အပိုင်း ၃၇၅
Vol. 25 Ch. 375
"ဒါဏ်ရာက မင်းရဲ့ခါးမှာဆို" နျဉ်ယွိယွမ် မော့ချူး၏ခါးကို လျှပ်တပြက် ကြည့်လိုက်သည်။
"ဟုတ်တယ်" မော့ချူး ခေါင်းငြိမ့်သည်။ နျဉ်ယွိယွမ်နှင့် မော့ချူး အကြည့်ခြင်းဆုံသည့်အချိန် ဘာလို့လည်းတော့မသိပေမဲ့ သူမ ရုတ်တရက် မျက်နှာပူလာမိသည်။
"ကိုယ်..တစ်ချက်လောက် ကြည့်လို့ရမလား" နျဉ်ယွိယွမ်၏ အသံမှာချိုသာလှသည်။
"အမ်" မော့ချူး ခဏတာ ကြက်သေသေသွားသည်။ နျဉ်ယွိယွမ် ပြောသည့်စကားကို သူမ ကြားလိုက်သောအခါ သူမ၏နားများ နီမြန်းသွားသည်။
နျဉ်ယွိယွမ် မလှုပ်မယှက် သူမ၏မျက်လုံးကိုသာ အသနားခံသည့်အကြည့်ဖြင့် မြန်မြန်ဆန်ဆန်ကြည့်လိုက်သည်။
"အဲ့တာဆိုလဲ..." မော့ချူးက သူမ နှုတ်ခမ်းကိုသပ်၍ ကြွက်တောင်ကြားနိုင်လောက်တဲ့အထိတိုးသည့် အသံဖြင့် "ရပါတယ်"
နျဉ်ယွိယွမ်၏ အကြားအာရုံမှာ အလွန်ကောင်းမွန်သောကြောင့် မော့ချူးပြောသည်ကို သူရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ မော့ချူးဆီမှ သဘောတူသည့်စကားကိုကြားရရခြင်း နျဉ်ယွိယွမ်၏ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုဆီသို့ တွန့်တက်သွားပြီး မော့ချူးနားသို့နည်းနည်းတိုးကာ မော့ချူး၏ အင်္ကျီီကိုဖယ်ရန် ဂရုတစိုက်ဖြင့် လက်လှမ်းလိုက်သည်။
မော့ချူး၏ အကျီအားဆွဲတင်ပြီးနောက် သူမ၏ ဖြူဖွေးနူးညံ့သည့် အသားအရည်မှာ နျဉ်ယွိယွမ်၏ မျက်လုံးထဲသို့ ချက်ချင်း၀င်ရောက်လာခဲ့သည်။ သူမ၏ လှပပြီးကွေးနေသောခါးမှာ နျဉ်ယွိယွမ်၏ လက်တစ်ဖက်တည်းနဲ့တင် ဆုပ်ကိုင်လို့ရသည်။
နျဉ်ယွိယွမ်၏ အသက်ရှူနှုန်းက အနည်းငယ်မြန်ဆန်လာခဲ့သည်။
နျဉ်ယွိယွမ်က သူ၏ မျက်လုံးများကိုမှိတ်ပြီး ပြန်ဖွင့်ကြည့်သောအခါ သူ့၏အမြင်အာရုံကို မော့ချူး၏ခါးပေါ်က အမာရွတ်ပါးပါးလေးက ဖမ်းစားလိုက်သည်။ ထိုခါးပေါ်မှ ဒါဏ်ရလေးဟာ အမာရွတ်တောင်ဖြစ်လို့နေပြီဖြစ်သည်။ သူမ၏ခါးပေါ်မှ အမာရွတ်သည် သူမ၏ စကျင်ကျောက်ကဲ့သို့ ဖြူဖွေးနေသော အသားအရည်နှင့်ယှဉ်ကြည့်သောအခါ တစ်ကယ်ကိုပင် မျက်စိဆံပင်မွှေးစူးစရာတစ်ခုဖြစ်လာသည်။
နျဉ်ယွိယွမ် သူ၏လက်ဖြင့် မော့ချူး၏ခါးပေါ်မှ အမာရွတ်အား ညှင်သာစွာပွတ်လိုက်သည်။ နျဉ်ယွိယွမ် အားဖြင့် မော့ချူး၏ အမာရွတ်အားဖိမိပါက မော့ချူး ဒါဏ်ရာထပ်ဖြစ်သွားမည်ကို မလိုလားသဖြင့် ဖြေးဖြေးသပ်သာ သာပွတ်သပ်ကြည့်လို့နေသည်။ မော့ချူး ခံစားရမည့်ဒါဏ်ကို သူခံစားမိသလိုမျိုးပင် နျဉ်ယွိယွမ်၏ မျက်ခုံးများ တွန့်ချိုးသွားရသည်။
မော့ချူး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားခဲ့သည်။ မော့ချူးက သူမ၏ခန္ဓာကိုယ်အတွင်း အထိအတွေ့ ခံစားနိုင်သည့် တစ်ခုတည်းသောနေရာမှာ သူမ ခါးဖြစ်သကဲ့သို့ပင် ခံစားလိုက်ရသည်။ နျဉ်ယွိယွမ်၏ လက်မှ အသားမာများကိုပင် အလွယ်တကူခံစားလို့ရနေသည်။
"ကိုယ် ဆေး၀ယ်လာတယ်" နောက်ဆုံးတော့ နျဉ်ယွိယွမ်၊ သူ့လက်ကိုဖယ်၍ ပြောလာခဲ့သည်။ မော့ချူး အသက်ဖွဖွရှူလိုက်သည်မှလွဲ၍ ဘာမှမလုပ်နိုင်ပေ။ ထို့ပြင်သူမ မျက်နှာက ပို၍တောင် နီမြန်းလာသည်။ "ဆေးထည့်ပြီးရင်တော့ အမာရွတ်တွေ ကျန်မှာမဟုတ်တော့ဘူး" ဟု နျဉ်ယွိယွမ် ထပ်ပြောခဲ့သည်။
ကွမ်ရှန့်နှင့် အခြားသူများမှာ စစ်သားများဖြစ်သောကြောင့် နှစ်တိုင်းနီးပါးဒါဏ်ရာ ရသည်မှာ ထုံးစံဖြစ်ပြီး သူတို့တွင် သောက်ဆေးကောင်းများနှင့် လိမ်းဆေးများလည်းရှိပေမဲ့ ယောက်ျားသားများဖြစ်သောကြောင့် အမာရွတ်များကို ပျောက်အောင်လုပ်ဖို့တော့မလိုပေ။ မော့ချူးညအစပိုင်းတွင် နျဉ်ယွိယွမ်ဆေးများယူလာသည်ကို သတိမပြုမိသလို မျှော်လည်းမျှော်လင့်ထားမိခဲ့ပေ။
"ကျွန်မကိုပဲပေးပါ" မော့ချူး ခေါင်းငြိမ့်ကာ သူမလက်ကိုဖြန့်လိုက်ပြီး "အိမ်ပြန်ပြီး ထည့်လိုက်ပါ့မယ်"
နျဉ်ယွိယွမ် ဆေးများကိုသူ့လက်ထဲ၌ ဆုပ်ကိုင်ထားပြီး မျက်ခုံးပင့်လိုက်သည်။ သူ့၏မျက်နှာတွင် အလိုမကျမှုများ ပေါ်လွင်နေခဲ့သည်။ "ဆေးကိုတစ်ယောက်တည်းထည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ် ကူပေးမယ်"
ဘာလဲဟ?
မော့ချူး၏ မျက်နှာက မဲမှောင်သွားသည်။ သူမရဲ့ဒါဏ်ရာက ကျောဘက်မှာမဟုတ်ပဲ ခါးမှာဖြစ်တာကြောင့် သူမကိုယ်တိုင် ဆေးထည့်ဖို့က မခက်ခဲဘူး မဟုတ်လား?
"ရပါတယ်။ ကိုယ့်ဘာကိုယ် မထည့်နိုင်ရင်.." မော့ချူး နျဉ်ယွိယွမ်၏ အလိုမကျဖြစ်နေသော မျက်လုံးအား မကြည့်ရဲဖြစ်နေပြီး တံတွေးအားမျိုချလိုက်ကာ "ကျွန်မအစ်ကို ကို..."
"မရဘူး!" မော့ချူး စကားမဆုံးခင် နျဉ်ယွိယွမ် တားလိုက်သည်။ 'သူတောင် မော့ချူး ခန္ဓာကိုယ်ကို သေချာမကြည့်ရသေးတာ တစ်ခြားယောက်ျားတစ်ယောက်က ကြည့်လို့ရမယ် ထင်နေလား?'
ကံကောင်းစွာနဲ့ မော့ချူးက နျဉ်ယွိယွမ်ပြောသည့်စကားအား မကြားလိုက်ပေ။ မဟုတ်လျှင် သူမပါးစပ်ထဲမှသွေးများ ထွက်ကျလာနိုင်သည်။ ဒါပေမဲ့လည်း သူမ၏ခါးက ဒါဏ်ရာကို ဆေးထည့်ပေးချင်သည့် နျဉ်ယွိယွမ်စိတ်မှာ သူမပြောလိုက်သည့် စကားများကြောင့်ပဲပို၍ စိတ်အားထက်သန်လာသည်မလား။
ဆောင့်ကြောင့်ထိုင်လျှက် နျဉ်ယွိယွမ်သက်ပြင်းချလိုက်သောအခါ ထွက်လာသောအာငွေ့သည် မော့ချူး၏ ခါးသို့ရိုက်ခတ်နေသည်။ နျဉ်ယွိယွမ် သူ့၏လက်ချောင်းဖြင့် လိမ်းဆေးအား တို့လိုက်ပြီးနောက် မော့ချူး၏ ခါးမှဒါဏ်ရာပေါ်သို့ လိမ်းရန်လက်လှမ်းချိန် နျဉ်ယွိယွမ်က လက်ကို ရုတ်တရက် ရပ်လိုက်သည်။
မော့ချူး အသက်ပြင်းပြင်းရှူပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး ချွေးများနှင့် ပြည့်နှက်နေသည်။ 'ဒီလူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? ဆေးက ထည့်မှာလား မထည့်ဘူးလား?'
နောက်ဆုံးမှာတော့ ပူပူနွေးနွေးအရာတစ်ခုက မော့ချူး၏ ဒါဏ်ရာပေါ် ကျရောက်လာသည်။ ဒီခံစားချက်က...မော့ချူးက သူမ၏ခေါင်းအား ရုတ်ခြည်းငုံ့ချလိုက်ပြီး မျက်လုံးများပြူးလာတော့သည်။
နျဉ်ယွိယွမ်သည် ရုတ်တရက် မော့ချူး၏ ဒါဏ်ရာကို နမ်းလိုက်ခြင်းဖြစ်သည်။ ထို့အပြင် နျဉ်ယွိယွမ် မော့ချူး၏ ဒါဏ်ရာကြည့်သည့်အကြည့်ဟာ စိတ်ပူခြင်း၊ စာနာခြင်းတို့နှင့် ပြည့်နှက်နေသည့်အကြည့်ဖြစ်သည်။
သူတို့နှစ်ဦးနီးနီးကပ်ကပ်ဖြစ်လာချိန်တွင် မော့ချူးက သူမ၏အသားအရေကို နျဉ်ယွိယွမ်၏ အသက်ရှုလေကဲ့သို့ ခပ်ဖွဖွထိနေသည့် သူ၏မျက်တောင်မွှေးကြောင့် ယားကျိကျိဖြစ်နေသည်ကိုတောင် ခံစားရသည်။
"မလုပ်ပါနဲ့" မော့ချူးသည် နျဉ်ယွိယွမ်နှင့် မျက်လုံးချင်းမဆုံရဲတာကြောင့် ပတ်၀န်းကျင်ကို ဟိုကြည့်ဒီကြည့်လုပ်ရင်း ပြောလိုက်သည်။ နျဉ်ယွိယွမ် နမ်းလိုက်သည့်နေရာမှာ ပူနေသည်ဆိုတာကိုပဲ သူမခံစားရသည်။
"နောက်တခါ ထိခိုက်မလာစေနဲ့" နောက်ဆုံးတော့ နျဉ်ယွိယွမ်သည် မော့ချူး၏ ခါးမှဒါဏ်ရာအား နမ်းနေရာမှ ခွာကာ သူ၏ခေါင်းကို တဖြည်းဖြည်းချင်း မော့၍ မော့ချူးအား ကြည့်လိုက်သည်။ မော့ချူး၏ ရှက်နေသည့် မျက်နှာကိုမြင်သောအခါ နျဉ်ယွိယွမ် ဖွဖွလေးပြုံးလိုက်သည်။ နျဉ်ယွိယွမ် ဒါဏ်ရာအား ဖြေးဖြေးခြင်းနောက်တစ်ခါထပ်နမ်းပြီး ပြောလိုက်သည်။ "ဒီလိုဖြစ်သွားတာ ကိုယ်၀မ်းနည်းရတယ်"
မော့ချူး ဘာမှမပြောနိုင်ခင်မှာပဲ နျဉ်ယွိယွမ်က သူ့လက်ကို သူမခါး၌နေရာယူလိုက်ပြီး ဒါဏ်ရာပေါ်နှင့် ဘေးပတ်ပတ်လည်အား ဆေးဖွဖွလေး လိမ်းလိုက်သည်။
မော့ချူး ဖြည်းဖြည်းချင်း ခေါင်းငုံ့ကြည့်လိုက်သောအခါ နျဉ်ယွိယွမ်၏ ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်နေသော အကြည့်ကိုတွေ့လိုက်ရသည်။
ဆေးသုံးခါလောက် လိမ်းပေးပြီးသောအခါ နျဉ်ယွိယွမ် ဆေးဗူးကို မော့ချူးအားပေး၍ "ဒါကိုတစ်နေ့နှစ်ကြိမ်လိမ်းနော်။ ဆေးလိမ်းဖို့မမေ့နဲ့။ ကိုယ်စစ်ကြည့်မှာ"
'ဟမ်?' ထိုစကားကိုကြားသောအခါ မော့ချူးက သူမ ခေါင်းကို ချက်ချင်းမော့လိုက်သည်။ 'စစ်..စစ်ဆေးမှာ..?'
"ဒီဆေးရဲ့အာနိသင်က တကယ်ကောင်းတယ်လေ။ မင်း ဒီလေ့ကျင့်ကွင်းကနေပြန်သွားတာနဲ့ အမာရွတ်လည်းကျန်တော့မှာ မဟုတ်ဘူး" နျဉ်ယွိယွမ်က မော့ချူးအား ကြည့်၍ပြောလိုက်သည်။ "အချိန်တန်ရင်တော့ ကိုယ် ကိုယ်တိုင်စစ်ကြည့်မယ်"
'ရှင်က ကျွန်မကို သိသိသာသာကြီး အခွင့်ရေးယူနေတာပဲ!' မော့ချူးက နျဉ်ယွိယွမ်အား ဒေါသများဖြင့် စိန်းဝါးဝါးကြည့်လိုက်သောကြောင့် နျဉ်ယွိယွမ်မှာ အူတက်အောင်သာ ရယ်နေနိုင်တော့သည်။ နျဉ်ယွိယွမ် ရုတ်တရက် ခေါင်းငုံ့လိုက်ပြီး သူ၏နှဖူးနှင့် မော့ချူး၏ နှဖူးအားထိလိုက်ကာ သက်ပြင်းခပ်ဖွဖွချ၍ ပြောလိုက်သည်။ "မင်းက တကယ်ကို ချီးထုတ်ပဲ"
'ရှင်ကမှ တကယ့်ချီးထုတ်လေ! ဟမ့်!' မော့ချူး နျဉ်ယွိယွမ်အား ဒေါသဖြင့် ကြည့်လိုက်သည်။ သူမ မသိလိုက်တာက နျဉ်ယွိယွမ်သည် သူမ၏ ဒေါသအကြည့်အားပို၍ သဘောကျသည်ဆိုတာကိုပင်ဖြစ်သည်။
ဒါပေမဲ့ သူ မော့ချူးကို သိပ်စလို့မရပါ။