← Chapters

အပိုင်း ၃၉၄

Vol. 27 Ch. 394

အပိုင်း ၃၉၄

Vol. 27 Ch. 394

သုံးရက်အကြာတွင် လူတိုင်းစောင့်မျှော်နေကြသော ကြယ်တာရာစစ်ပွဲကြီးက နောက်ဆုံး၌ စတင်ခဲ့ပြီဖြစ်သည်။

ပွဲစီစဉ်သူဖြစ်သည့် အဖွဲ့ချုပ်က ခေတ်အမီဆုံး ဘက်စုံချိတ်ဆက်မှုနည်းပညာကို ချက်ချင်းထုတ်ပြကာ ကြယ်တာရာကွန်ရက် ချိတ်ဆက်နိုင်ခဲ့သည်။ ယင်းမှာ ဤပွဲစဉ်ကို ဂလက်ဆီတစ်ခုလုံးနှင့် မတူညီသော ဂလက်ဆီ ဒါဇင်ပေါင်းများစွာတွင် တိုက်ရိုက်ထုတ်လွှင့်မည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့် အနည်းဆုံး လူဦးရေ သန်း ၂၀၀၀ ခန့်သည် ရာစုနှစ်တစ်ကြိမ်သာရှိသည့် ဤပွဲကို ကြည့်ရှုကြမည်ဖြစ်သည်။

“အဖွဲ့ချုပ်က ဒီနှစ်တွေမှာ ကောင်းကောင်းတိုးတက်လာပုံပဲ။ သုံးရက်ခြားပြီးနောက် သူတို့ကို အမြင်သစ်နဲ့ ကြည့်သင့်တယ်!” ချီရှောင်ပိုင်က အောက်ဘက်သို့ ငဲ့ကြည့်ရင်း သူ၏လေသံထဲတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုအရိပ်အယောင်ဖြင့် ပြောလိုက်သည်။

“ဘာကိုဆိုလိုတာလဲ” အကြီးအကဲ ချင်က ကျယ်လောင်စွာရယ်မောကာ လှောင်ပြောင်ပြောဆိုလိုက်သည်။ “အားလုံးအတူတူ တိုးတက်နေကြတာပဲ!”

သူတို့နှစ်ဦး စကားပြောနေချိန်တွင် အောက်ဘက်မှ စိတ်လှုပ်ရှားမှုလှိုင်းလုံးများက စတင်လာခဲ့ပြီပင်။

“ဟုတ်ပါတယ်၊ အခုဝင်လာတာက ဉာဏ်ပညာမိုးတိမ်ဂလက်ဆီက လူတွေပါ” ၂၁ ရာစု ဘောလုံးပွဲလိုပဲ ဂလက်ဆီတိုက်ပွဲကွင်းမှာ ကြေညာသူနှစ်ယောက်ကို အထူးခန့်အပ်ပေးထားသည်။ သူတို့၏ စကားလုံးများတွင် ထက်ထက်မြတ်မြတ် ဟာသဉာဏ်များပါဝင်ပြီး ပတ်ဝန်းကျင်လေထုကို ပိုမိုပူနွေးလာစေသည်။

“လှပတဲ့ရုပ်ရည်နဲ့ အထင်ကြီးစရာကောင်းတဲ့ ခွန်အား ပေါင်းစပ်မှုပဲ။ ဉာဏ်ပညာမိုးတိမ်ဂလက်ဆီ ဖျော်ဖြေတင်ဆက်တိုင်း လူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီတစ်ခါရော ဆက်ပြီး ထွန်းလင်းတောက်ပဦးမလား သိချင်မိပါရဲ့”

ဤစကားကို ကြားသောအခါ အလယ်တွင် လျှောက်လာနေသော လန်လျန်က သူမ၏ မေးကို အနည်းငယ်မော့လိုက်သည်။ သူမ စစ်ဆေးရေးစင်ကို ဖြတ်သွားသောအခါ သူမ၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေသည်။

စစ်ဆေးမှုရလဒ်များ ထွက်ပေါ်လာသောအခါ လူတိုင်း အံ့အားသင့်ခဲ့ရသည်!

“ပထမဆုံး မိနစ် ၃၀ အတွင်းမှာ ပထမဆုံးသော အရွယ်မရောက်သေးသူ ပြိုင်ပွဲဝင်နဲ့ တွေ့ဆုံရတာ ဂုဏ်ယူပါတယ်ဗျာ” မှတ်ချက်ပေးသူ၏ လေသံကလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ “သူမက ဉာဏ်ပညာမိုးတိမ်ဂလက်ဆီက မင်းသမီး လန်လျန်ပါပဲ။”

ဂလက်ဆီတိုက်ပွဲတိုင်းတွင် မရေးထားသော စည်းမျဉ်းတစ်ခုရှိသည်။ အရွယ်မရောက်သေးသူ ပြိုင်ပွဲဝင်အားလုံးကို သီးခြားစာရင်းတစ်ခုတွင် ထည့်သွင်းထားမည်ဖြစ်သည်။ သူတို့၏ စွမ်းဆောင်ရည်ကို ကျွမ်းကျင်ပညာရှင်တစ်ဦးက မှတ်တမ်းတင်ထားပြီး ယင်းမှတစ်ဆင့် သူတို့၏ အလားအလာအပြည့်အစုံကို ဆုံးဖြတ်မည်ဖြစ်သည်။

ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ဉာဏ်ပညာမိုးတိမ်ဂလက်ဆီမှ လူများက လွှမ်းမိုးထားသည်။

“အို! မင်းသမီး လန်လျန်၊ တော်တယ်ဟေ့!”

“ငါ့ နတ်ဘုရားမက ထင်ထားတဲ့အတိုင်းပဲ၊ တကယ်ကို အံ့ဩစရာပဲ!”

“ကျစ်! ၂၉ နှစ်အရွယ် မိန်းမတစ်ယောက်က ဘာများ သိပ်ကောင်းနေလို့လဲ။ အရည်အချင်းရှိရင် ငါတို့ရဲ့ လပ်ကီးကြယ်ပွင့်လေးနဲ့ ယှဉ်မလား။” ချီးကျူးသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ရုတ်တရက် ထိုကဲ့သို့သော ထူးခြားသည့်ကိစ္စ ပေါ်ပေါက်လာခြင်းကြောင့် ပရိသတ်၏ အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့သည်။ သို့သော်လည်း သူတို့ ပြိုင်ပွဲဝင်စာရင်းကို လှန်ကြည့်လိုက်သောအခါ ‘ကံကြမ္မာကြယ်ပွင့်’ ဟူသော နာမည်ကို မတွေ့ရပေ။

သူတို့ အံ့ဩသွားကြသည်။ ဖန်သားပြင်မှ အာမေဍိတ်သံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ 'ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။'

သူတို့ မော့ကြည့်လိုက်သည်!

လူတိုင်း မှင်တက်သွားသည်!

'၁၈ နှစ်? … မင်းတို့ နောက်နေတာလား။ ဒီစက်က တစ်ခုခုမှားနေတာလား။ မဟုတ်ရင် ဘာလို့ ရုတ်တရက် ၁၈ နှစ်တစ်ယောက် ပေါ်လာရတာလဲ။'

'ငါ မှားကြည့်မိတာလား။ ၈၁ နှစ် ဖြစ်သင့်တာလား။' ထိုကဲ့သို့သော အတွေးများရှိသူ အတော်များများ ရှိခဲ့ကြသည်။ ထို့ကြောင့် တစ်ချိန်တည်း ပြိုင်တူ လူအတော်များများက သူတို့၏မျက်လုံးများကို အားကုန်ပွတ်သပ်ခဲ့ကြသည်။ သူတို့ ပြန်ကြည့်သောအခါ ချက်ချင်းဆိုသလို ထိတ်လန့်သွားကြသည်။ 'ဝက်သားဖက်! ငါ မှားမြင်တာ မဟုတ်ဘူး။'

အသက် ၆၀ မှ ၇၀ ကြား အုပ်စုတွင် မော့ချူး၏ ‘၁၈’ သည် အထူးပင် မျက်စိပသာဒဖြစ်စေခဲ့သည်။

ဂလက်ဆီတိုက်ပွဲသမိုင်းတွင် အသက်အငယ်ဆုံး ပါဝင်သူသည် ၂၄ နှစ်ဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ ထို့ကြောင့် မော့ချူးက မှတ်တမ်းကို ချိုးဖောက်လိုက်သည်ဟု ဆိုလိုသည်။

ထို့အပြင် ဤမှတ်တမ်းကို မည်သူမျှ ထပ်မံချိုးဖျက်နိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဒါက အလွန်ပင် မယုံနိုင်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။ သူတို့ ၁၈ နှစ်အရွယ်တွင် ဘာလုပ်ခဲ့ကြသည်ကို စဉ်းစားကြည့်သည်။ ထို့နောက် သူတို့သည် မော့ချူးကို ကြည့်လိုက်ကြသည်။ 'ဟင်း!' ယှဉ်လိုက်သည်နှင့် စိတ်ဓာတ်ကျရသည်။

ဤအချိန်တွင် မော့ချူးသည် သူမက ‘ငါ့သားသမီးများက သူမ စံနှုန်းများနှင့် ဘယ်တော့မှ မကိုက်ညီနိုင်’ ဟူသော စကား၏ အကောင်းဆုံး ကိုယ်စားလှယ် ဖြစ်လာကြောင်း မသိသေးပေ။ သို့သော်လည်း ဒါကြောင့်ပင် သူမသည် အစပိုင်းကတည်းက လူများစွာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ထို့နောက် အဖွဲ့ချုပ်နိုင်ငံသားများ လှုပ်ရှားရမည့် အလှည့်ဖြစ်သည်။

တစ်မိနစ်ပင် မပြည့်မီ အချိန်အတွင်း ဖန်သားပြင်တစ်ခုလုံးကို မှတ်ချက်လှိုင်းများ ဆက်တိုက်ဖုံးအုပ်သွားခဲ့သည်။ အစအနလေးမျှပင် မကျန်တော့ပေ။

[လပ်ကီး ကြယ်ပွင့်လေး၊ မင်းလုပ်နိုင်တယ်။ ငါတို့ မင်းကို အမြဲတမ်း ပံ့ပိုးပေးမယ်!]

[ဟုတ်တယ်၊ ငါတို့က မင်းရဲ့ ခိုင်မာတဲ့နောက်ခံ ဖြစ်ပေးမယ်!]

[ဝိုးဝိုး! ငါ့ရဲ့ လပ်ကီးကြယ်ပွင့်လေးကို ကြည့်လိုက်ပါဦး! ဒီနေ့ တကယ်လှနေတာပဲ!]

ယနေ့ မော့ချူးသည် အဖြူရောင်ဘောင်းဘီနှင့် အတူ အဝါဖျော့ရောင် အင်္ကျီကို ဝတ်ဆင်ထားသည်။ ရိုးရှင်းသော အင်္ကျီနှင့် သပ်ရပ်သော လိုင်းများက သူမကို ပိုမိုသပ်ရပ်ကြည့်ကောင်းစေသည်။ သူမ၏ သပ်ရပ်လှပသော ရုပ်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ ပို၍ပင် ဆွဲဆောင်မှုရှိပြီး လှပနေသည်။

မော့ချူးသည် မသိလိုက် မသိခင်ပင် ယခင်က ကလေးဆန်သော ကောင်မလေးဘဝမှ ယနေ့ခေတ် သူမအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။

[ရှောင်ချူးနဲ့ မာရှယ်နဥ်တို့ ဝတ်စုံချင်း လိုက်တာကို ဘယ်သူမှ မသတိထားမိဘူးလား။ ဝါးဟားဟားဟား!]

ဤမှတ်ချက်ကို ရေးတင်လိုက်သည်နှင့် လူတိုင်း၏ အတင်းအဖြင်း ကြိုက်သော နှလုံးသာများ ပွက်ပွက်ဆူလာတော့သည်။ သူတို့ အနီးကပ်ကြည့်ရှုရန် ပြင်ဆင်နေစဉ်တွင် ဖန်သားပြင်တစ်ခုလုံး လုံးဝပိတ်ဆို့သွားသည်ကို သိလိုက်ရသည်။ သူတို့မှာ နာကျင်မှုကို ခံစားရင်း မှတ်ချက်ပေးနေတာကို ဖျက်ပစ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့။

အနီးကပ်ကြည့်လိုက်သောအခါ သူတို့၏ နှလုံးသားလေးများ တုန်လှုပ်နေသည်ကို သတိပြုမိလိုက်ကြသည်!

ယခင်က နျဥ်ယွိယွမ်သည် လူတိုင်းရှေ့တွင် အများအားဖြင့် ကိန်းကြီးခန်းကြီး အနောက်တိုင်း ဝတ်စုံနှင့် ပေါ်လာပြီး မျက်နှာတွင် တင်းမာသော အမူအရာရှိတတ်သည်။ အခုတော့ သူဝတ်စုံလဲပြီး မီးခိုးရောင် ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်လိုက်သောအခါ ချက်ချင်းဆိုသလို ပိုမိုရွှင်လန်းလာခဲ့သည်။ သို့သော်လည်း သူ၏ချောမောသော မျက်နှာကမူ ယခင်ကအတိုင်း တင်းမာနေသေးသည်။

လူတိုင်း နောင်တရနေစဉ်တွင် ကင်မရာတစ်လုံးက ရုတ်တရက် အကျယ်ချဲ့ပြလိုက်သည်!

နျဥ်ယွိယွမ်က မော့ချူးကို လှည့်ကြည့်လိုက်ပြီး သူ၏ အေးစက်သော အကြည့်သည် ချက်ချင်းဆိုသလို နူးညံ့သွားသည်။ သူသည် သူ့မျက်ခုံးများကို ပင့်တင်လိုက်ပြီး သူ၏မျက်နှာတွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။

'ဖာ့ခ်! ‘ရေခဲပျော်ကျပြီး စီးဆင်းနေသောရေကဲ့သို့ နူးညံ့ခြင်း’ ဟူသည် ဘာကိုဆိုလိုလဲသိလား။ ဒါပဲလေ! ' နျဥ်ယွိယွမ်ရဲ့ မျက်နှာထား ခြားနားမှုက ချစ်စရာကောင်းလွန်းတာမို့ လူတွေရဲ့ နှလုံးသားကို ထိမှန်သွားသည်။

ထို့နောက် တရားဝင်စာရင်းအင်းများအရ ဤမြင်ကွင်းတွင် အွန်လိုင်းကြည့်ရှုသူ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ အမျိုးသားတစ်ဦး၏ လှုံ့ဆော်မှုသည် အမှန်ပင် အားကောင်းလှသည်။

“ဂလက်ဆီတိုက်ပွဲမှာ ငါ ပါဝင်ခွင့်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး!” သူ့ပတ်ဝန်းကျင်ရှိ မတူညီသော ဂလက်ဆီများမှ ကျွမ်းကျင်သူများကို ကြည့်ရင်း ချင်ယွဲ့၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ စိတ်ကြွဆေးထိုးခံရသကဲ့သို့ သူ၏သွေးများ ဆူပွက်နေသည်။

“ငါလည်း မစဉ်းစားမိဘူး။” ခရိုင် ၁၂ ကနေ အခုချိန်အထိ လျှောက်လာခဲ့ပြီးတဲ့နောက် မော့ယန်က အရာအားလုံးက နည်းနည်း လက်တွေ့မကျဘူးလို့ ခံစားရသည်။

သေချာပေါက် ဂလက်ဆီတိုက်ပွဲက ကြီးမားတဲ့ပြိုင်ပွဲဖြစ်ပြီး အလွန်ဆွဲဆောင်မှုရှိတဲ့ ပလက်ဖောင်းတစ်ခုလည်း ဖြစ်သည်။ သူတို့ ဂလက်ဆီတိုက်ပွဲထဲကို ဝင်ရောက်ပြီးတာနဲ့ သန်းရာနဲ့ချီတဲ့လူတွေရှေ့မှာ နာမည်ကောင်းရနိုင်သည်။ တစ်ခုခု အောင်မြင်ခဲ့ရင် အကျိုးသက်ရောက်မှုက သေချာပေါက် ကြီးမားလိမ့်မည်။ ဒီဂလက်ဆီတိုက်ပွဲက သေချာပေါက် ပိုထိရောက်လိမ့်မည်။

ဂလက်စီပြိုင်ပွဲက ဝင်ရောက်ဖို့တော့ သေချာပေါက်ခက်ခဲသည်။ အရည်အချင်းရှိသူတွေကို ရွေးသည့်ပွဲ မပြောနှင့် မော့ချုးနှင့် ကျန်သူများ အစပိုင်းတွင် တွေ့ကြုံခဲ့ရသည်မှာလည်း သွေးထွက်သံယို သင်ခန်းစာများပင်! ပိုဆိုးသည်က ဂလက်ဆီပြိုင်ပွဲသည် နှစ်ရာချီတွင် တစ်ခါသာ ကျင်းပတာမို့ လူအချို့မှာ သူတို့တစ်ဘဝလုံး ကိုယ့်မျက်လုံးနှင့်ကိုယ်တောင် မမြင်လိုက်ကြပေ။

ဒါတွေကြောင့် သူတို့ကို ကံကောင်းသူတွေလို့ သတ်မှတ်ရမှာပေါ့။

All Chapters