အပိုင်း ၃၆၉
Vol. 25 Ch. 369
ကွမ်ရှန်း ကူကယ်ရာမဲ့စွာဖြင့် သူ့နဖူးကိုပွတ်လိုက်သည်။ 'မရှိတောင်မရှိတဲ့ ညီမတစ်ယောက်အတွက်နဲ့ သူတို့နှစ်ယောက် ပြင်းပြင်းထန်ထန် ငြင်းခုံနေကြသေးတယ်။'
"ဘာလို့ တစ်ခုခု မူမမှန်ဘူးလို့ ခံစားနေရတာပါလိမ့်" လေးနက်သည့်မျက်နှာနှင့် စစ်သားသည် မော့ချူးတို့မောင်နှမနှစ်ယောက်ရဲ့နောက်ကျောကို စိုက်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဒီစကားကို သူပြောလိုက်သည်နှင့် သူ့ဘေးတွင် ရန်ဖြစ်နေကြသည့် လူနှစ်ယောက်ဟာ ရုတ်တရက် ငြိမ်သက်သွားတော့သည်။
'ဟင်? သူ ဘာကိုဆိုလိုတာလဲ?' နှစ်ယောက်သား အလင်းစခရင်ကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။ "ဘာပြဿနာမှမရှိပါဘူး!"
မော့ချူး၏ လှုပ်ရှားမှုဟာ သူတို့ရဲ့ မျက်လုံးတွေကို လင်းလက်သွားစေသည်။ ဒီလှုပ်ရှားမှုတစ်ခုတည်းနဲ့တင် ကလေးမလေးရဲ့ပင်ကိုယ်စွမ်းရည်နဲ့ ခွန်အားကို ပြသဖို့လုံလောက်သည်။
"မော့ချူးက ငယ်သေးပြီး အတွေ့အကြုံ မရှိသေးတာကြောင့်သာမဟုတ်ရင် သူ့ကို ငါတို့အဖွဲ့ထဲ ဆွဲထည့်လိုက်ပြီ" ကလေးမျက်နှာနှင့် စစ်သားက ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။
'ဒီကောင်မလေးသာ သူတို့အဖွဲ့ထဲကိုဝင်ခဲ့မယ်ဆိုရင် သူတို့နေ့စဉ်စားတဲ့ အစားအသောက်ဟာလည်း အမြင့်ဆုံးအဆင့်ကိုရောက်နေမှာပဲ။ တွေးကြည့်ရုံနဲ့တင် သူ့ကိုသရေကျလာစေသည်!'
"မော့ချူးက ၁၈ နှစ်ပဲရှိသေးတာ" လေးလေးနက်နက်မျက်နှာနှင့်စစ်သားက ခေါင်းကိုငုံ့ကာ လေးလေးနက်နက် စဉ်းစားလိုက်သည်။ " အဖွဲ့ချုပ်ဥပဒေမှာ စစ်တပ်ထဲဝင်ဖို့ဆို အသက် ၃၀ ပြည့်မှရမယ်လို့ ပြဌာန်းထားတယ်။ တစ်နည်းဆိုရရင် မော့ချူး စစ်တပ်ထဲဝင်လို့ရဖို့ဆို အနည်းဆုံး ၁၂ နှစ်လောက် လိုသေးတယ်"
အင်းး... ၁၂ နှစ်ဆိုတာ တော်တော်ကြာသေးတယ်။ လေးနက်သည့်မျက်နှာနှင့် စစ်သားဟာ မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း သူတို့၏ ပစ်မှတ်မှာ မော့ချူးကဲ့သို့ ကြီးမားသည့် အလားအလာရှိတဲ့ တပ်သားဖြစ်သည်။ 'စောင့်ရတာတော့ တန်တယ်!'
“အိုး-” ကလေးမျက်နှာနဲ့ စစ်သားက ပါးစပ်အဟောင်းသားဖြင့် သူ့ကိုကြည့်နေမိသည်။ တကယ်တော့ သူက ဒီတ်ိုင်းပေါ့ပေါ့ပါးပါးလေးပဲ ပြောလိုက်တာဆိုပေမယ့် ဒီလူကတော့ လေးလေးနက်နက်ကို စဉ်းစားလိုက်တာပဲ။ သူအဲ့ဒီအကြောင်းကို တွေးတောင်မတွေးမိဘူး။ မော့ချူး၏ စိတ်ဝိညာဉ် အစားအစာလုပ်နိုင်စွမ်းကြောင့် သူမအား အဖွဲ့ချုပ်တစ်ခုလုံး၏ နိုင်ငံတော်ဘဏ္ဍာအဖြစ် သတ်မှတ်လို့ရသည်။ ဒီလို အန္တရာယ်များလွန်းတဲ့ စစ်အုပ်စုထဲ သူ့ကို ဘယ်လိုလုပ်ဝင်ခွင့်ပြုရမှာလဲ?
ထိုအခိုက်အတန့်တွင် အရန်အသင်းဝင်အဖြစ် စာရင်းသွင်းခံထားရသည်ကိုမသိတဲ့ မော့ချူးဟာ နိုးကြားနေသည့်အကြည့်ဖြင့် ရှေ့သို့လျှောက်သွားသည်။ စပျစ်နွယ်ပင်တွေဆီမှ တိုက်ခိုက်ခံရသည့် မြင်ကွင်းပြီးနောက်၊ သူမတို့သည် ပတ်ပတ်လည်ရှိ မှော်အပင်များစွာကို ထိတ်လန့်အောင် လုပ်နိုင်လိုက်သည်။ လမ်းတစ်လျှောက်မှာတော့ အတော်လေး အေးချမ်းနေသည်။
"ဂရုစိုက်!" ရှေ့မှာလျှောက်နေတဲ့ မော့ယန်ဟာ သူ့ခြေလှမ်းကို ရပ်လိုက်သည်။ သူ့အမူအရာဟာ အနည်းငယ် လေးနက်နေသည်။ "အစ်ကိုတို့တွေ အထူးမှော်အပင်တွေရဲ့ဧရိယာထဲ ရောက်နေပြီ"
မော့ချူးက ခေါင်းမော့ကာ လှမ်းမျှော်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူတို့ရှေ့တွင် ပုတ်သင်သစ်ပင် တစ်ပင်ရှိနေသည်။ သို့သော်လည်း ခရိုင် ၉ တွင် သူတို့တွေ့ခဲ့ရတာထက် များစွာသေးသည်။
"သွားကြရအောင်" မော့ချူး ခေါင်းညိတ်ပြကာ သစ်ပင်ပေါ်တက်လိုက်သည်။
ပုတ်သင်သစ်ပင်က ချက်ချင်း တိုက်ခိုက်တော့သည်။
မရေမတွက်နိုင်သည့် အကိုင်းအခက်များသည် သူတို့နှစ်ဦးဆီ ရောက်လာကြသည်။ သူတို့တွေကို ရစ်ပတ်သွားသည်နှင့်တစ်ပြိုင်နက် အပေါ်မှ ပုတ်သင်ဆီကနေ ချက်ချင်း အရှင်လတ်လတ် မြိုချခံရလိမ့်မည်ပင်။
နှစ်ယောက်သား မပေါ့လျော့ရဲပေ။ သူတို့လက်ထဲရှိ ဒြပ်စင်စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။ သူတို့၏ ယခင်အတွေ့အကြုံအရ သူတို့ရဲ့ပစ်မှတ်ဟာ အလွန်ရှင်းလင်းသည်။ ဝင်လာသည့် အကိုင်းအခက်များကို တားဆီးခြင်းအပြင် သူတို့တိုက်ခိုက်ရမည့် အရေးကြီးဆုံး အစိတ်အပိုင်းမှာ သစ်ပင်ပင်စည်နှင့် ဆက်သွယ်ထားသည့် နေရာတွင်ရှိနေသည်။
သူတို့နှစ်ဦးသည် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ကြပြီး ရိုက်ချက်တွေများစွာဖြင့် အပင်အား ပြင်းထန်စွာဒဏ်ရာရအောင်လုပ်ကြသည်။
မူလက ခုန်ပျံဝင်လာသည့် အကိုင်းအခက်များသည် ရုတ်ချည်းအသက်ဝင်တာရပ်သွားကာ ညှိုးနွမ်းသွားသည်။ မော့ယန်သည် 'သနားညှာတာမှုမရှိရ' ဟူသည့် နိယာမကိုလိုက်နာကာ လက်ထဲတွင် လျှပ်စီးကြောင်းအနည်းငယ်နှင့်အတူ အမြန်ပြေးသွားလိုက်သည်။ သူသည် ပုတ်သင်၏ ခါးတစ်ဝက်ကို ချက်ချင်းဖြတ်ပစ်လိုက်သည်။
"သွားကြရအောင်!" မော့ယန်သည်မျက်လုံးတွေထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်နှင့်အတူ ချူးလေးကိုကြည့်လိုက်သည်။
ခွန်အားတွေ မတူတော့ဘူး! လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က သူ့ကိုပုတ်သင်အပင်ဖမ်းကာ အလိုရှိသလိုလုပ်နေသည်ကို ဒီတိုင်းသာ ကြည့်နေနိုင်ခဲ့သည်။ သူသည်ထိုတုန်းက စွမ်းအားမရှိသော်လည်း ယခုတော့ ဖျက်ဆီးနိုင်နေပြီဖြစ်သည်။ မှော်အပင်နှစ်ပင်ကြားတွင် အချို့သော ကွာဟချက်ရှိသော်လည်း မော့ယန်ဟာ ကလဲ့စားချေလိုတဲ့သဘောကို မခံစားဘဲမနေနိုင်ပေ။
“ကောင်းပြီ” မော့ချူး ခေါင်းညိတ်လိုက်ကာ မော့ယန်ကို ပြုံးပြလိုက်သည်။
ပထမဆုံး ပုတ်သင်အပင်ဟာ ကျောက်တုံးတစ်တုံးလိုပင်။ သူတို့ရဲ့ တုံ့ပြန်မှုကနေ ပြီးပြည့်စုံတဲ့ အဖြေတစ်ခုကို ပေးလိုက်ပြီးသားပင်။ ထို့အတွက်ကြောင့် နောက်လာမယ့် သူတို့ကြုံရမည့် အထူးမှော်အပင်အနည်းငယ်ဟာ သူတို့ကိုမတိုက်ခိုက်ကြတော့ပေ။
မော့ယန်နှင့် မော့ချူးတို့ဟာလည်း မှော်အပင်များနှင့် တိုက်ခိုက်ရလောက်အောင် မိုက်မဲနေမည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ်၊ သူတို့၏ ပစ်မှတ်မှာ အဆင့် ၈ အထူးမှော်အပင်သာဖြစ်သည်။ အခုချိန်မှာ သူတို့ရဲ့ ခံနိုင်ရည်နဲ့ စွမ်းအင်တွေကို ထိန်းနိုင်သလောက် ထိန်းသိမ်းထားရမည်ပင်။
တောနက်လာသည်နှင့်အမျှ မှော်အပင်များ၏ အဆင့်ဟာလည်း ပိုမြင့်လာသည်။
များမကြာမီ သူတို့သည် အဆင့် ၈ မှော်အပင်များဆီသို့ ရောက်ရှိလာကြသည်။ ဤဧရိယာထဲတွင် အဆင့် ၈ မှော်အပင် စုစုပေါင်း ငါးပင်ရှိသည်။ သူမတို့လိုအပ်သည့် အပြာရောင်ပုတီးလုံးသည် ၎င်းတို့အနက်မှ တစ်ခုတွင်ရှိလောက်သည်။
မွှေးကြိုင်သည့် အသွေးအသားအနံ့ကို ရလိုက်သည်နှင့် မှော်အပင်အုပ်စုသည် ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။ သူတို့ဟာ အလယ်မှာရှိနေတဲ့ မော့ချူးနဲ့ မော့ယန်တို့ကို လုံးလုံးမျိုချပစ်ရန် ဆန္ဒရှိနေကြသည်။
ပူလောင်နေသည့် ဤအကြည့်များဖြင့် စိုက်ကြည့်ခံလိုက်ရတော့ မော့ချူးမှာ မနေနိုင်ဘဲ ချောင်းအသာဟန့်ကာ လိုက်ကြည့်လိုက်သည်။
အရှေ့ဘက်တွင် ပင့်ကူပင်တစ်ပင်ရှိကာ ညာဘက်တွင် ဧရာမပိုးဟပ်သစ်ပင်ကြီးတစ်ခုရှိ၏။ မော့ချူးမသိသည့် တခြားထူးဆန်းတဲ့ တိရစ္ဆာန်တွေလည်း ရှိသေးသည်။ တခြားသူသာဆိုရင်၊ တစ်ကိုယ်လုံး ကြက်သီးထလာလိမ့်မည်ပင်။ သို့သော် မော့ချူးဟာ ငယ်စဉ်ကတည်းကပင် မိဘမဲ့ဂေဟာ၌ နေထိုင်ခဲ့ရကာ ဤအရာများစွာကို သူမမြင်ဖူးသည်ကြောင့် သဘာဝအလျောက် တည်ငြိမ်နေ၏။
"ချူးလေး၊ တစ်ခုရွေးလိုက်!" မော့ယန်က အေးဆေးတည်ငြိမ်စွာပြောလိုက်ကာ သူ့လက်ထဲတွင် လျှပ်စီးဘောလုံးက ငြိမ်သက်စွာဖြင့် လှည့်ပတ်နေပြီး စူးစူးရှရှအသံထွက်နေသည်။
"ဘာကိုလဲ?" မော့ချူးမှာ ခဏလောက် အံ့အားသင့်သွားပြီး မတုံ့ပြန်မိလိုက်ပေ။
“ဒီမှာ မှော်အပင်ငါးပင်ရှိတယ်လေ။ အပြာရောင်ပုတီးစေ့က ဘယ်ထဲမှာရှိနိုင်ခြေအရှိဆုံးလို့ ထင်လဲ?" သာမာန်မှော်အပင်များနှင့်မတူဘဲ အထူးမှော်သားရဲများသည် မှော်သားရဲများကို ကောင်းစွာလွှမ်းမိုးနိုင်သည်။ ဆိုလိုသည်မှာ သူတို့ မှော်အပင်တစ်ပင်နှင့် တိုက်ခိုက်နေသရွေ့ တခြားမှော်အပင်များ ဝင်ရောက်နှောင့်ယှက်လာဖို့ဆိုတာမဖြစ်နိုင်ပေ။ မဟုတ်ပါက စည်းကမ်းဖောက်ဖျက်သည်ဟု ယူဆလိမ့်မည်။
မော့ချူး ထိုအပင်တွေကို တစ်ခဏလောက် ဂရုတစိုက်ကြည့်လိုက်သည်။ နောက်ဆုံး သူမလက်ကိုဆန့်ကာ ပင့်ကူသစ်ပင်ကို ညွှန်ပြလိုက်သည်။ ခပ်ပုပုအပင်တွေကြားထဲ ခပ်မြင့်မြင့်အပင်ဟာ ဘယ်ညာကြည့်လိုက်သည်။ ဒီအပင်ကို ပိုသဘောကျသည်။ တခြားမှော်အပင်တွေကတော့ နည်းနည်းစိတ်ပျက်ဖို့ကောင်းသည်။
“ကောင်းပြီ!” မော့ယန်က မော့ချူးကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ထောင်ပေါင်းများစွာသောရေဓားများသည် မော့ယန်၏ လျှပ်စီးကြောင်းနောက်လိုက်ကာ ပင့်ကူပင်ဆီသို့ ပစ်ခတ်လိုက်သည်။ ဒြပ်စင်နှစ်ခုကို ပင့်ကူပင်ဆီသို့ တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သည်။ ထိပါက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမှာ သေချာပေါက်ပင်။