← Chapters

အပိုင်း ၃၇၆

Vol. 26 Ch. 376

အပိုင်း ၃၇၆

Vol. 26 Ch. 376

နျဉ်ယွိယွမ်က သူ့ကိုယ်သူ ပြန်ထိန်းလိုက်ပြီး ဘေးသို့ကြည့်လိုက်ကာ သံသယအသံဖြင့် မေးလိုက်သည်။"မင်းအသီးတွေ စားလို့ရတာလား?"

"ဟုတ်တယ်လေ" မော့ချူး ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။ "စားချင်လို့လား။ အရသာရှိတယ်"

"စားမယ်လေ" နျဉ်ယွိယွမ် ပြုံးကာ သဘောတူလိုက်ပေမဲ့ ခေါင်းခါကာ "ဒါပေမဲ့ အဲ့တာက မသန့်ဘူမလား?

"စားလို့ရပါတယ်..ရှင့်လက်ကိုသာ ဆေးဖို့လိုတာ" မော့ချူး ခေါင်းထောင်၍ နျဉ်ယွိယွမ်၏ ကျီစယ်နေသောအကြည့်ကို ကြည့်လိုက်သည်။

နျဉ်ယွိယွမ် ပြုံးကာ "ဆေးဖို့မလိုပါဘူး မင်းကျွေးလို့ရတာပဲ"

သူ့ကိုကျွေးရမယ်?

‌မော့ချူး အနည်းငယ် မယုံနိုင်ဖြစ်သွားရသည်။

"ဘာလို့လဲ မကျွေးချင်ဘူးလား" နျဉ်ယွိယွမ်က ဆေးများနှင့်ပေနေသော သူ့လက်ကို မော့ချူးအား ခါပြလိုက်သည်။ နျဉ်ယွိယွမ်၏ မျက်နှာ၌ ၀မ်းနည်းမှုကိုမြင်နေရသည်။ "ကိုယ် ဒါတွေ ဘယ်သူ့အတွက် လုပ်နေတယ်ဆိုတာကို မင်း မမြင်ဘူးလား။ ခုတော့ကိုယ်က..."

"တော်လိုက်တော့" အကယ်၍ နျဉ်ယွိယွမ်သာ ဆက်ပြောနေလျှင် မော့ချူးသည် အကျင့်မကောင်းသည့်မိန်းကလေးတစ်ဦးဖြစ်တော့မှာ အသေချာပင်။ မော့ချူး နျဉ်ယွိယွမ်အား ဒေါသဖြင့်ကြည့်လိုက်သည်။ ခုတော့ သူမက နျဉ်ယွိယွမ်၏ ထောင်ချောက်ထဲ၌ ပိတ်မိနေသည့် ယုန်သူငယ်လို ဖြစ်နေရရှာသည်။

"ပါးစပ်ဟ" မော့ချူးသည် အေးစက်စက်ပြောလိုက်ပေမဲ့ နျဉ်ယွိယွမ်၏ မျက်နှာမှာတော့ မျောက်အုန်းသီးရသလိုပင် ဖြစ်နေတော့သည်။ နျဉ်ယွိယွမ် အနည်းငယ်ကွေးလိုက်ကာ သူ၏မေးစေ့ကို မော့ထားပြီး မော့ချူးကျွေးသည့် စပျစ်သီးများကို မျှော်နေတော့သည်။

‌မော့ချူး နှာမှုတ်လိုက်ကာ စပျစ်သီး လေး၊ ငါး လုံးလောက်ယူ၍ နျဉ်ယွိယွမ်၏ ပါးစပ်ထဲသို့ အပြည့်ထည့်လိုက်သည်။

နျဉ်ယွိယွမ်ကတော့ ထိုအရာကို စိတ်မဆိုးသည့်အပြင် စပျစ်သီးများကို မရရအောင်ဝါးနေသောကြောင့် စပျစ်သီးအရည်များ သူ၏ပါးစပ်မှထွက်ကျလာခဲ့သည်။ နျဥ်ယွိယွမ်‌ရှေ့မှ မော့ချူး၏ ရှက်နေသောမျက်နှာကို တွေ့သောအခါ နျဉ်ယွိယွမ် ဘာနှင့်မျှ မတူညီသည့် ချိုသောအရသာကို ခံစားလိုက်ရသည်။

သိပ်မကြာခင်မှာပဲ မော့ယန်က ပြန်ပြေးလာကာ မော့ချူးနှင့် နျဉ်ယွိယွမ်၏ ဘေး၌ ၃၆၀ ဒီဂရီစောင်းနေသည့် မီးသီးလုံးလို ရပ်နေခဲ့သည်။

"အမ်..ချူးလေး.." နျဉ်ယွိယွမ် စကားမဆုံးခင်မှာပဲ မော့ယန်၏ မျက်နှာပေါ်က စိတ်ပူနေသည့်အကြည့်ကိုတွေ့လိုက်ရသည်။ မော့ယန်သည် အဖြစ်သည်းချင်ယောင်ဆောင်လိုက်ကာ "အိုက်ယား..မော့ချူး ညီမလေးရဲ့ဒါဏ်ရာက အခုထိမပျောက်သေးဘူးမလား။ အဲ့တာကိုဘာလို့ဒီလို အကြာကြီး ရပ်နေရတာလဲ။ လာ အထဲ၀င်ပြီးနားရအောင်" ဟုဆိုကာ မော့ချူးကိုခေါ်ထုတ်သွားပြီး နျဉ်ယွိယွမ်ကိုတော့ ထိုနေရာ၌ပင် ချန်ရစ်ထားခဲ့သည်။ နျဉ်ယွိယွမ်၏ ပုံမှာ မျက်နှာငယ်လေးနှင့် သနားစရာတောင်ကောင်းလှသည်။

“ဖွီ”

အနောက်၌ပုန်းနေသည့် ချမ်ဝါမှာရယ်နေရုံကလွဲပြီး ဘာမှ မလုပ်နိုင်ချေ။ နျဥ်အရာရှိ ယခုလို အထင်မြင်သေးခံရသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

နျဥ်ယွိယွမ် သူ၏ခေါင်းကိုရုတ်ခြည်းလှည့်လိုက်ပြီး သူ့အနောက်က လူတစ်ချို့ကို အေးတိအေးစက်အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

'သွားပါပြီ။ သူတို့ကိုမြင်သွားပြီ!' ချမ်ဝါနှင့် အခြားသူများမှာ ချက်ချင်းပဲ သူတို့မျက်နှာပေါ်မှ အပြုံးကိုရုတ်သိမ်းလိုက်ပြီး မြန်မြန်ဆန်ဆန်ပြန်ပြေးသွားရသည်။ ပြီးနောက် သူတို့သည် သူခိုးလူမိသွားသလို မြန်မြန်ဆန်ဆန်ပဲ "ဒီနေ့လုပ်စရာတွေ တော်တော်များတာပဲ။ ငါတော့အလုပ်ရှုပ်နေတော့မှာ" ဟုပြောကာ ပြန်ထွက်သွားကြသည်။

ယုန်တွေလို ထွက်ပြေးနေကြတဲ့ လူတွေကိုကြည့်ရင်း နျဥ်ယွိယွမ် မျက်ခုံးကိုသာကျုံ့နေလိုက်‌တော့သည်။ ဒီကောင်တွေကိုမတွေ့ရတာကြာတော့ အတင့်တောင်ရဲလာကြပြီပဲ။

နျဥ်ယွိယွမ် ညာဘက်ကိုကြည့်လိုက်သောအခါ သူ့အားထူးဆန်းသည့်အမူအရာနှင့်ကြည့်နေသော ကွမ်ရှန့်ကြောင့် ရုတ်တရက် လန့်ဖျက်သွားရသည်။ ကွမ်ရှန့်က နျဉ်ယွိယွမ်၏ အကြည့်ကိုတွေ့သောအခါ အနည်းငယ်ခေါင်းငြိမ့်ပြလိုက်သည်။

ကွမ်ရှန့်နှင့် နျဉ်ယွိယွမ်မှာ သူငယ်ချင်းများဖြစ်နေကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် စကားနှင့် မပြောလျှင်တောင် အချင်းချင်း၏ ဆိုလိုရင်း၊ စိတ်သဘောထားအား သိကြသည်။

နျဉ်ယွိယွမ်၏ မျက်ခုံးများမြင့်တက်လာပြီး ကွမ်ရှ့န်ဆီသို့သွားလိုက်သည်။ နှစ်ယောက်သား ရှေ့နောက်အနေထားဖြင့် မတူညီတဲ့အခန်းထဲသို့ ၀င်သောလမ်းတွင် နျဥ်ယွိယွမ်က မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

"မင်းသိထားသင့်တဲ့ ကိစ္စတစ်ခုရှိတယ်" ခဏတာတိတ်ဆိတ်နေပြီးနောက် ကွမ်ရှန့်က တိုးတိုးလေး ပြောလိုက်သည်။ "မော့ချူအကြောင်းပဲ"

ထိုစကားကိုကြားကြားခြင်း နျဉ်ယွိယွမ်၏ နဂိုတည်ငြိမ်နေသော အမူအရာမှာ ချက်ချင်းပဲပြောင်းလဲသွားသည်။ "ချူးလေးရဲ့ ခန္ဓာကိုယ်အကြောင်း.."

"မသိနိုင်တဲ့ အန္တရာယ်တွေများ ရှိနေနိုင်သေးလား" ထိုအရာကိုတွေးခြင်းဖြင့် နျဥ်ယွိယွမ်၏ မျက်ခုံးများတွန့်ချိုးလာရသည်။

"မဟုတ်ဘူး။ သူမ ရဲ့ခန္ဓာကိုယ်ကတော့ ကောင်းလာပါပြီ" ကွမ်ရှန့်က သူ့ခေါင်းအား ခပ်မြန်မြန်ခါလိုက်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဒါပေမဲ့ သူမရဲ့အခြေအနေက တစ်ခုခုလွဲနေပုံပဲ"

"မင်း ဘာကိုဆိုလိုတာလဲ" နျဥ်ယွိယွမ် မျက်မှောင်ကြုပ်လိုက်သည်။

"မော့ချူးရဲ့အသွေးနဲ့အသားက..." ကွမ်ရှန့် သူပြောချင်သည့်အရာကိုမပြောခင် ‌အချိန်တော်ကြာလောက် တုန့်ဆိုင်းနေမိသည်။ "မှော်ဒေသအပေါ် တော်တော်ကိုသန်မာတဲ့ ကြီးစိုးမှုရှိနေတဲ့ ပုံပေါ်တယ်"

"ဟမ်" နျဥ်ယွိယွမ် အလိုမကျသည့်ပုံဖြစ်သွားရသည်။

ကွမ်ရှန့် သက်ပြင်းချ၍ "မှော်ဒေသရဲ့ အတွင်းနယ်ပယ်က မှော်အပင်တွေ ဘယ်လိုပုံရှိတယ်ဆိုတာကို မင်းသိသင့်တယ်"

"အစွန်ဆုံးအလွှာမှာရှိတဲ့ မှော်အပင်တွေက အဆင့် ၅ ဒါမှမဟုတ် ၆ပဲ ရှိနေတဲ့အချိန်မှာ မော့ချူးနဲ့ မော့ယန်ရဲ့ ကျွမ်းကျင်အဆင့်က ၇နဲ့ ၈ ဖြစ်နေပြီ။ ပြောရမယ်ဆိုရင် အပင်တွေက သူတို့ကိုတိုက်ခိုက်မှာ မဟုတ်ပေမဲ့ သူတို့တွေ၀င်လာတာနဲ့ အပင်တွေက တိုက်ခိုက်တော့တာပဲ။ အဲ့တာကိုကြည့်ရရင် အပင်တွေက လုံး၀ကိုထိန်းချုပ်ခံထားရတာပဲ"

သူစကားစပြောသည်နှင့် ကွမ်ရှန့်မျက်မှောင်ကြုပ်လိုက်မိသည်။ "ပြီးတော့ အဲ့ဒီမှော်အပင်တွေက မော့ချူးရဲ့ရနံ့ကိုရတာနဲ့ သူတို့ရဲ့ကိုယ်ပိုင်သတိတွေနဲ့ မော့ချူးကိုတိုက်ခိုက်ဖို့တောင်မှ လျှစ်လျှူရှုခဲ့ကြသေးတယ်"

"ဒါက မထူးဆန်းလွန်းဘူးလား"

မေးခွန်းတွေအားလုံးသည် မော့ချူး၏ အသွေးနဲ့အသားမှာ‌ မှော်အပင်များအတွက် အဟာရဖြစ်စေသည့်အစားအသောက်တစ်မျိုး ဖြစ်နေတယ်ဆိုသည့် အဖြေတစ်ခုတည်းဆီသို့ပဲ ဦးတည်သွားကြသည်။

ဒါကိုကြားပြီးနောက် နျဉ်ယွိယွမ်က သူ၏မျက်လုံးများကိုမှေးလိုက်သည်။

သူတို့တွေ ဒေသ ၉ မှာ ရှိနေသည့်အချိန်ကိုပြန်တွေးကြည့်ရာ ဒီလိုကိစ္စမျိုး ဖြစ်ဖူးသည့်ပုံပေါ်နေသည်။ ကြည့်ရတာ မှော်ဒေသသည် မော့ချူးအပေါ် သီးသန့် စိတ်၀င်စားနေပုံပေါ်ပေမဲ့ အဲ့ဒီအချိန်တုန်းက အခြေအနေမှာ သိပ်မသိသာလိုက်သောကြောင့် နျဉ်ယွိယွမ် ထိုအကြောင်းအရာကို လျှစ်လျှူရှူထားခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ အခုတော့ ကွမ်ရှန့်သည် ဤအကြောင်းပြောသောအခါ သူချက်ချင်းပဲ ဆက်စပ်၍ တွေးမိသွားသည်။

"ဒီကိစ္စကို မင်းဘယ်လိုထင်လဲ" နျဉ်ယွိယွမ်၏ တိတ်တဆိတ် ဖြစ်တေသောအကြည့်ကိုမြင်ရသော ကွမ်ရှန့်မှာ မျက်မှောင်သာကြုပ်နေနိုင်တော့သည်။ သူပြောတော့ အဲ့တာက ကိစ္စကြီးတစ်ခုဆိုပြီးတော့ ဒါဆိုဘာလို့ ဒီလူ ဘာမှမတုံ့ပြန်ရတာလဲ?

ကွမ်ရှန့်၏ စကားများထဲတွင် စိုးရိမ်ပူပန်မှုများကိုအထင်းသားမြင်နေရသည့် နျဥ်ယွိယွမ်မှာ အနည်းငယ်ခေါင်းမော့လိုက်ပြီး တိုးငြင်းစွာ ပြန်ဖြေလိုက်သည်။ "အိုး"

အိုး...?

ကွမ်ရှန့် မှင်သက်သွားမိသည်။ ဒီလောက်ပြောနေတဲ့ဟာကို နောက်ဆုံး ဒီ "အိုး" ဆိုတဲ့စကားတစ်လုံးပဲထွက်လာတာလား? "မင်း ငါ့ကိုမယုံတာလား ဒါမှမဟုတ် မင်း..."

"မဟုတ်ဘူး" နျဥ်ယွိယွမ် ခေါင်းအနည်းငယ်ခါ၍ပြောလိုက်သည်။ "ငါ မင်းကို ယုံပေမဲ့ ဒီကိစ္စက ငါ့အတွက် အဲ့လောက်အရေးမကြီးလို့။ မော့ချူးက မော့ချူးဖြစ်နေတုန်းပဲလေ"

မော့ချူး၏ ခန္ဓာကိုယ်နှင့်ပက်သက်၍ ပုံမှန်မဟုတ်တာတစ်ခုခုရှိခဲ့ရင်တောင် နျဥ်ယွိယွမ်က ဤအရာကို ကျေကျေနပ်နပ်ကြီး လက်ခံအုံးမည်ဖြစ်သည်။

နျဥ်ယွိယွမ်၏ မျက်လုံးထဲမှ အလင်းရောင်ကို တွေ့သော ကွမ်ရှန့်မှာ လန့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ပေ။ "ဟုတ်ပြီလေ အဲ့တာဆိုလဲ။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ဒီကိစ္စပြောပြီးသွားပြီပဲ။ ဘယ်လိုလုပ်ရမလဲဆိုတာတော့ မင်းကိုယ်တိုင် ဆုံးဖြတ်ရမှာ"

ကွမ်ရှန့် ပါကင်မဖောက်ရသေးသော အိတ်တစ်လုံးကိုဖောက်ပြီးသကဲ့သို့ ခံစားလိုက်ရ၍ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။ ကွမ်ရှန့် စိတ်ပေါ့သွားပြီး ထွက်သွားရန် လှည့်လိုက်စဉ်..

"ခဏလေး" နျဥ်ယွိယွမ် ရုတ်တရက် ကွမ်ရှန့်အားအော်ခေါ်၍ တီးတိုးသံဖြင့် "မင်း ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဘူးလို့ ငါ မျှော်လင့်တယ်"

ကွမ်ရှန့် မျက်ခုံးပင့်ပြီး ပြုံးပြုံးလေးမေးသည်။ "ဘာ? ဒါကအမိန့်လား တောင်းဆိုတာလား"

"နှစ်မျိုးလုံး" နျဥ်ယွိယွမ် ကွမ်ရှန့်အား စိုက်ကြည့်လိုက်သည်။ မော့ချူး၏ ယခုလက်ရှိအခြေအနေနဲ့ဆို ဒီသတင်းသာ ပေါက်ကြားသွားခဲ့ရင် အခက်အခဲတွေသာ ပေါ်လာမှာ ဖြစ်တာကြောင့် ဒီအကြောင်းကို သိတဲ့လူနည်းလေကောင်းလေပင်။

နျဥ်ယွိယွမ်၏ တည်ငြိမ်နေသော မျက်လုံးအား ကြည့်မိသော ကွမ်ရှန့်မှာ သူ့မျက်နှာကို တည်လိုက်ပြီး အလေးပြုရန် လက် မြှောက်လိုက်သည်။ "အမိန့်ရှိပါ။ ကျွန်တော် ဒီအကြောင်းကို လျှို့ဝှက်ထားပါ့မယ်"

All Chapters