အပိုင်း ၄၁၃
Vol. 28 Ch. 413
“ဘယ်လိုလဲ? အခု ရင်ဘတ်ထဲက နာနေလား?” နျဥ်ယွိယွမ်ရဲ့ လက်ရှိ တုံ့ပြန်မှုအပေါ် လန်ဟန်က အရမ်းကျေနပ်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့မျက်နှာက ဖော်ပြမရနိုင်တဲ့ ရူးသွပ်မှုတွေနဲ့ ပြည့်နှက်နေပြီး သူက တိုးတိုးလေး ပြောလိုက်သည်။ “မင်း သိပြီးသား ဖြစ်လောက်မှာပါ၊ အမှောင်ဒြပ်စွမ်းအင်ရဲ့ စွမ်းရည်တွေထဲက တစ်ခုက မျိုချတာပဲ! ခဏကြာရင် မော့ချူးမှာ အရိုးတောင် ကျန်ချင်မှ ကျန်တော့မှာ! ဟင်း၊ ဒါ တကယ်ကို သနားစရာကောင်းလိုက်တာ…”
လန်ဟန် စကားမဆုံးခင်မှာပဲ နျဥ်ယွိယွမ်ရဲ့ လက်ထဲက လေဓားနဲ့ ဘေးဘက်ကို ရိုက်ချခံလိုက်ရသည်။ သူ့နဖူးက သူ့ဘေးနားက ကျောက်တုံးကြီးကို ထိမိပြီး သွေးတွေ စိမ့်ထွက်လာကာ သူ့မျက်နှာတစ်ခုလုံးကို စွန်းထင်းသွားစေခဲ့သည်။
ဒီအချိန်မှာ နျဥ်ယွိယွမ်က သူ့ဒေါသကို မပြေသေးဘူးလို့ ခံစားနေရတုန်းပဲ။ သူက လျင်မြန်စွာ ရှေ့ကို နှစ်လှမ်းသုံးလှမ်း တိုးပြီး လန်ဟန်ရဲ့ ကော်လာကို လက်တစ်ဖက်နဲ့ ဆွဲကိုင်လိုက်သည်။ သူက လန်ဟန်ကို ဆွဲထူလိုက်ပြီး မျက်နှာကို ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။ “ပြောစမ်း၊ မော့ချူးကို ဘယ်လို ကယ်ရမှာလဲ? ပြောစမ်း!”
နျဥ်ယွိယွမ်ရဲ့ ရူးလုနီးပါး ပုံစံကို မြင်တော့ လန်ဟန်က ပိုပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကယ်ရမလား? ဟားဟား! မကယ်နိုင်တော့ဘူး။ မော့ချူးကတော့ သွားပြီ!”
ဘုန်း! ဘုန်း!
တစ်ချက်ပြီးတစ်ချက် ထိုးကြိတ်သံများက လန်ဟန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ ထူပိတ်သောအသံများ ထွက်ပေါ်လာသည်။ ကြားရုံမျှဖြင့် စိုးရိမ်ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။ နျဥ်ယွိယွမ်၏ မျက်လုံးများမှာ သွေးရောင်နီနေပြီး သူ၏ လေသံမှာ မကောင်းဆိုးဝါးဆန်ကာ ခိုင်မာပြတ်သားသည်။ “မော့ချူးကို တစ်ခုခု ဖြစ်ရင် မင်းကို ငါ သေချာပေါက် သူနဲ့အတူ သေတွင်းပို့မှာ၊ မဟုတ်ဘူး၊ မင်းရဲ့ဘဝကို သေတာထက် ဆိုးအောင် လုပ်ပြမယ်!”
ဒီအချိန်မှာ နျဥ်ယွိယွမ်တစ်ကိုယ်လုံး သတ်လိုဖြတ်လိုသော အရှိန်အဝါနှင့် ပြည့်နှက်နေခဲ့သည်။ သူ့ကို သွေးချောင်းစီးနေတဲ့ ကောလဟာလတွေကတစ်ဆင့် လူတိုင်း မြင်နေရပုံရပြီး သူက မာနကြီးပြီး ဇွဲရှိတဲ့ သေမင်းတစ်ပါးပဲ! အဲဒီကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါက ဘေးမှာ ရပ်နေရုံနဲ့တင် လူတွေရဲ့ နှလုံးသားတွေကို တုန်လှုပ်စေခဲ့သည်။
မော့ယန်က ဒီအချိန်မှာပဲ သတိပြန်ဝင်လာပြီး နျဥ်ယွိယွမ်ရဲ့ အဖွဲ့အစည်းထဲကို ဝင်ရောက်လာခဲ့သည်။ သူက လန်ဟန်ကို အားကုန်ကန်လိုက်ပြီး လန်ဟန်ကို သေတဲ့အထိ ကန်ပစ်ချင်နေခဲ့သည်။ “ပြော! ငါ့ညီမ ဘယ်လိုထွက်လာနိုင်လဲ? ပြောစမ်း၊ ဟာကွာ!”
“ကောင်းပြီ…” နောက်ဆုံးမှာတော့ ကျီမို့လင်နဲ့ တခြားသူတွေက မခံနိုင်တော့ဘဲ နျဥ်ယွိယွမ်နဲ့ တခြားသူတွေကို ဆွဲထုတ်ခဲ့ကြသည်။ ဒါမှမဟုတ်ရင် လန်ဟန်က သူတို့နှစ်ယောက် ရိုက်နှက်တာကို ခံရပြီး သေသွားမှာ သေချာသည်။
သူက ဒီဆိုးယုတ်တဲ့ ကောင်ကို သနားတာ မဟုတ်ဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက် သေသွားရင် နျဥ်ယွိယွမ်နဲ့ မော့ယန်တို့က ပြဿနာ ကြီးကြီး တက်ကုန်မှာပင်။
…
“ဘုရားရေ!” ဒီမြင်ကွင်းကို မြင်တော့ ပရိသတ်တွေက ဝရုန်းသုန်းကား ဖြစ်ကုန်ကြပြီ!
“ဟာကွာ၊ ဘာဖြစ်နေတာလဲ? ကံကောင်းမှု ကြယ်ပွင့်လေးက ဘာဖြစ်တာလဲ?”
“ဉာဏ်ပညာတိမ်တိုက် ဂလက်စီက လူတွေကို တမင်တကာ သတ်နေတာ! ဟာကွာ၊ ဒီလူယုတ်မာတွေ! မင်းတို့ကို မြင်ရင် သေချာပေါက် သတ်ပစ်မယ်!”
ကြယ်တာရာ တိုက်ပွဲရဲ့ ပြိုင်ပွဲဝင်တွေရဲ့ ကံကြမ္မာက မသေချာပေမဲ့ နှစ်ပေါင်းများစွာအတွင်းမှာ သေဆုံးမှု တစ်ယောက်မှ မရှိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ် စတင်ပြီးတာနဲ့ ဘယ်လိုလုပ် ရပ်တန့်နိုင်မှာလဲ? အနိုင်ကျင့်ခံရသူတွေကတော့ အသေခံ တိုက်ခိုက်ကြမှာ သေချာသည်။ ဒီလိုဆိုရင် ဒါက အသက်ရှင်ရေး သေရေး တိုက်ပွဲ ဖြစ်လာမှာပေါ့။ ဂလက်ဆီအသီးသီးရဲ့ ထိပ်တန်း အရည်အချင်းရှိသူတွေက မလွဲမသွေ ဒုက္ခရောက်ကြမှာဆိုတော့ အဲဒါမျိုး မလိုလားဘူး မဟုတ်လား?
“ဉာဏ်ပညာတိမ်တိုက်ဂလက်စီ၊ မင်းတို့ အကောင်းဆုံးပဲ! အခုကစပြီး ငါတို့ ရန်သူတွေ ဖြစ်ပြီ!”
“ဟုတ်တယ်၊ ကံကောင်းမှု ကြယ်ပွင့်လေးကို တစ်ခုခု ဖြစ်ရင် မင်းတို့ ပြီးပြီ!”
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ? ငါ့ရဲ့ ရှောင်ချူးက ကံကောင်းတာပဲ၊ ဘယ်လိုလုပ် တစ်ခုခု ဖြစ်ရမှာလဲ? ဉာဏ်ပညာတိမ်တိုက် ဂလက်စီအကြောင်းကတော့ ဟဲဟဲ…”
ထို့ကြောင့် မိနစ်အနည်းငယ်အတွင်းတွင် အင်တာနက်ပေါ်ရှိ အဖွဲ့ချုပ် နိုင်ငံသားများက ဉာဏ်ပညာတိမ်တိုက် ဂလက်စီကို သပိတ်မှောက်ရန် ကြီးမားသော လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။ အရင်က ဉာဏ်ပညာတိမ်တိုက် ဂလက်စီသို့ ခရီးသွားရန် ပြင်ဆင်ထားသည့် လေယာဉ်လက်မှတ်များအားလုံးကို ပြန်အမ်းခဲ့ကြသည်။ ဂလက်ဆီဖြတ်ကျော် ပစ္စည်းဝယ်ယူမှုများကိုလည်း ချက်ချင်း ဖျက်သိမ်းခဲ့ကြသည်…
အစပိုင်းမှာ ဒီလိုလုပ်တာက လူအနည်းငယ်ပဲ ရှိခဲ့တာ။ နောက်ဆုံးမှာတော့ လူပေါင်း သောင်းချီပြီး ဉာဏ်ပညာတိမ်တိုက် ဂလက်စီကို သပိတ်မှောက်တဲ့နေရာမှာ ဝင်ခဲ့ကြသည်။
ဉာဏ်ပညာတိမ်တိုက် ဂလက်စီဘက်က သက်ဆိုင်ရာဌာနတွေက အားလုံး ကြောင်သွားကြပြီ! သောက်ကျိုးနည်း! ဒါ… ဘာတွေ ဖြစ်နေတာလဲ?
ပုံမှန် တည်ငြိမ်အေးဆေးတဲ့ အကြီးအကဲနျဥ်နဲ့ တခြားသူတွေတောင် တစ်ယောက်ပြီးတစ်ယောက် ထရပ်ပြီး သူတို့မျက်နှာတွေမှာ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေခဲ့သည်။
တစ်ဖက်တွင်မူ သခင်လေးချီ၏ မျက်လုံးဖြူများက တောက်ပလာသည်။ ကောင်းပြီ! သူတို့ရဲ့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီက စိတ်ဝိညာဥ် စားစရာကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို မခံစားနိုင်ဘူးဆိုရင် ရွှေဥဥတဲ့ ငန်းကို သတ်ပစ်လိုက်ပြီး မေ့ပစ်လိုက်တာ ပိုကောင်းတယ်!
မော့ချူးကို သတ်နိုင်ရင် ဒီစိတ်ဝိညာဥ် စားစရာက အချည်းနှီး ဖြစ်သွားမှာပဲ! ခင်ဗျားတို့ရဲ့ အဖွဲ့ချုပ်မှာ ဘာတွေ ကြွားစရာ ကျန်နေသေးလဲဆိုတာ မြင်ချင်သေးတယ်!
သူတို့က ကောက်ကျစ်စဉ်းလဲသူများ ဖြစ်ကြသည်။ သို့သော် သူတို့၏ အတွေးများသည် မှော်ဒေသ ရှိ နျဥ်ယွိယွမ်နှင့် အခြားသူများကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။
လန်ဟန်က အရင်က အလွန် ရက်စက်ကြမ်းကြုတ်ခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲ ကျန်ရှိနေသော ဒြပ် စွမ်းအင်အားလုံးကို ထုတ်ယူကာ တစ်မီတာပတ်လည်ရှိ မှင်တုံးကြီးတစ်တုံးကို ဖန်တီးခဲ့ပြီး မော့ချူး၏ ကိုယ်ခန္ဓာတစ်ခုလုံးကို ဝန်းရံထားခဲ့သည်။ ကြည့်ရုံမျှဖြင့်ပင် လူတစ်ဦး၏ နှလုံးခုန်နှုန်းကို ရပ်တန့်စေနိုင်သည်အထိ ဖြစ်ခဲ့သည်!
နျဥ်ယွိယွမ်က လက်သီးများကို ကျစ်ကျစ်အောင် ဆုပ်ထားပြီး မျက်လုံးများမှာ နီရဲနေသည်။
ခဏတာ တိတ်ဆိတ်ပြီးနောက် သူ့လက်ထဲမှ လေစွမ်းအင်များ ထွက်ပေါ်လာပြီး ဓားသွားများက သူ့ပတ်လည်တွင် လည်ပတ်ကာ မမြင်နိုင်သော အကာအကွယ်တစ်ခုကို ဖြစ်ပေါ်စေသည်။ လူတိုင်း သူ့လှုပ်ရှားမှုကြောင့် အံ့အားသင့်နေစဉ်မှာပင် သူ့ပုံရိပ်က ရုတ်တရက် လှည့်သွားပြီး မော့ချူးရှိရာသို့ လှမ်းသွားခဲ့သည်။
“နျဥ်ယွိယွမ်၊ မင်း ဘာလုပ်ဖို့ စီစဉ်နေတာလဲ?” ကျီမို့လင်က ပထမဆုံး တုံ့ပြန်ခဲ့သူဖြစ်သည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာဖြင့် သူ့ရှေ့မှာ ရပ်နေခဲ့သည်။ “ကောင်လေး၊ မဟုတ်မှလွဲရော .. မင်း ..”
သူ့စကား၏ ကျန်အပိုင်းများမှာ အလွန်အမင်း တုန်လှုပ်ဖွယ်ရာ ကောင်းလွန်း၍ ကျီမို့လင်က လုံးဝ ဆက်မပြောနိုင်တော့ပေ!
သူ တကယ်ပဲ ပြေးဝင်ပြီး ကယ်ဖို့ စီစဉ်နေတာလား? ဘာပဲဖြစ်ဖြစ် အဲဒါက အရာအားလုံးကို မျိုချနိုင်တဲ့ အမှောင် ဒြပ်စွမ်းအားတစ်ခုပဲ! နျဥ်ယွိယွမ်သာ သွားရင် သေချာပေါက် အဆိုးရွားဆုံးတွေ ဖြစ်လာလိမ့်မယ်!
“ဖယ်စမ်း!” နျဥ်ယွိယွမ်က သူ့လမ်းကို ပိတ်ဆို့နေတဲ့ ကျီမို့လင်ကို သူ့သွေးစွန်းနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပြီး သူ့လေသံက အေးစက်နေခဲ့သည်။
“မင်း ဘာလုပ်နေလဲဆိုတာ မင်းသိလား?” ကျီမို့လင်က သူ့ရှေ့ကလူကို တကယ်လေးစားမိသည်။ သူတို့က ဂလက်ဆီမတူရင်တောင် နျဥ်ယွိယွမ် သေကြောင်းကြံတာကို သူ ထိုင်ကြည့်နေလို့ မရပေ။
ဒီစကားကို ကြားတော့ နျဥ်ယွိယွမ်ရဲ့ အေးစက်ခက်ထန်တဲ့ မျက်နှာက ရုတ်တရက် အပြုံးတစ်ပွင့် ပေါ်လာပြီး စကားလုံးတစ်လုံးချင်းစီကို ပြောလိုက်သည်။
“သေချာပေါက် ငါသိတာပေါ့”
အဲ့ဒါတောင် ဒီလို လုပ်ရဲသေးတယ်ပေါ့! ကျီမို့လင်ရဲ့ မျက်ခုံးတွေက ပိုပြီး တွန့်ချိုးလာခဲ့သည်။
“ဟားဟား! အဖွဲ့ချုပ်ရဲ့ မာရှယ်နျဥ်က တကယ်ပဲ အချစ်ရူးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”
ရိုက်နှက်ခံရလို့ သေလုနီးပါး ဖြစ်နေတဲ့ လန်ဟန်က ဒီမြင်ကွင်းကို မြင်တော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ့လေသံမှာ လှောင်ပြောင်မှုနဲ့ စိန်ခေါ်မှုတွေ ပြည့်နှက်နေခဲ့သည်။ “ဟုတ်တယ်၊ ဖြစ်နိုင်တာက… အဟွတ်၊ အဟွတ် .. မော့ချူး မသေသေးဘဲ မင်း ဝင်ကယ်ဖို့ ရုန်းကန်ရင်း စောင့်နေတာ ဖြစ်ကောင်း ဖြစ်လိမ့်မယ်!”
နျဥ်ယွိယွမ်က သူ့ကို အေးစက်စက် လှမ်းကြည့်လိုက်သည်။ သူ့အကြည့်က ဆံပင်တစ်ချောင်းကိုပင် ဖြတ်တောက်နိုင်သည့် ထက်ရှသော ဓားသွားတစ်လက်နှင့် တူသည်။ လန်ဟန်၏ အသားစများကို ခုတ်ထစ်နိုင်လောက်အောင်ပင် ဖြစ်သည်! သူခေါင်းလှည့်ကာ မော့ချူးရှိရာသို့ ကြည့်လိုက်သောအခါ နျဥ်ယွိယွမ်၏ မူလက လေးနက်သော အကြည့်တွင် နူးညံ့မှုအရိပ်အယောင် ပေါ်လာသည်။
ထိုအကြည့်က လူတို့၏ နှာခေါင်းများပါ စပ်ဖြင်းဖြင်းဖြစ်လာစေသည်။ (ငိုချင်အောင်လုပ်)
မကြာသေးမီကပင် စစ်မြေပြင်တွင် သွေးအေးအေးနှင့် ရက်စက်ကာ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော မာရှယ်နျဥ်မှာ အခုတော့ ဒီလို ဖြစ်လာခဲ့ပြီလား? သူ၏ ချောမောသော မျက်နှာတွင် အညစ်အကြေးများစွာ စွန်းပေနေသော်လည်း သူ့ဓားကဲ့သို့ မျက်ခုံးများနှင့် ကြယ်များကဲ့သို့ မျက်လုံးများမှာ ပို၍ ထင်ရှားနေသည်။ မော့ချူးကို ကြည့်နေသော နက်ရှိုင်းသည့် အကြည့်မှာ နွေးထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
ကျီမို့လင်လို ကြံ့ခိုင်တဲ့ လူတစ်ယောက်တောင် သူ့မျက်နှာကို သုတ်လိုက်မိသည်။ “လန်ဟန်ရဲ့ စကားက… မင်းကို ဆွဲဆောင်ဖို့ပဲ။ မော့ချူးက…” သူမ အသက်ရှင်သေးလား မရှင်သေးလား သူ မသေချာဘူး!
နျဥ်ယွိယွမ်၊ ဒါကို သူ ဘယ်လိုလုပ် မသိဘဲ နေနိုင်မှာလဲ?
“ရှောင်ချူး ဘာမှ ဖြစ်မှာ မဟုတ်ဘူး” နျဥ်ယွိယွမ်က ခေါင်းလှည့်လိုက်ပြီး သူ့မျက်လုံးတွေက ပြတ်သားမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။ သူ့လေသံက ပိုပြီး နူးညံ့လာခဲ့သည်။ “သူမက ကောင်မလေးတစ်ယောက် ဖြစ်ကောင်း ဖြစ်လိမ့်မယ်၊ နူးညံ့ပြီး အားနည်းပေမဲ့ ဘယ်သူ့ထက်မဆို ပို ဇွဲရှိပြီး ရဲရင့်တယ်!”
နျဥ်ယွိယွမ်ရဲ့ စိတ်ထဲမှာ အရင်က မြင်ကွင်းတွေက အရိပ်တွေလို ဖြတ်ပြေးသွားပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွှတ်သွားခဲ့သည်။
“…” နျဥ်ယွိယွမ်ရဲ့ အကြည့်နဲ့ တွေ့တဲ့အခါ ကျီမို့လင်တစ်ယောက် စကားမပြောနိုင်တော့ဘဲ သူ့စကားလုံးတွေအားလုံး ဒီအချိန်မှာ အရောင်ဖျော့သွားသလို ခံစားလိုက်ရသည်။
“ငါလည်း သွားမယ်!” တိတ်ဆိတ်မှုတွေကြားထဲမှာ မော့ယန်က ရုတ်တရက် ပါးစပ်ဖွင့်ပြောလိုက်သည်။ “ရှောင်ချူး… သူ ဘာမှ ဖြစ်မှာ မဟုတ်ဘူး”
'ကောင်းပြီ!' ကျီမို့လင်က သူ့တွန့်နေတဲ့ မျက်ခုံးတွေကို ပွတ်သပ်လိုက်သည်။ 'သူ တစ်ယောက်ကို နားချလို့ မပြီးသေးဘူး၊ နောက်တစ်ယောက်တောင် ထပ်ရောက်လာသေးတယ်။'
မော့ယန်ရဲ့ အကြည့်နဲ့ တွေ့တဲ့အခါ နျဥ်ယွိယွမ်က ခပ်ဖွဖွ ရယ်မောလိုက်သည်။ “အရင်က ရီနမ်ရဲ့ မှော်ဒေသ မှာ မင်းက ငါ့ထက် တစ်လှမ်းရှေ့ရောက်ခဲ့တယ်။ ဒီတစ်ခါ… ငါပဲ ရှေ့ဆုံးကနေ ဦးဆောင်ရစေ။ ကျီမို့လင်၊ ဖယ်စမ်း!”
ခဏတာ တိတ်ဆိတ်ပြီးနောက် ကျီမို့လင်က နောက်ဆုံးမှာတော့ အံကြိတ်ပြီး သူ့ကိုယ်ကို ဘေးဘက်သို့ ရွှေ့လိုက်သည်။ 'ဟာကွာ! နျဥ်ယွိယွမ်၊ မင်းက ရူးနေတာပဲ!'