အပိုင်း ၄၁၄
Vol. 28 Ch. 414
သူ မော့ချူးဆီကို တည်ငြိမ်စွာ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။ နျဥ်ယွိယွမ်ရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှု တစ်စက်မှ မရှိဘူး။ အဲဒီအစား နူးညံ့မှုတွေနဲ့ ပြည့်နှက်နေပြီး သူ့ခြေလှမ်းတွေက ကျောက်တုံးလိုပဲ ခိုင်မာနေခဲ့သည်။
“ဝိုး! ဘာကြောင့်မှန်း မသိဘူး၊ ဒီမြင်ကွင်းကို မြင်တော့ ရုတ်တရက် ငိုချင်လာတယ်!”
အဖွဲ့ချုပ် နိုင်ငံသားများမှာ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ၊ မူလက တိတ်ဆိတ်နေသော ကောမန့်ပေးသည့် နေရာမှာ ချက်ချင်း ဆူညံပွက်လောရိုက်သွားသည်။
“မာရှယ်နျဥ်၊ ခင်ဗျား တကယ့်ယောင်္ကျားကောင်းပီသတဲ့အတွက် ဂါရဝပြုတယ်!”
“ကောင်းပြီ၊ ကံကောင်းမှု ကြယ်ပွင့်လေး ရဲ့ သစ္စာရှိပရိသတ်တစ်ယောက်အနေနဲ့ ကျွန်တော် ရင်နာနာနဲ့ ရှောင်ချူးကို ခင်ဗျားဆီ အပ်နှင်းမယ်!”
ပလက်ဖောင်းမြင့်ပေါ်က ချီရှောင်ပိုင်ကတော့ ဒီအချိန်မှာ သူ့ရင်ထဲက ပြင်းပြင်းထန်ထန် ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်ခဲ့ဘူး။ သူ အရင်က အရှုံးသေချာပြီလို့ ထင်ထားခဲ့ပေမဲ့ ဒီလို ထိတ်လန့်စရာကောင်းတဲ့ အလှည့်အပြောင်းမျိုး ဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။
အံ့မခန်း ပါရမီရှိတဲ့ မော့ချူးကို ဖျက်ဆီးပစ် ပြီးတော့ နျဥ်ယွိယွမ်ကိုပါ အလကား လက်ဆောင်ရလိုက်တာ။ ဟားဟား၊ ဒီအရောင်းအဝယ်က တကယ်ပဲ တန်လိုက်တာ!
“အကြီးအကဲနျဥ်…” အကြီးအကဲချင်က မျက်မှောင်ကြုတ်ပြီး သူ့သူငယ်ချင်းဟောင်းကို စိုးရိမ်တကြီး စိုက်ကြည့်လိုက်သည်။ ရိုးရိုးသားသားပြောရရင် နျဥ်ယွိယွမ် ဒီလိုလုပ်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ဘူး!
သူ့လက်ကို ဝှေ့ယမ်းရင်း အကြီးအကဲနျဥ်က သက်ပြင်းချလိုက်သည်။ “ထားလိုက်တော့… ဒီကောင်လေးကို ငါ မထိန်းနိုင်တော့ဘူး!”
နျဥ်ယွိယွမ်က မော့ချူးကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးနေခဲ့သည်။ သူ့လို လူအိုတစ်ယောက်က ဘယ်လိုလုပ် မမြင်ဘဲ နေနိုင်မှာလဲ? အစပိုင်းမှာ သူက တုန်လှုပ်နေတုန်းပဲ။ ဒီလို ခံစားချက်တွေက နျဥ်ယွိယွမ်ကို ကောင်းကျိုးထက် ဆိုးကျိုး ပိုပေးတတ်သည်။ ဒါပေမဲ့ ဒီကောင်လေးရဲ့ ပုံမှန် ရေခဲလို မျက်နှာမှာ ပြောင်းလဲမှုကို သူ မြင်တဲ့အခါ သူ့နှလုံးသားက နောက်ဆုံးတော့ ပျော့ပျောင်းသွားခဲ့သည်။
ဘာပဲဖြစ်ဖြစ်၊ နျဥ်ယွိယွမ်က ငယ်ငယ်ကတည်းက သူ ပျိုးထောင်ခဲ့တဲ့ ကလေးပဲ။ သူ မော့ချူးကို တကယ်ပဲ သတ်ပစ်ဖို့ အသည်းမာနိုင်ပါ့မလား?
လူအိုကြီးက ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်သည်။ သူ လုပ်နိုင်မှာ မဟုတ်ဘူး။
နှစ်ပေါင်းများစွာ စစ်သားလုပ်ခဲ့ပြီးနောက် စစ်တပ်ရဲ့ သင်ကြားမှုတွေက သူ့အရိုးနဲ့သွေးထဲမှာ နက်နက်ရှိုင်းရှိုင်း ထွင်းထုထားတဲ့ သံမဏိဥပဒေတွေလိုပဲ။ 'အိုမင်းသူတွေကို မနှိပ်စက်ရ၊ အမျိုးသမီးတွေကို ကာကွယ်ရမယ်… ထားလိုက်တော့! လူအိုက ခေါင်းယမ်းလိုက်တယ်။ သူ ဖြစ်ချင်တာ လုပ်ပစေ!'
အကြီးအကဲနျဥ်ရဲ့ သက်ပြင်းချသံကို ခံစားမိသလိုမျိုး နျဥ်ယွိယွမ်ရဲ့ ခြေလှမ်းတွေက အလင်းဖန်သားပြင်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက သူဝတ်ထားတဲ့ ကင်မရာအသေးလေးကို ကြည့်ဖို့ ခေါင်းငုံ့လိုက်ပြီး သူ့နှုတ်ခမ်းတွေ အနည်းငယ် ပွင့်သွားခဲ့သည်။ “အဘိုး၊ အဖေ၊ ကျွန်တော်… ကျွန်တော် တောင်းပန်တယ်”
နျဥ်ယွိယွမ်၏ အသံမှာ အလွန်တိုးသော်လည်း အကြီးအကဲနျဥ်က ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူ၏ မျက်နှာမှာ အရေးအကြောင်းများ ပြည့်နှက်နေသော်လည်း သူ၏ ရှင်းလင်းသော မျက်လုံးများမှာ နီရဲလာသည်။ 'ဒီကောင်စုတ်လေး!'
“ဟင်း!” ဒါကို မြင်တော့ အကြီးအကဲချင်က ညည်းတွားလိုက်သည်။
နျဥ်ယွိယွမ်မှာ သူကြိုက်သည့် မိန်းကလေးတစ်ဦးရှိသည်ဟု ကြားသောအခါ သူက ဒီအေးစက်ခက်ထန်သော ကောင်စုတ်က တုတ်တုတ်လှုပ်မည်ဟု အစက မယုံကြည်ခဲ့ပေ။ 'ဒါက နောက်ပြောင်တာလား?'
သို့သော် နောက်ဆုံးတွင် မော့ချူးအတွက် နျဥ်ယွိယွမ်သည် သူ၏ တည်ငြိမ်သောအမူအရာကို ပြောင်းလဲခဲ့ပြီး သူ၏ မော့ချူးအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကို လူတိုင်းအား အထိန်းအကွတ်မရှိ ထုတ်ဖော်ကြေညာခဲ့သည်! သူ၏ လက်ရှိပုံပန်းသဏ္ဍာန်ကို ကြည့်ရသည်မှာ သူသည် တကယ်ပင် နယ်ကျွံနေခဲ့ပြီဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း သူက ငယ်ရွယ်သေးသည်။ ထို့ကြောင့် သူသည် ထိုသို့သော ပြင်းပြသည့် ခံစားချက်များနှင့် ထိုသို့သော ပြင်းပြသည့် ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နေခြင်း ဖြစ်သည်!
လူတိုင်း၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် နျဥ်ယွိယွမ်သည် အလွန်ပင် တည်ငြိမ်နေပုံရသည်။ သူသည် ဝင်ခါနီး တစ်လှမ်းသာ လိုတော့သည်။ မှင်ကဲ့သို့ ထူထပ်သော အမှောင် ဒြပ်စွမ်းအားနှင့် နျဥ်ယွိယွမ်၏ ခန္ဓာကိုယ်ပတ်လည်တွင် အဆက်မပြတ် လည်ပတ်နေသော လေဒြပ်စွမ်းအားတို့သည် ဆန့်ကျင်ဘက် အင်အားနှစ်ရပ်ကို ဖြစ်ပေါ်စေပုံရသည်။
အန္တရာယ်က နီးကပ်လာပြီ။
ဒီတစ်စက္ကန့်မှာ လူပေါင်းများစွာရဲ့ နှလုံးသားတွေက တဒုတ်ဒုတ်ခုန်လာခဲ့သည်။
“မြန်မြန် ဝင်သွား!” ချီရှောင်ပိုင်က သူ့ထိုင်ခုံမှာ ထိုင်နေပြီး သူ့မျက်ခုံးတွေက ကျစ်ကျစ်အောင် တွန့်ချိုးနေခဲ့သည်။ သူက အခုချက်ချင်း ကိုယ်တိုင် အခင်းဖြစ်ပွားရာကို သွားပြီး နျဥ်ယွိယွမ်ကို တွန်းပို့ပစ်ချင်နေခဲ့သည်။ ဒီတစ်ခါတော့ သူက အရမ်းစိတ်လှုပ်ရှားလွန်းလို့ သူ့ရင်ထဲမှာ တိတ်ဆိတ်စွာ ရွတ်ဆိုနေခဲ့တဲ့ စကားလုံးတွေကို မထိန်းနိုင်ဘဲ ထုတ်ပြောလိုက်တော့သည်!
ဘုန်း!
ဘေးတွင်ထိုင်နေသော အကြီးအကဲနျဥ်မှာမူ ထိုစကားများကို အလိုလျောက် ကြားလိုက်ရသည်။ သူသည် ချက်ချင်း ထရပ်ကာ သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ဖြင့် ချီရှောင်ပိုင်အား ပစ်ပေါက်လိုက်သည်! သူသည် အလွန်ဒေါသထွက်နေသဖြင့် တုန်ယင်နေသည်။ “မင်း ခုနက ဘာပြောလိုက်တာလဲ? သတ္တိရှိရင် ထပ်ပြောစမ်း!”
နျဥ်ယွိယွမ် ဝင်တော့မယ်ဆိုတာ သိနေတာကို အကြီးအကဲက စိုးရိမ်ပူပန်မှု မရှိဘဲ နေနိုင်ပါ့မလား? သူ ဘယ်လိုလုပ် စိုးရိမ်မကင်း မဖြစ်ဘဲ နေမှာလဲ? ဒါက နာမည်ကြီး အမှောင် ဒြပ်စွမ်းအားတစ်ခုပဲ! နောက်ဆုံးတော့ ဒေါသပေါက်ကွဲလုနီးပါး ဖြစ်နေပြီ! ချီရှောင်ပိုင်ရဲ့ စကားကို ကြားတော့ သူ့ရင်ထဲမှာ ဖိနှိပ်ထားတဲ့ ဒေါသတွေ ချက်ချင်း ပွင့်ထွက်လာခဲ့သည်။
'ကောင်းပြီ! မင်းတို့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီကြောင့်သာ မဟုတ်ရင် မော့ချူးက ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး။ သူ့မြေးက သူ့ဘေးကင်းရေးကို လျစ်လျူရှုပြီး စွန့်စားဖို့ ဘယ်လိုလုပ် ပြေးထွက်သွားရမှာလဲ?:
အဟောင်းအသစ် အငြိုးအတေးတွေ ပေါင်းစပ်လိုက်တော့ လူအိုကြီးက ဘာကိုမှ ဂရုမစိုက်တော့ဘဲ ချက်ချင်း ဒေါသထွက်သွားတော့သည်။
ချီရှောင်ပိုင်ကတော့ မတုံ့ပြန်နိုင်သေးပေ။ သူ့မျက်နှာတစ်ခုလုံးက စိုစွတ်နေတဲ့ လက်ဖက်ရည်တွေနဲ့ ဖုံးလွှမ်းနေပြီး မာကျောတဲ့ လက်ဖက်ရည်ခွက်က သူ့နှာရိုးကို ထိမှန်သွားတဲ့ နာကျင်မှုကြောင့် အသက်ရှူသံပြင်းပြင်း ထွက်ပေါ်လာခဲ့သည်။
' ပြောပါဦး၊ အဖွဲ့ချုပ်က ဘာလုပ်နေတာလဲ? နှစ်ပေါင်းများစွာကြာအောင် အာကာသထဲမှာ လူတစ်ယောက် တိုက်ခိုက်တာကို သူ မမြင်ဖူးသေးဘူး။ နျဥ်တျဲကောက ဂလက်ဆီနှစ်ခုကြား ပဋိပက္ခတစ်ခု ဖန်တီးဖို့ ပြင်ဆင်နေတာလား?'
သူ့မျက်နှာပေါ်က လက်ဖက်ရည်တွေကို သုတ်ရင်း ချီရှောက်ပိုင်က ဒီလိုမျိုး ရုပ်ပျက်ဆင်းပျက် ဖြစ်ဖူးတာ တစ်ခါမှ မရှိခဲ့ဘူး။ သူ့ရင်ထဲက မုန်းတီးမှုကိုတော့ မှန်းဆလို့ရသည်။ “ဘာလဲ? အဖွဲ့ချုပ်က ဧည့်သည်တွေကို ဧည့်ခံဖို့ ရောက်လာတာ မဟုတ်ဘူးလား?!”
“ဧည့်သည်တွေကို ဧည့်ခံဖို့? မင်းလို သောက်ကောင်က ဧည့်သည်လား?” အကြီးအကဲနျဥ်က ဒေါသထွက်လို့ မျက်နှာနီရဲနေပြီး သူ့လက်ဖဝါးကြီးနဲ့ စားပွဲကို ရိုက်ချလိုက်သည်။ “ငါ မင်းကို အခုချက်ချင်း ကန်ထုတ်ပစ်မယ်ဆိုတာ မင်းမယုံဘူးလား?”
သူ့ဒေါသ ထွက်လာတဲ့အခါ အကြီးအကဲနျဥ်က ကျိန်ဆဲစကားတွေတောင် စပြောလာခဲ့သည်။ 'ဘာပဲဖြစ်ဖြစ် သူက စစ်တပ်မှာ နှစ်ပေါင်းများစွာ နေခဲ့တာပဲ၊ စစ်သားတစ်ယောက်ရဲ့ ကြမ်းတမ်းတဲ့ ပုံစံမျိုး သူ့မှာ ဘယ်လိုလုပ် မရှိဘဲ နေနိုင်မှာလဲ?'
ချီရှောင်ပိုင်နဲ့ တခြားသူတွေက ပလက်ဖောင်းမြင့်ပေါ်မှာ ရှိနေရင်တောင် သူတို့ရဲ့ ဆူပူသံက နည်းနည်းတော့ ကျယ်လွန်းနေတာကြောင့် အောက်က ပရိသတ်အများအပြားက ဘာဖြစ်နေလဲဆိုတာ သိဖို့ သူတို့ရဲ့ လည်ပင်းတွေကို ဆန့်တန်းကြည့်နေခဲ့ကြသည်။
ရလဒ်အနေနဲ့ အချို့မျက်စိရှင်သူတွေကတော့ အပေါ်က ဝန်ထမ်းတွေဆီကို တန်းသွားပြီး သတင်းမေးကြသည်။
ယုတ္တိရှိစွာ စဉ်းစားရရင် ဒီဝန်ထမ်းတွေက ပရော်ဖက်ရှင်နယ် သင်တန်းတွေ တက်ထားပြီးသား။ သူတို့ ဘာတွေမြင်၊ ဘာတွေကြားရစေ ထုတ်ဖော်ခွင့် မရှိဘူး။ ဒါပေမဲ့ အကြီးအကဲနျဥ်နဲ့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီဘက်က အကွဲအပြဲဖြစ်နေတာကို မြင်တဲ့အခါ သူတို့က သိပ် ဂရုမစိုက်တော့ဘူး။ စကားအနည်းငယ်နဲ့ပဲ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့သည်။
နောက်ဆုံးမှာ ဒီစကားတွေကို ကြားတော့ အောက်က ပရိသတ်တွေ ဒေါသထွက်ကုန်ကြသည်။
'ဘာလဲ? မင်းတို့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီက ငါတို့မာရှယ်နျဥ် အခုချက်ချင်း သေဖို့ တကယ်ပဲ ဆန္ဒရှိနေတာလား? မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူတို့အားလုံးက ငကြောက်တွေပဲ!'
ပို၍ စူးစမ်းတတ်ပြီး လျင်မြန်စွာ နားလည်တတ်သော ပရိသတ်များက ထိုမြင်ကွင်းကို ကြယ်ကွန်ယက်ပေါ်တွင် ချက်ချင်းတင်လိုက်ရာ ကြယ်ကွန်ယက်ပေါ်တွင် ကြီးမားသော လှုပ်လှုပ်ရှားရှား ဖြစ်ပေါ်စေခဲ့သည်။
လူတိုင်းသည် နျဥ်ယွိယွမ်၏ နက်ရှိုင်းသော ခံစားချက်များကြောင့် အလွန်ပင် စိတ်လှုပ်ရှားနေကြသော်လည်း ဉာဏ်ပညာတိမ်တိုက် ဂလက်စီဘက်က ထိုသို့သော သဘောထားမျိုး ရှိနေခဲ့သည်။ အဖွဲ့ချုပ် နိုင်ငံသားများမှာ ချက်ချင်း ပေါက်ကွဲသွားခဲ့ကြသည်!
‘ဉာဏ်ပညာတိမ်တိုက် ဂလက်စီကို ခုခံတွန်းလှန်ခြင်း’ လှုပ်ရှားမှုတွင် ဝင်သူဦးရေမှာ ဆီးနှင်းလုံးကြီးတစ်ခု လှိမ့်လာသကဲ့သို့ ဖြစ်ခဲ့သည်။ လူများပို၍ ပို၍ ဝင်လာသည်နှင့်အမျှ ထိုသူတို့ကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုမှာလည်း ပို၍ ပို၍ ကြီးမားလာသည်။ ဉာဏ်ပညာတိမ်တိုက် ဂလက်စီ၏ ခရီးသွားလုပ်ငန်း၊ စျေးဝယ်လုပ်ငန်းနှင့် အခြားသော နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများအားလုံးမှာ မည်သည့် ခြွင်းချက်မျှမရှိဘဲ တော်တော်လေး အထိနာခဲ့သည်။
ရလဒ်အနေနဲ့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီရဲ့ သက်ဆိုင်ရာဌာနတွေကတော့ အလွန်အမင်း စိုးရိမ်ပူပန်နေကြချေပြီ!
'ပြောဦး၊ ဒါတွေအားလုံး ဘာတွေလဲ? တစ်ပတ်အကြာက ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ လေယာဉ်ကြီး အများအပြားက အခု ပယ်ဖျက်ခံရတာလား? ကုန်ပစ္စည်းအများအပြားကို စုဆောင်းပြီး သယ်ယူပို့ဆောင်ဖို့ ပြင်ဆင်ထားပြီးသားကို နောက်ဆုံးမိနစ်မှာ ပြန်ပို့ခံရတာလား? ဒါတွေအားလုံးက အသေးအမွှားလေးတွေလိုပေမယ့် အဲဒီနောက်မှာတော့ လုပ်ငန်းစဉ်များစွာ ရပ်တန့်သွားခဲ့ပြီ!'
အဖွဲ့ချုပ်ရဲ့ ဂုဏ်ယူရတဲ့ နိုင်ငံသားတွေကတော့ ဒီအချက်ကို အရမ်းကျေနပ်နေခဲ့ကြသည်။
'ဟွန့်၊ ငါတို့ စည်းလုံးညီညွတ်သွားတာနဲ့ မှော်သားရဲတွေတောင် ကြောက်ရလိမ့်မယ်! မင်းတို့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီအကြောင်းတော့ ထားလိုက်တော့? ငါပြောမယ်၊ မင်းတို့ရဲ့ ဟာတွေကို ငါတို့ ဂရုမစိုက်ဘူး!'
ဉာဏ်ပညာတိမ်တိုက် ဂလက်စီက ဒီအခြေအနေကို အထက်အရာရှိတွေအား အလွန်လျင်မြန်စွာ သတင်းပို့ခဲ့တာ သဘာဝပင်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက အရမ်းကြီးသည်။ ဒီလိုမျိုးကိစ္စက အရင် နှစ်ရာပေါင်းများစွာအတွင်းမှာ တစ်ခါမှ မဖြစ်ဖူးဘူး! ဒီကိစ္စက ပြဿနာရှိတယ်လို့လည်း သူတို့ ခံစားမိကြတာကြောင့် ဘယ်လို ကိုင်တွယ်ရမလဲ?
"အဲဒီနောက်မှာတော့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီဘက်က မပေါ့ဆရဲတော့ဘူး။ ကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးတာနဲ့ အထက်အရာရှိတွေက အလွန်အမင်း ဒေါသထွက်ကုန်ကြပြီ! ချီရှောင်ပိုင် ဘာလုပ်ခဲ့တာလဲ? အဖွဲ့ချုပ် နယ်မြေထဲမှာ ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ? မင်းက အထိုးခံဖို့ ရှင်းရှင်းလင်းလင်း တောင်းဆိုနေတာပဲ!"
ဒီလိုနဲ့ ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်သည်။ မူလက မာနကြီးတဲ့ ချီရှောင်ပိုင်က ချက်ချင်း ညှိုးနွမ်းသွားပြီး နောက်ထပ်စကားတစ်ခွန်းမှ မပြောရဲတော့ပေ။
သေချာပေါက် အကြီးအကဲနျဥ်ကိုလည်း စိတ်လျှော့ဖို့ သိမ်းသွင်းခံလိုက်ရသည်။ အခုချိန်မှာ အရေးအကြီးဆုံးက နျဥ်ယွိယွမ်၊ မော့ချူးနဲ့ တခြားသူတွေပဲ။ ကျန်တာအားလုံးကိုတော့ ခဏထားနိုင်သေးသည်။
ဒီစကားကို ကြားတော့ အကြီးအကဲနင်က သူ့ရင်ထဲက ဒေါသကို ဖိနှိပ်လိုက်ပြီး အလင်းဖန်သားပြင်ကို လျင်မြန်စွာ ခေါင်းလှည့်ပြီး စိုက်ကြည့်လိုက်သည်။
သူတို့ ဆူပူနေကြစဉ်မှာပင် နျဥ်ယွိယွမ်သည် ဝင်ခါနီးအချိန်တွင် စုန့်ချင်းစုန့်က တားလိုက်သည်။ ပုံမှန်ဆိုလျှင် အိန္ဒြေတစ်ခွဲသားနှင့် ပုဂ္ဂိုလ်၏ မျက်နှာတွင် ပျော်ရွှင်မှုအရိပ်အယောင် ပေါ်လာပြီး “စောင့်ဦး! ဒီ အမှောင် ဒြပ်စွမ်းအားကို ကြည့်ဦး။ အရင်ကထက် ပိုမဖျော့လာဘူးလား?”