ကို မဟာနဂါးနန်းတော်၏ မျိုးဆက်များ အဖြစ် သတ်မှတ်ခဲ့ကြသည်။

ဆွဲဆောင်မှုရှိသော အမျိုးသမီးက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

"ဂိုဏ်းထဲက ဘိုးဘေးတချို့ကတော့ ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေမှာ ရှေးဟောင်းနဂါး မျိုးနွယ်စုလို့ ကိုယ့်ကိုယ်ကိုယ် အခိုင်အမာ ပြောဆိုတဲ့သူတွေကို တွေ့ဖူးတယ်လို့ ကျွန်မ ကြားဖူးတယ်.. သူတို့က ကံကောင်းစွာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မဟာနဂါးနန်းတော်ရဲ့ မျိုးဆက်တွေ ဖြစ်မယ်ထင်တယ်"

သို့သော် ဤတစ်ယောက်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှဖြစ်လျှင် ရှေးဟောင်းနဂါးမျိုးနွယ်စုက မဟာနဂါးနယ်မြေမှ ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော မဟာနဂါးနန်းတော်၏ မျိုးဆက်မှန်း အဘယ်ကြောင့် မသိရပါသနည်း။

ဆွဲဆောင်မှုရှိသော အမျိုးသမီးက အနည်းငယ် အံ့အားသင့်နေခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက လေးနက်သွားခဲ့၏။

"ဒီမဟာနဂါးနန်းတော်က မဟာနဂါးနယ်မြေမှာ ဘယ်လောက်အထိ အင်အားကြီးခဲ့လဲ"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ကျန်းချန်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

"မဟာနဂါးနန်းတော်က ရှေးတုန်းကဆိုရင် မဟာနဂါးနယ်မြေရဲ့ အရှင်သခင်ပဲ.. ဒါ့အပြင် မဟာနဂါးနန်းတော်မှာ နတ်ဘုရင်အဆင့် ကျင့်ကြံသူလည်း ရှိတယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

သူ ယခင်က သိထားသော အချက်အလက်များအရ ဆိုလျှင် ရှေးဟောင်းနဂါးကုန်းမြေသည် နတ်ဘုရားနယ်မြေ၏ အစွန်အဖျားတွင် တည်ရှိသည့် သေးငယ်သော နယ်မြေလေးတစ်ခုသာ ဖြစ်သည်။

ထို့အပြင် ရှေးဟောင်းနဂါးမျိုးနွယ်စုကို ရှေးဟောင်းနဂါးကုန်းမြေတွင် တည်ထောင်သည့် အချိန်ကစ၍ နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိခဲ့ပေ။

သို့ဖြစ်ရာ နတ်ဘုရင်အဆင့် ကျင့်ကြံသူကိုပင် ပိုင်ဆိုင်ခဲ့သော မဟာနဂါးနန်းတော်နှင့် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် မည်ကဲ့သို့ ဆက်စပ်မှု ရှိနေရပါသနည်း။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သည်။

ဒဏ္ဍာရီအရ ရှေးဟောင်းနဂါး မျိုးနွယ်စုကို ရှေးဟောင်းနဂါးကျဆုံးခဲ့သောနေရာတွင် တည်ဆောက်ခဲ့သည်ဟု ဆိုကြ၏။

ထိုရှေးဟောင်းနဂါးသည် မဟာတိုက်ပွဲကနေ ထွက်ပြေးလာခဲ့သော မဟာနဂါးနန်းတော်မှ အဖွဲ့ဝင် တစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။

သို့ဆိုလျှင် ရှေးဟောင်းနဂါး မျိုးနွယ်စုကို တည်ထောင်ရာတွင် အခြေခံအုတ်မြစ် ဖြစ်သည့် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ထိုသူကပင် ချန်ထားခဲ့ပါသလော။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတောတော့ပေ။

သူက ဆွဲဆောင်မှုရှိသော အမျိုးသမီးကို နယ်မြေ၄ခုမှ ပါရမီရှင်များ၏ ခွန်အားနှင့် မဟာနဂါးနန်းတော်၏ တိကျသော တည်နေရာ အပါအဝင် တချို့သော အချက်အလက်များကို မေးမြန်းခဲ့သည်။

ဆွဲဆောင်မှုရှိသော အမျိုးသမီးကလည်း သူမ သိထားသမျှအားလုံးကို ကျန်းချန်အား မချွင်းမချန် ပြောပြခဲ့သည်။

သူသိလိုသော အချက်အလက်များကို သိရှိပြီးနောက်တွင် ကျန်းချန်သည် ဆွဲဆောင်မှုရှိသော အမျိုးသမီးကို ကြည့်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကောင်းပြီ.. မင်းထွက်သွားလို့ရပြီ"

"‌ကျေးဇူးတင်ပါတယ်"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ချာခနဲ လှည့်ထွက်သွားခဲ့ပြီး ကျန်းချန်၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့သည်။

"အရင်ဆုံး ငါ့ရဲ့ခွန်အားကို မြှင့်တင်ဖို့ နေရာတစ်ခုကို ရှာရမယ်.. ပြီးမှပဲ မဟာနဂါးနန်းတော်ဆီ သွားမယ်"

ဆွဲဆောင်မှုရှိသော အမျိုးသမီး ထွက်ခွာသွားပြီး‌နောက်တွင် ကျန်းချန်သည် အနည်းငယ် စဥ်းစားလိုက်ပြီး သူ၏စိတ်ထဲကနေ အစီအစဥ်များ ချမှတ်လိုက်သည်။

သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့်ကို ယှဥ်နိုင်သော်လည်း အနိုင်ယူရန်မှာ မလွယ်ကူပေ။

ပြောနေစရာ မလိုလောက်အောင်ပင် ဆွဲဆောင်မှုရှိသောအမျိုးသမီး ထုတ်ဖော်ပြောကြားသော အချက်အလက်များအရ ထျန်းလဲ့နယ်မြေရှိ ထျန်းလဲ့ဂိုဏ်း တစ်ခုတည်းမှာတင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကျင့်ကြံသူ ၅ဦး ရှိသည်။

ထျန်းလဲ့နယ်မြေရှိ အခြား‌သော အင်အားစုများမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်များကိုပါ ရေတွက်လိုက်လျှင် အနည်းဆုံး ၁၀ယောက်ကျော် ရှိသည်။

ထျန်းလဲ့နယ်မြေကဲ့သို့ ဤရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားသည့် အခြားသော နယ်မြေ၃ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကိုပါ ရေတွက်လိုက်လျှင်မူ အနည်းဆုံး ၅၀ခန့် ရှိသည်။

သူရင်ဆိုင်ခဲ့သည့် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်တွင် အောက်ခြေနီးပါးသာ ဖြစ်သည်။

သို့တိုင် သူ့အနေဖြင့် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားကို အနိုင်ယူရန် ခွန်အားအကုန်အစင် အသုံးပြုရန် လိုအပ်ခဲ့၏။

ထို့ကြောင့် ပို၍ အားကောင်းသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နှင့်သာ တွေ့ဆုံလျှင် ပြိုင်ဘက် မဖြစ်နိုင်မည်ကို သူ စိုးရိမ်နေမိ၏။

ယင်းအတွက်ကြောင့် ကျန်းချန်သည် သူ၏ခွန်အားကို မြှင့်တင်ရန်အတွက် ယခုလေးတင် သူရရှိခဲ့သော ဝူရှို့သစ်သီးနှင့် အရင်းအမြစ် အချို့ကို အသုံးပြုရန် စီစဥ်ခဲ့သည်။

"ဒီနေရာမှာ အချိန်ကြာကြာနေလို့ မဖြစ်ဘူး အရင်ထွက်သွားလိုက်မယ်"

လော်ကျွင့်နှင့် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားတို့က ဤနေရာမှ ထွက်ခွာသွားသော်လည်း ဝူရှို့သစ်သီး အတွက် သူ့ကို သတ်ဖြတ်ရန် အင်အားကောင်းမွန်သော ကျင့်ကြံသူများကို စစ်ကူခေါ်မလာဟု အာမ မခံနိုင်ပေ။

ထို့ကြောင့် သူ့အနေဖြင့် ဘေးကင်းရေးအတွက် ဤနေရာကနေ အမြန်ဆုံး ထွက်ခွာရန် လိုအပ်သည် မဟုတ်ပါလား။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် အလင်းစီးကြောင်း တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ပြီး ကောင်းကင်ပေါ်သို့ ထိုးတက်ကာ တောင်ဘက်အရပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

မိုင်ပေါင်းရာချီ ပျံသန်းပြီးနောက်တွင် ကျန်းချန်သည် ဘေးကင်းလောက်သည်ဟု ထင်ရသော တောင်တန်း တစ်ခုတွင် ဆင်းသက်လိုက်၏။

သူက တောင်ထိပ်ပေါ်တွင် ခြေချိတ်၍ ထိုင်လိုက်ပြီး ဝူရှို့သစ်သီးကို ထုတ်ယူလိုက်၏။

"ဒီဝူရှို့နတ်သစ်သီးက ငါ့ရဲ့ခွန်အားကို ဘယ်လောက်အထိ မြှင့်တင်ပေးနိုင်မလဲမသိဘူး"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဝူရှို့နတ်သစ်သီးသည် ပါးစပ်ထဲတွင် အရည်ပျော်သွားကဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအား ပင်လယ်ထဲသို့ လျင်မြန်စွာ စီးဆင်းသွားခဲ့သည်။

ထို့‌နောက်တွင် အပူစီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားကာ လက်ချောင်းများ၊ ခြေချောင်းများနှင့် အရိုးများ ဆီသို့ ပျံ့နှံ့သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် စနစ်၏ သတိပေးချက်သည် ကျန်းချန်၏ နားထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

"ဒင်.. သင်က ဝူရှို့နတ်သစ်သီးကိုမျိုချပြီး နတ်စွမ်းအား အများအပြားကို ရရှိသွားခဲ့ပါပြီ"

"ဒင်.. သင်က အလယ်အလတ် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားခဲ့ပါပြီ"

"ဒင်.. သင်က ဝူရှို့နတ်သစ်သီးကို မျိုချပြီး ဓားဥပဒေသအပေါ်ထိုးထွင်းသိမြင်မှုကို အဆ ၁၀၀ လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင့်ရဲ့ ဓားဥပဒေသ တတိယအဆင့်က ပြီးပြည့်စုံသွားခဲ့ပြီး ဓားဥပဒေသ မူလစွမ်းအား ၁၀ရာခိုင်နှုန်းကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"

ဝူရှို့နတ်သစ်သီး၏ အကျိုးသက်ရောက်မှုက အမှန်တကယ်ပင် သက်ရောက်မှုကြီးလွန်းနေခဲ့သည်။

စနစ်ထံမှ သတိပေးချက်ကို ကြားလျှင် ကျန်းချန်သည် အသက်မရှူဘဲ မနေနိုင်တော့ပေ။

ဝူရှို့နတ်သစ်သီးကို စားသုံးခြင်း၏ အကျိုးသက်ရောက်မှုက သာမန် မဟုတ်လောက်ဟု ခန့်မှန်းခဲ့သော်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဝူရှို့နတ်သစ်သီး တစ်လုံးသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို နယ်ပယ်အဆင့်ငယ် တစ်ဆင့်သို့ တိုက်ရိုက်ပင် မြှင့်တင်ပေးသည်ကို သူ့အနေဖြင့် နားလည်နိုင်ပါသေးသည်။

သို့သော်လည်း ဝူရှို့နတ်သစ်သီးသည် သူ့ကို ဓားဥပဒေသ မူလစွမ်းအားကိုပင် နားလည်စေရန် လှုံ့ဆော်ပေးလိမ့်မည်ဟု ကျန်းချန် တစ်ခါမှ မတွေးထားခဲ့ပေ။

ထို့အပြင် အဆ ၁၀၀ စနစ်၏ လုပ်ဆောင်ချက်အောင်တွင် သူ၏ ထိုးထွင်းသိမြင်မှုသည် အဆ ၁၀၀ ပြောင်းလဲသွားခဲ့၏။

ယင်းအတွက်ကြောင့်ပင် သူ၏ ဓားဥပဒေသ တတိယအဆင့်က ပြီးပြည့်စုံသောအဆင့်အထိ ရောက်ရှိသွားခဲ့ပြီး ဓားဥပဒေသ၏ မူလစွမ်းအား ၁၀ရာခိုင်နှုန်းကိုပင် သူက နားလည်သွားခဲ့သည်။

ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်တွင်သာ ရှိသော်လည်း ဓားဥပဒေသ၏ မူလစွမ်းအားကို နားလည်နေပြီ ဖြစ်၍ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားဟုပင် သတ်မှတ်၍ ရနေပြီ ဖြစ်၏။

"ဒါက ဝူရှို့နတ်သစ်သီးရဲ့ အကျိုးသက်ရောက်မှုလား.. တကယ်ကို ကြောက်စရာကောင်းတာပဲ"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် လော်ကျွင့်ကို ဝူရှို့နတ်သစ်သီး တစ်လုံး ပေးခဲ့မိသည်ကိုပင် အနည်းငယ် နောင်တရနေမိသည်။

သူ့တွင်သာ ဝူရှို့နတ်သစ်သီး တစ်လုံး ထပ်မံ ရှိခဲ့လျှင် တစ်ကြိမ်တည်းဖြင့် အဆင့်မြင့် ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်မည် ဖြစ်ပြီး အခြားသော သက်ရောက်မှုအနေဖြင့် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကိုပါ နားလည်နိုင်မည်ဖြစ်၏။

သို့သော်လည်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ကာစမှာပင် ဝူရှို့နတ်သစ်သီးနှင့် ဓားဥပဒေသ၏ မူလစွမ်းအားကို နားလည်နိုင်ခြင်းကပင် သူ့အတွက် အလွန်တရာ ကျေနပ်ဖွယ်ရာ ဖြစ်နေခဲ့သည်။

ယခုအခါတွင် သူသည် ဤအမွေအနှစ် နယ်မြေထဲတွင် ရှိသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများနှင့် ကောင်းစွာ ယှဥ်ပြိုင်နိုင်မည် ဖြစ်၏။

သူသာ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ဖြစ်သည့် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားနှင့် ထပ်မံ ရင်ဆိုင်ရလျှင် ထိုအမျိုးသားကို အနိုင်ယူရန်မှာ ခက်ခဲသော ကိစ္စတစ်ခု မဟုတ်တော့ပေ။

"အခု ငါ့ရဲ့စွမ်းအားက အတိုင်းအတာတစ်ခု အထိ စိတ်ချရပြီဆိုတော့ မဟာနဂါးနန်းတော်ဆီ သွားဖို့သင့်ပြီ"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် တင်ပျဥ်ခွေ ထိုင်နေရာကနေ မတ်တတ်ထရပ်လိုက်သည်။

မူလက ကျန်းချန်သည် ဤနေရာတွင် ခဏမျှ ကျင့်ကြံမည်ဟု တွေးထားခဲ့သည်။

သို့သော်လည်း ဝူရှို့နတ်သစ်သီးက သူ၏ ကျင့်ကြံခြင်းအဆင့်ကို အဆင့်ငယ် တစ်ဆင့်ထိ ချက်ချင်းဆိုသလို မြှင့်တင်ပေးခဲ့ပြီး ဓားဥပဒေသ၏ မူလစွမ်းအားကို နားလည်နိုင်စေမည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။

ယခု သူ၏ခွန်အားက အကြီးအကျယ် တိုးတက်လာသောကြောင့် ကျန်းချန်သည် အချိန်ဖြုန်းချင်စိတ် မရှိတော့ဘဲ မဟာနဂါးနန်းတော် ရှိရှာသို့ တိုက်ရိုက်သွားရန် စီစဥ်ခဲ့၏။

ဤမဟာနဂါးနန်းတော်သည် ရှေးအခါက မဟာနဂါးနယ်မြေတွင် တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစုကြီး ဖြစ်သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ဖန်းချင်းယွမ် ရရှိခဲ့သော နေရာသည် မဟာနဂါးနန်းတော် ဖြစ်နိုင်လောက်သည်။

ထိုအတွက်ကြောင့်ပင် သူသည် မဟာနဂါးနန်းတော် ရှိရာသို့ သွားကာ ဒဏ္ဍာရီလာ နတ်ဘုရင်အဆင့် အမွေအနှစ် ရှိမရှိ စူးစမ်းချင်ခဲ့သည်။

အခန်း(၁၅၉၃)ပြီး၏။

All Chapters