အပိုင်း ၃၆၄
Vol. 25 Ch. 364
ဝှီး–
အသံနှင့်အတူ၊ သူတို့သုံးဦး၏ လက်ထဲရှိ အထူးစွမ်းရည်များ တစ်ချိန်တည်းတွင် ပျံထွက်လာသည်။ တိုက်မိသည့်အခါ ပြင်းထန်သည့် မီးပွားတွေ ထွက်လာတော့သည်။
မီးပွားများအလယ်တွင် ခြောက်သွေ့နေသည့် သစ်ကိုင်းတစ်ကိုင်းသည် ချက်ချင်းပင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ လေထဲတွင်ပြန့်ကျဲသွားသည်။ လေတိုက်ခတ်သည့်အခါ လွင့်ပါသွားတော့သည်။
မော့ချူး ရုတ်ခြည်း မျက်ခုံးတွန့်ချိုးလိုက်သည်။ သူတို့တွေ သစ်ကိုင်းခြောက်တစ်ခုဆီကနေ တကယ်ဆွဲဆောင်ခံလိုက်ရတာပဲ။
"သေစမ်း!" ချင်ယွဲ့ တံတွေးထွေးလိုက်သည်။ သူ့စကားမဆုံးခင်မှာဘဲ သူ့နောက်ကနေ ကြီးမားသည့်ဆွဲငင်အားကို ရုတ်တရက်ခံစားလိုက်ရသည်။ ၎င်းဟာ သူ့ကို ခွန်အားအပြည့်နှင့် ပြန်ဆွဲလာသည်။ ဒီအချိန်တွင် သူအချိန်မီမတုံ့ပြန်နိုင်လိုက်ပေ။
ချင်ယွဲ့၏ အမူအရာ ပြောင်းသွားသည်။ ဒီအချိန်မှာ အချိန်တွေက နှေးသွားသလိုပင်။
သူသေတော့မယ်လို့ တွေးလိုက်မိတဲ့အချိန်မှာပဲ သူ့ဘေးနားမှ စူးရှတဲ့ဓါးသွားတစ်ချို့ဟာ အသံခပ်တိုးတိုးဖြင့်သူ့နောက်ကျောကနေဖြတ်သွားသည်။
သူ့နောက်မှ ကြီးမားသည့် ဆွဲငင်အားဟာ ချက်ချင်းပျောက်ကွယ်သွားပြီး ချင်ယွဲ့ရဲ့ လှုပ်ရှားမှုတွေလည်း ရပ်တန့်သွားသည်။ သူသည် မြေပြင်ပေါ်တွင် တစ်ဝက်ဝပ်နေကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အယောင်တွေ ရှိနေဆဲပင်။
"ဘယ်လိုနေလဲ?" မော့ချူး သူ့ကိုလှည့်ကြည့်လိုက်ပြီး သူမအကြည့်တွေက သူ့အနားတစ်ဝိုက်ကို စူးစိုက်ကြည့်လိုက်သည်။
“အဆင်ပြေတယ်” ချင်ယွဲ့ တံတွေးကို ပြင်းပြင်းထန်ထန်မျိုချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ မော့ချူးကိုကြည့်နေသည့် သူ့အကြည့်တွေဟာ ရိုးသားသည့်ကျေးဇူးတင်စိတ်ဖြင့် ပြည့်နှက်နေသည်။ "ကျေးဇူးပဲ!"
ဒီကောင်မလေး အလျင်အမြန်တုံ့ပြန်လာပြီး ရေဓါးသွားများကိုအချိန်မီထုတ်လွှတ်လိုက်တာကြောင့်သာမဟုတ်ရင်၊ ယခုအချိန်တွင် သူ ဖမ်းမိသွားပေလိမ့်မည်။ ဒီအရာကြောင့် သူတကယ် အထုတ်ခံရပါက သူ့မျက်နှာတစ်ခုလုံးဆုံးရှုံးသွားရလိမ့်မည်ပင်။
ချင်ယွဲ့မှာ သူ့ဘိုးဘွားများ၏ အထင်သေးသည့်မျက်နှာကို မြင်လိုက်ရသလိုပင်။ သူ ဘာမှပြန်မပြောသော်လည်း သူ့မျက်နှာပေါ်တွင် ဘာအမူအရာမှမရှိနေပေ။ သူ၏ အသွင်အပြင်သည် လူအများ၏ နှလုံးသားကိုတုန်လှုပ်စေသည်...
သူ ခေါင်းခါသည်။ သူ့စိတ်ထဲမှ အခြားအတွေးများကို ထုတ်ပစ်လိုက်ပြီးနောက် ချင်ယွဲ့သည် ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်လိုက်သည်။
"ဒီလူက အရမ်းအားကြီးတယ်” မော့ယန် တိုးတိုးလေးပြောလိုက်ပေမယ့် သူ့မျက်လုံးထဲမှ သတိထားမှုတွေကတော့ ပိုပိုပြီးပြင်းထန်လာသည်။
အရင်ဆုံး၊ သူသည် သူတို့၏အာရုံစူးကိုဆွဲဆောင်ရန် သစ်ကိုင်းခြောက်တစ်ခုကို အသုံးပြုခဲ့ပြဖ်း တိုက်ခိုက်မှုကို လျင်မြန်စွာပြုလုပ်ရန် သူတို့တွေကြိုတင်ပြင်ဆင်မှုမရှိနေချိန်ကို အခွင့်ကောင်းယူခဲ့သည်။ သူသည် အာရုံလွှဲသည့်နည်းဗျူဟာများနှင့် အလွန်ရင်းနှီးနေကာ သူ၏ အချိန် ချိန်ညှိမှုဟာလည်းအလွန်တိကျသည်။ ဒီလူဟာ သေချာပေါက်ကို ခွာရခက်တဲ့အခွံမာသီးပဲ။
"မှန်တယ်" ချင်ယွဲ့လည်း ခေါင်းညိတ်သဘောတူလိုက်သည်။ ထိုလူဟာ ထူးခြားသည့်အမြင်အာရုံရှိသည်သာမက အလွန်လည်း လျင်မြန်သည်။ အသက်တစ်ရှိုက်အချိန်လေးမှာပဲ သူသည် သူတို့အနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာသည့်အတွက် သူတို့မှာ သူ့ကိုခုခံဖို့မဖြစ်နိုင်ပေ။
"အရင်ပြန်ဆုတ်ရအောင်" မော့ယန် ပတ်ဝန်းကျင်ကို သတိထားကာ စကင်န်ဖတ်လိုက်ပြီး အသံခပ်နက်နက်ဖြင့်ပြောလိုက်သည်။ “ငါတို့ တဲထဲပြန်ရောက်ရင် ဒီလူမှာရွေးချယ်စရာ မရှိတော့ဘူး”
သူတို့ဆောက်ထားသည့်တဲကို အလုံပိတ်ပုံစံအဖြစ် သတ်မှတ်နိုင်သည်။ ဤကဲ့သို့ ဟာလာဟင်းလင်းနေရာနှင့်ယှဉ်ပါက သဘာဝအလျောက် ပိုလုံခြုံသည်။
"မဆိုးဘူး! တကယ်ကောင်းတဲ့ အပင်ပေါက်သုံးပင်ရှိတာပဲ!” ကလေးမျက်နှာနှင့်စစ်သားသည် လက်ရှိတွင် သစ်ပင်အကိုင်းအခက်များ၏ အရိပ်၌ ပုန်းအောင်းနေပြီး သူ့ပုံရိပ်ကိုကောင်းစွာဖုံးကွယ်ရန် အလင်းတန်းများကို အသုံးပြုထားသည်။ လူသုံးယောက်၏ တည်ငြိမ်ကာ စည်းလုံးသည့်အပြုအမူကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေ အနည်းငယ်တောက်ပလာသည်။ သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ “လှုပ်ရှားဖို့ မစောင့်နိုင်တော့ဘူး"
"သွားရအောင်!" မော့ယန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ လူသုံးယောက်သည် တိတ်တဆိတ် နားလည်မှုဖြင့် ရှေ့သို့လျင်မြန်စွာ ပြေးသွားကြသည်။
သူတို့ရဲ့ သံမဏိတြိဂံပုံသဏ္ဍာန်ကို အရင်ကအတိုင်းထိန်းသိမ်းထားဆဲပင်။ တိုက်စစ်ပဲဖြစ်ဖြစ် ခံစစ်ပဲဖြစ်ဖြစ်၊ ဒါဟာ အလွန်အကျိုးရှိသည်။ ကံမကောင်းစွာနှင့်၊ ဒါဟာ အရိပ်ထဲတွင် ပုန်းအောင်းနေသည့် ကလေးမျက်နှာနှင့်စစ်သား မလှုပ်ရှားရသေးခင်အထိပင်။ ပုံရိပ်တစ်ခုဟာ ရုတ်တရက်ခုန်ဝင်လာကာ သူတို့၏သံမဏိတြိဂံပုံသဏ္ဍန်ကို ချိုးဖြတ်လိုက်သည်။
"ငါ......ငါလဲ နင်တို့နဲ့လိုက်ချင်တယ်!" ဝင်ရောက်လာသူမှာ ချောင်းဟုန်မိန်ဖြစ်သည်။ လတ်လတ်ဆတ်ဆတ် သွေးများနှင့် အညစ်အကြေးများသည် သူမမျက်နှာတွင် စွန်းထင်းနေ၏။ သူမရဲ့ ဖြူဖြူဖွေးဖွေးမျက်နှာလေးဟာ အရင်ကလို ချစ်စရာကောင်းပြီး မလှပနေတော့ပေ။ သူမ၏ မျက်ခုံးများကသာ ဆွဲဆောင်မှုရှိသည့်အရိပ်အယောင်ကို ပြသနေသည်။
'ခုနက ဘာပြောလိုက်တာ?' မော့ချူး မျက်တောင်ခတ်လိုက်သည်။ ခဏလောက်ကြာတော့ သူမ နားကြားမှားသည်ဟု ထင်လိုက်သည်။
ချောင်းဟုန်မိန် နှုတ်ခမ်းကိုကိုက်ကာ ဘာမှပြန်မပြောပေ။ သူမသည် မော့ချူးနားတွင်သာ ကပ်နေ၏။
စောစောက ရုတ်တရက် ပျောက်ကွယ်သွားမှုဟာ ထိတ်လန့်မှုအများအပြား ဖြစ်စေခဲ့သည်။ လူတိုင်းသည် နေရာအသီးသီးသို့ ထွက်ပြေးကြကာ သူမတစ်ယောက်သာဖြစ်သွားသည်။
ကနဦး ထိတ်လန့်မှုတွေ ငြိမ်သက်သွားပြီးနောက်၊ ချောင်းဟုန်မိန် လျင်မြန်စွာဖြင့် တုံ့ပြန်လိုက်သည်။ သူမအနေဖြင့် ကန်ထုတ်မခံရဘဲ ဆက်နေချင်ပါက တစ်ယောက်တည်းနေဖို့ဆိုတာ လက်တွေ့မကျပါပေ။ အရေးကြီးဆုံး အချက်အနေဖြင့် လုံလောက်သောပြင်းထန်လှသည့် တိုက်ခိုက်ရေးစွမ်းအားကို ရှာဖွေရန်ဖြစ်ကာ မော့ချူးတို့အဖွဲ့ဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်မှာ သေချာပေါက်ပင်။
ချောင်းဟုန်မိန် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ ဒီလေ့ကျင့်ရေးအတွက် သူမ ရွေးချယ်ခံရဖို့ဆိုတာ မလွယ်ပေ။ သူမ ထွက်လို့မရဘူး! သူမ တွေးနေသည့်အတိုင်း သူမ၏ လက်တွေနှင့် မော့ချူ၏အင်္ကျီလက်တွေကိုအတင်းဆွဲလိုက်ကာ သန့်ရှင်းသည့်အင်္ကျီပေါ်တွင် လက်ဗွေရာအနည်းငယ်ကျန်ခဲ့သည်။
"မင်းဘာပြောလိုက်တာ? မင်းက ငါတို့နောက်ကို လိုက်ချင်တယ်ဟုတ်လား?" ချင်ယွဲ့ဘေးတွင်ရပ်ကာ ခပ်တိုးတိုးနှာမှုတ်လိုက်သည်။ "မင်း ဦးနှောက်ပျက်သွားပြီလား?"
အကယ်၍ အတိတ်ကသာဆိုလျှင် ချောင်းဟုန်မိန်အနေဖြင့် သူ့အားဆန့်ကျင်ဘက်သာ ပြောလာလိမ့်မည်ပင်။ သို့သော် ယခုအခြေအနေသည် သူမ၏ထိန်းချုပ်မှုအောက်တွင်မဟုတ်ပေ။ သူမသည် ခေါင်းကိုငုံ့ကာ အသံမထွက်ရုံသာ ရှိတော့သည်။ သို့သော် သူမသည် လက်သီးတင်းတင်းဆုပ်ထားသည်။ 'နင် စောင့်နေစမ်း....'
"လွတ်!" ချောင်းဟုန်မိန် ဘာတုံ့ပြန်မှုမှမရှိတာကိုမြင်တော့ မော့ချူး မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ အေးစက်သည့် ခံစားချက်တစ်ခုဟာ လွင့်ပျံလာသည်။
ဒါကိုကြားတော့ ချောင်းဟုန်မိန်သည် မလွှတ်ပေးရုံသာမက မော့ချူးရဲ့အင်္ကျီကို အတတ်နိုင်ဆုံးကြိုးစားကိုင်ထားလိုက်သေးသည်။
သူမမျက်နှာကို ထိလိုက်ရင်း မော့ချူးမှာ မတတ်နိုင်ဘဲ မျက်ခုံးအသာပင့်လိုက်မိကာ သူမရင်ထဲတွင် သံသယများဖြင့် ပြည့်နှက်သွားသည်။ 'သူမပုံစံက သူတော်ကောင်းတစ်ယောက်နဲ့ တူနေလို့လား? ပြီးတော့၊ သူမက အတိတ်ကအရာတွေကိုမေ့ပစ်ပြီး သူ့ကိုအတူခေါ်သွားလိမ့်မယ်လို့ ချောင်းဟုန်မိန်ဘာလို့ထင်နေတာလဲ?'
“အိုက်ယိုး! ဘယ်လိုတောင် အရေထူလိုက်သလဲ!" ချောင်းဟုန်မိန် မော့ချူးအနား ကပ်နေတာကိုမြင်တော့ ချင်ယွဲ့မျက်လုံးတွေထဲ အထင်သေးသည့် အရိပ်အယောင်တွေကို မပြဘဲမနေနိုင်တော့ပေ။ “မင်း အခုလေးတင် စိတ်ဝိညာဉ်အစားအစာလုပ်နည်းကို ခိုးသွားတာမဟုတ်ဘူးလား? အခုကျ မော့ချူးသဘောကျအောင် ကြိုးစားနေပြန်ပြီ၊ ကျွတ်စ် ကျွတ်စ် မင်းအရင်တုန်းက ဒီလိုမျိုးဆိုတာကို ငါဘာလို့မမြင်မိတာလဲ?"
"ပါးစပ်ပိတ်ထား!" ချောင်းဟုန်မိန်တစ်ယောက် နည်းနည်းကြာကြာလောက်သာ သည်းခံနိုင်လိုက်သည်။ သူမ၏ စိတ်ထဲတွင် ဒေါသတွေပေါက်ကွဲလာလုဆဲဆဲပင်။ သူမ ခေါင်းကိုမော့ကာ ချင်ယွဲ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။
'ဘာလဲ?' ချင်ယွဲ့ မနေနိုင်ဘဲ ရယ်မောလိုက်သည်။ သူမသည် ခဏလောက်သာ ဟန်ဆောင်နိုင်ကာ ဆက်ဟန်မဆောင်နိုင်တော့ပေ။
မော့ချူးမှာ ချောင်းဟုန်မိန်နှင့် အချိန်ဖြုန်းဖို့ အချိန်မရှိပေ။ သူမတို့နောက်တွင် 'နတ်ဆိုးလိုက်နေမှု"ဟာ အဆက်မပြတ်ကြီးထွားနေသည့် ကင်ဆာအကျိတ်တစ်ခုလိုပင်။ သတိလက်လွတ်ဖြစ်လို့မရပါချေ။
ဒါဟာ အဓိပ္ပါယ်မရှိမှတော့ မော့ချူးသည် ထပ်မြန်မြန်လှုပ်ရှားလိုက်သည်။ သူမ၏ နူးညံ့လှတဲ့လက်ကို ဆန့်ထုတ်ကာ ချောင်းဟုန်မိန်၏လက်များကို သူမခန္ဓာကိုယ်မှအတင်းဖယ်ထုတ်လိုက်သည်။ “ဆောရီး၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြဘူးလေ။ ငါတို့အတူတူမရှိတာက ပိုကောင်းတယ်”
ချောင်းဟုန်မိန်တစ်ယောက် သူမနောက် ဓားနှင့်ထိုးမည်ကို သူမ ကြောက်နေသေးသည်။ ဒါဟာ သူမကို သေစေလိမ့်မည်!
“နင်…” ချောင်းဟုန်မိန် သူမ နှုတ်ခမ်းကို အပြင်းအထန်ကိုက်လိုက်သည်။