← Chapters

အပိုင်း ၃၇၀

Vol. 25 Ch. 370

အပိုင်း ၃၇၀

Vol. 25 Ch. 370

သို့သော် သူတို့နှစ်ဦးမှာ မနေနိုင်ဘဲ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ ပင့်ကူပင်ဟာ ကျင့်ကြံဆင့် အဆင့် ၈ မှာရှိတာကြောင့် သူတို့ ဘယ်လိုလုပ် အလွယ်တကူအနိုင်ယူနိုင်မှာတဲ့လဲ?

ထိုအပင်သည် တိုက်ခိုက်မှုကို တားဆီးရန် အကိုင်းအခက် အနည်းငယ်ကိုသာ အသုံးပြု၍ ရှောင်ရှားလိုက်သည်။ ထိုအချိန်တွင် ကျန်အကိုင်းအခက်များသည် ခုန်ပေါက်လာကာ ၎င်းတို့နှစ်ဦးကို တိုက်ရိုက်တိုက်ခိုက်တော့သည်။

မော့ချူးနဲ့ မော့ယန်တို့ဟာ သတိလက်လွတ်မဖြစ်ရဲပေ။ သူတို့ရဲ့အစွမ်းတွေကို ဆက်ပြီးပစ်လွှတ်ကြသည်။ သူတို့ဆီ ကျားတွေလို ခုန်ဝင်လာနေတဲ့ မှော်အပင်အကိုင်းအခက်တွေကို အပြင်းအထန် ဖြတ်တောက်ကြသည်။

ဘာပဲဖြစ်ဖြစ် ဒါဟာ အဆင့် ၈ မှော်အပင်ဖြစ်သည်။ ဂရုမစိုက်မိပါက ဒီနေရာတွင်ဘဲ အမြုပ်ခံလိုက်နိုင်သည်။ ဒီအချိန်မှာ သူတို့နှစ်ယောက်တွင် အသက်ရှုဖို့တောင်အချိန်မရှိပေ။ သူတို့မျက်လုံးတွေဟာ နီရဲနေပြီး လက်တွေဟာလည်း မရပ်မနား လှုပ်ရှားနေသည်။ သူတို့စိတ်ထဲတွင်တော့ - သတ်၊ သတ်၊ သတ် နင်သေမှ ငါအသက်ရှင်မယ်!

ရုတ်တရက် 'ဝှီး' ဆိုသည့်အသံတစ်ခု ထွက်ပေါ်လာသည်။ မော့ချူးရဲ့ခါးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး သွေးစိမ်းရှင်ရှင်ထွက်ကျလာသည်။ သူမသွေး၏ မွှေးရနံ့သည် ပတ်ဝန်းကျင်ရှိ မှော်အပင်များကို မငြိမ်မသက်ဖြစ်လာစေသည်။

"ချူးလေး?" မော့ယန်ရဲ့မျက်နှာ ပြောင်းလဲသွားတော့သည်။

"ဘာမှမဖြစ်ဘူး" မော့ချူး ခေါင်းခါပြလိုက်သည်။

ကျလာသည့် အကိုင်းအခက်အနည်းငယ်ကြားက ကွာဟချက်ကို အခွင့်ကောင်းယူကာ သူမသည်သွေးများထွက်မလာစေရန် အတတ်နိုင်ဆုံးကြိုးစားကာ သူမ၏ အဝတ်အစားများကို ခါးတွင် တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သည်။

"တစ်ခုခုတော့မှားနေပြီ!" အလင်းစခရင်မျက်နှာပြင်တစ်ဖက်တွင် လေးနက်သည့်မျက်နှာနှင့်စစ်သားသည် ရုတ်တရက် ထရပ်လိုက်သည်။ သူ့မျက်လုံးတွေထဲ တုန်လှုပ်ချောက်ချားမှုတွေ အလျင်လိုမှုတွေဖြင့် ပြည့်နှက်သွားသည်။ "မြန်မြန် မြန်မြန်ဝင်ကြရအောင်!"

"ဘာဖြစ်လို့လဲ?" ကလေးမျက်နှာနှင့်စစ်သားလည်း အနည်းငယ် အံ့အားသင့်သွားသည်။ တစ်လျှောက်လုံးတွင် မော့ယန်နှင့် မော့ချူးတို့၏ လှုပ်ရှားမှုတွေဟာ အလွန်ကို ထူးချွန်ပြောင်မြောက်လှသည်။ 'ဘာပြဿနာမှ မရှိဘူးလေ။ ရုတ်တရက် ဘာဖြစ်သွားတာလဲ?'

“မထူးဆန်းတော့ဘူး၊ စောစောက တစ်ခုခုမူမမှန်ဘူးလို့ ခံစားလိုက်ရတာ…” လေးနက်တဲ့မျက်နှာနဲ့ တပ်သားဟာ သိပ်ပြီးရှင်းပြမနေတော့ပေ။ ခပ်တိုးတိုးရေရွတ်ပြီးနောက် သူ့အမူအရာက ရုတ်တရက် တင်းမာသွားသည်။ “ကဲ၊ ပထမတပ်ရင်းအဖွဲ့ဝင်တွေ မှော်ဒေသထဲကို ဝင်ဖို့ ပြင်ဆင်ကြ။ မင်းတို့ရဲ့ပန်းတိုင်က မော့ချူးနဲ့ မော့ယန်ကို ကာကွယ်ဖို့ဘဲ။ နားလည်ကြလား?"

"နားလည်ပါပြီ!" ထိုအမိန့်ကို ကြားသည့်အခါ အခြေအနေသည် ဆိုးရွားနေကြောင်း သူတို့နားလည်လိုက်သည်။ သူတို့မျက်နှာပေါ်ရှိ အပြုံးတွေဟာ ချက်ချင်း ပျောက်ကွယ်သွားကာ စစ်သားတစ်ယောက်၏ အေးစက်မာကျောသည့် အရိပ်အယောင်တွေ ချက်ချင်းဆိုသလို ထွက်လာတော့သည်။

"အရမ်းကောင်းတယ်!" လေးနက်သည့်မျက်နှာနှင့် စစ်သားက ပြောလိုက်သည်။ “ချက်ချင်း စထွက်ကြ!”

“ဟုတ်!” လူအနည်းစုဟာ လှည့်ကာပြေးထွက်သွားကြသည်။ ခဏအကြာ သူတို့တွေ ပျောက်ကွယ်သွားကြတော့သည်။

အလင်းရောင်စခရင်တစ်ခုသာ တိတ်တဆိတ် တောက်ပနေဆဲဖြစ်ပြီး ပုံရိပ်တွေက ရှင်းလင်းနေသည်- ပင့်ကူပင်အပြင် တခြားအထူးမှော်အပင်တွေလည်း ဤတိုက်ပွဲတွင် ပါဝင်လာကြသည်။ အကိုင်းအခက်တွေက နေရာအနှံ့ပျံဝဲနေ၏။ သစ်ပင်ပင်စည်ပေါ်ရှိ မှော်ဝက်ဝံသားရဲသည် မော့ချူးကို တောင့်တသည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။

လက်ထဲကရေဓါးတွေကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေရင်း မော့ချူးရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။ သူမခန္ဓာကိုယ်ထဲက စွမ်းအင်တွေ တရွေ့ရွေ့စီးဆင်းသွားသလို ခံစားလိုက်ရသည်။ သူမရှေ့ရှိ မှော်အပင်တွေဟာ ပျောက်ကွယ်သွားရုံတင်မကဘဲ ပိုလို့တောင် များလာသေးသည်!

ဘာတွေဖြစ်နေတာလဲ?

မော့ချူး သံသယဝင်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။ စူးစိုက်ကြည့်လိုက်တော့ သူမအမူအရာတွေ ရုတ်တရက် ပြောင်းလဲသွားတော့သည်။။ "အစ်ကို၊ ကြည့်အုံး!"

မော့ချူးပြသည့်နောက်သို့လိုက်ကာကြည့်လိုက်တော့ မော့ယန်ရဲ့မျက်ခုံးတွေ တင်းတင်းကျပ်ကျပ် တွန့်ချိုးသွားသည်။ သူတို့ လက်ရှိကိုင်တွယ်နေသည့် ပင့်ကူသစ်ပင်အပြင် အခြားအဆင့် ၈ မှော်အပင်တွေလည်း ရောနှောနေ၏။

'ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? လုံးဝယုတ္တိမရှိတာ!'

မော့ယန်ရင်ထဲ တုန်လှုပ်သွားသည်။ သူ တစ်ခဏလောက် အာရုံလွတ်သွားသည့်အချိန် သူ့လက်ကောက်ဝတ်တွင် အကိုင်းအခက်တချို့ တင်းတင်းကြပ်ကြပ် ရစ်ပတ်သွားသည်။ အကိုင်းအခက်တွေသည် သူ့လက်နှစ်ဖက်စလုံးကို အားကုန်ဆွဲလိုက်ပြီး သူ့လက်များကို မတူညီသည့်လားရာအတိုင်း လှည့်လိုက်သည်။

ဂျွပ်!

အဆစ်လွဲသွားသည့် အသံခပ်တိုးတိုးထွက်လာခဲ့သည်။

“အာ့-” မော့ယန် နာကျင်စွာဖြင့် ညည်းညူလိုက်မိကာ သူ့ခေါင်းပေါ်မှနေ ချွေးအေးတွေ စီးကျလာတော့သည်။

"အစ်ကို!" မော့ချူးသည် မျက်လုံးထောင့်မှနေ မော့ယန်ကို ကြည့်နေတာကြောင့် ဤအခိုက်အတန့်၌ သူမလည်း အခြေအနေကို သဘာဝအလျောက် သတိထားမိသည်။ သူမ မျက်နှာ ဖြူဖျော့သွားသည်။ သူမ ရှေ့တိုးကာကူညီချင်သော်လည်း သူမပတ်ဝန်းကျင်ရှိ အကိုင်းအခက်များက တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားသည်။ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ သေစမ်း!

သူ့လက်ကောက်ဝတ်ကိုကြည့်လိုက်ရင်း မော့ယန်မျက်နှာဟာ မတတ်နိုင်ဘဲ အနည်းငယ်ဖျော့တော့သွားသည်။

အဆစ်လွဲသွားပြီ။ အရင်တုန်းကဆိုရင်တော့ ၎င်းဟာ ကုသရေးစက်တွင် ၁၀ မိနစ်လောက်သာ ကုသရသည့် ကိစ္စသေးသေးလေးပင်။ ယခုမူကား၊ သေခြင်းတရားကို ကိုယ်စားပြုနိုင်၏။ နောက်ဆုံးတော့ သူ့ရဲ့မှန်ကန်တိကျမှုတွေကို ဆုံးရှုံးသွားမည်ဖြစ်သည်ကြောင့် မရှုနိုင်မကယ်နိုင်ဖြစ်ရတော့မည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ပါးလွှာပြီးမာကျောသည့် အကိုင်းအခက်တချို့ဟာ မော့ယန်ရဲ့ခြေထောက်တွေကို တိတ်တဆိတ် ရစ်ပတ်လာသည်။ ထို့နောက် ရုတ်တရက် မော့ယန်အား လေထဲသို့ ဆွဲမြှောက်လိုက်သည်။

မဝေးလှသည့်နေရာတွင် ကိုယ်တစ်ပိုင်းနှင့် ပင့်ကူပင်ဟာ မော့ယန်ကို စိုက်ကြည့်နေ၏။ အနက်ရောင်အမွှေးများဖြင့် ဖုံးလွှမ်းနေသည့် ၎င်းရဲ့ခြေသည်းတွေဟာ စိတ်လှုပ်တရှား လှုပ်ရှားနေကြသည်။ စားချင်သည့်စိတ်ဆန္ဒတွေဟာ မျက်လုံးထဲကနေ လျှံထွက်နေ၏။

နောက်ထပ် တစ်လှမ်း နီးကပ်လာသည်! မော့ယန်သာ ပင့်ကူပင်လက်လှမ်းမီသည့်နေရာသို့ ရောက်လာသရွေ့ သူ့အားချက်ချင်းပင် အသက်ရှင်လျက် မျိုချသွားလိမ့်မည်။

မော့ယန်သည်လည်း ဤအချက်ကို နားလည်သည်။ သူ့မျက်နှာပေါ်တွင် အလျင်လိုစွာနှင့် တင်းမာသည့်အရိပ်အယောင်တွေ ပြသနေသည်။ သူ့လက်ထဲက လျှပ်စီးကြောင်းတွေကို ဆက်ပြီးထုတ်လွှတ်နေပေမယ့် သက်ရောက်မှုက အားနည်းလာသည်။

"အစ်ကို!" ပြင်းထန်သည့် အော်သံတစ်ခု ထွက်ပေါ်လာကာ ကျိုးပဲ့သည့်နေရာမှ သွေးတွေစီးကျလာသံကို ခံစားလိုက်ရသည်။

မော့ယန် ခေါင်းအသာစောင်းကြည့်လိုက်တော့ သူ့အကြည့်တွေ မနေနိုင်ဘဲအေးခဲသွားတော့သည်။

သူ့နောက်မှ မော့ချူးဟာ ပေါက်ကွဲနေပြီဖြစ်သည်။

ကြည်လင်သန့်စင်နေတတ်သည့် အနက်ရောင်မျက်လုံးတစ်စုံဟာ နီရဲနေပြီဖြစ်သည်။ နက်ရှိုင်းသည့် သွေးရောင်များသည် သူမ၏သူငယ်အိမ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူမလက်ထဲမှ ထွက်လာသည့် ရေဓါးအရေအတွက်ဟာလည်း ပိုလို့ပင် တုန်လှုပ်စရာကောင်းလှသည်။ မော့ချူးအနားတွင် မရေမတွက်နိုင်သည့် မှော်အပင်အကိုင်းအခက်များသည် အညှာအတာမဲ့စွာ ခုတ်ဖြတ်ခံထားရပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ဒါ့အပြင်၊ ပိုပိုပြီးတော့တောင်များလာသည်။

“ချူးလေး…” မော့ယန်ရဲ့ မျက်နှာအရောင်ဟာ ဖျော့သွားတော့သည်!

'ချူးလေး ချူးလေး ဘာဖြစ်သွားတာလဲ?'

မော့ချူးဟာ မော့ယန်ရဲ့အော်သံကို လုံးဝမကြားသလို ပြုမူနေသည်။ သူမခေါင်းအသာငုံ့လိုက်တော့ နှစ်ဖက်စလုံးက ဆံပင်တွေဂာ သူမ၏လှပတဲ့မျက်နှာကို ပိတ်ဆို့လိုက်သည်။ သူမဟာ အရောင်တွေ ပျောက်ဆုံးသွားသလိုမျိုး ဖြူဖျော့ဖျော့နှုတ်ခမ်းတစ်စုံကိုသာ မြင်နိုင်တော့သည်။

လေထုဟာ ချက်ချင်း အေးခဲသွားတော့သည်။

မော့ယန်သည် သူ့ရင်ဘတ်ထဲတွင် ပြင်းထန်စွာခုန်နေသော နှလုံးခုန်သံကို ခံစားနေရသည်။

နောက်ဆုံးတော့ မော့ချူးခေါင်းမော့လာကာ သူမ ရဲ့အကြည့်တွေဟာ အနည်းငယ် နက်ရှိုင်းသွားသည်။ တစ်ချိန်တည်းမှာပင်၊ ၈၀ စင်တီမီတာခန့်ရှည်သည့် ဓားကြီးတစ်ချောင်းသည် သူမလက်ထဲ၌ပေါ်လာကာ အလင်းရောင်ဖျော့ဖျော့ထွက်နေ၏။

All Chapters