← Chapters

အပိုင်း ၃၆၁

Vol. 25 Ch. 361

အပိုင်း ၃၆၁

Vol. 25 Ch. 361

"ဘာလို့ စားလို့မရမှာလဲ?" ချောင်းဟုန်မိန်သည် မြိန်ရေရှက်ရေ စားသောက်နေသည့် သူမရှေ့ရှိ လူအနည်းငယ်ကိုကြည့်လိုက်သည်။ သူမမျက်လုံးတွေ လှုပ်ရှားသွားသည်။ "ငါတို့ အဲ့ဒါကို မစားရင် ဒီမှော်သားရဲကြီးက အလဟသဖြစ်သွားပြီး စွမ်းအင်အရည်နဲ့လဲ လဲလို့မရတော့ဘူး"

ဒါကိုကြားတော့ ထိုလူမှာ မနေနိုင်ဘဲ တုံ့ပြန်လာသည်။

'အတိအကျပင်၊ သူတို့သာ ဒီဟာကိုမစားရင် ကြီးကြီးမားမား ဆုံးရှုံးရမှာ မဟုတ်လား?'

ချောင်းဟုန်မိန် သူ့ကိုစိုက်ကြည့်ရင်း သူမလက်ထဲက အသားကင်ကို စားလိုက်သည်။

ထိုလူက အဲ့ဒါကိုမြင်တဲ့အခါ စိတ်ထဲခိုင်မာသွားပြီး ခေါင်းငုံ့ကာ တစ်ကိုက်ကိုက်လိုက်သည်။ ဤအသားကင်အား အရသာရှိသည်ဟု မယူဆနိုင်ပါချေ။ မီးပြင်းသည်ကြောင့် အသားတွေ တူးနေပြီဖြစ်သည်။ ဝါးလိုက်သည်နှင့် ခြောက်ကပ်နေကာ မော့ချူးတို့၏ အသားကင်တွေနှင့် လုံးဝမတူပေ။

ကင်ထားသည့် အသားများကို သူတို့ပါးစပ်ထဲ အတင်းမျိုချလိုက်သည်။ ထိုလူရဲ့မျက်လုံးတွေဟာ မနေနိုင်ဘဲတောက်ပလာသည်။ “တကယ်ကောင်းတယ်၊ ဒီဟာက…”

စကားမဆုံးခင်မှာပင် ထိုလူ၏မျက်နှာသည် ရုတ်တရက် ခရမ်းရောင် ပြောင်းသွားတော့သည်။ ထို့နောက် သူရုတ်တရက် လဲကျသွားတော့သည်။

'ဘာဖြစ်သွားတာလဲ?'

ချောင်းဟုန်မိန် ရုတ်တရက် ထရပ်လိုက်သည်။ သူမရဲ့အမူအရာ ပြောင်းလဲသွားကာ အသားကင်တွေကို ပါးစပ်ထဲကနေ ထွေးထုတ်လိုက်သည်။ သူမ မတတ်နိုင်ဘဲ ရင်ထဲတွင် တိတ်တိတ်လေး သက်ပြင်းချလိုက်နိသည်။ ကံကောင်းထောက်မစွာဖြင့်၊ သူမသည် စောစောက ဟန်ဆောင်နေခဲ့တာဖြစ်ကာ အသားကိုဝါးတာမျိုတာတွေ မလုပ်ခဲ့ပေ။ မဟုတ်ပါက သူမပါ အဆိပ်မိသွားလိမ့်မည်။

အခြားအမျိုးသားအချို့သည် ဘေးနားရှိ သစ်ကိုင်းခြောက်များကို ကောက်ကိုင်လိုက်ကြသည်။ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုကို ကြားလိုက်ရသည့်အခါ သူတို့ချက်ချင်းပင် ပြေးလာကြသည်။

"အိုး၊ မဖြစ်ဘူး၊ သူ အဆိပ်မိသွားပြီ!" လူတစ်ယောက်သည် လျင်မြန်စွာထိုင်ချလိုက်ကာ မြေပြင်ပေါ်တွင်လဲနေသည့်လူကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး သူ့မျက်လုံးတွေ မည်းမှောင်သွားသည်။ သံသယဖြစ်စရာတောင်မလိုပေ၊ ဤအဆိပ်သည် မှော်သားရဲ၏ အသားကို စားခြင်းကြောင့် ဖြစ်ရတာဖြစ်သည်။

"F*ck! ကံကောင်းလို့ ငါ ခြေတစ်လှမ်းနှေးသွားတာ!” အခြားလူတစ်ယောက်က သူ့လက်ထဲရှိ သစ်ကိုင်းခြောက်ကို မြေကြီးပေါ် ပြင်းပြင်းထန်ထန် ပစ်ချလိုက်ပြီး သူ့မျက်နှာပေါ်တွင်လည်း ရွှင်လန်းမှုအပြည့်နဲ့ပင်။ သူ့အကြည့်တွေက သူ့ဘေးနားရှိ ချောင်းဟုန်မိန်ဆီရောက်သွားတော့ မနေနိုင်ဘဲ အေးစက်သွားတော့သည်။ “မော့ချူး လုပ်တာနဲ့ အတူတူပဲလို့ မင်းပြောခဲ့တာမဟုတ်ဘူးလား? အခု ဘာတွေဖြစ်နေတာလဲ?"

သူမ၏ပါးစပ်ထဲမှ အရာအားလုံးကို ထွေးထုတ်ရန် ကြိုးစားနေသည့် ချောင်းဟုန်မိန်သည် မတ်တပ်ထရပ်လိုက်သည်။ ထိုယောက်ျား၏ မေးခွန်းထုတ်နေသည့် အကြည့်နှင့်ဆုံသည့်အခါ သူမသည်ဒေါသတကြီးဖြင့် မေးကို မော့လိုက်သည်။ “နင်က ငါ့ကို အပြစ်လာတင်နေတာလား? ငါ့ဓားရဲ့အားက မော့ချူးရဲ့ဟာနဲ့ မတူဘူး။ အသားကင်ကသာ တစ်ခုခုဖြစ်နေတာဆိုရင် အသားကင်နဲ့ပဲ ဆိုင်တယ်!"

တကယ်တော့ ချောင်းဟုန်မိန်ရဲ့ နှလုံးသားဟာ တဒိန်းဒိန်းခုန်နေပြီဖြစ်သည်။ သူမ လုပ်ပုံလုပ်နည်းဟာ မော့ချူး လုပ်တာနှင့်အတူတူပင်။ ဒါကိုဘယ်လိုလုပ် ရလဒ်က အရမ်းကွာခြားနေရတာလဲ?

"ဘာလဲ၊ တာဝန်ကိုခေါင်းလွှဲဖို့ကြိုးစားနေတာလား?" မြေပြင်ပေါ်တွင် သေလုမျောပါးဖြစ်နေသည့်လူကို ကြည့်လိုက်မျသည့်အခါ အခြားသူတွေ၏ မျက်နှာများတွင် အကျည်းတန်သည့် အမူအရာများ ပေါ်လာကြသည်။

“ဒီမှော်သားရဲကို စိတ်ဝိညာဉ် အစားအစာ၏ အဖြစ်လုပ်ဖို့ပြောတဲ့ မင်းဆိုတဲ့ ချောင်းဟုန်မိန်ကြောင့်သာမဟုတ်ရင် ငါတို့တွေက မနက်ဖြန်အထိ ဒါကို စွမ်းအင်အရည်နဲ့လဲဖို့ စောင့်နေလို့ရတယ်။ အခု ဒီအခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ?”

"ဟမ့်! နင်ဘာတွေ တွေးနေလဲဆိုတာ တခြားလူတွေမသိဘူးလို့ မထင်လိုက်နဲ့!” ချောင်းဟုန်မိန်ဟာ တခြသူတွေဆီကနေ အမြဲတမ်း အလေးပေးခံခဲ့ရတာဖြစ်သည်။ ဒီစော်ကားမှုကို သူမဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ? သူမသည် ဟန်ဆောင်မှုအားလုံးကို ဖြိုဖျက်ကာ လူအုပ်ကြားတွင် အရေခြုံအလွှာကို ထက်ရှစွဖြင့် ထိုးဖောက်လိုက်သည်။ "နင်တို့အားလုံးကရော စိတ်ဝိညာဉ်အစားအစာတွေကို လိုချင်ကြတာဘဲ မဟုတ်ဘူးလား၊ ငါ့စကားကိုဘဲ ထည့်တွက်လို့ရတာလား?"

'ဒီအချိန်မှာ သူမကိုဘဲ အပြစ်ဖို့ချင်နေကြတာလား? အိပ်မက်မက်နေလိုက်!'

“မင်း၊ မင်း…” အဲဒီလိုအတွေးမျိုး မရှိဘူးလို့ ပြောလျှင် သူတို့လိမ်ရာကျလိမ့်မည်။ သို့သော်၊ ချောင်းဟုန်မိန်မှာ စကားတစ်ခွန်းတည်းဖြင့် ကိစ္စ၏ အဓိကအကျဆုံးအချက်ကို ဖော်လာလိမ့်မည်ဟု မည်သူမျှမမျှော်လင့်ထားခဲ့ကြပေ။ သူတို့ရင်ထဲက ကြောတွေကိုတောင် ရိုက်ခတ်သွားတော့သည်။ တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် လူတိုင်းဟာ မနေနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ ရင်ထဲတွင် ကိုးရိုးကားယားနိုင်သလိုခံစားလိုက်ရသည်။

"ဘာမဟုတ်တမ်းတရားတွေ ပြောနေတာလဲ?" ထိုအချိန်တွင် လူတစ်ယောက် ရုတ်တရက် ခုန်ထွက်လာသည်။ ဒေါသကြောင့်လား ရှက်တာကြောင့်လားမသိပေ။ သူ့မျက်နှာဟာနီမြန်းနေပြီး မျက်လုံးထဲတွင်တော့ ဒေါသအရိပ်အယောင်များ ရှိနေ၏။ ချောင်းဟုန်မိန်ကို သူကြည့်လိုက်ကာ လက်သီးတွေကို တင်းတင်းဆုပ်လိုက်သည်။

"ဘာလဲ၊ ငါ့ကို တိုက်မှာလား?" ချောင်းဟုန်မိန်မျက်ခုံးပင့်ကာ ထိုလူအား အေးစက်စွာဖြင့် ကြည့်လိုက်သည်။ "နင့်လိုလူကလေ?"

လက်မြှောက်လိုက်သည့်သူမ၏ လှုပ်ရှားမှုတိုင်းသည် မထီမဲ့မြင်ပြုခြင်းတွေနှင့် ပြည့်နှက်နေသည်။ ဒီလို သရော်လှောင်ပြောင်မှုမျိုးကို ယောက်ျားဘယ်နှစ်ယောက်လောက်ကများ ခံနိုင်ရည်ရှိမှာတဲ့လဲ?

သူ့ဒေါသက ပိုလို့တောင်ပြင်းထန်လာကာ မျက်လုံးတွေ နီရဲလာတော့သည်။ သူ ရှေ့သို့တိုးကာ ချောငဟုန်မိန်အား တစ်ခုခုလုပ်တော့မည့်အချိန် တခြားအမျိုးသားတစ်ယောက်က တားလိုက်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "ဟင်း၊ ဒါကိုသည်းခံလိုက်။ မင်း သူ့ကို အခုတစ်ုခုခုလုပ်လိုက်ရင် အပြင်ထွက်ရတဲ့အခါကျရင် သူက မင်းကို အထက်လူကြီးတွေဆီ တိုင်လိမ့်မယ်။ ဒါက အလဟသမဖြစ်သွားဘူးလား?"

ချောင်းဟုန်မိန်လည်း ဤစကားကို သဘာဝအလျောက်ကြားလိုက်ရကာ သူမ၏ နှုတ်ခမ်းထောင့်တွေ မနေနိုင်ဘဲ ကွေးညွှတ်သွားတော့သည်။ သူမ မျက်ခုံးပင့်ကာ ထိုလူအားလှမ်းကြည့်လိုက်ပြီး အေးစက်စက်ဖြင့်နှာမှုတ်လိုက်သည်။

သူမ၏ပုံစံကိုမြင်ပြီး ဒေါသကိုခက်ခက်ခဲခဲ ချိုးနှိမ်လိုက်သည့်လူမှာ ချက်ချင်း ဒေါသပြန်ထွက်လာသည်။ သူ့ကိုဆန့်ကာ ‌အရှေ့တွင်ပိတ်ထားသည့်သူကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ကာ သူ့အင်္ကျီလက်နှစ်ဖက်ကို လိပ်တင်လိုက်သည်။ “ငါသွားမယ်! သူ ငါ့ကို တရားစွဲရင်ရော ဘာဖြစ်လဲ? ငါ ဒီနေ့တော့ သေချာပေါက် လက်စားချေရမယ်!"

ချောင်းဟုန်မိန် ရုတ်တရက်အေးခဲသွားသည်။ ထိုလူမလှုပ်ရှားမီ သူမ၏လက်တွင် အားအမြန်စုကာ တောက်လောင်နေသည့် မီးလုံးကြီးအား ထိုလူ၏ ခန္ဓာကိုယ်ဆီ တိုက်ရိုက်ပစ်လွှတ်လိုက်လေသည်။

"သတိထား!" ချောင်းဟုန်မိန်ဘက်မှ အသာစီးယူကာ အရင်လှုပ်ရှားလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ထို့အပြင် သူမ၏ တိုက်ခိုက်မှုသည် အလွန်လျင်မြန်ကာ ပြင်းထန်လှသည်။ သူမသည် ဘယ်သူ့ကိုမှ အလွတ်မပေးပေ။ သူမ ဘေးနားက လူတွေဟာ ဒါကိုမြင်တော့ မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။

All Chapters