← Chapters

အပိုင်း ၃၇၄

Vol. 25 Ch. 374

အပိုင်း ၃၇၄

Vol. 25 Ch. 374

"ဘာလို့ ငါ့ကို အဲ့လိုကြည့်နေတာလဲ" မော့ယန်သည် ချန်ဝါအား စိုက်ကြည့်နေချိန်တွင် သူ့၏ကျောတပြင်လုံး အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

"ဘာမှမဟုတ်ဘူး" မော့ယန်သည် ချန်ဝါအား ဂရုမစိုက်သောပုံဖြင့် ဖျက်ခနဲကြည့်ကာဖြေလိုက်သည်။

လိမ်နေတာ! ချန်ဝါ အေးတိအေးစက်ဖြင့် နှာတစ်ချက်ရှုံ့လိုက်သည်။ သူတို့သည် သူတို့၏ လေ့လာနိုင်စွမ်းကြောင့် နာမည်ကြီးကြသောကြောင့် မော့ယန်၏ အကြံအစည်ကို ချမ်ဝါ မသိသည်မှာ မဖြစ်နိုင်ပေ။

ဒါပေမဲ့ အဆက်မပြတ်စားနေသည့် မော့ချူးဆီသို့ မော့ယန်၏ အကြည့်များ ရောက်သွားသောအခါ ချမ်ဝါသည်လည်း မော့ချူးဆီသို့ အာရုံရောက်ကာ သူမကို မီးတောက်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

"အဟမ်း" မော့ချူးသည် ခပ်ဖွဖွချောင်းဟန့်လိုက်သည်။ သူမ ချမ်ဝါရဲ့ မီးတောက်နေတဲ့အကြည့်တွေကို သည်းမခံနိုင်ပေ။ သူမ စပျစ်သီး ခပ်ကြီးကြီးတစ်ခိုင်ကိုယူကာ ရေဆေးပြီးနောက် ပန်းကန်လုံးတစ်လုံးထဲကိုထည့်ပြီး လက်လှမ်းကာ ပြောလိုက်သည်။ "လာ၊ လာစားကြ"

ဟမ်? ထိုစကားကိုကြားပြီးနောက် ကလေးမျက်နှာနှင့်စစ်သား၏ မျက်လုံးများ ချက်ချင်းမော့တက်လာခဲ့သည်။ ထို့နောက် သူ ပန်းကန်လုံးကို မြန်မြန်ဆန်ဆန်ဆွဲယူကာ သူ့၏ရင်ခွင်ထဲ၌ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

"ကလေးရုပ်နဲ့စစ်သား..အဲ့တာကို ဒီမှာရှိတဲ့သူမှန်သမျှ သူတို့လည်းစားရမှာပဲ!"

"ဘာလဲ ဒါတွေက ငါ့ဟာတွေ" ချမ်ဝါ၏ မျက်လုံးများမှာ ဒေါသများနှင့် ပြည့်နှက်လို့နေသည်။ ထို့ပြင် ကလေးမျက်နှာနှင့်စစ်သားသည် ချက်ချင်း ကွမ်ရှန့်၏ လက်ထဲက စပျစ်သီးများကို ရိုက်ချပြီး ပြောလိုက်သည်။ "ပြီးတော့ ငါ့ကို ကလေးမျက်နှာလို့ ခေါ်နေတာ တော်လိုက်တော့!" တကယ်ပဲ ဘာနာမည်ကြီးလဲ။ သူ့ရူပကာ၊ အရပ်နှင့် နဲနဲမျှမလိုက်ဖက်ပေ။

"ဟ! ဒါတွေက ငါတို့အတွက်လို့ မော့ချူးကိုယ်တိုင်ပြောထားတာနော်။ မင်းက ဒါတွေ အကုန်လုံးကို တစ်ယောက်တည်း အပိုင်သိမ်းဖို့ ကြံနေတာလား"

"အဲ့တာ ငါ့ဟာ!" ချမ်ဝါသည် အော်၍ စပျစ်သီးများကိုလုယူရန် ချက်ချင်း အရှေ့သို့တိုးသွားသည်။

ထို့နောက် မော့ချူးနှင့် ကျန်သောသူများသည် စိတ်၀င်စားဖို့ကောင်းသည့် ရန်ပွဲတစ်ခုကို မျက်မြင်တွေ့လိုက်ရတော့သည်။ သူ့၏ ထိုးချက်များနှင့် ကန်ချက်များသည် လျှင်မြန်၍ ပြင်းလွန်းလှပြီး သူ့၏လှုပ်ရှားမှုများသည်မှာလည်း သွက်လက်ပြီး သေသပ်လွန်းလှသည်။ သူလှုပ်ရှားလိုက်တိုင်း လေများကို ထိုးဆွလိုက်သလိုပင် ဖြစ်သွားသည်။

ဒါပေမဲ့ ဒါတွေအကုန်လုံးက စပျစ်သီး‌တစ်ပန်းကန်ကြောင့်ဖြစ်သွားသည်ကို သူမ ပြန်တွေးမိလိုက်သည်။ စပျစ်သီးတစ်ပန်းကန်သည် ဆူပူအုံကြွမှုကိုတောင်ဖြစ်စေနိုင်ခဲ့ပြီး မော့ချူးလည်း သူမ၏ခေါင်းတစ်ခုလုံးတွင် အမဲရောင်လိုင်းများ တင်သွားစေခဲ့သည်ကလွဲပြီး ဘာမှမလုပ်နိုင်လိုက်ချေ။ ကူတောင် မကူညီနိုင်ခဲ့ပေ။ ကမ္ဘာပေါ်မှာ အစားသမားတွေက တကယ်အဆိုးဆုံးပဲ။

ဆယ်မိနစ်ကျော်လောက်ကြာပြီးနောက် ချမ်ဝါသည် စပျစ်သီးပန်းကန်ကို ပြန်လုယူနိုင်ခဲ့ပေမဲ့ စပျစ်သီးပန်းကန်သည် အလွတ်ကြီးဖြစ်နေတာကို တွေ့လိုက်ရသောအခါ ချမ်ဝါ၏ မျက်နှာသည် ဖြူဖက်ဖြူရော်ဖြစ်၍ ကြက်သေသေနေ‌တော့သည်။

ထိုအရာကိုမြင်သော မော့ချူးသည် ရယ်မောလျှက်ပြောလိုက်သည်။ "ငါ နင့်အတွက် နည်းနည်းခူးပေးပါ့မယ်"

ထို့နောက် ချမ်ဝါ၏ မျှော်လင့်ချက်မဲ့နေသော မျက်နှာမှာ ချက်ချင်းပင် လင်းလက်တောက်ပလာတော့သည်။ သူ့၏ ခေါင်းငြိမ့်နှုန်းသည် မော့ချူး အရင်က မွေးခဲ့ဖူးသည့် ခွေးလေးနှင့်ပင် တူနေလေသည်။

အကုန်လုံးက စပျစ်သီးပန်းကန်ကို ကိုင်၍ မြိန်ရေယှက်ရေစားသောက်နေသည်ကို တွေ့သည့် နျဉ်ယွိယွမ်သည်ရောက်လာပြီး သူတို့၏ ဆေးစွဲနေသလို ဖြစ်နေသော အမူအရာများကို တွေ့လိုက်ရ‌သည်။

"စားလို့ကောင်းလား"

'ဟမ် အဲ့အသံက ဘယ်ကလာတာလဲ?'

အကုန်လုံးက ထိုအသံကိုကြားသောအခါ ခေါင်းများကိုမော့ကြည့်၍ ကြက်သေ သေနေကြသည်။ သူတို့ကို ပြုံးပြုံးကြီးရပ်ကြည့်နေသည် အရပ်ရှည်ရှည် ခပ်ဖြောင့်ဖြောင့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူ၏ အနုစိတ်ချုပ်ထားသော အ၀တ်အစားများမှာအနည်းငယ် ရှုံ့တွန့်နေ၍ ဖုံများပေနေသော်လည်း သူ့၏အမူအရာမှာ ချိုသာလွန်းသည်။

"အကြောင်းပြန်ပါတယ်!" ချမ်ဝါနှင့် တစ်ခြားသူများသည် ချက်ချင်းမတ်တပ်ရပ်ကာ ထိုလူအား စစ်တပ်အဆင့်အတန်းအတိုင်း အလေးပြုလိုက်ကြသည်။

"အရသာရှိပါတယ်!"

‌ဒါပေမဲ့ သူတို့၏ မျက်နှာပေါ်မှ အူကြောင်ကြောင်အနေအထားကိုတော့ မဖုံးကွယ်နိုင်ပေ။ အထက်တန်းလွှာလမ်းကြောင်းအတိုင်း အရင်က အမြဲတမ်းလျှောက်ဖူးခဲ့ပေမဲ့ ဒီလိုအချိန်မှာတော့...ဘယ်လိုလုပ် ဒီလိုပုံစံဖြစ်သွားရတာလဲ?

မော့ချူး၊ သူမ၏ မျက်လုံးများ ပေကလပ်‌ဖြစ်သွား၍ မှင်တက်နေမိသည်။ "အမ်..ဒီနားမှာ စစ်ဆင်ရေးရှိလို့များလား?"

"ဟုတ်တယ်" နျဉ်ယွိယွမ် ခေါင်းငြိမ့်ပြီး ထပ်ပြောလိုက်သည်။"ဒီမှာ မင်းကို လာတွေ့တာလေ"

နျဉ်ယွိယွမ်သည် အခုလိုအချိန်၌ တည်ငြိမ်နေနိုင်ပေမဲ့ မော့ချူး ဒါဏ်ရာရနေသည်ဟု ကွမ်ရှန့်ဆီမှ သိရသောအချိန်တွင် ဘယ်လောက်တောင် ထိတ်လန့်စိုးရိမ်နေသည်ကို ဘုရားသာသိပေလိမ့်မည်။ နျဉ်ယွိယွမ် ချက်ချင်း ကွမ်ရှန့်ကို သူဘာလုပ်နေသည်ဆိုတာကို ဖြစ်နိုင်သမျှ မြန်မြန်ပြောခဲ့ပြီးသည်နှင့် တပြိုင်နက် အလောတကြီး ထွက်လာခဲ့ခြင်းဖြစ်သည်။

မော့ချူးအား ဤအကောင်းတိုင်း အခြေအနေဖြစ်တွေ့နေရသောကြောင့် နျဉ်ယွိယွမ်၏ နှလုံးသားထဲမှာ စိုးရိမ်ပူပန်မှုများလည်း အနည်းငယ် လျော့သွားလေသည်။

မော့ချူးကို မပြောမှီ နျဉ်ယွိယွမ်၏ ဘေးတွင်ရှိနေသော ကွမ်ရှန့်တောင် ကြက်သေသေနေမိသည်။

မော့ချူးရဲ့အန္တရာယ်အကြောင်းကို သူ နျဉ်ယွိယွမ်အား အသေအချာ ပြောလိုက်ပေမဲ့ မော့ချူး၏ အခြေအနေမှာ နောက်ဆုံးတော့လည်း အကောင်းတိုင်းဖြစ်သည်။ နျဉ်ယွိယွမ်အား အချိန်မှီ သတင်းတောင်‌ပို့ပေးခဲ့သေးသည်။ ဒါတောင်မှ နျဉ်ယွိယွမ်သည် စိတ်ပူနေတုန်းပင်ဖြစ်သည်။ ဒါပေမဲ့လည်း သူကိုယ်တိုင်လာကြည့်စရာလိုလိုလား?

ကွမ်ရှန့်မှာတွေးရင်း ပြုံးပဲပြုံးနေနိုင်တော့သည်။

"အိုင်းယိုး!" စစ်သားများထဲတွင် ချမ်ဝါတစ်ဦးသာလျှင် နျဉ်ယွိယွမ်၏ စကားများအား စနောက်စရာတစ်ခုဟုထင်နေသူဖြစ်ပြီး တစ်ခြားသူတွေအား ချက်ချင်းမျက်စိမှိတ်ပြကာ တီးတိုးအသံဖြင့် "စစ်ဆင်းရေးတစ်ခုရှိတယ်လေ။ စစ်ဆင်ရေးက မော့ချူး အဆင်ပြေမပြေကိုသိရဖို့လေ။ တကယ့်ကိုပဲ..ပိုလိုက်တာ!"

ချမ်ဝါ၏ အသံမှာတိုးနေသော်လည်း လေ့ကျင့်ရေးကွင်းတစ်ခုလုံးလည်း တိတ်ဆိတ်ကုန်ကြသည်။ ဘယ်လောက်ပဲ တိုးတိုးပြောပြော အကုန်လုံးသည်ရှင်းရှင်းလင်းလင်းကို ကြားရသေးသည်။ မော့ချူ၊ သူမ၏ ခေါင်းကို အနည်းငယ် လှည့်လိုက်ချိန်တွင် သူမ၏ နားများသည် ရှက်သွေးဖြာ၏ နီမြန်းနေတော့သည်။

"ဟုတ်ပြီ" ရုပ်တည်ကြီးနှင့် စစ်သားတစ်ယောက်သည် ထထွက်မသွားခင် သူတို့အားဖျက်ခနဲကြည့်ကာ ပြောလိုက်သည်။ "တစ်ခြားသင်တန်းသားတွေ ဘယ်လိုအခြေအနေရှိလဲ သွားကြည့်ကြရအောင်"

ဆိုလိုတာက နျဉ်ယွိယွမ်နှင့် မော့ချူးတို့အား ရှောင်ပေးခြင်းဖြစ်သည်။

"ဟုတ်ပြီလေ!" ချမ်ဝါသည်ရယ်ရင်း နျဉ်ယွိယွမ်နှင့် မော့ချူတို့၏ ဘေး၌မတ်တပ်ရပ်နေသော မော့ယန်အားဖက်ကာ ပြောလိုက်သည်။"သွားမယ်လေ ဒီမှာရပ်မနေဘဲ ငါတို့နဲ့သွားရအောင်"

"ငါ မသွား..." မော့ယန်၏ စကားမဆုံးခင် ချမ်ဝါသည် မော့ယန်၏ ပါးစပ်အား သူ့၏လက်ဖြင့် အတင်းပိတ်ကာ ဆွဲခေါ်သွားတော့သည်။ ထွက်မသွားခင် နျဉ်ယွိယွမ်အား "လုပ်လိုက်တော့ ဆရာသမားရေ" ဟူသောအကြည့်ဖြင့်ကြည့်သွားသေးသည်။

သူတို့ထဲမှ စစ်သားအချို့က ထွက်သွားနှင့်ပြီဖြစ်သောကြောင့် နျဉ်ယွိယွမ်က မော့ချူးနားသို့ ခြေနှစ်လှမ်းလောက်တိုးပြီး နူးနူးညံ့ညံ့ မေးလိုက်သည်။ "ဒါဏ်ရာတွေက..နာနေသေးလား"

ဒီကိစ္စက အတော်လေး ဇဝေဇဝါဖြစ်စေပေမဲ့ စကားလုံးအနည်းငယ်သည် ပါ၀င်ပတ်သက်နေတဲ့ အန္တရာယ်ကိုထုတ်ဖော်ဖို့အတွက် နျဉ်ယွိယွမ်အတွက် လုံလောက်သည်။ အကယ်လို့ ချမ်ဝါသာ အချိန်မှီ မရောက်ခဲ့ဘူးဆိုရင် မော့ချူးနှင့် မော့ယန်က အခုချိန်ဆိုလျှင် အန္တရာယ်ကျရောက်နေလောက်ပြီ။

"အဆင်ပြေပါတယ်။ သိပ်လည်း မနာတော့ပါဘူး" မော့ချူးက သူမခေါင်းကို ခါလျှက် ပြောလိုက်သည်။ နျဉ်ယွိယွမ်၏ မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုများကို တွေ့သောအခါ သူမနှလုံးသားထဲ၌ နွေးထွေးမှုကို ရုတ်တရက် ခံစားလိုက်ရသည်။

All Chapters