← Chapters

အပိုင်း ၃၇၉

Vol. 26 Ch. 379

အပိုင်း ၃၇၉

Vol. 26 Ch. 379

တစ်နေကုန် ရေချည်းသောက်နေရပြီးနောက် သူမက အရသာ အပြောင်းအလဲ ဖြစ်စေချင်သည်။ သူမ စပျစ်သီးတွေ တွေ့လိမ့်မယ်လို့ ထင်မထားခဲ့ပေ။ အရသာရှိသည့် သေရည်အကြောင်းတွေးမိသည့်အခိုက် မော့ချူးတစ်ယောက် ဗိုက်ဆာလာတော့သည်။

ကံကောင်းစွာဖြင့် ယမကာ ချက်ရန်လိုအပ်သည့် ပစ္စည်းများက ရိုးရှင်းသည်။ မော့ချူးတွင် ထိုပစ္စည်းများရှိရာ သူမက အချိန်ကို အသုံးချ၍ သေရည်ချက်ရန် ပြင်လိုက်သည်။

ပထမဆုံး စပျစ်သီးများကို တစ်လုံးချင်းဆေး၏။ ယင်းနောက် စားမရသော အဆိပ်ပါသည့် အပိုင်းကို ဖယ်လိုက်သည်။ ပြီး၊ စပျစ်သီးများကို ခွက်အလွတ်ထဲ ထည့်၍ ဖိချေလိုက်သည်။

မော့ချူး အလုပ်ရှုပ်နေစဉ် ခွေးလိုဝက်လို လေ့ကျင့်ရေး ဆင်းပြီးသော ချမ်ဝါက တစ်ချက် လာစပ်စုသည်။

မော့ချူး၏ လှုပ်ရှားပုံကို မြင်တော့ ချမ်ဝါက ပိုလို့ စိတ်ရှုပ်ထွေးသွားသည်။ 'သူမ ဘာလုပ်နေတာလဲ။ သူကတော့ အရမ်းပင်ပန်းနေရတာ။ သူမက ကစားနေတယ်ပေါ့လေ။'

မော့ချူးက ကြွက်တစ်ကောင်လို ကုပ်ချောင်းချောင်း ချမ်ဝါကို ဂရုမစိုက်ခဲ့ပါ။

သူမက နေရာလွတ်ထဲမှ သကြားဖြူများကို ထုတ်လိုက်သည်။ သူမသည် စပျစ်သီးနှင့်သကြား အချိုကို တွက်လိုက်သည်။ ၎င်းမှာ ၁၀ဆ၊ ၃ဆ ဖြစ်၏။ သူမက စပျစ်သီးများပေါ် သကြားဖြူး၍ အဖုံးပိတ်လိုက်သည်။ ခွက်အပိတ်ပေါ်တွင် လေဝင်စရာ အပေါက်အနည်းငယ်သာ ရှိ၏။

“မင်းဘာလုပ်နေတာလဲ” စောင့်ကြည့်နေသော ချမ်ဝါက နားမလည်နိုင်ခဲ့ပါ။

“အစားကောင်းလုပ်နေတာ။” မော့ချူးက ပြန်ဖြေသည်။သူမ မျက်နှာပေါတွင် အပြုံးတစ်ခုရှိနေသည်။ “သေရည်တဲ့၊ ရှင် ကြားဖူးလား?”

သေရည်?

ချမ်ဝါက တွေးလိုက်သည်။ ထို့နောက် ခေါင်းခါလိုက်သည်။ ယင်းနောက် သူ၏ အမူအရာက လောဘတကြီး ပြောင်းလဲလာသည်။ “အဲ့ဒါက အရသာရော ရှိလား?”

“ဒါက အသားကင်ထက် ပိုကောင်းတယ်။” မော့ချူးက ယုံကြည်မှု အပြည့်ဖြင့်ပြေညလိုက်သည်။

ချမ်ဝါ၏မျက်ဝန်းများက ဘလင်းဘလင်း တောက်ပလာသည်။ “တကယ်လား?”

'အသားကင်ထက်တောင် ပိုကောင်းတယ်? ဘယ်လို အရာမျိုးပါလိမ့်!?'

တွေးနေရင်းမှ ချမ်ဝါ၏ နှလုံးသားက အခုန်မြန်လာသည်။ သူ သတိပြန်ဝင်လာသည့်အခါ မော့ချူးက ထွက်သွားလေပြီ။ 'မဟုတ်ဘူးလေ! ငါ မမြည်းရသေးဘူးလို့!'

နောက်တစ်နေ့ မော့ချူးက သေရည်ချက်ရန် ရောက်လာသည့်အခါ ချမ်ဝါက တားလိုက်သည်။ နျဉ်ယွိယွမ်နှင့် မော့ယန်ဆိုသည့် ကောင်နှစ်ကောင်ကြောင့် မဟုတ်လျှင် မနေ့ကတည်းက မော့ချူးကို သွားရှာ မိပေလိမ့်မည်။

“ဒါဆို ငါတို့ လဝက်တောင် စောင့်ရမှာပေါ့!?”

“အင်း။” မော့ချူးက ခေါင်းညိတ်သည်။ “ကောင်းတဲ့အရာတွေက အချိန်လိုတယ်လေ။ မဟုတ်ဘူးလား?”

ခနကြာ တွေးပြီးနောက် ချမ်ဝါက ခေါင်းညိတ်လိုက်သည်။ သူ့မျက်ဝန်းများက မော့ချူးကို စောင့်ကြည့်နေသည်။

၂၄နာရီကြာ အချဉ်ဖောက်ထားသည့် စပျစ်သီးဘူး၏ အဖုံးကို ဖွင့်လိုက်ပြီးနောက်၊ မော့ချူးက တူတစ်ချောင်းဖြင့် မွှေပေးလိုက်သည်။

“အာ...” ဝါကြင်ကြင် ကြိုးကျေနေသော သစ်သီးများကို မြင်တော့ ချမ်ဝါက ရွံ့ရှာစွာ တစ်ဖက်လှည့်လိုက်မိသည်။ ပထမဆုံးအကြိမ် သူ မော့ချူးကို သံသယဝင်လာမိသည်။ ဒါတွေနဲ့ ဘယ်လိုမျိုး အရသာရှိတဲ့ အစာလုပ်မှာလဲ?

“ကျွန်မ လုပ်တာ သေချာကြည့်ထား” မော့ချူးက ခေါင်းညိတ်လိုက်သည်။ “ကျွန်မတို့ နေ့တိုင်း မွှေပေးရမယ်။ တစ်ပတ်လုံး ရက်မပျက်ပေါ့”

“ဒါက မျက်နှာပြင်ပေါ် မှိုတက်မှာကို ကာကွယ်ဖို့နဲ့ အပေါ်ဘက်က စပျစ်သီးတွေ အပြည့်အဝ အချဉ်ပေါက်နိုင်ဖို့လေ။” မနက်ဖြန် သူမ လေ့ကျင့်ရေး ပြန်ဆင်းရတော့မည်။ သူမအတွက် အလုပ်လုပ်ပေးမည့် လူတစ်ယောက်လို၏။ ဘေးတွင်ရှိသော ချမ်ဝါကိုကြည့်လျက် မော့ချူး၏ မျက်ဝန်းများက အရောင်လက်သွားသည်။

“ဒီနေ့ကစပြီး၊ ဒီအလုပ်ကို ရှင့်ဆီ တာဝန်ပေးလိုက်ပြီ။ဘယ်လိုလဲ?” မော့ချူးက စပျစ်ဘူးကို ပြန်ပိတ်လိုက်ပြီး ချမ်ဝါကို မျှော်လင့်စွာ စိုက်ကြည့်လိုက်သည်။

“ဘာ!?” ချမ်ဝါက အံ့ဩသွားသည်။ “ငါ ဒါကို လုပ်ရမှာလား?”

“ဒီလိုပဲ နေ့တိုင်းမွှေပေးရုံတင်။” မော့ချူးက ဆွဲဆောင်ပြောဆိုသည်။

“တွေးကြည့်စမ်းပါ။ အရသာရှိတဲ့ အစားအစာကို ကိုယ်တိုင်လုပ်ရမှာနော်။ ဒီခံစားချက်က.....”

ချမ်ဝါ၏ စိတ်လှုပ်ရှားလာသော အမူအရာမှတစ်ဆင့် သူ လက်ခံလိမ့်မည်ဆိုတာ မော့ချူးသိလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း တာဝန်ကြီးတစ်ရပ်ကို လက်ခံလိုက်သည့်အလား ချမ်ဝါက ပြောလိုက်သည်။ “မစိုးရိမ်နဲ့တော့။ ငါ မင်းပြောတဲ့အတိုင်း လုပ်ပေးမယ်!”

“ကောင်းပြီ။ ဒါဆို ရှင့်ကို အလုပ်ရှုပ်စေတော့မှာပဲ။” မော့ချူးက အပြုံးဖွဖွ ပြူံလိုက်သည်။ သူမ မျက်လုံးများအတွင်း၌ လှောင်ပြုံးရှိနေသည်။ 'ဟမ့်! ဖြစ်ခဲ့တာတွေအတွက် ရှင့်ကို စာရင်း မရှင်းရသေးဘူး။'

ချမ်ဝါက တာဝန်ကို ပြုံးရွှင်စွာ လက်ခံလိုက်သည်။ မော့ချူးထွက်သွားပြီးမှ ဒါက ထောင်ချောက်တစ်ခုမှန်း သူ သတိထားမိသွားသည်။

'တွေးလိုက်ပါဦး။ အစားကောင်းကြိုက်သူတစ်ယောက်က မွှေးပျံ့တဲ့ရနံ့ကို နေ့တိုင်းခံစားရပြီး မစားမသောက်ရဘူးဆိုရင်!? ဒါက ဘယ်လို နှိပ်စက်မှုကြီးလဲ!?'

ရနံ့ပြင်းသော သေရည်၏ အနံ့ကို တစ်ချက်ရှုလိုက်ပြီးနောက် ချမ်ဝါ၏ နှလုံးသားက နာကြင်လာသည်။ သူ ချက်ချင်းကို မြည်းကြည့်ချင်သည်။ သို့သော် မော့ချူး၏ ညွှန်ကြားချက်ကို သတိရသွားသည့်အခါ.....

အဆုံး၌ အလိုဆန္ဒတို့ကို ထိန်းချုပ်ရန်မှတစ်ပါး ရွေးစရာမရှိတော့ပေ။ နေ့ရက်တွေက ပိုပြီးခက်ခဲလာသလိုပင်။

ဟူး...

ချမ်ဝါက ခါးသီးစွာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ 'မော့ချူးရေ....မင်း ဘယ်တော့မှ ပြန်ရောက်မှာလဲ....'

နတ်ဆိုးဘုံ၏ တစ်ထောင့်တစ်နေရာ၌

“ဟူး...” သူဟာ သက်ပြင်းချလိုက်သည်။ ယင်းအသံက တိတ်ဆိတ်နေသော နေရာ၌ ပဲ့တင်ထပ်သွားသည်။

“သေးစမ်း! ဒါက ဘယ်လိုနေရာကြီးလဲ!? “ ချင်ယွဲ့က မြေကြီးပေါ်ထိုင်ချကာ သူ့ခေါင်းသူ ကုတ်လိုက်သည်။သူ့မျက်နှာက ရှုပ်ထွေးနေသည်။ “ငါဘာလို့ အပြင်ထွက်မရတာလဲ? ထူးဆန်းလိုက်တာ။”

သူ အဖမ်းခံလိုက်ရပြီးနောက် ဤနေရာသို့ ပစ်ထည့်ခံလိုက်ရသည်။ ချင်ယွဲ့က ထွက်ပြေးဖို့ ကြိုးစားခဲ့သော်လည်း သူ အပြင်ရောက်သွားသည့်အခါတိုင်း ခနကြာသည့်အခါ ဤနေရာသို့ ပြန်ရောက်လာသည်။ မျက်နှာဖုံးတပ် ရုပ်ဖျက်လျှင်သော်မှ အသုံးမဝင်ပါ။ ထပ်ခါ ထပ်ခါ ကျရှူံခြင်းကြောင့် သူဟာ အရူးတစ်ပိုင်းဖြစ်လာသည်။ သူ၏ ကိုယ်က ဖုန်တလုံးလုံး လိမ်းကပ်နေသည်။

ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီးနောက် ချင်ယွဲ့က ကောက်ကာငင်ကာ မတ်တပ်ထရပ်လိုက်သည်။ 'ဟမ့်! ငါအရှုံးမပေးဘူးကွ။ ထပ်ကြိုးစားကြည့်မယ်!'

ဓါးမြှောင်ကို ကိုင်ဆောင်ရင်း ချင်ယွဲ့က တခြားလမ်းကို သွားသည်။ သူ လမ်းလျှောက်တိုင်း အမှတ်အသား ချန်ခဲ့သည်။ တစ်နာရီခန့်လျှောက်သော်လည်း မူလနေရာသို့ ပြန်ရောက်မသွားခဲ့ပေ။ ချင်ယွဲ့စပြီး ပျော်ရွှင်လာသည်။ ငါထွက်သွားနိုင်တော့မှာလား?

သူ သိပ်ကြာကြာ မပျော်ရသေးခင်မှာ သူချန်ထားခဲ့သော အမှတ်အသားများကို ပြန်မြင်လိုက်ရသည်။ သေစမ်း! သူဘာလို့ ပြန်ရောက်လာပြန်တာလဲ? သူ ဘေးနားတွင်ရှိသည့် မှော်ဆေးပင်ကို ဒေါသတကြီး ပုတ်ထုတ်လိုက်သည်။ ချင်ယွဲ့ စတင်စိတ်ပျက်လာသည်။ သူ လမ်းတိုင်းကို သွားခဲ့သော်လည်း အကျိုးမထူးခဲ့ချေ။

“သူ့ရဲ့ အကျင့်က မဆိုးဘူး” ဖန်သားပြင်မှတစ်ဆင့် ချင်ယွဲ့၏ လုပ်ဆောင်မှုကိုကြည့်ရင်း ကွမ်ရှန့်က မှတ်ချက်ပြုသည်။

“ဒါပေမယ့် စိတ်ရှည်သည်းခံမှုတော့ မရှိဘူး။”

“ကောင်းပြီ။ဒီလို‌ဆိုမှတော့ သူ ပိုပြီးစိတ်ရှည်ဖို့လိုတယ်။” ကွမ်ရှန့်က မှတ်ချက်ပြုလိုက်ကာ ချမ်ဝါကို စိုက်ကြည့်လိုက်ပြီး “မော့ချူးနဲ့အခြားလူတွေကိုရော ပို့ပြီးပြီလား?”

“ဟုတ်ကဲ့” ချမ်ဝါ ခေါင်းညိတ်လိုက်ခြင်းနှင့်အတူ မော့ချူးနှင့် မော့ယန်တို့လည်း ဖန်သားပြင်ပေါ်၌ ထွက်ပေါ်လာသည်။

သူတို့သုံးယောက်သား မကြာမီတွင် တွေ့သွားကြသည်။

“မင်း...မင်းတို့တွေ...” ချင်ယွဲ့သည် သူ့မိတ်ဆွေများကိုမြင်၍ ဝမ်းသာသွားသည်။ မကြာမီတွင် သူ၏ အမူအရာက စိုးရိမ်လာသည်။

“မင်းတို့လည်း အဖမ်းခံလိုက်ရတာလား?”

သူတို့အားလုံး ကံဆိုးလို့ အဖမ်းခံလိုက်ရပြီလား?

“မင်းဘာပြောနေတာလဲ!?” ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီး မော့ယန်က ချင်ယွဲ့၏ ပုခုံးကို ပုတ်ကာ အော်လိုက်သည်။

“ငါတို့က မင်းကို ကယ်ဖို့ရောက်လာတာ။ မဟုတ်ရင် မင်း ဒီမှာ တစ်သက်လုံး ပိတ်မိနေမှာကွ”

“ငါ့ကိုကယ်မလို့” ချင်ယွဲ့၏ မျက်ဝန်းများက တွေဝေငေးမောစွာ။ သူက ထိတ်လန့်လျက် အဲ့သြနေမိသည်။

“အင်း” မော့ယန်က ခေါင်းညိတ်လိုက်ပြီး အဖြစ်အပျက်များကို အတိုချုပ်ရှင်းပြလိုက်သည်။ “ဘယ်လိုလဲ။ မင်း ထိရှသွားပြီလား?”

ချင်ယွဲ့၏ နှုတ်ခမ်းများက တဆတ်ဆတ်တုန်နေသည်။သူက ရှေ့သို့လျှောက်လာကာ မော့ချူး၏ ပုခုံးကို အားဖြင့်ဆုပ်ကိုင်လျက် ကျေးဇူးတင်စွာ ပြောလိုက်သည်။

“ခုကစပြီး မင်းက ငါ့ရဲ့ ညီမလေးပဲ။ မင်းကို အနိုင်ကျင့်ချင်ရင် ငါ့အလောင်းကို ဖြတ်ကျော်သွားမှ ရမယ်!”

All Chapters