အပိုင်း ၃၆၃
Vol. 25 Ch. 363
“မြန်မြန် ထွက်လာတော့!” မော့ချူးသည် မော့ယန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ချင်ယွဲ့ကို ကြည့်လိုက်သည်။ သူတို့အကြည့်ချင်းဆုံသွားသည့်အခါ အမြန်ဆုံးအရှိန်နှင့် ပြန်ပြေးကြသည်။
တခြားသူတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ နားမလည်ပေမယ့် မော့ချူးတို့တွေရဲ့လှုပ်ရှားမှုကို မြင်လိုက်ရတဲ့အခါ သူတို့လည်း ချက်ချင်းလူခွဲကာပြေးကြတော့သည်။
"ဟင်း!" တောထဲတွက် သက်ပြင်းတစ်ချက် ချသံထွက်လာသည်။ “သူတို့ မြန်မြန် ရှောင်ထွက်သွားတာပဲ! ဂိမ်းက ပျော်စရာမကောင်းတော့ဘူး!”
တစ်ယောက်ပြီးတစ်ယောက် အာမေဋိတ်သံ အနည်းငယ် ရုတ်ခြည်းထွက်ပေါ်လာပြီးနောက် လျင်မြန်စွာတိတ်သွားသည်။ သူတို့ရဲ့လည်ချောင်းကို တစ်စုံတစ်ခုကညှစ်ထားသလိုမျိုး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားတော့သည်။
ထိတ်လန့်မှုသည် မှော်ဒေသတစ်ခုလုံး လျင်မြန်စွာပျံ့နှံ့သွားတော့သည်။
ပြေး! မြန်မြန်ပြေး!
ယောက်ျားနှင့်မိန်းမတို့၏ မွေးရာပါခွန်အားများသည် ကွဲပြားလှသည်။ အစပိုင်းတွင် မော့ချူးက မော့ယန်ကိုဆွဲကာပြေးနေသော်လည်း အဆုံးတွင်၊ မော့ယန်နှင့် ချင်ယွဲ့ကသာ မော့ချူးကို ဆွဲခေါ်လာကြသည်။
"အဲ့ဒါက ဘာကြီးလဲ?" ချင်ယွဲ့၏ ရင်ဘက်ဟာ ပြင်းပြင်းထန်ဖန် လှုပ်ရှားနေသည်။ သူ့သည် ပြင်းပြင်းထန်ထန် မောဟိုက်နေသော်လည်း အထွန့်တက်ဖို့ကိုတော့ မမေ့ပေ။
"ဘာဖြစ်နိုင်အုံးမှာလဲ?" မော့ချူးလည်း အသက်ရှုတာကိုချိန်ညှိကာ သူနှစ်ယောက်၏ ခြေလှမ်းကို အမှီလိုက်ရန် ကြိုးစားလိုက်သည်။ "လူသားတွေကလွဲပြီးတော့ တခြားဘာများရှိအုံးမှာလဲ?"
'မှော်သားရဲတွေက စကားပြောတတ်လို့လား? ဒါဆို အရင်ဆုံးပြောလာမယ့်သူက ဝိုင်းဝိုင်းပဲ ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက သြဇာအရှိဆုံးပဲလေ!'
"လူသား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဒါကိုကြားတော့ ချင်ယွဲ့က အံ့အားသင့်စွာဖြင့် မျက်လုံးတွေ ပြူးကျယ်သွားတော့သည်။ သူ့ခြေထောက်တွေကတော့ လေလိုမျိုးရွေ့လျားနေသေးသည်။ 'လူသားတွေက ဘာလို့ဒီလောက်တောင် မြန်နိုင်မှာလဲ?'
ဒီလူတွေဟာ သူတို့မျက်စိရှေ့မှာတင် လူတစ်ယောက်ကို ပြန်ပေးဆွဲခဲ့ကာ လူတွေလည်း အများကြီးရှိနေခဲ့သည်။ သူတို့က ဘာအရိပ်အယောင်မှကိုမပြပေ။' ဒါ… ဒါက ကြောက်စရာကောင်းတယ်!'
“ဒါက..... ဒါက လေ့ကျင့်ရေး အစီအစဉ်တစ်ခုများလား?” မော့ချူး မျက်လုံးတွေကို မှေးကျဉ်းကာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ 'မှော်ဒေသမှာ ရှင်သန်နိုင်မှုကို စမ်းသပ်တာအပြင် တခြားလူတွေဆီကနေလွတ်အောင်ပြေးရတာရော ပါနေတာများလား?'
"ဘာ!?" ဒါကိုကြားလိုက်ရတော့ သာမာန်ငြိမ်သက်နေတတ်တဲ့ မော့ယန်တောင် မတတ်နိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။ 'လေ့ကျင့်ရေးက အရမ်းခက်ခဲတယ်လို့ ကောလဟာလတွေထွက်နေတာ အံ့သြစရာမရှိတော့ဘူး?'
အမှန်မှာ ဗုံးများနှင့် ထောင်ချောက်များ ပြည့်နှက်နေသည့် ဤမှော်ဒေသတွင်၊ မှော်သားရဲများနှင့် မှော်အပင်များကို လိုက်လံရှာဖွေရန် ဓားမြှောင်တစ်ချောင်းတည်းကိုသာ အားကိုးနေရတာနဲ့တင် ပြဿနာကြီးတစ်ခုဖြစ်နေပြီဖြစ်သည်။ စားနပ်ရိက္ခာ မလုံလောက်တဲ့အပြင် မစ်ရှင်ကလည်း ပိုလို့တောင်ခက်ခဲနေ၏။ အခုလည်း သူတို့နောက်ကို လိုက်နေတဲ့သူတွေရှိသည်။ ဤသင်တန်းကို အောင်တဲ့သူ အနည်းငယ်သာရှိသည်ဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
သေချာစဉ်းစားပြီးနောက် ချင်ယွဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့်၊ ထူးဆန်းသည့် လှုပ်ရှားမှုများစွာကို ပြုလုပ်ခဲ့သူ မော့ချူးဟာ သူတို့ဘေးတွင် ရှိနေသေးသည်။ စိတ်ဝိညာဉ်တော်အစားအစာကြောင့် သူတို့၏ အခြေအနေ တိုးတက်လာခဲ့သည်။ ဒီလိုမှမဟုတ်၊ သူတို့တွေသာ အားနည်းတဲ့အခြေအနေတွင်ရှိနေပြီး တခြားသူတွေဆီကနေ အဖမ်းမခံရတာကမှ အံ့ဩစရာကောင်းနေမှာဖြစ်သည်။
"ဘယ်လိုတောင် ထက်လိုက်တဲ့ ကောင်မလေးလဲ!" ချဲ့ထားသည့် စခရင်ထက်တွင် ချင်ယွဲ့နှင့် အခြားသူများ၏ လှုပ်ရှားမှုတိုင်းကို ပြသထားသည်။ မော့ချူး၏ မြန်ဆန်လှသည့် ဆုံဖြတ်မှုကိုကြားသည့်အခါ ကွမ်ရှန်း၏ မျက်နှာပေါ်တွင် မထိန်းနိုင်ဘဲ သဘောကျသည့်အရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။
"သူ တကယ်ဉာဏ်ကောင်းတာ" တခြားစစ်သားတစ်ယောက်ကလည်း ခေါင်းညိတ်ကာ သဘောတူလာသည်။
အေးစက်စက်ညလေသည် အော်သံများနှင့်အတူ ပျောက်ကွယ်သွားတော့သည်။ ဒီလိုရုတ်တရက်အခြေအနေက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို တကယ်ချိုးဖျက်နိုင်လိမ့်မည်။ ဒီလိုပြဿနာမျိုးနှင့် ကြုံလာရသည့်အခါ လူအများစုဟာ ထိတ်လန့်တုန်လှုပ်ကာ လွတ်မြောက်ဖို့ကလွဲ၍ တခြားဘာကိုမှ မတွေးနိုင်ကြတော့ပေ။ ယခုအချိန်တွင် မော့ချူးအနေဖြင့် တည်ငြိမ်နေမှာ အလွန်ခက်ခဲနေပြီဖြစ်သည်။ အဲ့ဒါကို လေ့ကျင့်ရေးနဲ့ မြန်မြန်ဆန်ဆန် ချိတ်ဆက်မိနိုင်လိုက်တော့ ဒီကလေးမလေးရဲ့ဉာဏ်ရည်ကြောင့် သူတို့တွေ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
"ဒါပေမယ့် ဒီကလေးက ဘာလို့ အစောကြီးသွားတာလဲ?" လေးနက်သည့် မျက်နှာနှင့်စစ်သားသည် ခေါင်းကိုလှည့်ကာ မနေနိုင်ဟန်ဖြင့် အနည်းငယ်အံ့သြသွားမိသည်။ သူတို့ရဲ့ ထုံးစံအရ ဒီကလေးတွေကို အနည်းဆုံး နောက်ထပ်တစ်ရက်၊ နှစ်ရက်လောက် အသားကျအောင်အချိန်ပေးရသည်။ ဒီတစ်ခေါက်ကျ ဘယ်လိုလုပ်စိတ်မရှည်ဖြစ်နေရတာလဲ?
"ဟမ့်!" ကွမ်ရှန်း ခပ်ဟဟရယ်လိုက်သည်။ "ဘာအကြောင်းပြချက်များ ရှိသေးလို့လဲ? အားလုံးက ဒီအနံ့အရမ်းပြင်းတဲ့ အသားကင်တွေကြောင့်ပဲ!”
အကန့်အသတ်ရှိသည့် ပစ္စည်းများကြောင့် အလင်းစခရင်သည် လက်ရှိအချိန်တွင် အနံ့များကို မထုတ်လွှတ်နိုင်ပါချေ။ သို့သော် ချင်ယွဲ့၏ စွဲလန်းနေသည့်အကြည့်ကို သူ မခံစားနိုင်တော့ပေ။ သူ အသားကင် တစ်ကိုက်ကိုက်လိုက်တိုင်း သူ့မျက်နှာပေါ်က အမူအရာဟာ လုံးဝကိုမကြည့်ချင်လောက်အောင်ပင်! ရံဖန်ရံခါ သူ ကျွတ်စ် သပ်ကာ သက်ပြင်းချတတ်သည်။ သူများတွေမပြောနဲ့ အစာစားချင်စိတ်ကို ဂရုမစိုက်တတ်တဲ့ သူ့လိုလူတောင် နည်းနည်းစားချင်လာမိသည်!
"အင်း! ဒါလဲ တော်တော်ကောင်းပါတယ်” ဒါကိုကြားတော့ လေးနက်သည့် မျက်နှာနှင့်စစ်သားဟာ မပြုံးဘဲမနေနိုင်တော့ပေ။ “မော့ချူးနဲ့ တို့တွေကိုကြည့်လိုက်အုံး။ မသိတဲ့သူတွေဆို သူတို့တွေ အပျော်လာကြတာလို့ ထင်နေမှာဘဲ။ သူတို့က လေ့ကျင့်နေတဲ့ပုံ လုံးဝမပေါ်ဘူး”
အမှန်! ရေငတ်နေကြသည့် အခြားအသင်းများနှင့် ယှဉ်ပါက မော့ချူးတို့ကတော့ ပျော်ရွှင်စွာဖြင့် ရှိနေကြသည်။ နှစ်ရက်သုံးရက်အတွင်းမှာပဲ သူတို့တွေဟာ ဗုံးတွေနဲ့ ထောင်ချောက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ သူတို့သည် မှော်သားရဲများကို အမဲလိုက်ရာတွင်လည်း အခြားသူများထက် ပိုမိုမြန်ဆန်သည်။ ထို့အပြင် မော့ချူး၏ အစွမ်းထက်လှသည့် လက်တစ်စုံကြောင့် သူတို့တွေဟာ ဗိုက်ပြည့်သည်အထိ စားသောက်နိုင်ကြသည်။
တခြားသူတွေမှာ ဗိုက်ဆာလွန်းလို့ မျက်နှာတွေအဝါရောင်သန်းနေပေမယ့် သူတို့ကတော့ မှော်ဒေသထဲဝင်လာကာစထက် မျက်နှာတွေဟာ အနီရောင်သန်းနေသေးသည်။
"အမှန်ပဲ!" ကွမ်ရှန်း အပြုံးနှင့်အတူ ခေါင်းညိတ်လိုက်ကာ စခရင်ကိုထပ်ကြည့်လိုက်သည်။
လက်ရှိအချိန်အတွင် လူလေးဦးသည်ဖမ်းမိသွားကာ အထုတ်ခံခဲ့ရသည်။ ဟုတ်သည်၊ သူတို့၏ လေ့ကျင့်ရေးရလဒ်ကျရှုံးကြောင်း တရားဝင်ကြေငြာထားပြီးပြီဖြစ်သည်။
ယခု ဒီကလေးတွေဟာ ချင်ယွဲ့တို့တွေကို မျက်စိကျနေပုံရသည်။
သူတို့သုံးယောက် အတူတူထွက်ပြေးနေတာကိုကြည့်ရင်း အမှောင်ထောင့်တစ်နေရာတွင် ပုန်းနေသည့် ကလေးမျက်နှာနှင့် စစ်သား၏ မျက်လုံးထဲတွင် လှောင်ပြောင်ချင်သည့် အရိပ်အယောင်တွေ မနေနိုင်ဘဲပေါ်လာတော့သည်။ 'ဟမ့်! မင်းတို့ကို အရင်ဖမ်းမယ်!'
ခြေလှမ်းတွေ အနည်းငယ်ရွေ့လျားသွားသည်နှင့်အတူ၊ ကလေးမျက်နှာနှင့် တပ်သားသည် လေပြင်းတိုက်ခတ်သလို အပြေးသွားလိုက်သည်။
“အား!” ပြေးလွှားနေသည့် ချင်ယွဲ့မှာ ရုတ်တရက် ကျောရိုးထဲစိမ့်သွားသလို ခံစားလိုက်သည်။ သူ မသိစိတ်ကနေ ဘေးကိုရှောင်လိုက်ကာ သူ့နောက်ကနေထွက်လာသည့် လက်ကို အချိန်မီရှောင်နိုင်လိုက်သည်။
'မဆိုးဘူး၊ သူလဲ တော်တော်ထက်တယ်။' ကလေးမျက်နှာနှင့် စစ်သား၏ မျက်နှာပေါ်တွင် သတိအမှတ်ပြုသလိုပြလိုက်ပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။
"ဘာဖြစ်လို့လဲ?" ချင်ယွဲ့၏ ထူးဆန်းသည့်အပြုအမူကို မြင်လိုက်ရသဖြင့် မော့ချူးတို့တွေ မနေနိုင်ဘဲ ရပ်လိုက်ကြသည်။ သူတို့တွေ ပြင်းပြင်းထန်ထန်ကို မောပန်းနွမ်းနယ်နေကာ သုံးယောက်လုံး ကျောချင်းကပ်ရပ်၍ ဘေးပတ်ပတ်လည်ကို သတိထားကြည့်လိုက်ကြသည်။ တိတ်ဆိတ်နေသည့် မှော်ဒေသတွင် သူတို့၏ပြင်းထန်တဲ့အသက်ရှုသံတွေကိုသာ ကြားနေရသည်။
“ကြည့်ရတာတော့… သူတို့တွေ မှီလာပြီထင်တယ်” အသံထပ်တိုးတိုးဖြင့်ပြောနေရင်း ချင်ယွဲ့အကြည့်တွေက အာရုံစိုက်နေသည်။
'ဘယ်လို?' ဒါကိုကြားတော့ မော့ယန်နဲ့မော့ချူးတို့လည်း မနေနိုင်ဘဲ သတိပိုကပ်လိုက်သည်။ သူတို့လက်ထဲတွင် ဒြပ်စင်စွမ်းအင်တွေကို တိတ်တဆိတ် ထုတ်နေပြီဖြစ်သည်။ နည်းနည်းလေး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်နှင့် ချက်ခြင်းပစ်လွှတ်လိုက်လိမ့်မည်ပင်။
ရုတ်တရတ် 'ပလုံ' ဆိုသည့်အသံခပ်တိုးတိုးက သူတို့၏ တောင့်တင်းနေတဲ့အာရုံဆီ တိုးဝင်လာသည်။ သုံးယောက်သား ချက်ခြင်း လှည့်ကြည့်လိုက်ကြသည်!