အပိုင်း ၃၇၁
Vol. 25 Ch. 371
မော့ချူးသည် ဘာမှမပြောဘဲ ဓားကြီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ မော့ယန်ကို ချုပ်ထားသည့် ပင့်ကူပင်ဆီအားအပြင်းအထန် ခုတ်လိုက်သည်။
အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
မော့ယန် မျက်လုံးမှိတ်ထားလိုက်ကာ သူ့နားထဲမှ စူးရှသည့်ကွဲအက်သံကိုသာ ကြားလိုက်ရသည်။ 'စွမ်းအင်ဓားရှည်ကြီးက ကွဲအက်သွားတာမျာလား?'
'... ချူးလေးကော ဘယ်လိုနေလဲ?'
မော့ယန်က မျက်လုံးကျယ်ကျယ်ဖွင့်ကာ အလင်းရောင်ရှိရာဆီလှမ်းကြည့်လိုက်သည်။ သူမြင်လိုက်ရတဲ့အချိန် အေးစက်စက်လေတွေကို ရှုရှိုက်မိရုံကလွဲပြီး မတတ်နိုင်တော့ပေ။
မှန်သည်၊ မော့ချူးဖန်တီးထားသည့် ဓားရှည်ဟာ တကယ်ပဲ ကွဲအက်သွားသည်။ ကျိုးပဲ့သွားသည့်မှန်တစ်ချပ်လိုမျိုး မြေပြင်ပေါ်သို့ အပိုင်းအစများအဖြစ် ပြန့်ကျဲသွားကာ ရေအဖြစ် လျင်မြန်စွာပြောင်းလဲသွားတော့သည်။
ဓားခုတ်ခံထားရသည့် ပင့်ကူပင်ဟာလည်း နှစ်ပိုင်းပြတ်သွားသည်။
အပေါ်ပိုင်းဗလာဖြစ်နေသည့် သစ်ပင် ပင်စည်ဟာ နံဘေးတွင်ရပ်နေကာ ပူဆွေးဝမ်းနည်းစွာဖြင့် တိုးတိုးတိတ်တိတ် အော်ဟစ်နေသည်။ ပင့်ကူကိုယ်တစ်ပိုင်းဟာတော့ ပြုတ်ကျသွားသည်။ ၎င်းခန္ဓာကိုယ်မှ ထွက်လာသည့် ပြင်းထန်တဲ့ငါးညှီနံ့တွေနဲ့ စိမ်းဝါရောင်အရည်ဟာ မြေပြင်တစ်ခုလုံး ပြန့်ကျဲနေသည်။
မော့ယန် အသာလေးရုန်းလိုက်တော့ သစ်ကိုင်းတွေပေါ်မှ ပြုတ်ကျသွားသည်။
မော့ယန်မှာ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ဂရုမစိုက်အားပေ။ သူ တုန်လှုပ်သွားကာ ပင့်ကူပင်ဆီ ပြေးသွားလိုက်သည်။ သူ့မျက်နှာပေါ်တွင် မကြုံစဖူး ကြောက်ရွံ့သည့်အရိပ်အယောင်တွေရှိနေသည်။ 'ချူးလေး၊ ချူးလေး လဲနေတယ်!'
"ချူးလေး၊ ဘယ်လိုနေလဲ..." မော့ယန်မှာ ကျန်တဲ့စကားတွေကိုတောင် ဆက်မပြောနိုင်တော့ပေ။
မော့ချူး၏ ပိန်ပိန်ပါးပါးကိုယ်လေးဟာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ ရိုက်ခတ်မှုကြောင့် သူမခါးပေါ်တွင် ဒဏ်ရာပါးပါးလေး ရထားသည်။
လတ်လတ်ဆတ်ဆတ် သွေးတွေဟာလည်း ဆက်တိုက်ထွက်နေသည်။ အချိန်တိုလေးအတွင်းမှာဘဲ မြက်ခင်းပေါ် သွေးနီရောင်လွှမ်းသွားသည်။
“အာ့-” သူမလက်နှစ်ဖက်လုံးဟာ အားနည်းစွာဖြင့် တွဲကျနေသည်။ မော့ယန် သူ့လျှာကို ပြင်းပြင်းထန်ထန်ကိုက်လိုက်ပြီး လက်ကောက်ဝတ်ကို မြေပြင်ပေါ်တွင် ပြင်းပြင်းထန်ထန် ဖိလိုက်သည်။ ပြင်းထန်သည့် နာကျင်မှုသည် လက်ကောက်ဝတ်မှနေ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းဆီသို့ ပျံ့နှံ့သွားသော်လည်း သူသည်အသံတစ်ချက်မထွက်လာပေ။
ပြင်ပအား၏ သက်ရောက်မှုအောက်တွင် မော့ယန်၏ အဆစ်လွဲနေသည့် လက်ကောက်ဝတ်ဟာ ပုံမှန်အခြေအနေသို့ အနည်းငယ် ပြန်လည်ရောက်ရှိသွားပြီး အနည်းငယ် လှုပ်ရှားနိုင်လာသည်။ သို့သော်လည်း ၎င်းသည် ပရော်ဖက်ရှင်နယ် ကုသထားတာမဟုတ်တာကြောင့် အရိုးတွေ၏ အနေအထားမှာ အနည်းငယ်ယိုယွင်းနေသည်။ နည်းနည်းလေး လှုပ်လိုက်တာနဲ့ ရင်ထဲထိအောင် နာကျင်လာစေသည်။
မော့ယန်က လုံးဝ ဂရုမစိုက်ပေ။ သူသည် မော့ချူးကို လက်နှစ်ဖက်ဖြင့် ဂရုတစိုက် ပလက်လှန်လိုက်သည်။
ငုံ့ကြည့်လိုက်တော့ မော့ယန် ရင်ထဲ ပိုလို့တောင်နာကျင်လာသည်။
မော့ချူးသည် မျက်လုံးဆွေကို တင်းတင်းစေ့ထားကာ မျက်နှာဟာလည်း စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ အသက်ရှုသံတောင်မှ အားနည်းနေပုံရသည်။
သွေးနံ့နှင့် နံ့ဆော်သည့်ပင့်ကူအရည်မှ အနံ့တွေဟာ ရောယှက်နေသည်။ ဒါဟာ မွှေးပျံ့တဲ့အနံ့မဟုတ်ပေမယ့် ဘေးနားရှိ ကျန်နေတဲ့မှော်အပင်အနည်းငယ်ကတော့ စိတ်ထဲမထားပေ။
အကယ်၍ ၎င်းတို့အား ထိတ်လန့်စေသည့် မော့ချူး၏ ရုတ်တရတ် တိုက်ခိုက်မှုကြောင့်သာ မဟုတ်ပါက ၎င်းတို့သည် ပြင်းထန်သည့်ရနံ့ကို မခံနိုင်ဘဲ မော့ချူးကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်မှာ ကြာလှပြီပင်။
လှုပ်ရှားနေသည့် သစ်ကိုင်းများသည် မြေပြင်ပေါ်တွင် စည်းချက်ညီညီ ရိုက်ခတ်နေကြကာ တရွှမ်းရွှမ်းမြည်နေသည်။
အနီးဆုံးရှိ ဧရာမပိုးဟပ်သစ်ပင်သည် ၎င်း၏ အကိုင်းအခက်များထဲမှတစ်ခုကို တိတ်တဆိတ် ဆန့်ထုတ်ကာ မော့ချူး၏ သွေးထဲသို့နှစ်လိုက်သည်။ သူ့ပါးစပ်ထဲထည့်လိုက်တော့ အနံ့ကြောင့်.... သူ့မျက်လုံးတွေ ချက်ချင်းလင်းလက်သွားသည်။
အရမ်းအရသာရှိတယ်! ပိုးဟပ်ပင်ကြီးသည် အကိုင်းအခက်မှ သွေးများကို လုံးလုံးလျားလျား လျက်ယူလိုက်သည်။ စောစောက မော့ချူးကိုကြည့်နေသည့် သူ၏ကြောက်ရွံ့နေတဲ့အကြည့်တွေဟာ အသွေးအသားကို ဝါးမျိုလိုသည့် ၎င်း၏ ဗီဇကြောင့် လျင်မြန်စွာဖိနှိပ်ခံလိုက်ရသည်။
သူမကိုစားပြီးရင် သေချာပေါက် သူ့ကိုလဲစားရမယ်! ဆာလောင်တာကို မခံနိုင်တော့တဲ့ ဧရာမ ပိုးဟပ်ပင်ဟာ ချက်ချင်း တိုက်ခိုက်တော့သည်။ ဆူးအကိုင်းအခက်တွေဟာ မော့ချူးနှင့်မော့ယန်ဆီသို့ ပြင်းထန်စွာရွေ့လျားသွားသည်။
အကိုင်းအခက်တွေ သူတို့ကို ချည်နှောင်ခါနီးတွင် တောက်လောင်နေသည့် မီးနဂါးကြီးဟာ သူတို့ဆီ ရောက်လာသည်။ မီးတောက်တွေ ထွက်လာသည့်အခါ သစ်ကိုင်းတွေဟာ ပြာတွေအဖြစ်သို့ ချက်ချင်းပြောင်းသွားတော့သည်။
"သေစမ်း! ငါတို့ခြေတစ်လှမ်း နောက်ကျသွားသေးတယ်!” ကလေးမျက်နှာနှင့် စစ်သားသည် မော့ယန်နှင့်မော့ချူးတို့၏ အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။သူ မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့မျက်လုံးတွေထဲ စိုးရိမ်ပူပန်မှု အရိပ်အယောင်တွေ ပေါ်လာသည်။
ဒီလိုအခြေအနေမျိုးမှာ သူဆက်တိုက်ပွဲဝင်ဖို့ အဆင်သင့်မဖြစ်သေးပေ။ သူ့လက်ကိုအသာလှုပ်ရှားလိုက်ကာ မီးနဂါးအား ပိုဟပ်ပင်ဆီသို့ မီးတောက်အနည်းငယ် ပစ်ခတ်လိုက်သည်။
အနီရောင်တောက်တောက် မီးများသည် အဆုံးမရှိသည့် အပူနှင့်စွမ်းအင်များကို သယ်ဆောင်လာပုံရသည်။ ဧရာမပိုးဟပ်ပင်၏ အမူအရာသည် ပြောင်းလဲသွားပြီး ၎င်း၏အရေးကြီးတဲ့ အစိတ်အပိုင်းကို ကာကွယ်ရန် အကိုင်းအခက်အများစုကို ချက်ချင်းရုတ်သိမ်းလိုက်သည်။ ကလေးမျက်နှာနှင့် စစ်သားသည် ၎င်းအား အခွင့်ကောင်းယူကာ မော့ချူးနှင့်မော့ယန်တို့ကို လျင်မြန်သည့်အရှိန်ဖြင့် မျက်စိတစ်မှိတ်အတွင်း ခေါ်ထုတ်သွားသည်။
ကံကောင်းထောက်မစွာဖြင့်၊ ကလေးမျက်နှာနှင့် စစ်သားဟာ လျှင်မြန်စွာ လှုပ်ရှားခဲ့တာကြောင့်ပင်။ ဒီလိုမှမဟုတ်ပါက မော့ချူး၏ သွေးထွက်နေသည့်ပုံနှင့်ဆိုလျှင် တစ်လခွဲလောက် ငတ်ပြတ်နေသည့် သဘာဝဘေးဒဏ်သင့် ဒုက္ခသည်တွေရှေ့တွင် အသားပန်းကန်ပြားကြီး ချထားပေးတာနဲ့ မခြားတော့ပေ။
ဖြတ်သွားဖြတ်လာ မှော်အပင်တွေဟာလည်း ဆူဆူညံညံဖြစ်လာသည်။ သို့သော်လည်း သူတို့ မတိုက်ခိုက်ရသေးခင်မှာဘဲ ထွက်နေတဲ့ရနံ့တွေဟာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ရံဖန်ရံခါ မြေပြင်ပေါ်တွင် သွေးစက်အနည်းငယ် ကျန်နေခဲ့သည့်အခါ မှော်အပင်များစွာသည် ၎င်းအတွက် အပြိုင်အဆိုင်တိုက်ခိုက်ကြသည်။
သူတို့ မှော်ဒေသမှ ထွက်လာနိုင်သည့်အခါ ကလေးမျက်နှာနှင့်တပ်သားဟာ မတတ်နိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။
ထိုအချိန်တွင် သူ့အနားရှိမော့ယန်သည် မော့ချူးကို သူ့ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။ သူ့အမူအရာက အလွန်အေးစက်နေ၏။
"မင်းဘာလုပ်နေတာလဲ!" ကလေးမျက်နှာနှင့်တပ်သား ရှေ့တို့ခြေနှစ်လှမ်းတိုးလာသည့်အခါ ခေါင်းမော့လာသည့် မော့ယန်အကြည့်နှင့်ဆုံသွားသည်။ သူသာ တစ်ချက်လှုပ်လိုက်ပါက ချက်ခြင်းသတ်ပစ်မည့်အကြည့်မျိုးပင်။
"ငါဘာလုပ်ရမှာလဲ?" ကလေးမျက်နှာနှင့်တပ်သားမှာ မော့ယန်ကို မျက်လုံးလှိမ့်ပြလိုက်သည်။ သူသည် အတွေ့အကြုံရှိပြီး ဗဟုသုတရှိသော်လည်း မော့ယန်၏အကြည့်ကြောင့် မထိတ်လန့်သွားဘဲ မနေနိုင်လိုက်ပေ။ "သူ့ကို စစ်ဆေးကြည့်မလို့လေ!"
ထိုစကားကိုကြားသောအခါ မော့ယန်၏ အမူအရာဟာ အနည်းငယ် ပြေလျော့သွားသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အကြည့်က တဖန်မာကျောလာကာ မော့ချူးကို စစ်ဆေးနေသည့် လက်ဖဝါးအား တင်းတင်းဆုပ်ကိုင်လိုက်သည်။ "သူ့ကိုကယ်ပေးပါ! မော့ချူးကို ကယ်ပေးရမယ်... ကျွန်တော် တောင်းဆိုတာပါ!"
ဒီလူသည် သွေးထွက်နေသော်လည်း မျက်ရည်မကျပေ။ သူတပ်ထဲဝင်ခဲ့ကတည်းက ကလေးမျက်နှာနှင့်တပ်သားသည် ဤစကားတွေကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် ကြားခဲ့ရသည်။ ရိုးရိုးသားသားပြောရလျှင် အများအားဖြင့် ထိုသို့အကြောင်းမယ်မယ်ရရမရှိဘဲ ငိုနေတတ်သည့် မိန်းမလျာတွေကို သူမုန်းသည်။ သို့သော် မော့ယန်၏ နီရဲနေသည့် မျက်လုံးထောင့်တွေကို မြင်လိုက်ရသည့်အခါ သူ့လည်ချောင်းတွင် အလုံးကြီးတစ်ခုရှိနေသလို ခံစားလိုက်ရသည်။
ခဏအကြာ ကလေးမျက်နှာနှင့်တပ်သားက စစ်ဆေးမှုကိုရပ်လိုက်တော့ မော့ယန် ချက်ချင်းမေးလိုက်သည်။ "သူအဆင်ပြေရဲ့လား? ပြဿနာကြီးကြီးမားမားရှိလား?"
"အင်း…” ကလေးမျက်နှာနှင်စစ်သားသည် မျက်မှောင်ကြုတ်ကာ တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေ၏။ “အခြေအနေက မမှန်ဘူး!”
ထိုစကားများသည် မော့ယန်၏မျက်နှာကို ချက်ချင်းဖျော့တော့သွားစေသည်။ သူ့ခန္ဓာကိုယ်မှာ လဲပြိုလုနီးပါးဖြစ်သွားသည်။ ဒီအချိန်မှာ သူသာ မော့ချူးကိုဖက်ထားတာမဟုတ်ရင် အခုချက်ချင်း လဲပြိုသွားနိုင်သည်။