← Chapters

အပိုင်း ၄၀၈

Vol. 28 Ch. 408

အပိုင်း ၄၀၈

Vol. 28 Ch. 408

ဖြန်း!

အကြီးအကဲနျဥ်က သူ့ရဲ့လက်ဖဝါးကြီးနဲ့ စားပွဲကို ရိုက်ချလိုက်သည်။ သူ့မျက်ခုံးတွေ ပင့်တက်နေပြီး မျက်လုံးတွေကလည်း ပြူးကျယ်နေသည်။ သူ့မျက်နှာပေါ်က ဒေါသကို ဖုံးကွယ်ထားလို့မရပေ။

'ကောင်းတယ်၊ တကယ်ကောင်းတယ်။ သူတို့ရဲ့ အဖွဲ့ချုပ်မှာ ဒီလိုမျိုး ရက်စက်တဲ့သူ ရှိလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။'

'အာဟာရအရည် ပုလင်း ၅ လုံးစလုံးကို ဖျက်ဆီးထားခဲ့တာပဲ။ ပြောစရာမလိုအောင်ပဲ သူတို့ နျဥ်ယွိယွမ်တို့အဖွဲ့ကို သတ်ချင်ခဲ့ကြတာ သေချာတယ်။'

သူတို့ ဘာမှမသိဘဲ အာဟာရအရည်ကို သောက်သုံးခဲ့ကြပုံ၊ အဆိပ်တွေ သူတို့ခန္ဓာကိုယ်ထဲကို အလျင်အမြန် ပျံ့နှံ့သွားပုံကို စဉ်းစားမိသွား၏။ ဝန်ထမ်းတွေ တစ်ခုခု မှားယွင်းနေတယ်ဆိုတာ သတိထားမိခဲ့ရင်တောင် သူတို့ကို ကယ်တင်ဖို့ အချိန်ရမှာ မဟုတ်ပေ။ အကြီးအကဲနျဥ်ရဲ့ နှလုံးသားက မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။

အဖွဲ့ချုပ်မှာ ကလေးတစ်ယောက် မွေးဖွားဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပြီး အထူးသဖြင့် နျဥ်မိသားစုအတွက် ပိုဆိုးသည်။ နျဥ်ယွိယွမ်က သူတို့မိသားစုရဲ့ တစ်ဦးတည်းသော ကလေးဖြစ်၏။ ဒီဂလက်ဆီစစ်ပွဲမှာ သူသာ သေဆုံးသွားခဲ့ရင် နျဥ်မိသားစုအပေါ် သက်ရောက်မှုက ထင်ရှားလှသည်။ ဒီလိုမျိုး ဆိုးသွမ်းတဲ့ ရည်ရွယ်ချက်မျိုးကို ယုတ်မာတယ်လို့ပဲ ဖော်ပြနိုင်သည်။

အကြီးအကဲချင်ရဲ့ မျက်နှာကလည်း တည်ကြည်နေသည်။ သူ အမြဲတမ်း ချင်ယွဲ့ကို အမြင်ကပ်ခဲ့ပေမဲ့ ချင်မိသားစုတစ်ခုလုံးမှာ ဒီကောင်လေးရဲ့ စိတ်နေစိတ်ထားက အကောင်းဆုံးပဲ။ သူ တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် ချင်မိသားစုလည်း ဂယက်ရိုက်လိမ့်မည်။

"တောင်းပန်ပါတယ်ဗျာ။"

သူတို့နှလုံးသားထဲမှာ ဒေါသတွေ လှိုင်းလုံးကြီးတွေလို ပွက်လောရိုက်နေပေမဲ့ အကြီးအကဲနျဥ်တို့ကတော့ စိတ်ငြိမ်သက်မှုကို ထိန်းသိမ်းထားပြီး ဖုကျွင်းကို ခေါင်းညိတ်ပြလိုက်သည်။ "ဒီကိစ္စက ကျုပ်တို့ အဖွဲ့ချုပ်ရဲ့ ပေါ့ဆမှုပါ။ ဒါမှမဟုတ်ရင် ခင်ဗျားတို့ မဟူရာသမုဒ္ဒရာ ဂလက်စီက လူတွေ ဒီလိုမျိုးခံရမှာ မဟုတ်ဘူး။"

ဒီအချိန်မှာ ဒီကိစ္စရဲ့ တရားခံကို ဖမ်းမိဖို့ထက် ဂလက်ဆီအဖွဲ့နှစ်ဖွဲ့ကြားက ခင်မင်ရင်းနှီးမှုက ပိုအရေးကြီးသည်။

ဖုကျွင်းရဲ့ မျက်နှာအမူအရာကလည်း သိပ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ မဟူရာသမုဒ္ဒရာ ဂလက်စီက လူတစ်ယောက်ကို ဘာမှမဟုတ်ဘဲ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။ ဒါပေမဲ့ အကြီးအကဲနျဥ်ရဲ့ မျက်ခုံးတွေကြားက မခံမရပ်နိုင်အောင် ဒေါသထွက်နေတာကို ကြည့်ပြီး သူ သက်ပြင်းချကာ ခေါင်းခါလိုက်တယ်။ "ထားလိုက်ပါတော့ဗျာ။ ဒီကိစ္စ စုံစမ်းပြီးမှပဲ ဆက်ပြောကြတာပေါ့။"

သူ့စကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ရှင်းလင်းတယ်။

"ကောင်းပြီ။"

အကြီးအကဲနျဥ်က ဖုကျွင်းကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ "စိတ်မပူပါနဲ့။ ကျုပ်တို့ အဖွဲ့ချုပ်က ခင်ဗျားတို့ကို ဒီကိစ္စအတွက် သေချာပေါက် ရှင်းပြချက် ပေးမှာပါ။"

ချီရှောင်ပိုင်က စိတ်ဝင်တစားနဲ့ မျက်ခုံးပင့်လိုက်သည်။ အဖွဲ့ချုပ်နဲ့ မဟူရာသမုဒ္ဒရာ ဂလက်စီတို့ တစ်ဖက်နဲ့တစ်ဖက် မရင်ဆိုင်ရတာကို သူ နှမြောမိသည်။ ဒါပေမဲ့ ဒီကိစ္စက တော်တော်လေး ထူးချွန်သည်။ အနည်းဆုံးတော့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီက ဘာဆုံးရှုံးမှုမှ မရှိဘူး။ သူတို့အတွက်တော့ အနိုင်-အနိုင် အခြေအနေပဲ။

"ကျွတ်ကျွတ်"

ချီရှောင်ပိုင်ရဲ့ လေသံက အေးစက်စက်ပဲ။ "ဒီကောင်တွေက အများအားဖြင့် နည်းနည်းစည်းကမ်းမရှိဘူးမှတ်လား။ ဒါမှမဟုတ်ရင် ဘာလို့ တစ်စုံတစ်ယောက်က သူတို့ကို ဒီလောက်တောင် ရက်စက်ရမှာလဲ။"

ကြည့်ပါလား၊ နိုင်ငံရေးသမားဆိုတော့ ဒီလိုပဲပေါ့။ စကားနည်းနည်းလေးနဲ့ အခြေအနေရဲ့ သဘောသဘာဝကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်ပြီ။ မော့ချူးတို့ မူလက နစ်နာသူတွေဖြစ်ပေမဲ့ သူပြောတာကို ကြားပြီးနောက်မှာ သူတို့က ဒီလုပ်ရပ်နှင့် ထိုက်တန်သူတွေ ဖြစ်သွားကြပြီ။

အကြီးအကဲချင်က သူ့ကို အေးစက်စက် ဆူလိုက်သည်။ "သူတို့က လန်လျန်တို့လောက် မဆိုးပါဘူး။"

'ဟွန့်၊ ဒါက ဂလက်ဆီစစ်ပွဲပဲလေ။ လန်လျန်က ပါဝင်တဲ့အဖွဲ့တွေကို လက်ဗလာနဲ့ကို ဆွဲဖြဲပစ်လုနီးပါးပဲ၊ မောက်မာပြီး အာဏာရှင်ဆန်တယ်ဆိုတဲ့ နာမည်က လူတိုင်းသိတယ်။'

အကြီးအကဲချင်ရဲ့ စော်ကားတာကို ခံရပြီးနောက်မှာ ချီရှောင်ပိုင်ရဲ့ မျက်နှာလည်း ရုပ်ဆိုးသွားသည်။

ထိပ်ပိုင်းမှာ လျှို့ဝှက်တိုက်ခိုက်မှုတွေ ရှိနေပြီး အောက်ပိုင်းမှာတော့ အကြီးအကျယ် ဆူပူသောင်းကျန်းနေကြ၏။

ဒီမြင်ကွင်းကို လင်းနေသော မျက်နှာပြင် ကနေတဆင့် ရေတွက်လို့မရတဲ့ အင်တာနက်အသုံးပြုသူတွေ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အင်တာနက်အသုံးပြုသူအားလုံးဟာ စိတ်ကြွဆေးထိုးခံထားရသလို စိတ်လှုပ်ရှားနေကြသည်။

"ဟာကွာ! ဒီနှစ် ဂလက်ဆီစစ်ပွဲက တကယ်စိတ်လှုပ်ရှားစရာပဲ။"

သူတို့အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ကြီးမားတဲ့ မြင်ကွင်းတွေက တစ်ခုပြီးတစ်ခု ပေါ်လာပြီး သူတို့မျက်လုံးတွေကို အံ့သြစေခဲ့တယ်။ ချစ်ခြင်းမေတ္တာကို ပြသနေတဲ့ လူတစ်အုပ်ကို လွှတ်ပေးလိုက်ရုံပဲ ရှိသေးသည်။ အခုတော့ တစ်ခါမှ မဖြစ်ဖူးတဲ့ အဆိပ်ခတ်မှုအမှုနဲ့ ရင်ဆိုင်နေရပြီပင်။ 'အိုး ဘုရားရေ၊ ဒါက ကြီးကျယ်တဲ့ ဒရမ်မာတစ်ခုလို့ ပြောလို့ရတယ်။'

အခြားဂလက်ဆီတွေမှ လူအများစုကတော့ ပွဲကြည့်သဘောမျိုးပဲ ရှိကြပေမဲ့ အဖွဲ့ချုပ်ရဲ့ နိုင်ငံသားတွေကတော့ ပွက်လောရိုက်နေကြသည်။

ဒီလူတွေကို ကြည့်ပါဦး။ နျဥ်ယွိယွမ်က နာမည်ကောင်းရှိပြီးသားပင်။ စုန့်ချင်းစုန့်က ပရိသတ်အများကြီးရှိသည်။ မော့ချူးတို့အဖွဲ့ကလည်း အရင် ရသစုံတီဗီရှိုးကြောင့် နာမည်ကြီး ဖြစ်ခဲ့ပြီး သူတို့ရဲ့ နာမည်ကျော်ကြားမှုက မြင့်မားနေဆဲပင်။ ဒီလူတွေ စုဝေးမိတဲ့အခါမှာ အဖွဲ့ချုပ်တစ်ခုလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။

နောက်ဆုံးတော့ ဒီအချိန်မှာ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ချေ။ လူတိုင်း ဒေါသထွက်နေကြသည်။

"စုံစမ်း! သေချာစုံစမ်းရမယ်။ ဒီလိုရက်စက်တဲ့အလုပ်ကို ဘယ်သူက လုပ်ရဲတာလဲ။ ငါသာ သိရင် အန်ချပြီး သေအောင်လုပ်ပစ်မှာ။"

"ဖာ့ခ်! အဖွဲ့ချုပ်အစိုးရက ပိုက်ဆံပဲယူပြီး ဘာမှမလုပ်ဘူး။ ဒီလိုအမှားကြီးကို လုပ်ခဲ့တာ။ ဒါက တကယ်ကိုလွန်လွန်းတယ်။"

"မှန်တယ်။ ငါ့ အောင်နိုင်သူ စုန့်မျိုးရိုးရဲ့ ကံကောင်းမှုသာ မဟုတ်ရင် အခုတစ်ခုခု ဖြစ်သွားနိုင်တယ်။ သိရဲ့လား?"

"အာ... စဉ်းစားကြည့်ရင် ကံကောင်းမှု ကြယ်ပွင့်လေး ကြောင့်ပဲ။ သူမသာ စိတ်ဝိညာဥ် စားစရာတွေ ချက်မပေးခဲ့ရင် မာရှယ်နျဥ်နဲ့ ကျန်တဲ့သူတွေ အကုန်သုတ်သင်ခံရမှာ။ ဖာ့ခ် ဒီအခြေအနေကို စဉ်းစားရုံနဲ့ ကျောချမ်းတယ်။"

အင်တာနက်ပေါ်က ဆွေးနွေးမှုတွေက အကြီးအကျယ် ပေါက်ကွဲနေကြသည်။

အဖွဲ့ချုပ်အစိုးရကလည်း လက်ပိုက်ကြည့်မနေပေ။ သူတို့အားလုံး ချက်ချင်း လှုပ်ရှားကြသည်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စရဲ့ သဘောသဘာဝက အရမ်းဆိုးယုတ်တယ်လေ။

ဂလက်ဆီစစ်ပွဲမှာ ပါဝင်တဲ့လူတွေကို အဆိပ်ခတ်တာ... တရားခံတွေသာ အောင်မြင်သွားခဲ့ရင် အဖွဲ့ချုပ်ရဲ့ အကောင်းဆုံး အလားအလာရှိတဲ့ လူငယ်မျိုးစေ့လေးတွေ လုံးဝပျက်စီးသွားလိမ့်မည်။ ဒီနှစ် အဖွဲ့ချုပ်ရဲ့ အဆင့်သတ်မှတ်ချက်လည်း ရစရာ မရှိဖြစ်သွားလိမ့်မည်။ အရေးကြီးတာက ဒီကိစ္စကို ထုတ်လွှင့်ခဲ့တာပဲ။

လူပေါင်း ဘီလီယံအနည်းငယ်ရှေ့မှာ အဖွဲ့ချုပ်ရဲ့ ဂုဏ်သတင်း လုံးဝ အဖက်ဆယ်မရဖြစ်သွားလိမ့်မည်။

ဒီအကြောင်းကို စဉ်းစားရင်း ထိပ်ပိုင်းက လူကြီးတွေ ဒေါသထွက်နေကြသည်။ သူတို့ ချက်ချင်းပဲ စုံစမ်းဖို့ အမိန့်ပေးခဲ့တယ်။ ဒီကိစ္စကို အလျင်အမြန် သေချာစုံစမ်းခိုင်းကြသည်။

သေချာပေါက်၊ မှော်ဒေသမှာ ရှိနေတဲ့ မော့ချူး တို့အဖွဲ့ကတော့ ဒီအကြောင်းကို မသိခဲ့ကြပေ။

သူတို့ရဲ့ အာရုံစိုက်မှုက ဂလက်ဆီစစ်ပွဲပေါ်မှာ ရှိနေတုန်းပင်။

မဟူရာသမုဒ္ဒရာ ဂလက်စီရဲ့ အခြေအနေက အာဟာရအရည်ကို သောက်ပြီးနောက် အများကြီး ပိုကောင်းလာခဲ့သည်။ ဒါပေမဲ့ အဆိပ်အတောက်က ပြင်းထန်နေဆဲဖြစ်လို့ အချိန်မီ ကုသပေးရမည်။ ဒါကြောင့် မဟူရာသမုဒ္ဒရာ ဂလက်စီက လူတွေက သူ့ရဲ့နာမည်ကတ်ပြားကို ချက်ချင်း ဆွဲထုတ်ပြီး အပြင်ကို ပို့လိုက်သည်။

ကျန်တဲ့ အဖွဲ့နှစ်ဖွဲ့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ခဏအကြာမှာ နျဥ်ယွိယွမ်က မျက်လုံးနည်းနည်းပင့်ပြီး ပြောလိုက်သည်။ "မဟာမိတ်ဖွဲ့ရအောင်။"

"ဘာပြောတာလဲ။"

မဟူရာသမုဒ္ဒရာ ဂလက်စီက လူတွေက အံ့အားသင့်သွားကြသည်။

'မဟာမိတ်ဖွဲ့တာလား။'

'ကောင်းပြီ... ဒီလှည့်ကွက်ကို ဘယ်သူမှ မကစားဖူးဘူး။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့သက်ဆိုင်ရာ ဂလက်ဆီတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတာပဲ။ ဘယ်သူမှ သူတို့ရဲ့ နောက်ကျောကို တခြားအဖွဲ့တစ်ခုကို လွှဲအပ်ဖို့ ဆန္ဒမရှိဘူး။ ဘယ်သူက ရုတ်တရက် ကျောကို ဓားနဲ့ထိုးမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒီလိုသာဆိုရင် သူတို့ အလကားအသေဆိုးနဲ့ သေရလိမ့်မယ်။'

"ငါတို့ အဲ့လိုလုပ်လို့ရတာပဲ။"

မော့ချူးရဲ့ မျက်လုံးတွေ လင်းလက်သွားသည်။

သူတို့အဖွဲ့နှစ်ဖွဲ့သာ မဟာမိတ်ဖွဲ့နိုင်ခဲ့ရင် သူတို့ရဲ့ ခွန်အားက အသန်မာဆုံးဖြစ်မှာ သေချာသည်။ သူတို့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီကို သေချာပေါက် အနိုင်ယူနိုင်မှာဖြစ်ပြီး သူတို့လက်ထဲက ကြေးတံဆိပ်ကို လုယူပြီး အမြင့်ဆုံးနေရာကို တက်လှမ်းနိုင်မှာပဲ။

"ဟုတ်တယ်။" နျဥ်ယွိယွမ်က ထပ်ပြောခဲ့သည်။ " ဉာဏ်ပညာတိမ်တိုက် ဂလက်စီကို ဖယ်ရှားပြီးတာနဲ့ အနိုင်အရှုံး ဆုံးဖြတ်ဖို့ နောက်ထပ် တိုက်ပွဲတစ်ခု ဆင်နွှဲကြမယ်။ ဟုတ်ပြီ၊ တရားမျှတမှုအတွက် မင်းတို့က လူတစ်ယောက် လျော့နေတဲ့အတွက် ငါတို့ကလည်း လူလေးယောက်ပဲ စေလွှတ်မယ်။"

မဟူရာသမုဒ္ဒရာ ဂလက်စီရဲ့ ကပ္ပတိန်က ခဏလောက် စဉ်းစားပြီး သူ့အကြည့်က မော့ချူး၊ နျဥ်ယွိယွမ်တို့နဲ့ ကျန်တဲ့သူတွေကို ဝေ့ကြည့်လိုက်တယ်။ ခဏကြာမှ သူ နောက်ဆုံးတော့ ခေါင်းညိတ်လိုက်တယ်။ "ကောင်းပြီ။"

လက်ရှိအခြေအနေအရ အဖွဲ့ချုပ်နဲ့ မဟာမိတ်ဖွဲ့တာက အကောင်းဆုံးရွေးချယ်မှုပဲ။ ဒါ့အပြင် သူတို့ဖက်ကို မော့ချူးက ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးကြွေးတင်နေသေးတာမို့ ဒီတစ်ခါတော့ သူတို့ကို ယုံကြည်ဖို့ ဆန္ဒရှိတယ်။

"ကောင်းပြီ!"

ဒီစကားကို ကြားတော့ နျဥ်ယွိယွမ်ရဲ့ မျက်လုံးတွေ ဝမ်းသာမှုနဲ့ ပြည့်နှက်သွားသည်။ "ဒါဆို သေချာသွားပြီ။" သူပြောရင်း သူ့လက်ဖဝါးညာဘက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရှေ့က အေးဆေးတည်ငြိမ်ပြီး ခိုင်မာတဲ့လူကို စိုက်ကြည့်နေသည်။

ဒါကို မြင်တော့ မဟူရာသမုဒ္ဒရာ ဂလက်စီရဲ့ ခေါင်းဆောင်က မျက်ခုံးပင့်လိုက်သည်။ သူ လက်ဆန့်ထုတ်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထူထပ်တဲ့ လက်ခုပ်သံတွေ ထွက်ပေါ်လာပြီး သူတို့ရဲ့ ယာယီမဟာမိတ်ကို ထူထောင်လိုက်ကြသည်။

မဟာမိတ်ဖွဲ့ပြီးပြီဖြစ်လို့ နျဥ်ယွိယွမ်က ဘာမှ မဖုံးကွယ်တော့ဘူး။ သူ့ရဲ့ လက်ရှိ ခန့်မှန်းချက်အားလုံးကို ထုတ်ဖော်လိုက်သည်။ "မင်းတို့ ခုနက အဖွဲ့တစ်ဖွဲ့ပဲ ရှင်းထုတ်ရသေးတယ်လို့ ငါထင်တယ်။"

အဲဒီလူက မျက်လုံးပင့်ပြီး ပါးစပ်ထောင့်စွန်း နည်းနည်း ကော့လိုက်တယ်။ သူ တိုးတိုးလေး ချီးကျူးလိုက်သည်။ "မာရှယ်နျဥ် ဆိုတော့လည်း မဆန်းပါဘူး။" ဒီစကားတွေက သဘောတူညီချက်ကို အသိအမှတ်ပြုတာပဲ။

နျဥ်ယွိယွမ်ရဲ့ မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်။ "ငါတို့လည်း အဖွဲ့တစ်ဖွဲ့ပဲ ရှင်းထုတ်နိုင်ခဲ့တယ်။ ဉာဏ်ပညာတိမ်တိုက် ဂလက်စီရဲ့ ခြေရာခံနိုင်စွမ်းနဲ့ တိုက်ခိုက်နိုင်စွမ်းတွေက အရမ်းကောင်းတယ်။ တိုက်ပွဲအတွင်း ခဏတာ နှောင့်နှေးခဲ့ရတာမို့ သူတို့ ကျန်တဲ့အဖွဲ့သုံးဖွဲ့ကို အောင်မြင်စွာ ရှင်းထုတ်နိုင်ခဲ့ပြီလို့ ကျွန်တော် ခန့်မှန်းထားတယ်။"

ဒီစကားကို ကြားတော့ မဟူရာသမုဒ္ဒရာ ဂလက်စီက လူတွေ မျက်မှောင်ကြုတ်လိုက်ကြသည်။ တကယ်ပဲ လန်ဟန်တို့ရဲ့ စိတ်နေစိတ်ထားနဲ့ဆို ဒါက မဖြစ်နိုင်တာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဖြစ်နိုင်ခြေက အရမ်းမြင့်သည်။

All Chapters