← Chapters

အပိုင်း ၄၀၉

Vol. 28 Ch. 409

အပိုင်း ၄၀၉

Vol. 28 Ch. 409

"တနည်းအားဖြင့် သူတို့လက်ထဲမှာ ကြေးတံဆိပ် ၂၀ ရှိနေပြီ။ သူတို့သာ နောက်ဆုံးထိ ခံနိုင်ခဲ့ရင် ဒီနှစ် ဂလက်ဆီစစ်ပွဲရဲ့ ချန်ပီယံ ဖြစ်သွားလိမ့်မယ်။" ဒီလိုဆိုးရွားတဲ့ အခြေအနေမှာတောင် နျဥ်ယွိယွမ်က တည်ငြိမ်နေဆဲပင်။ "ဒါပေမဲ့..."

"လန်ဟန်တို့ရဲ့ စိတ်နေစိတ်ထားအရ သူတို့က ကျုပ်တို့ကို ဘယ်လိုလုပ် အလွယ်တကူ လွှတ်ပေးမလဲ။" မဟူရာသမုဒ္ဒရာ ဂလက်စီရဲ့ ကပ္ပတိန်က မျက်ခုံးပင့်ပြီး ဆက်ပြောတယ်။ "သူတို့က ကျုပ်တို့ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖျက်ဆီးပြီးမှ လွှတ်ပေးချင်ကြတာဖြစ်မှာ။"

သူတို့က ဂလက်ဆီတစ်ခုတည်းက မဟုတ်ပေမဲ့ မကြာသေးခင် ရက်အနည်းငယ်အတွင်း အချင်းချင်း ဆက်ဆံရေးကနေတဆင့် လန်ဟန်၊ လန်လျန်နဲ့ သူတို့အဖွဲ့ရဲ့ စိတ်နေစိတ်ထားတွေကို သိလာခဲ့ကြသည်။ သူတို့က မောက်မာစွာ ဒီဂလက်ဆီစစ်ပွဲကို အခွင့်ကောင်းယူပြီး သူတို့ကို ရှင်းထုတ်နိုင်ခဲ့ရင် ဒါက မကြုံစဖူး မှတ်တမ်းတစ်ခု ဖြစ်မှာဆိုတော့ သူတို့ ဘယ်လိုလုပ် လက်လွတ်ခံမလဲ။

"မှန်တယ်။"

နျဥ်ယွိယွမ်က ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကော့တက်သွားသည်။ "ဒါပေမဲ့ ဒါကလည်း ငါတို့ရဲ့ အခွင့်အရေးပဲ။"

ထင်ရှားတာက လန်ဟန်တို့က ဘယ်လောက်ပဲ ခေါင်းခြောက်ခံ စဉ်းစားစဉ်းစား အဖွဲ့နှစ်ဖွဲ့ မဟာမိတ်ဖွဲ့ပြီးသားဆိုတာကို ခန့်မှန်းနိုင်မှာ မဟုတ်ဘူး မဟုတ်လား။

"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ။"

အဲဒီလူက နျဥ်ယွိယွမ်ကို ခေါင်းလှည့်ကြည့်လိုက်ပြီး သူ့လေသံမှာ စပ်စုတဲ့သဘော နည်းနည်း ပါနေသည်။

"သူတို့က ကျုပ်တို့ကို ဖမ်းချင်နေတာ မဟုတ်ဘူးလား။"

နျဥ်ယွိယွမ်ရဲ့ မျက်လုံးထဲက အပြုံးက ပိုနက်ရှိုင်းလာသည်။ "ဒါဆို ကျုပ်တို့ သူတို့အိမ်တံခါးဝအထိ ကိုယ့်ဘာသာကိုယ် သွားပေးကြမယ်..."

ဉာဏ်ကောင်းတဲ့လူတွေနဲ့ စကားပြောရတာ လွယ်သည်။ နျဥ်ယွိယွမ်က အစအနနည်းနည်းပဲ ပြောပြလိုက်တာနဲ့ မဟူရာသမုဒ္ဒရာ ဂလက်စီဘက်က လူတွေ ချက်ချင်း နားလည်သွားကြသည်။ ဉာဏ်ပညာတိမ်တိုက် ဂလက်စီက အနိုင်ရပြီလို့ ထင်နေချိန်မှာ သူတို့ နောက်ကနေ တိုက်ခိုက်ပြီး ရက်ရက်စက်စက် ဓားနဲ့ထိုးလိုက်ကြမည်။ အဲဒီအချိန်ကျရင် သူတို့ ငိုဖို့တောင် အချိန်ရမှာ မဟုတ်ဘူး မဟုတ်လား။

မဟူရာသမုဒ္ဒရာ ဂလက်စီရဲ့ ကပ္ပတိန်က ခပ်ဖျော့ဖျော့ ရယ်မောလိုက်ပြီး နျဥ်ယွိယွမ်အပေါ် သူ့ရဲ့ လေးစားမှုက ပိုတိုးလာသည်။

ယုတ္တိရှိရှိ ပြောရရင် မဟူရာသမုဒ္ဒရာ ဂလက်စီက လူတစ်ယောက် ဆုံးရှုံးသွားခဲ့ရင် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တစ်ဆင့်ကျသွားလိမ့်မည်။ သူတို့ကိုယ်သူတို့ ငါးစာအဖြစ် ပို့ပေးဖို့ အသင့်တော်ဆုံးအချိန်ပဲ။ ဒါပေမဲ့ နျဥ်ယွိယွမ်က သူ့အဖွဲ့ကို သူ့ရှေ့မှာ ထားခဲ့သည်။ ဒီသစ္စာစောင့်သိမှုမျိုးကို သူတို့ လက်ခံရမှာပဲ။

အဲဒီလူက သူ့လက်ကို တည်တည်တံ့တံ့ ဆန့်ထုတ်လိုက်ပြီး သူ့အမူအရာက နည်းနည်းလေး တည်ကြည်နေတယ်။ "ကျွန်တော့်နာမည် ကျီမို့လင်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။"

"တွေ့ရတာ ဝမ်းသာပါတယ်။" နျဥ်ယွိယွမ်လည်း သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်း လေး မသိမသာ ကွေးတက်သွားသည်။ လက်ဖဝါးကြမ်းကြီးနှစ်ခုက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြသည်။

"ဒါဆို ဘယ်တော့ ထွက်ကြမလဲ။" ကျီမို့လင်က တိုးတိုးလေး မေးလိုက်သည်။

"အလျင်လိုစရာမလိုပါဘူး။" နျဥ်ယွိယွမ်က ခေါင်းနည်းနည်းခါလိုက်တယ်။ "ငါတို့ အဖွဲ့နှစ်ဖွဲ့က ခဏလောက် နားဖို့လိုသေးတယ်။"

"ကောင်းပြီ၊ ဒါဆို ငါ သွားပြီး တချို့ပစ္စည်းတွေ ထပ်ရှာလိုက်ဦးမယ်။" မော့ချူးက ပြုံး၍ ပြောလိုက်တော့ ပါးချိုင့်လေးတွေ ပေါ်လာပြီး သူမရဲ့ တည်ငြိမ်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ စိတ်နေစိတ်ထားက ချက်ချင်း ပေါ်လွင်လာတယ်။ "နင်တို့အတွက် ဟင်းကောင်းလေးတွေ ချက်ကျွေးမယ်။"

"ကောင်းပြီ!"

ဒီစကားကို ကြားတော့ ချင်ယွဲ့က လက်နှစ်ဖက်လုံးကို မြှောက်ပြီး သဘောတူလိုက်တာ ပထမဆုံးပဲ။ သူ့မျက်နှာက စိတ်လှုပ်ရှားမှုအပြည့်နဲ့ မော့ချူးကို စိုက်ကြည့်နေတယ်။ "ဒါဆို ငါလည်း မင်းနဲ့လိုက်မယ်။"

"ကောင်းပြီ၊ မင်းတို့လည်း သွားကြ။" ကျီမို့လင်က သူ့နောက်ကို တစ်ချက်ကြည့်လိုက်တော့ ဒီကောင်လေးတွေရဲ့ အကြည့်ထဲမှာ သွားရည်ကျနေတာကို သဘာဝအတိုင်း မြင်လိုက်ရသည်။ သူ ခပ်ဖွဖွ ရယ်မောမိသည်။

ဒီလို ဆန္ဒစောနေတဲ့ အကြည့်နဲ့ သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒါပေမဲ့ ဒီကောင်လေးတွေ အုပ်စုဆိုတာ ပြောစရာမလိုဘူး၊ သူ့ကိုယ်တိုင်တောင် မော့ချူး ဖန်တီးထားတဲ့ အရသာရှိတဲ့ အစားအစာတွေကို အရမ်းစိတ်ဝင်စားသည်။

သာမန်လူတွေအတွက် ဒီမှော်ဒေသက အန္တရာယ်တွေနဲ့ သတ်ဖြတ်မှုတွေ ပြည့်နှက်နေတယ်။ ဒါပေမဲ့ မော့ချူးရဲ့ မျက်လုံးထဲမှာတော့ သူက ရတနာသိုက်နဲ့ ဘာမှမခြားဘူး။

ကြည့်ပါဦး၊ ဒီနေရာက အရသာရှိတဲ့ အစားအစာတွေနဲ့ ပြည့်နေသည်။ သူတို့ ထွက်သွားပြီး မကြာခင်မှာ ခုန်လွှာသားရဲကောင်တွေ အများကြီးကို တွေ့လိုက်ရသည်။ မော့ချူးရဲ့ မျက်လုံးတွေ လင်းလက်သွားပြီး သူ့ရဲ့ ဖြူစွတ်နူးညံ့တဲ့ လက်ချောင်းတွေက ချက်ချင်း ရှေ့ကို ထိုးပြလိုက်သည်။ "မြန်မြန်! မြန်မြန် ဖမ်းကြ!"

ဒီ ခုန်လွှားသားရဲကောင် တွေကို စားလို့ရတာလား။ မဟူရာသမုဒ္ဒရာ ဂလက်စီက လူတွေက နည်းနည်းတော့ ချီတုံချတုံ ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ချင်ယွဲ့က မော့ချူးရဲ့ စကားကို ကြားတော့ "ဖျောက်!" "ဖျောက်!" "ဖျောက်!" ဆိုပြီး စက်သေနတ်လို ပြေးထွက်သွားသည်။

ဒါ့အပြင် သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းသေသပ်ပြီး သုံးလေးမိနစ်အတွင်းမှာပဲ တစ်ကောင်ကို သတ်ပြီး ပျော်ရွှင်စွာ ဘေးကို ပစ်ချလိုက်သည်။ ပြီးတော့ နောက်ထပ် ခုန်လွှားသားရဲကောင် တစ်ကောင်ကို စိုက်ကြည့်ပြီး အပေါ်ကို ခုန်အုပ်လိုက်သည်။

မဟူရာသမုဒ္ဒရာ ဂလက်စီနဲ့ ကျန်တဲ့သူတွေက ဒီအတိုင်း ရပ်ကြည့်နေရတာကို ရှက်နေကြသည်။ သူတို့က ချက်ချင်း သွားကူညီကြသည်။ သူတို့ရဲ့ အကူအညီနဲ့ ခုန်လွှားသားရဲကောင်တွေကို လိုက်လံရှာဖွေတဲ့ အရှိန်က ပိုမြန်လာသည်။

မော့ချူးကလည်း အားနေတာ မဟုတ်ပေ။ သူမ ဘေးကို လျှောက်သွားပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ မွှေးရနံ့ရှိတဲ့ အရွက်တွေ အများကြီး ကောက်ယူခဲ့သည်။ ဟင်းခတ်ဖို့ အသင့်ဖြစ်ပြီ။

မော့ချူး အလုပ်ပြီးခါနီးတော့ ချင်ယွဲ့နဲ့ ကျန်တဲ့သူတွေလည်း သူတို့အလုပ်တွေ ပြီးသွားပြီပင်။

သူတို့အားလုံးက ယောက်ျားတွေဖြစ်လို့ အစားများများစားနိုင်တာကို ထည့်သွင်းစဉ်းစားပြီး သူတို့က ခုန်လွှားသားရဲကောင် ရှစ်ကောင် သို့မဟုတ် ကိုးကောင်လောက် ဖမ်းလာပြီး မော့ချူးကို ယဉ်ကျေးစွာ မေးလိုက်သည်။ "လုံလောက်ပြီလား။"

ကြည့်ရတာ မော့ချူးက မလုံလောက်ဘူးလို့ ထင်ရင် သူတို့ ချက်ချင်း ပြေးပြီး နောက်ထပ်အနည်းငယ် ထပ်ယူလာနိုင်မယ့်ပုံပဲ။

"အင်း၊ လုံလောက်သင့်တယ်။" မော့ချူးက သူ့နာကျင်နေတဲ့ နဖူးကို ပွတ်သပ်လိုက်သည်။ ဒီ ခုန်လွှားသားရဲကောင်တွေက ၂၁ ရာစုက ကြက်တွေထက် မူလကတည်းက ပိုကြီးပြီး အသားတွေက နူးညံ့ပြီး လတ်ဆတ်သည်။ 'ဒါတောင် သူတို့ ဒီလောက်အများကြီး တစ်ခါတည်း ယူလာကြတယ်။ စားလို့မလောက်မှာကို ကြောက်နေကြတာလား။'

ဒါပေမဲ့ ဒါက မော့ချူးအတွက် ပြဿနာတစ်ခု ဖြစ်လာသည်။ 'ကြက်သားတွေ ဒီလောက်အများကြီးကို ဘယ်ကနေ ဒီလောက်ကြီးတဲ့ အိုးတစ်လုံးကို ရှာရမှာလဲ။'

"ဒီ ခုန်လွှားသားရဲကောင်တွေကို သွားကိုင်ကြမယ်" မော့ချူးက ပြောလိုက်တော့ ချင်ယွဲ့တို့က ခုန်လွှားသားရဲကောင်တစ်ကောင်၊ နှစ်ကောင်စီကို လက်တစ်ဖက်စီနဲ့ ကိုင်ပြီး တိုက်ပွဲနိုင်လာတဲ့ စစ်သားတွေလို မော့ချူးနောက်ကနေ လိုက်ပါလာကြသည်။

ခုန်လွှားသားရဲကောင်တွေကို မြေပေါ်ချပြီးနောက် ကျန်တာအားလုံး မော့ချူးအပေါ်မှာပဲ မူတည်နေချေပြီ။

ကံကောင်းစွာနဲ့ သူမရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်သည်။ အမွှေးတွေ နုတ်၊ အတွင်းကလီစာတွေ ထုတ်၊ ရေနဲ့ သေချာဆေးကြောလိုက်ဟည်။ ဆယ်မိနစ်တောင် မကြာဘဲ မော့ချူးက ကြက်တစ်ကောင်ကို ကိုင်လို့ပြီးသွားပြီ။

"ငါ ကူညီမယ်လေ။" မော့ချူးရှေ့မှာ ခုန်လွှားသားရဲကောင်ခြောက်၊ ခုနစ်ကောင်လောက် ကျန်နေသေးတာကို မြင်တော့ နျဥ်ယွိယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူ လျှောက်လာပြီး အင်္ကျီလက်တွေကို ပင့်တင်ကာ ထိုင်ချပြီး မော့ချူးကို ကူညီကိုင်တွယ်ပေးသည်။

မဟုတ်ရင် ဘာလို့ နျဥ်ယွိယွမ်က ဉာဏ်ကောင်းတယ်လို့ ပြောမှာလဲ။ မော့ချူးရဲ့ လုပ်ပုံလုပ်နည်း ပုံစံကို ကြည့်ရုံနဲ့တင် လှုပ်ရှားမှုတွေရဲ့ အဓိကအချက်တွေကို သူ ချက်ချင်း နားလည်သွားသည်။ သူ့ရဲ့စည်းချက်က မော့ချူးလောက် မကောင်းလှပေမဲ့ သူ အလျင်အမြန် ပိုကျွမ်းကျင်လာသည်။

ဘေးမှာ ရပ်နေတဲ့ မော့ယန်က တကယ်ကို ကူညီချင်ပေမဲ့ သူ့ကိုယ်သူ ဘယ်လောက်လုပ်နိုင်လဲဆိုတာ သူသိသည်။ သူ့ရဲ့ ဟင်းချက်စွမ်းရည်ကို အရင်က ပြန်စဉ်းစားပြီးနောက်မှာတော့ သူ နောက်ဆုံး ခေါင်းခါလိုက်သည်။ "ထားလိုက်ပါတော့။ သူသာ ကူညီရင် ရှောင်ချူးအတွက် အလုပ်ရှုပ်စေမှာပဲ။"

ချင်ယွဲ့ကတော့ သိပ်မစဉ်းစားဘူး။ စိတ်လှုပ်ရှားစွာနဲ့ ရောက်လာပြီး "ညီမလေး၊ ဒီကိုလာ။ ငါလည်း ကူပေးမယ်။"

ပြီးတော့ သူ ငုတ်တုတ်ထိုင်ချပြီး ခုန်လွှားသားရဲကောင်တစ်ကောင်ကို ကောက်ကိုင်လိုက်သည်။ မော့ချူးရဲ့ လှုပ်ရှားမှုတွေကို အတုယူပြီး ကြက်ကို ကိုင်တွယ်တော့သည်။ ကြည့်ရတာ လွယ်ပေမဲ့ တကယ်လုပ်တော့ မလွယ်ပေ။ ချင်ယွဲ့က တစ်ဝက်လောက် အလုပ်လုပ်ပြီး သူ့နဖူးမှာ ချွေးတွေ ရွှဲနစ်နေအောင် ပင်ပန်းနေပြီ၊ ဒါပေမယ့် ကြက်တစ်ကောင်ရဲ့ သုံးပုံတစ်ပုံတောင် မပြီးသေးချေ။

ပြီးတော့ သူ ဘေးက နျဥ်ယွိယွမ်ကို ကြည့်လိုက်သည်။ သူ့ဘေးမှာ ပြင်ဆင်ပြီးသား ခုန်လွှားသားရဲကောင်သုံးကောင်တောင် ရှိနေပြီ။

"အယ်လယ်! ဒါကွာခြားချက်ပဲ။"

ရိုးရိုးသားသားပြောရရင် သူ ခုန်လွှားသားရဲကောင်တွေကို ကိုင်တွယ်တဲ့ပုံစံက မလှပပေ။ သူ မြေကြီးပေါ်မှာ တစ်ဝက်လောက် ထိုင်နေပြီး အမွှေးတွေက ဟိုဒီပျံနေတယ်။ သွေးနံ့ သဲ့သဲ့လေးလည်း ရသည်။ ဒါပေမဲ့ နျဥ်ယွိယွမ်ရဲ့ လုပ်ဆောင်မှုတွေမှာ ဖော်ပြလို့မရတဲ့ ကျက်သရေရှိမှု ရှိသည်။ လှုပ်ရှားမှုတိုင်းက တည်ငြိမ်ပြီး အလျင်မလိုချေ။ အဲ့ဒီကနေ လှပတဲ့ ခံစားချက်ကို ရနိုင်သည်။

မော့ချူးကိုတော့ ပြောစရာတောင် မလိုပေ။ သူမရဲ့ လုပ်ဆောင်မှုတွေက စနစ်တကျ ဖြစ်ပြီး သွက်လက်မှုလေးတောင် ပါသေးသည်။ သူမရဲ့ နူးညံ့တဲ့လက်လေးနဲ့ ခပ်ဖွဖွ ပွတ်လိုက်တာနဲ့ အမွှေးတွေ ပျံ့နှံ့ကုန်သည်။

ပြီးတော့ သူတို့နှစ်ယောက်ကြားမှာ ညှပ်နေတဲ့ ချင်ယွဲ့ကတော့ အင်မတန် ဆိုးရွားသည်။

သူ့ရဲ့ လုပ်ဆောင်မှုတွေက ကြမ်းတမ်းတာကို ခဏထားဦး။ ပျံနေတဲ့ အမွှေးတွေက သူ့ချွေးတွေကတဆင့် သူ့ခန္ဓာကိုယ်နဲ့ မျက်နှာမှာ ကပ်နေသည်။ သူက သနားစရာ အခြေအနေ ဖြစ်နေပြီ။ သူ့ကိုယ်ပေါ်က ညစ်ပတ်မှုတွေက ဘယ်လောက် ပိုဆိုးလည်းဆိုတာတော့ ပြောစရာတောင် မလိုဘူး၊ မျှော်လင့်ထားတဲ့အတိုင်း လူချင်းယှဉ်တာက သေခြင်းကိုပဲ ဦးတည်စေသည်။

နောက်ကနေ ကြည့်နေတဲ့ မဟူရာ သမုဒ္ဒရာ ဂလက်စီက လူတွေက သက်ပြင်းတစ်ချချ ကျွတ်တစ်သပ်သပ်နှင့် ချီးကျူးလိုက်ကြသည်။ ပထမတော့ သူတို့ ရှက်နေကြသည်။ မော့ချူးလို ကောင်မလေးကို ဒီလောက်အလုပ်တွေ ဘယ်လိုလုပ် ခိုင်းရက်မှာလဲ။ ဒါပေမဲ့ ချင်ယွဲ့ရဲ့ ပုံစံကို မြင်တော့ သူတို့ ချက်ချင်း ရပ်တန့်သွားကြသည်။

'ကောင်းရော! သူတို့သာ သွားရင် ချင်ယွဲ့လောက်တောင် ကောင်းမှာ မဟုတ်ဘူး။ မော့ချူးတို့ရဲ့ လုပ်ဆောင်မှုကို နှေးစေမယ့်အစား သူတို့ စောင့်နေတာက ပိုကောင်းတယ်။'

All Chapters