← Chapters

အပိုင်း ၄၀၂

Vol. 27 Ch. 402

အပိုင်း ၄၀၂

Vol. 27 Ch. 402

"ဒါများလား..." ခဏအကြာမှ ကျီမို့လင်က တုန်လှုပ်စွာနဲ့ စကားစလိုက်သည်။ သူ့ရဲ့ ပုံမှန် အေးစက်တဲ့ ပုံစံ လုံးဝ ပျောက်ကွယ်သွားပြီး ပြင်းထန်တဲ့ တုန်လှုပ်မှုပဲ ကျန်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်က အပြင်းအထန် တုန်ခါနေတုန်းပဲ၊ လှိုင်းတစ်လုံးပြီး တစ်လုံးရိုက်ခက်လျက်၊ သူတို့ရဲ့ နှလုံးခုန်နှုန်းတောင် ပုံမှန်မဟုတ်တော့ပေ။

"အင်း။" မော့ချူးက ခေါင်းနည်းနည်းညိတ်ပြီး သူမ နှုတ်ခမ်းထောင့်စွန်းတွေက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မျက်လုံးမှိတ်ပြီး သေချာ လေ့ကျင့်ကြ။" နျဥ်ယွိယွမ်တို့က ဒီလိုကိစ္စမျိုးကို လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ကြုံဖူးခဲ့တာမို့ မဟူရာ သမုဒ္ဒရာ ဂလက်စီက လူတွေထက် အလိုလျောက် ပိုပြီး အတွေ့အကြုံရှိကြသည်။ ဒါကြောင့် သူတို့ကို ခပ်ဖွဖွ သတိပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်။" ကျီမို့လင်က ခေါင်းညိတ်ပြီး သူ့အဖွဲ့ဝင်တွေကို ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

ဒီလုပ်ဆောင်မှုကို မြင်တော့ သူတို့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုက ဖုံးကွယ်မထားနိုင်ပေ။ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ စိတ်လှုပ်ရှားနေပါစေ ဒီအချိန်မှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားရမည်။ သူတို့ မျက်လုံးတွေကို စူးစိုက်ပြီး ပတ်ဝန်းကျင်က ဒြပ်စင်စွမ်းအင်ကို သေချာခံစားကြည့်ကြသည်။

အင်တာနက်အသုံးပြုသူတွေက ဒါကြောင့်ပဲ စိတ်ရှုပ်ထွေးနေကြပြီပင်။ တစ်ယောက်ပြီးတစ်ယောက် ကောမန့်မန့်တဲ့နေရာကို ဝင်ရောက်လာကြသည်။

[ရှင်းပြပေးပါဦး။ ကျေးဇူးတင်ပါတယ်။]

[ဘာဖြစ်နေတာလဲ။ မြန်မြန်လာပြီး ဘာသာပြန်ပေးပါ]

[သူတို့စကားပြောလိုက်တဲ့ အပိုင်းကို ငါ ငါးခါ၊ ခြောက်ခါလောက် ကြည့်ပြီးပြီ။ ငါ အခုထိ နားမလည်သေးဘူး... အရမ်းဝမ်းနည်းတယ်။]

ဒီအချိန်မှာပဲ ဖက်ဒရေးရှင်းအင်တာနက်အသုံးပြုသူတစ်ဦးရဲ့ အရမ်းရင်းနှီးတဲ့ ID တစ်ခု ထပ်ပေါ်လာပြန်သည်။ ‘ငါ့ကိုဘုရင်ကြီးလို့ခေါ်ပေး’ က မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။

[ငါ့ရဲ့ ခန့်မှန်းချက်မမှားဘူးဆိုရင် သူတို့ စိတ်ဝိညာဥ် စားစရာကို စားခဲ့ကြပြီး အခု သူတို့ရဲ့ ဒြပ်စင်စွမ်းရည်တွေ တိုးတက်နေတာ ဖြစ်ရမယ်။ ဝိုး! စဉ်းစားရုံနဲ့ကို အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်။]

ဒီ comment ပေါ်လာတာနဲ့ ချက်ချင်းပဲ ရေတွက်လို့မရတဲ့ လူတွေရဲ့ အာရုံကို ဖမ်းစားလိုက်သည်။

အဲ့ဒီအခါမှ အဖွဲ့ချုပ်ရဲ့ နိုင်ငံသားတွေက ချက်ချင်း သဘောပေါက်သွားကြသည်။ 'မှန်တယ်၊ မှန်တယ်။'

တခြားဂလက်ဆီတွေက အင်တာနက်အသုံးပြုသူတွေအတွက်ကတော့ ပိုပြီး ရှုပ်ထွေးနေကြသည်။ ဒါကြောင့် လက်ရှိအခြေအနေက... 'မော့ချူးတို့က ခုန်လွှားသားရဲကောင်တွေ စားပြီးတာနဲ့ သူတို့ရဲ့ ဒြပ်စင်စွမ်းအင်တွေ အရမ်းတိုးလာတာလား။ မင်းတို့ နောက်နေတာလားကွာ။'

စိတ်လှုပ်ရှားမှုတွေ၊ သံသယတွေနှင့်၊ လူတိုင်းက မျက်နှာပြင်ပေါ်ကို တစ်ပြိုင်နက်တည်း အကြည့်တွေ ပို့လိုက်ကြသည်။ သူတို့ရဲ့ နှလုံးသားလေးတွေက မြန်မြန်ခုန်နေကြသည်။

ဒီကိစ္စကို စဉ်းစားနေတဲ့ စပ်စုတဲ့ အင်တာနက်အသုံးပြုသူတွေတင် မကဘူး၊ ပလက်ဖောင်းမြင့်ပေါ်က ဂလက်ဆီအသီးသီးက ကိုယ်စားလှယ်တွေတောင် မော့ချူးတို့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။

ဖက်ဒရေးရှင်းက စိတ်ဝိညာဥ်စားစရာအကြောင်းကို သတင်းမဖုံးကွယ်ခဲ့ပေ။

ဒါပေမဲ့ သူတို့က အဖွဲ့ချုပ်ရဲ့ စကားကိုပဲ နားထောင်လို့ မရချေ။ အခုက အကောင်းဆုံး အခွင့်အရေးပဲ။ စိတ်ဝိညာဥ် စားစရာက ကောလာဟလတွေ ပြောသလောက် အံ့သြစရာ ကောင်းလား၊ ဒါမှမဟုတ် ချဲ့ကားပြောထားတာလား၊ အတုအယောင်လား၊ အားလုံးက ဒီအပေါ်မှာပဲ မူတည်သည်။

လူတိုင်းရဲ့ စောင့်ကြည့်မှုအောက်မှာ နျဥ်ယွိယွမ်တို့က ဒြပ်စင်တွေကို စုပ်ယူရာမှာ အာရုံအပြည့်အဝ စိုက်ထားပြီး နည်းနည်းလေးမှ မပေါ့ဆရဲကြပေ။

ဒီကိစ္စနဲ့ ပတ်သက်ရင် မော့ချူးက ပြောစရာအများဆုံးပဲ။

ဒီလောက်ကြာအောင် သုတေသနလုပ်ပြီးနောက်မှာ သူ မော့ချူး ဖန်တီးခဲ့တဲ့ စိတ်ဝိညာဥ်စားစရာက လူတစ်ယောက်ရဲ့ ဒြပ်စင်စွမ်းရည်ကို တိုးတက်စေတဲ့ စွမ်းရည်ရှိရခြင်းအကြောင်းရင်းကို နောက်ဆုံး၌ ရှာဖွေတွေ့ရှိခဲ့သည်။ ဒါက ပတ်ဝန်းကျင်မှာ သံလိုက်စက်ကွင်းငယ်လေးတစ်ခုကို ဖန်တီးပေးမှာဖြစ်လို့ ဒီနေရာက ဒြပ်စင်တွေရဲ့ ပြင်းအားက ပုံမှန်ထက် ရာနဲ့ချီ ပိုမြင့်မားလိမ့်မည်။ ဒါကြောင့်ပဲ ဒီအခွင့်အရေးကို ယူပြီး ကြိုးစားလေ့ကျင့်မယ်ဆိုရင် အရမ်းထင်ရှားတဲ့ တိုးတက်မှုကို ရရှိနိုင်လိမ့်မည်။

နာရီဝက်အကြာမှာတော့ သူတို့အနည်းငယ် မျက်လုံးတွေကို တစ်ယောက်ပြီးတစ်ယောက် ဖွင့်လိုက်ကြတယ်။ သူတို့မျက်လုံးထဲက တုန်လှုပ်မှုက လျှံကျလုနီးပါး ဖြစ်နေပြီ။

"ငါ... ငါ သုံးဆင့် တက်သွားပြီ။" မဟူရာ သမုဒ္ဒရာ ဂလက်စီက လူတစ်ယောက်က တုန်ရီနေတဲ့အသံနဲ့ ပြောလိုက်သည်။ သူ့ရဲ့ လေသံမှာ အံ့သြမှုနဲ့ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေသည်။

သုံးဆင့်လေးပဲ တက်ခဲ့တာ ဖြစ်ပေမဲ့ သူတို့အဆင့်က လူတွေအတွက် တစ်နှစ်လောက် လေ့ကျင့်ပြီးရင်တောင် တစ်ဆင့်တောင် မတက်နိုင်တာမျိုး ရှိတတ်သည်။ အခုတော့ သူတို့ သူဖုန်းစားကြက်ဟင်းလျာ တစ်နပ်စားပြီး ဒီလိုမျိုး အကျိုးသက်ရောက်မှု ရရှိခဲ့ပြီ။ ဒါက နေ့ခင်းကြောင်တောင် မြေကြီးပေါ်မှာ ဖက်ဒရယ်ဒင်္ဂါး ဘီလီယံဆယ်နဲ့ချီ ကောက်ရသလိုမျိုးပင်။

"ငါ နှစ်ဆင့်တက်တယ်။"

"ငါလည်း မင်းနဲ့အတူတူပဲ။"

ကျန်တဲ့ မဟူရာ သမုဒ္ဒရာ ဂလက်စီက လူတွေက သူတို့ရဲ့ ရရှိမှုတွေကို တစ်ယောက်ပြီးတစ်ယောက် ပြောပြရင်း သူတို့နှလုံးသားတွေထဲက စိတ်လှုပ်ရှားမှုတွေ မထိန်းနိုင်အောင် ဖြစ်နေကြူည်။ အားလုံးပြောပြီးတာနဲ့ သူတို့ရဲ့ အကြည့်တွေကို ကျီမို့လင်ဆီ လှည့်လိုက်ကြသည်။

"ဘော့်စ် ဘော့စ် ဘယ်လောက်တက်လဲ။"

ကျီမို့လင်က သူ့ခေါင်းကို နည်းနည်းပင့်ပြီး သူ့လေသံက ပုံမှန်ဖြစ်ပေမဲ့ အတွင်းက စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ပေ။ "လေးဆင့်။"

သူ့ရဲ့ ကျင့်ကြံမှုက သုံးနှစ်နီးပါး ရပ်တန့်နေခဲ့ပြီဆိုတာကို သိထားမယ်ဆိုရင် အခုလို မမျှော်လင့်တဲ့ အံ့အားသင့်စရာ ရရှိခဲ့ပြီဆိုတော့ သူ ဘယ်လိုလုပ် မစိတ်လှုပ်ရှားဘဲ နေနိုင်မှာလဲ။

"ဝိုး! ကပ္ပတိန်က တကယ်ကို အံ့မခန်းပဲ။"

"အား၊ ငါ တော်တော်တက်လာပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အစ်ကိုက ငါ့ကို ကျော်တက်သွားမယ်လို့ မထင်ထားခဲ့ဘူး။"

မော့ချူးရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက နည်းနည်း ကော့လိုက်ပြီး သူမက ခပ်ဖွဖွ ရှင်းပြတယ်။ "ဒါက လူတိုင်းရဲ့ ကျင့်ကြံမှုအရည်အချင်းပေါ် မူတည်တာ။"

ဒီစကားကို ကြားတော့ တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ နျဥ်ယွိယွမ်က ခေါင်းလှည့်ပြီး မော့ချူးကို ကြည့်လိုက်သည်။

"ကိုယ် လေးဆင့်ကျော် တက်တယ်။" ဒါက သူ့ရဲ့ အလားအလာက ကျီမို့လင်ထက် မြင့်တယ်ဆိုတဲ့ သွယ်ဝိုက်ပြောဆိုမှုပဲ။

လူတိုင်းက ခဏအကြာထိ အရမ်းစိတ်လှုပ်ရှားနေကြတုန်းပင်။ ဒါပေမဲ့ နောက်ဆုံးတော့ ကျီမို့လင်နဲ့ နျဥ်ယွိယွမ်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အောက်ကျသွားကြသည်။ သူတို့နှုတ်ခမ်းထောင့်စွန်းတွေက မထိန်းနိုင်ဘဲ ကွေးကျသွားကြသည်။ "ဟွန့်! သူ့အရည်အချင်းမြင့်ရင် ဘာဖြစ်လဲ။"

ပတ်ဝန်းကျင်က လူအုပ်ကတော့ ရူးမတတ် ဖြစ်နေကြပြီ။

သူတို့အများစုက စိတ်ဝိညာဥ်စားစရာအကြောင်းကို ကြားဖူးရုံပဲ ရှိသေးပြီး စားစရာရဲ့ အကျိုးသက်ရောက်မှုတွေကို သူတို့မျက်လုံးနဲ့ မမြင်ဖူးသေးဘူး။ နောက်ဆုံးတော့ ဒီနေ့ လက်တွေ့ဘဝထဲမှာ မြင်ရပြီ။ သူတို့ ဒီထက် ပိုစိတ်လှုပ်ရှားစရာ မရှိနိုင်တော့ပေ။

"မယုံနိုင်စရာပဲ..."

“ခုန်လွှားသားရဲကောင်အနည်းငယ် စားပြီးနောက် သူတို့ရဲ့ ဒြပ်စင်စွမ်းရည်တွေ အကြီးအကျယ် တိုးတက်သွားပြီ။ ဟားဟား၊ မှော်ဒေသထဲက ခုန်လွှားသားရဲကောင်အရေအတွက်တွေ သိသိသာသာ လျော့ကျသွားတော့မယ်လို့ ငါ ကြိုမြင်နေပြီ။”

“မင်း အများကြီး စဉ်းစားနေတာ။ စိတ်ဝိညာဥ်စားစရာက ဒီလောက်လွယ်လွယ်လေး လုပ်လို့ရတယ်လို့ မင်းထင်နေတာလား။ သေချာမချက်တတ်ရင် အဆိပ်မိသွားတာတောင် ဖြစ်နိုင်တယ်။"

"မှန်တယ်။ စဉ်းစားလိုက်တော့ ကံကောင်းမှုကြယ်လေးက တကယ်ကို မိုက်တယ်လို့ ချက်ချင်း ခံစားရတယ်။"

"မော့ချူးရဲ့ ဆက်သွယ်ရန်လိပ်စာကို တောင်းဆိုပါတယ်။ ခင်ဗျားကို အများကြီး ဆုချမယ်။"

"သွား! မင်း လူယုတ်မာကောင်!"

"အာ၊ ရှောင်ချူးက အရမ်းမိုက်တယ်လို့ ခံစားရတယ်။ သူက အခုကစပြီး ငါ့ရဲ့ နတ်ဘုရားမ ဖြစ်ရမယ်လို့ ငါ ဆုံးဖြတ်လိုက်ပြီ။"

"ဟားဟားဟား၊ ကံကောင်းမှု ကြယ်ပွင့်လေးရဲ့ ဖန်ကလပ်က ကြိုဆိုပါတယ်။"

အင်တာနက်ပေါ်တွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်နေရုံသာမက ဂလက်စီအသီးသီးမှ ခေါင်းဆောင်များပင် သူတို့၏ စိတ်နှလုံးများ တုန်လှုပ်ချောက်ချားနေကြပြီး အနည်းငယ်မျှပင် ငြိမ်သက်ခြင်း မရှိကြပေ!

ရိုးရိုးသားသားပြောရရင် သူတို့ စိတ်ဝိညာဥ် စားစရာအကြောင်းကို ပထမဆုံးကြားတုန်းက သူတို့အများစုက မထီမဲ့မြင် သဘောထားခဲ့ကြသည်။ ဘာကြောင့်လဲဆိုတော့ ဒီအာနိသင်က အရမ်းကို နက်နဲလွန်းတာကြောင့် ဘယ်သူကမှ အလေးအနက်ထားမှာ မဟုတ်လို့ပင်။

အနည်းငယ် ယုံကြည်ခဲ့သူတွေတောင် ဒီအာနိသင်က သေချာပေါက် ချဲ့ကားပြောထားတာလို့ ထင်ခဲ့ကြသည်။ ဒါပေမဲ့ အမှန်တရားက သူတို့ရှေ့မှာ ထင်ရှားနေမှတော့ သူတို့ မငြင်းနိုင်တော့ဘူး!

စိတ်ဝိညာဥ် စားစရာရဲ့ အာနိသင်က သူတို့ထင်ထားတာထက်တောင် ပိုကောင်းတယ်!

ရလဒ်အနေနဲ့ လူတိုင်းရဲ့ အကြည့်တွေ ပြောင်းလဲသွားပြီး အဖွဲ့ချုပ် အပေါ် သူတို့ရဲ့ သဘောထားတွေကလည်း ပိုပြီး ရိုသေလေးစားသွားကြသည်။ တစ်ဖက်မှာတော့ အရင်က အဖွဲ့ချုပ် ကို ဆက်တိုက် အနိုင်ကျင့်ဖို့ ကြိုးစားခဲ့တဲ့ ချီရှောင်ပိုင်ရဲ့ မျက်နှာကတော့ မဲမှောင်နေခဲ့သည်။

အကြီးအကဲနျဥ်နဲ့ တခြားသူတွေကလည်း ဒီပြောင်းလဲမှုကို သဘာဝအတိုင်း ခံစားမိခဲ့ကြသည်။ သူတို့ရဲ့ အမူအရာတွေက မပြောင်းလဲခဲ့ပေမဲ့ သူတို့ရင်ထဲမှာတော့ အလွန်အမင်း ကျေနပ်နေခဲ့ကြသည်။ 'ဟွန့်! မင်းတို့ အရင်ကတော့ ကျောချင်နေခဲ့ကြပြီးတော့၊ အခုမှ ငါတို့ အဖွဲ့ချုပ်က ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိပြီ မဟုတ်လား?'

“ဒီလို ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး” ဖုကျွင်းက ခေါင်းလှည့်ပြီး အကြီးအကဲချင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာက အနည်းငယ် နူးညံ့သွားခဲ့သည်။ “ခင်ဗျားတို့ရဲ့ စိတ်ဝိညာဥ် စားစရာအာနိသင်တွေက တကယ်ကို အံ့မခန်းပဲ!”

“ကျေးဇူးတင်တယ်” အကြီးအကဲချင်က ကျယ်လောင်စွာ ရယ်မောလိုက်တော့ သူ့မျက်နှာပေါ်က အရေးအကြောင်းတွေ ထွက်ပေါ်လာသည်။ “ဒါတွေအားလုံးက မော့ချူး ဖန်တီးခဲ့တာ။ ဒီကောင်မလေးက တကယ်ကို ထက်မြက်တယ်!”

အကြီးအကဲချင် ဒီစကားပြောလိုက်တာနဲ့ မော့ချူးအပေါ် လူတိုင်းရဲ့ ထင်မြင်ချက်တွေက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီပင်!

အရင်က ဒီကောင်မလေးက အရမ်းငယ်ပြီး အတွေ့အကြုံမရှိသေးဘူးလို့ သူတို့ ထင်ခဲ့ကြပေမဲ့ အခုတော့ သူမက အရည်အချင်းရှိတဲ့ ပင်တိုင်ဖြစ်နေပြီလို့ သူတို့ ခံစားမိကြသည်။ 'ကြည့်ဦး၊ သူမ အသက် ၁၈ နှစ်ပဲ ရှိသေးတာကို စိတ်ဝိညာဥ် စားစရာလိုမျိုး ဖန်တီးနိုင်ခဲ့ပြီ။ သူမရဲ့ အနာဂတ်က တောက်ပနေတာပဲ!'

ဒါကြောင့် သူတို့ရင်ထဲမှာ ‘မော့ချူး’ ဆိုတဲ့ နာမည်ကို အာရုံစိုက်ရမယ့် အမှတ်အသားအဖြစ် လျှို့ဝှက် မှတ်သားထားခဲ့ကြသည်။

“ပြောရမယ်ဆိုရင် အဖွဲ့ချုပ်က လူတွေဟာ ထူးချွန်ပြီး တက်တက်ကြွကြွရှိကြတယ်!”

“ဟုတ်တာပေါ့”

All Chapters