← Chapters

အပိုင်း ၃၈၀

Vol. 26 Ch. 380

အပိုင်း ၃၈၀

Vol. 26 Ch. 380

“ကောင်းပြီ။” မော့ချူးကလည်း ခေါင်းညိတ်သည်။ သူမ ပြန်လှည့်လိုက်သည့်အခါ သူမ မျက်နှာက ရှုံမဲ့နေသည်။

'ငါ့ပုခုံးကွဲထွက်တော့မလို့! သေစမ်း! ချင်ယွဲ့က သန်မာလိုက်တာ!'

တစ်ဖက်ရှိ မော့ယန်၏ အမူအရာက မည်းမှောင်နေသည်။ 'သေစမ်း! သူဘာလို့ ကိုယ့်ဘာကိုယ် ကျင်းတူးပေးမိသလို ခံစားနေရတာလဲ? ရိုးရိုးကျေးဇူးတင်လို့ မရဘူးလား။ ဒီကောင်က သူ့ညီမလေးကို ခိုးချင်နေတာ!'

“အိုင်းယား!” ဒီအချိန်တွင် ချင်ယွဲ့က အံ့အားတသင့်ရေရွတ်လိုက်သည်။ သူ၏ အမူအရာက ထူးဆန်းနေသည်။

“ဘာဖြစ်လို့လဲ?” မော့ယန်က မေးလိုက်သည်။ရုတ်တရက်ထအော်လိုက်တာ သူတောင် လန့်ပြီး ခုန်မိတော့မလို့။

ချင်ယွဲ့က သူ့နှုတ်ခမ်းသူ လျှာဖြင့်သပ်လိုက်သည်။ သူ့မျက်နှာက ပူဆွေးဝမ်းနည်းနေသည်။ “မင်းတို့တွေတော့ ပြဿနာတက်ပြီ။”

“ဘာကြီး!?” မော့ချူးက ထိတ်လန့်သွားသည်။ သူမ နားမလည်နိုင်တော့ဘူး။

“မင်းတို့ မသိသေးဘူး။” ချင်ယွဲ့က သူ့မျက်ခုံးသူ စိတ်ညစ်စွာ ဖိပွတ်လိုက်သည်။

“ဒီနေရာကနေ လွတ်မြောက်ဖို့ နည်းလမ်းမရှိဘူး။ ဒီနေ့ထိ ငါအကြိမ်ပေါင်းများစွာ ကြိုးစားပြီးပြီ။ လုံးဝ မအောင်မြင်ခဲ့ဘူးကွ။ အကြိမ်တိုင်း ငါက တူညီတဲ့နေရာကိုပဲ ပြန်ပြန်ရောက်လာတာ။ အစကသိရင် မင်းတို့ဒီကိုရောက်လာခဲ့မှာ မဟုတ်ဘူ။ ဒါက ထောင်ချောက်ကြီး....”

ဘာ!?

ဒါကိုကြားတော့ မော့ချူး မျက်မှောင်ကြုတ်သွား၏။ ထိုလူတွေက ထောင်ချောက်ဆင်လိမ့်ဦးမည်ဟု သူမ ထင်မထားခဲ့ပ။ ' ဒါ လွန်လွန်းတယ်!'

ချင်ယွဲ့၏ မျှော်လင့်ချက်ကင်းမဲ့သော မျက်နှာကိုကြည့်၍ မော့ချူးတစ်ယောက် ဝမ်းနည်းလာသည်။သူမက လေသံမြှင့်၍ ပြောလိုက်သည်။

“ဘာလဲ? ငါတို့သုံးယောက် အတူ ထွက်မသွားနိုင်ဘူးလို့ နင် ထင်လို့လား? ငါတို့က ညံ့တယ်လို့ ထင်တာလား? ချင်ယွဲ့က ငါတို့က အသင်းတစ်ခုပါ။ ငါတို့က အသင်းဆိုမှတော့ ရှုံးရင်လည်း အတူ၊နိုင်လည်း အတူပေါ့!”

“အမှန်ပဲ” မော့ယန်က ထောက်ခံသည်။

မူလက မောပန်းနေသော ချင်ယွဲ့က ခေါင်းထောင်ကြည့်လာသည်။ စိတ်ပိုင်းဖြတ်ထားသော လူနှစ်ယောက်ကို မြင်တော့ သူက မျက်နှာကို အကြမ်းပတမ်း ပွတ်ဆွဲလိုက်သည်။

“ကောင်းပြီ! ငါတို့အတူ စွန့်စားလိုက်ရအောင်! ဒီသောက်ကျိုးနည်း နေရာက မထွက်သွားနိုင်ဘူးဆိုတာ ငါ မယုံဘူး!”

“မဆိုးဘူး။” အပြင်ဘက်နေရာတွင် ရှန့်ကွမ်က ပြုံးလိုက်သည်။

“အစားပုပ်လေး မော့ချူးက သတ္တိရှိလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။”

စစ်သားများအနေဖြင့် သူတို့က အဖွဲ့လိုက်လုပ်ဆောင်မှုကို တန်ဖိုးထားသည်။ မော့ချူးတို့၏ လုပ်ဆောင်မှုက သူတို့ကို ကျေနပ်စေသည်။

“ဒါက သတ္တိရှိရုံတင် မဟုတ်ဘူး။” ကွမ်ရှန့်၏ မျက်ဝန်းက မှေးကျဉ်းသွားသည်။

“သေချာကြည့်။ စကားလုံးလေးတွေနဲ့ အသင်းရဲ့စိတ်ဓာတ်ကို ဆွဲတင်သွားတာ။ ဒါကို သာမန်လူတွေ မလုပ်နိုင်ဘူး။”

မော့ချူး၏ ပုံရိပ်က စစ်သားများ၏ နှလုံးသားအတွင်း ဆွဲထင်သွားပြီဟု ဆိုနိုင်သည်။ လက်တစ်ချက်အဝှေ့ဖြင့် ဤသို့ အောင်မြင်မှုမျိုး ရယူနိုင်သည်။

မော့ချူးကို တစ်သက်စာ သူငယ်ချင်းအဖြစ် မှတ်ယူထားသော။ ချမ်ဝါက ခေါင်းညိတ်သည်။သူ့မျက်ဝန်းများက ဂုဏ်ယူနေသည်။ “ဟုတ်တာပေါ့။ ကျွန်တော်တို့ရဲ့ ချူးလေးက သိပ်တော်တာ!”

ကွမ်ရှန့်က သူ့နှဖူးသူ ပွတ်လိုက်သည်။ 'ဒါက မင်းနဲ့ဘာဆိုင်လဲ။ မင်းမျက်နှာပေါ်က ဂုဏ်ယူနေတဲ့အပြုံးက ဘာအတွက်လဲကွ။'

“ဒါပေမယ့်...” ကွမ်ရှန့်က ဆက်ပြောသည်။

“ဒီအခက်အခဲကို သူတို့ ချောချောမွေ့မွေ့ ဖြတ်သွားနိုင်မလားဆိုတာတော့ မသေချာဘူး။”

ထိုမှော်ဒေသငယ်လေးကို သူ ပြုပြင်စီရင်ခဲ့ခြင်း ဖြစ်သည်။ ရှေးခေတ်က မှော်လှည့်ကွက်များကို သုံးထားရာ ရှုပ်ထွေးဆန်းကြယ်သည်။

“ဘာမှ သေချာပြောလို့ မရသေးပါဘူးဗျာ။” မျက်နှာ‌တည်ဖြင့် စစ်သား၏ မျက်လုံးများက မည်းမှောင်နေသည်။ သူတို့အားလုံး ကွမ်ရှန့်၏ နည်းလမ်းကို ကြုံတွေ့ဖူးသည်။ ၎င်းက လျို့ဝှက်ဆန်းကြယ်သည်။ လူအများစု မဖြတ်ကျော်နိုင်ခဲ့ပါ။

“ဘယ်သူပြောလဲ!?” ကလေးမျက်နှာနဲ့ စစ်သား ချမ်ဝါက မကျေမနပ်ဖြစ်လာသည်။

“မော့ချူးအရင်က နည်းလမ်းတချို့ကို မအောင်မြင်ခဲ့ဘူးလား။ ဒီတစ်ကြိမ်လည်း အောင်မြင်ဦးမှာ။”

ထိတွေ့ဆက်ဆံရသည့် ရက်များအတွင်း ချမ်ဝါက မော့ချူးကို သဘောကျလာခဲ့သည်။ 'အရသာရှိတဲ့ အစားကောင်းတွေ လုပ်နိုင်တယ်။ အမြဲတမ်းကံကောင်းတယ်။ ဒီကောင်မလေး မလုပ်နိုင်တာ ဘာရှိသေးလဲ!? '

သို့ပေသိ မော့ချူးတို့တတွေကတော့ လက်ရှိ၌ ပြဿနာတွေ့ကြုံနေရသည်။

သူတို့အားလုံး အတူလမ်းလျှောက်ကြသည်။အဆုံး၌ စမှတ်သို့သာ ပြန်ရောက်လာသည်။ ဤ ထူးဆန်းသော စက်ဝန်းသံသရာကို မလွတ်မြောက်နိုင်ပေ။

“မင်းတို့ပြောပါဦး။ ငါတို့ ဘာလုပ်သင့်လဲ” သူဓါးမြှောင်ကိုသုံးပြီး အမှတ်အသားပြုလွန်းခဲ့ရတာကြောင့် ဓါးသွားကတောင် တုံးနေလေပြီ။ ချင်ယွဲ့က သူ့ဘေးရှိကျောက်တုံးကြီးကို အလောသုံးဆယ် ပွတ်သပ်နေသည်။

ဤတစ်ကြိမ်၌ သူ၏ စိတ်က ‌အခြေအနေကောင်းနေသည်။ သူ တစ်ယောက်တည်း မဟုတ်တော့ဘူးလေ။သူ အရင်က ဖိအားများနှင့် ထိတ်လန့်မှုတို့ကို ခံစားခဲ့ရသည်။အခုတော့ သူ့မိတ်ဆွေများနှင့်အတူ ရှိနေရာ သူ့နှလုံးသားက ပိုငြိမ်းချမ်းနေသည်။

“ဒီနေရာမှာ ပြဿနာရှိတယ်လို့ ငါ ဘာကြောင့် ခံစားနေရတာလဲ? “ မော့ယန်က မတ်တပ်ရပ်လျက် တီးတိုးပြောသည်။

“ဘာလဲ!?” ချင်ယွဲ့က ရုတ်တရက် ထခုန်လာသည်။

“ဒီနေရာမှာ ညစ်ပတ်တာ တစ်ခုခုရှိတယ်လို့ မင်းထင်တာလား?”

သူ အရမ်းအတွေးလွန်သွားပြီ။ မော့ချူးက ချင်ယွဲ့ကို ကြည့်လိုက်သည်။ တခနကြာသော် သူမက တိုးညှင်းစွာပြောသည်။ “ဒီနေရာမှာ ထောင်ချောက် ရှိနေနိုင်တယ်”

ဟမ်?

မော့ချူး ပြောလိုက်တော့ လူနှစ်ယောက်က ထိတ်လန့်သွားသည်။

“ထောင်ချောက်?” ချင်ယွဲ့က သူ့ဘာသာ ရေရွတ်သည်။သူ့မျက်ဝန်းများက လင်းလက်လာသည်။ 'သူဘာလို့ အရင်က မတွေးမိပါလိမ့်။'

“ဒါဆို ချူးလေး။ မင်းမှာ နည်းလမ်းရှိလား?” ချင်ယွဲ့က မော့ချူးကို စိတ်အားထက်သန်စွာ ကြည့်သည်။ အရင်က မော့ချူးသည် ထောင်ချောက်ကို သတိထားမိကာ ဗုံး၏ တည်နေရာကို ဖော်ထုတ်နိုင်ခဲ့သည်။ဒါ့ကြောင့် ချင်ယွဲ့က သူမကို မြင့်မြင့်မှန်းထားသည်။ သူ့မျက်ဝန်းများက တောက်ပလွန်းနေတာကြောင့် မော့ချူးကတောင် တုန်တက်သွားသည်။

“ကျွန်မ မသိဘူး” မော့ချူးက ခေါင်းရမ်းသည်။ သူမ အမှန်အတိုင်းပြောနေခြင်းသာ။ ယခင်က နည်းစနစ်မျာစမှာ ရိုးရှင်းတာကြောင့် သူမ၏ ဗဟုသုတလေးများဖြင့် ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော်လည်း လက်ရှိ နည်းစနစ်များကတော့ ခက်ခဲသည်။ သူမ အဖြေမရှာနိုင်ပါ။

“အာ” ဒါကိုကြားတော့ ချင်ယွဲ့က မတတ်နိုင်ဘဲ အံ့ဩသံပြုသည်။ 'သွားပြီ။ ချူးလေးတောင် အဖြေမရှာနိုင်တော့ဘူး။ ဒါဆို လေ့ကျင့်ရေးပြီးတဲ့အထိ သူတို့ဒီထဲမှာ ပိတ်မိနေတော့မှာလား။' မော့ယန်၏ သတိပေးသည့်အကြည့်ကိုရတော့ သူက-

“အဆင်ပြေပါတယ်။ မင်းမသိရင်တောင် ကိစ္စမရှိဘူး။ သူတို့ ငါတို့ကို ဒီမှာ တစ်သက်လုံးတော့ ပစ်ထားမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား?”

“ကျွန်မ ဒီနည်းစနစ်ကို မဖြေရှင်းနိုင်ဘူးဆိုပေမယ့် ....” ချင်ယွဲ့၏ မျက်မှောင်ကြုတ်နေပုံကို မြင်တော့ မော့ချူးက လှမ်းကြည့်၍ ပြောသည်။ သူမ မျက်နှာက ယုံကြည်မှုရှိနေသည်။

“နည်းလမ်းတစ်ခု ရှိနေနိုင်တယ်။ ကျွန်မတို့ ဒီက ထွက်သွားလို့ရမှာပါ။”

'အိုင်းယား! မင်း စောစောက ပြောရောပေါ့။'

ချင်ယွဲ့၏ နှလုံးသားလေးက ပျော်ရွှင်လိုက် ဝမ်းနည်းလိုက်ဖြစ်ခဲ့ရသည်။ သူ့နှုတ်ခမ်းများက မြောက်တက်သွားသည်။ 'လာစမ်းပါ! မော့ချူးပြောတဲ့ အတိုင်းဆို နည်းလမ်းရှိနိုင်တယ်!'

“ငါတို့ဘာလုပ်သင့်လဲ?” မော့ယန်က မေးလိုက်သည်။သူက ညီမငယ်လေးကို ယုံကြည်ကိုးစားစွာ ကြည့်မိလိုက်သည်။

“မစိုးရိမ်ပါနဲ့။” မော့ချူးက ဦးဆောင်၍ လမ်းလျှောက်သွားကာ သူမ မျက်လုံးများက‌ တောက်ပနေသည်။

“ကျွန်မရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာရုံပဲ။”

အပြင်ဘက်တွင် ကွမ်ရှန့်၏ အမူအရာက မည်းမှောင်နေသည်။ သူ၏ နှလုံးသားက ကိုက်ခဲနေသည်။ 'ဒါက သူ နှစ်တစ်ဝက်လောက် အချိန်ဖြုန်းထားရတဲ့ ထောင်ချောက် အစီအရင်ကြီးလေ။ ဒီကောင်စုတ်တွေ၊ သူ..သူတို့က တကယ်ကြီး....'

“ကြည့်!” ကွမ်ရှန့်၏ သွေးအန်မတက် အမူအရာကိုမြင်တော့ ချမ်ဝါက ဝါးကူထိုးဖို့မမေ့ပါ။

“ကျွန်တော်ပြောတယ်လေ။ မော့ချူက ကျိန်းသေပေါက် ထွက်သွားနိုင်မှာပါဆိုတာ။ ကျွန်တော် ပြောတဲ့ အတိုင်းပဲမလား”

“အပေါက်ပိတ်ထား!” ကွမ်ရှန့်က အံကြိတ်လျက်ပြောလိုက်သည်။သူ့နှလုံးသားက နာကြင်နေသည်။

မော့ချူးနှင့်အဖွဲ့က ကျိန်းသေပေါက် ထွက်သွားနိုင်ခဲ့သည်။ သူတို့နည်းလမ်းက ရက်စက်နေသည်။ သူမက မော့ယန်နှင့် ချင်ယွဲ့တို့ကို ရှိသမျှ မှော်ဆေးပင်တွေကို ဖျက်စီးပစ်ခိုင်းသည်။ ထိုအဆင့်နိမ့် မှော်ဆေးပင်များ ဆက်တိုက် သေဆုံးသွားပြီးနောက် အစီအရင်၏ ပြည့်စုံမှုကလည်း ပျက်စီးသွားသည်။ ဒါ့ကြောင့် သူမတို့ အေးဆေးထွက်သွားနိုင်ခဲ့သည်!

All Chapters