← Chapters

အပိုင်း ၄၁၀

Vol. 28 Ch. 410

အပိုင်း ၄၁၀

Vol. 28 Ch. 410

"အာ! ထားလိုက်ပါတော့၊ ငါလုပ်မယ်။" မော့ချူးက မခံနိုင်တော့ဘူး။ သူမ လက်လှမ်းပြီး ချင်ယွဲ့လက်ထဲက ကြက်ကို ယူလိုက်သည်။ ခေါင်းငုံ့ကြည့်လိုက်တော့ သူ့မျက်လုံးထောင့်စွန်းတွေက ချက်ချင်း တွန့်ခနဲ ဖြစ်သွားသည်။ 'ဟင်း! ဒီ ခုန်လွှားသားရဲကောင်ခမျာ သေပြီးသားကို ချင်ယွဲ့က နှိပ်စက်နေတုန်းပဲ။'

'ကြည့်ပါဦး၊ မူလက ချောမွေ့သန့်ရှင်းတဲ့ အမွှေးတွေက ပြန့်ကျဲနေပြီး ဘယ်ဖက်တစ်ဖက် ညာဖက်တစ်ဖက်ဖြစ်နေတယ်။ နောက်ပြီး ချင်ယွဲ့က သူ့လက်ရဲ့ အားကိုလည်း မထိန်းနိုင်ဘူး။ တချို့နေရာတွေမှာ အရေပြားနဲ့ အမွှေးတွေပါ ပြဲကုန်ပြီး နီရဲတဲ့ အသားနုနုတွေ ပေါ်လာတယ်။ တကယ်ကို ကြည့်ရတာ ဆိုးရွားတယ်။'

ချင်ယွဲ့လည်း ရှက်နေသည်။ သူ နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး ကြောက်တောင်တောင် ရှင်းပြလာသည်။ "အင်း... နျဥ်ယွိယွမ် လုပ်နေတာ တော်တော်လေး လွယ်နေတာ တွေ့လို့ပါ။"

'ဘယ်သူသိမှာလဲ သူ့လက်ထဲရောက်တာနဲ့ ဒီလောက်ခက်ခဲလိမ့်မယ်လို့။'

"ဒါဆို ငါ့အမှားလား။" နျဥ်ယွိယွမ်က ခေါင်းနည်းနည်းလှည့်ပြီး ချင်ယွဲ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ ချက်ချင်း ကျန်တဲ့စကားလုံးတွေကို သူ့ဗိုက်ထဲ ပြန်မျိုချလိုက်သည်။

"ပြီးပြီ။"

ချင်ယွဲ့လက်ထဲက ခုန်လွှားသားရဲကောင်ကို ရှင်းလင်းပြီးနောက် အလုပ်ပြီးသွားသည်။ မော့ချူးက တိုးတိုးလေး သက်ပြင်းချလိုက်သည်။ သူ မဓားမြှောင်တစ်ချောင်း ထုတ်ပြီး မစားနိုင်တဲ့ အစိတ်အပိုင်းတွေကို ဖြတ်ထုတ်လိုက်သည်။

ပြီးတော့ သူမ အရင်က ကောက်ယူထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ မွှေးရနံ့ရှိတဲ့ အရွက်တွေကို ခုန်လွှားသားရဲကောင်ရဲ့ ဗိုက်ထဲ ထည့်လိုက်သည်။ ပြီးတော့ ကြက်တစ်ကောင်လုံးကို အရွက်ကြီးတစ်ရွက်နဲ့ ပတ်လိုက်သည်။ နောက်ဆုံးမှာတော့ အပြင်ဘက်မှာ ရွှံ့စေးထူထူ တစ်ထပ်ကို လိမ်းလိုက်သည်။

ပြီးတော့ ချင်ယွဲ့ကို တွင်းတူးခိုင်းပြီး မီးရှို့ဖို့အတွက် သစ်ကိုင်းခြောက်တွေ ထည့်ခိုင်းသည်။ မီးပူခါနီးတော့ ပတ်ထားတဲ့ ခုန်လွှားသားရဲကောင်ကို ချပြီး မြှုပ်လိုက်သည်။

မှန်တယ်။ မော့ချူးက မျက်ခုံးနည်းနည်းပင့်လိုက်သည်။ သူမ အခုလုပ်နေတာက 'သူဖုန်းစားရဲ့ကြက်ဟင်းလျာ' ဟင်းပွဲပင်။

သူမ မှတ်မိနေတုန်းပဲ။ သူမတို့ ကလေးဘဝ မိဘမဲ့ဂေဟာမှာတုန်းက အစားအစာ မလုံလောက်ခဲ့ပေ။ ဆယ်ရက်ကနေ တစ်လလောက်မှာ တစ်ခါလောက်ပဲ အသားနည်းနည်း စားရသည်။ လူတိုင်းက ဆာလောင်နေကြသည်။

တစ်ခါတုန်းက အစ်ကိုကြီးတွေ ကြက်တစ်ကောင် ဘယ်ကရလာလဲ မသိပေမယ့် သူတို့ရဲ့ မျက်နှာလေးတွေ နီရဲနေအောင် ပျော်နေကြသည်။ မီးဖိုချောင်ကို ယူသွားဖို့ မရဲပေ။ ဝေးတဲ့ ထောင့်တစ်နေရာကို ပြေးသွားပြီး ကလိနေကြသည်။ အဲ့ဒီအချိန်တုန်းက ဟင်းခတ်အမွှေးအကြိုင်တွေ သိပ်မရှိပေမဲ့ အရသာက အရမ်းမွှေးနေခဲ့သည်။ မော့ချူးက အခုထိ အဲ့ဒီအရသာကို မမေ့နိုင်သေးချေ။

ဒါပေမဲ့ သူ့ဘေးက လူအနည်းငယ်ကတော့ နည်းနည်းရှုပ်ထွေးနေကြသည်။ ဒါပေမဲ့ ချင်ယွဲ့နဲ့ ကျန်တဲ့သူတွေရဲ့ တိတ်ဆိတ်တဲ့ မျက်နှာအမူအရာကို မြင်တော့ သူတို့ရဲ့ သံသယတွေကို မျိုချလိုက်ရုံပဲ ရှိသည်။

နောက်ဆုံးတော့ နာရီဝက်နီးပါး စောင့်ဆိုင်းပြီးနောက် မော့ချူးက ပြန်လှုပ်လာသည်။ သူမ လက်ထဲမှာ သစ်ကိုင်းခြောက်တစ်ချောင်း ကိုင်ပြီး မီးပုံထဲ မြှုပ်ထားတဲ့ သူဖုန်းစားရဲ့ကြက်ဟင်းလျာကို လျင်မြန်စွာ တူးထုတ်လိုက်သည်။

ဒီလိုနဲ့ မီးလောင်ထားတဲ့ ရွှံ့စေးအမည်းစတွေက ပြန်ပေါ်လာသည်။

"ကောင်းပြီ၊ အားလုံး လာမြည်းကြည့်ကြ။" မော့ချူးက လက်လှမ်းပြီး ကိုင်ကြည့်လိုက်သည်။ ကျက်ခါနီးပြီလို့ ခံစားရမှ လှည့်ပြီး လူတိုင်းကို အော်ခေါ်လိုက်သည်။ "တစ်ယောက်တစ်ပိုင်းစီပဲ။ လုမစားကြနဲ့။"

'အာ... ဒီရွှံ့စေးတစ်ပိုင်းကို ဘာလို့ လုရမှာလဲ။' ဒီအတွေး သူတို့စိတ်ထဲ ဝင်လာတာနဲ့ ချက်ချင်းပဲ ပြင်းထန်တဲ့ မွှေးရနံ့တစ်ခု ပျံ့လွင့်လာသည်။

'ဖာ့ခ်! ဘာအနံ့လဲ။'

မဟူရာ သမုဒ္ဒရာ ဂလက်စီက လူတွေက ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။ မော့ချူးက ကျောက်တုံးတစ်တုံးနဲ့ မြေကြီးပေါ်ကို ခပ်ဖွဖွ ခေါက်နေသည်။ အပြင်ဘက်က ရွှံ့စေးလွှာက သူ့ဘာသာ ကြွေကျလာပြီး အစိမ်းရောင် အရွက်လွှာကို ခွာလိုက်သည်။ သူဖုန်းစားရဲ့ ကြက်ဟင်းလျားမှ မွှေးရနံ့က ချက်ချင်းပဲ လေထဲမှာ ပြန့်လွင့်သွားသည်။

သူတို့ရဲ့ အတွေးတွေက ခေါင်းထဲမှာ စွဲနေခဲ့တယ်။ ဒီအချိန်မှာ မဟူရာ သမုဒ္ဒရာ ဂလက်စီနဲ့ ကျန်တဲ့သူတွေက မိန်းမလှလေး တစ်ယောက်ကို မြင်လိုက်ရတဲ့ နှာဘူးကောင်တွေလိုပင်။ သူတို့သွားရည်တွေ ကျပြီး မြေကြီးပေါ်က ရွှံ့စေးတွေဆီကို ပြေးသွားကြသည်။

"မင်းတို့ ဘာလုပ်နေတာလဲ။ ဒါက ငါ့ဟာ၊ မင်းတို့ လုရဲသေးလား။"

"အသက်ကြီးသူကို လေးစား၊ ကလေးကို ချစ်တတ်ရမှန်း မင်းတို့ မသိကြဘူးလား။ ဒီအကြီးဆုံးအပိုင်း ငါ့ကိုပေး။"

...

ဒီလိုနဲ့ စိတ်အေးအေးနဲ့ ခပ်အေးအေး လျှောက်သွားခဲ့တဲ့ မဟူရာ သမုဒ္ဒရာ ဂလက်စီက လူတွေက ချက်ချင်း သူတို့ပုံစံကို ပြောင်းပြီး အစားအသောက်ပိုးဝင်သူတွေ ဖြစ်သွားကြသည်။ သူဖုန်းစားရဲ့ ကြက်ဟင်းလျာက အနည်းငယ် ပိုကြီးတဲ့ အပိုင်းတစ်ခုကို လုဖို့အတွက် သူတို့ဘာသာ စစ်ပွဲစတော့မယ့် အခြေအနေ ဖြစ်သွားသည်။

"ဟွန့်!" ကျီမို့လင်က အခြေအနေကို သဘာဝအတိုင်း မြင်ပြီး မျက်မှောင်ကြုတ်ကာ ခပ်ဖွဖွ ချောင်းဆိုးလိုက်သည်။

ဒီလိုနဲ့ အပြင်းအထန် တိုက်ခိုက်နေကြတဲ့ လူတွေက ချက်ချင်း သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ကြသည်။

"မဆိုးဘူး။" မော့ချူးက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ မဟူရာ သမုဒ္ဒရာ ဂလက်စီဘက်က ကပ္ပတိန်က အခြေအနေတစ်ခုလုံးကို အရမ်းအလေးထားနေသေးပုံရသည်။ ဒါ့အပြင် သူ့ရဲ့ ယုံကြည်စိတ်ချရမှုကလည်း အရမ်းအားကောင်းသည်။

မော့ချူးရဲ့ နှုတ်ခမ်းပေါ်က အပြုံးက မပျောက်သေးဘူး။ သူ မဟူရာ သမုဒ္ဒရာ ဂလက်စီနဲ့ ကျန်တဲ့သူတွေ ဖြည်းဖြည်းချင်း ရှေ့ကို လျှောက်လာပြီး သူတို့လက်ထဲက သူဖုန်းစား ကြက်ဟင်းလျာ အကြီးဆုံးတုံးကို ပေးလိုက်တာကို မြင်လိုက်ရသည်။

"အစ်ကို၊ ဒါ... အစ်ကို စားလို့ရတယ်။"

"အင်း။" ကျီမို့လင်က ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ အေးစက်တဲ့ မျက်နှာလည်း နည်းနည်းနူးညံ့သွားသည်။ ဒါပေမဲ့ ဒီသူတောင်းစားကြက်ကို ယူတဲ့လုပ်ဆောင်မှုကတော့ ယိုယွင်းမှု မရှိဘဲ တစ်ခါတည်း ဆွဲယူလိုက်သည်။

"အာ-" မော့ချူးက မယုံနိုင်စွာနဲ့ ပါးစပ်အကျယ်ကြီး ဖွင့်လိုက်သည်။ မဟူရာ သမုဒ္ဒရာ ဂလက်စီက လူတွေက ဒီလိုမျိုး ထူးခြားတဲ့ ပုံစံမျိုးနဲ့ လျှောက်လှမ်းနေကြတာလား။ လုပ်ဆောင်မှုတိုင်းက မမျှော်လင့်ထားပေ။

ကျီမို့လင်ရဲ့ အေးစက်တဲ့ အကြည့်အောက်မှာ ကျန်တဲ့လူအနည်းငယ်က သူတို့ရဲ့ သူဖုန်းစားကြက်ကို အမြန်ရွေးချယ်လိုက်ကြသည်။ သူတို့ လက်ထဲမှာ ကိုင်ထားပြီး မစားသေးပေ။ သူတို့အားလုံးရဲ့ အကြည့်တွေက မော့ချူးဆီကို လှည့်သွားသည်။ 'ဘာပဲဖြစ်ဖြစ် အဓိကအဖွဲ့ဝင်တွေ ဘယ်သူမှ မစားသေးဘူး၊ သူတို့က ဘယ်လိုလုပ် အရင်စားရဲမှာလဲ။'

ဒီလိုနဲ့ ဒီပူလောင်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်ခံရတော့ မော့ချူးက နည်းနည်းလေး တွန့်သွားမိငည်။ သူမ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ကောင်းပြီ၊ အားလုံး မြန်မြန် စားကြ!"

အဲဒီနောက်မှာတော့ သူမ ဦးဆောင်ပြီး သူဖုန်းစားကြက်ရဲ့ အရွက်တွေကို ဖယ်ရှား၊ ပေါင်တစ်ဖက်ကို ဆွဲဖြဲပြီး ပါးစပ်ထဲထည့်ကာ တစ်ကိုက်ကိုက်လိုက်သည်။ အဲဒီနောက်မှာ သူမအကြည့်က ချက်ချင်း တောက်ပသွားသည်။

မှော်ဒေသပတ်ဝန်းကျင်မှာ အမြဲလှည့်လည်နေခဲ့တာကြောင့် ဒီ ခုန်လွှားသားရဲကောင်ရဲ့ အသားက အင်မတန်တင်းတင်းရင်းရင်းရှိသည်။ မမျှော်လင့်ဘဲ နူးညံ့ပြီး ကင်ပြီးချိန်မှာတော့ ထည့်ထားတဲ့ အရွက်မွှေးမွှေးတွေရဲ့ ရနံ့က ကြက်သားထဲကို တဖြည်းဖြည်း ပျံ့နှံ့ဝင်ရောက်ပြီး လတ်ဆတ်တဲ့ အနံ့လေးတွေ ထပ်ပေါင်းထည့်ပေးသည်။ ၂၁ ရာစုက ကြက်စာကျွေးထားတဲ့ ကြက်တွေထက် အရသာက အများကြီး ပိုကောင်းသည်။

အစားအသောက်ကောင်းမျိုးစုံ စားဖူးတဲ့ မော့ချူးတောင် ဒီလို သူဖုန်းစားကြက်ဆိုတာကို အထူးတလည် အရသာရှိတယ်လို့ ခံစားရတယ်ဆိုတော့ တခြားလူတွေအကြောင်း ပြောစရာမလိုတော့ပေ။

သူတို့တစ်ယောက်ချင်းစီရဲ့ မျက်နှာပေါ်က အမူအရာတွေက စွဲမက်ဖွယ်ကောင်းသည်။ 'အိုးမိုင်ဂေါ့! ဒါက အရမ်းမှော်ဆန်တာပဲ။'

ကြက်ကိုယ်တိုင်က ပြင်းထန်တဲ့ မွှေးရနံ့တွေ ပျံ့လွင့်နေသည်။ သူတို့ ပါးစပ်ထဲထည့်လိုက်တာနဲ့ ငုံထားပြီး အရသာခံဖို့ အချိန်တောင် မရသေးခင်မှာ နူးညံ့တဲ့ ကြက်သားက သူတို့ပါးစပ်ထဲမှာ အရည်ပျော်သွားပြီး လျှာဖျားမှာ အရသာသဲ့သဲ့လေး ကျန်နေခဲ့သည်။ ဒါက သူတို့ကို နောက်ထပ်တစ်ကိုက် မစားဘဲ မနေနိုင်အောင် လုပ်နေသလိုပဲ။

ဒီလိုနဲ့ မသိစိတ်ကနေပဲ သူဖုန်းစားကြက်တစ်ကောင်လုံးကို သူတို့ အကုန်စားပစ်လိုက်ကြသည်။ ဒါတောင် သူတို့က မလုံလောက်သေးဘူးလို့ ခံစားနေကြသည်။ သူတို့လက်ထဲက ကျန်နေတဲ့ ကြက်ရိုးတွေကို ဆာလောင်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြသည်။

'ကုန်သွားပြီ။ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကုန်သွားတာလဲ။' သူတို့ ဘေးကို ကြည့်လိုက်မိကြသည်။ 'သောက်ကျိုးနည်း! မင်းအဖေကြီးထက်တောင် ပိုသန့်ရှင်းနေသေးတယ်။ အသားနည်းနည်းလေးတောင် မကျန်တော့ဘူး။'

"နောက်ထပ် နည်းနည်းလောက် သွားဖမ်းကြမလား။" ချင်ယွဲ့က သူ့ပါးစပ်ထောင့်က ဆီတွေကို သုတ်ပြီး ဆန္ဒအပြည့်နဲ့ မော့ချူးကို စိုက်ကြည့်လိုက်သည်။ 'ဒီကောင်မလေးနောက်ကိုလိုက်ရင် အရသာရှိတဲ့ အစားအစာတွေ အများကြီး ရှိလိမ့်မယ်ဆိုတာ သူသိတယ်။ ခုကြည့်လေ! ဒါကဆဋ္ဌမအာရုံပဲ။'

ဒီစကားကို ကြားတော့ မဟူရာ သမုဒ္ဒရာ ဂလက်စီအဖွဲ့ရဲ့ မျက်လုံးတွေ ချက်ချင်း လင်းလက်သွားပြီး သူတို့ ခေါင်းညိတ် သဘောတူလိုက်ကြသည်။

မော့ချူးက ဒီအချိန်မှာ ရယ်ရမလား၊ ငိုရမလား တကယ်ကို မသိတော့ပေ။ အရင်က သူမ ခုန်လွှားသားရဲကောင်တွေ အများကြီးမလို့ အများကြီး ကျန်လိမ့်မယ်လို့ ထင်ခဲ့သည်။ 'ဒါပေမဲ့ အခုတော့ ဒီလူအုပ်ရဲ့ အစားအသောက်စားနိုင်တဲ့ စွမ်းရည်ကို သူမ တကယ်ပဲ လျှော့တွက်ခဲ့တာပဲ။'

"ကောင်းပြီ။" ကျီမို့လင်က သူတို့ကို အေးစက်စက် တစ်ချက်ဝေ့ကြည့်လိုက်သည်။ "စားချင်ရင် ကိုယ့်ဘာသာကိုယ် ချက်စား။ မော့ချူးကို အားမကိုးနဲ့။"

သူပြောလိုက်တာနဲ့ နျဥ်ယွိယွမ်နဲ့ မော့ယန်တို့က သူ့ကို မော့ကြည့်လိုက်သည်။ ဒီနှစ်ယောက်က အများအားဖြင့် ရက်ရောပုံရပေမဲ့ မော့ချူးနဲ့ ပတ်သက်လာရင် ချက်ချင်း စိတ်ဆိုးကြသည်။ သူတို့က ယာယီ မဟာမိတ်တွေ။ မော့ချူးက ဟင်းချက်တာ ကူညီတာ ကိစ္စမရှိဘူး။ 'ဒါပေမဲ့ သူတို့ ရှောင်ချူးကို စားဖိုမှူးလို သဘောထားချင်ရင်တော့ ဟဲဟဲ၊ စဥ်းတောင် မစဉ်းစားနဲ့။'

ဒါပေမဲ့ အခုကြည့်ရတာ ဒီကျီမို့လင်က တော်တော်လေး ပရိယာယ်ကြွယ်သည်။

"အော်..." မဟူရာ သမုဒ္ဒရာ ဂလက်စီနဲ့ ကျန်တဲ့သူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အသံတိုးတိုးနဲ့ စိတ်ပျက်အားငယ်စွာ ပြောခဲ့သည်။

'သွားပါပြီ။ ဒီသူဖုန်းစားရဲ့ကြက်ဟင်းလျာ အပြီးမှာ သူတို့ အရင်က ဘာတွေစားခဲ့ကြတာလဲလို့ သူတို့ တွေးမိတယ်။ သူတို့ လုံးဝ လက်မခံနိုင်တော့ဘူး။ သူတို့နှလုံးသားတွေက စိတ်ထိခိုက်စရာ ခံစားချက်တွေနဲ့ ပြည့်နှက်နေတယ်။' နောက်ပြီး သူတောင်းစားကြက်ရဲ့ မွှေးရနံ့က ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်နေတုန်းပဲ၊ ဒါက သူတို့ကို အင်မတန် ခံစားရခက်စေသည်။

"ကောင်းပြီ။" နျဥ်ယွိယွမ်က တစ်လှမ်းရှေ့တိုးပြီး အသံနက်နက်နဲ့ ပြောလိုက်သည်။ "အားလုံး စားပြီးသွားပြီဆိုတော့..."

သူ စကားမဆုံးခင်မှာပဲ သူ မျက်မှောင်ကြုတ်တာကို မြင်လိုက်ရသည်။

နျဥ်ယွိယွမ်တင် မဟုတ်ဘူး။ ကျန်တဲ့သူတွေရဲ့ မျက်နှာအမူအရာတွေလည်း ပြောင်းလဲသွားပြီး သူတို့အားလုံး အသံတိတ်သွားကြသည်။

ဒီမြင်ကွင်းက မျက်နှာပြင်ပြင်ပက ပရိသတ်တွေကို စိတ်ရှုပ်ထွေးစေသည်။ 'ဒါ ဘာကြီးလဲ... ဘာတွေဖြစ်နေတာလဲ။ နောက်တစ်ခါ အဆိပ်မိပြန်ပြီလား။ မဟုတ်ဘူး! ငါ့နှလုံးသားလေး မခံနိုင်တော့ဘူး။'

All Chapters