← Chapters

အပိုင်း ၄၁၅

Vol. 28 Ch. 415

အပိုင်း ၄၁၅

Vol. 28 Ch. 415

စုန့်ချင်းစုန့်က မော့ချူးရဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့တာကြောင့် ပုံမှန်မဟုတ်တာကို ဒီလောက်မြန်မြန် သတိထားမိခဲ့သည်။

ဒီစကားကို ကြားတော့ နျဥ်ယွိယွမ်ရဲ့ လှမ်းနေတဲ့ ခြေလှမ်းက ခနတာ ရပ်တန့်သွားခဲ့သည်။ သူက မှင်လုံးကြီးကိုလည်း အာရုံစိုက်ပြီး ကြည့်လိုက်သည်။ စုန့်ချင်းစုန့် ဒီလိုမပြောခင်က ဘယ်သူမှ ဒါကို တကယ်မသိခဲ့ဘူး။ 'အခု သူ စိတ်အေးအေးထားပြီး ကြည့်လိုက်တော့… သူ မှန်နေတာပဲ! ဒါများ… ဒီ အမှောင် ဒြပ်စွမ်းအားကို မော့ချူးက စုပ်ယူလိုက်တာလား?'

“မဖြစ်နိုင်ဘူး!”

မြေပြင်မှာ တစ်ဝက်တစ်ပျက်လဲနေတဲ့ လန်ဟန်က မော့ချူးကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာမှာ ကြောက်ရွံ့မှုအရိပ်အယောင်လေး ပေါ်လာခဲ့သည်။ သူက ခေါင်းကို အားကုန်ခါယမ်းပြီး ငြင်းဆိုလိုက်သည်။ “ဒါက လုံးဝ မဖြစ်နိုင်ဘူး!”

'သူ့ရဲ့ အမှောင် ဒြပ်စွမ်းအားက အမြဲတမ်း မပြိုင်ဖက်မရှိပဲ၊ မော့ချူးနဲ့ ဘယ်လိုလုပ် မှားယွင်းနိုင်မှာလဲ?

ဟုတ်တယ်၊ သူတို့ မှားမြင်ခဲ့တာပဲ!'

“အိုး၊ ဟုတ်သား၊ မဝင်သေးနဲ့ဦး” စုန့်ချင်းစုန့်ရဲ့ ချောမောတဲ့ မျက်ခုံးတွေ အနည်းငယ် ပင့်တက်သွားပြီး သူ့လေသံမှာ နှစ်သိမ့်မှုအရိပ်အယောင်လေး လာခဲ့သည်။ “မော့ချူးကို တစ်ခုခု သက်ရောက်မှု ရှိသွားရင် ဘယ်လိုလုပ်မလဲ?”

ဒီစကားကို ကြားတော့ နျဥ်ယွိယွမ် မျက်မှောင်ကြုတ်မိလိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက်မှာတော့ သူက နောက်ဆုံးမှာတော့ နှစ်လှမ်းသုံးလှမ်း နောက်ဆုတ်လိုက်သည်။

သူ့နောက်မှာတော့ ကျီမို့လင်တစ်ယောက် သူ့ခေါင်းပေါ်မှာ မည်းနက်တဲ့ မျဉ်းကြောင်းတစ်ခုပေါ်လာသည်ကို မထိန်းချုပ်နိုင်လိုက်ပေ။ ‘အဲတော့ ငါ အခုနက ကြိုးစားအားထုတ်ခဲ့တာတွေ အားလုံးက အချည်းနှီးပဲ ဖြစ်သွားပြီး စုန့်ချင်စုန့် စကားနှစ်ခွန်းပြောရုံနဲ့ ပြီးသွားတာလား?’

ဒါပေမဲ့ ဒီအကြောင်းကို တွေးလိုက်တဲ့အခါ သူ့နှလုံးသားက အပြင်းအထန် ခုန်လာတာကို မထိန်းချုပ်နိုင်ခဲ့ပေ။ တုန်ယင်နေတဲ့ အသံနဲ့ သူက ပြောလိုက်သည်။ “အဲဒါဆိုရင် မင်းပြောတဲ့အတိုင်းဆိုရင် မော့ချူးက… ပင်ကိုယ် အလင်းအထူးစွမ်းရည်ရှိတဲ့သူ ဖြစ်နိုင်တာလား?”

ဘုရားရေ!

သူ့ရဲ့ အထူးစွမ်းရည် ပေါ်ပေါက်လာခဲ့တဲ့အချိန်ကစပြီး အလင်းဒြပ် အထူးစွမ်းရည်ရှိသူ တစ်ယောက်ပဲ ရှိခဲ့သည်! 'နှစ်ပေါင်းများစွာကြာပြီးနောက် အဖွဲ့ချုပ်မှာ နောက်ထပ် အလင်းဒြပ်စွမ်းရည် သုံးနိုင်သူ တစ်ယောက် ထပ်ပေါ်လာတာများလား?'

ကျီမို့လင်၏ စကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကွန်ယက်အသုံးပြုသူများမှာ ပထမဆုံးအကြိမ် ဆူညံပွက်လောရိုက်သွားကြသည်။ သူတို့တစ်ဦးချင်းစီသည် နောက်ဆုံးအလင်းရောင်ချည်တန်းလေးကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေကြသည်။ သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျနေရာက ကိုယ်ကိုမတ်ကာ ရုတ်တရက် ထထိုင်လိုက်ကြသည်။ သူတို့အားလုံး အလွန်ပင် စိတ်လှုပ်ရှားပြီး တက်ကြွနေကြသည်!

[ဒါဆို ချူးလေး ဘာမှ ဖြစ်မှာ မဟုတ်ဘူးပေါ့?]

[ဟားဟား၊ ငါသိသားပဲ! ကံကောင်းမှု ကြယ်ပွင့်လေး၊ ကံကောင်းမှု ကြယ်ပွင့်လေးက သူ့နာမည်နဲ့ တကယ်ပဲ ထိုက်တန်တယ်!]

[ဟုတ်တယ်။ အားလုံး၊ အနားကပ်ပြီး သေချာကြည့်ကြပါဦး။ ဒီမှောင်မိုက်တဲ့ ဒြပ်စွမ်းအား ရဲ့ အရောင်က တကယ်ပဲ ပိုပြီး ဖျော့သွားတယ်!]

နည်းပညာရှင် တချို့က အရင်ပုံတွေနဲ့ အခုပုံတွေကို ယှဉ်ပြီး စစ်ဆေးပြီးသားပင်။ စကရင်ရှော့ နှစ်ခုကို ထုတ်ယူလိုက်တာနှင့် သူတို့က အမှန်တရားကို အပြည့်အဝ ပြနေခဲ့တာဖြစ်သည်!

[ပြောရမယ်ဆိုရင် လူတိုင်းရဲ့ အာရုံစိုက်မှုက နှစ်တစ်သောင်းမှ တစ်ကြိမ်သာ ပေါ်ထွက်လာတဲ့ ရှားပါးတဲ့ အလင်းဓာတ် အထူးစွမ်းရည်ပေါ်မှာ မရှိသင့်ဘူးလား? သောက်ကျိုးနည်း! ဒီသတင်းကြားတော့ ငါ တော်တော်လေး အံ့အားသင့်သွားတယ်။ မော့ချူး၊ မင်း တကယ်မိုက်တာပဲ!]

[စိတ်မကောင်းပါဘူး၊ ငါတို့ရဲ့ ချူးလေးက ဒီလောက်တောင်မိုက်နေတာမို့။ ဒါ ငါ့အတွက်တော့ ဂုဏ်ယူစရာပဲ!]

ကြယ်ကွန်ယက်ပေါ်က comment section က ချက်ချင်း ပြန်တက်ကြွလာတော့၏။ သို့ပေမဲ့ မော့ချူး ကိုယ်တိုင် ထွက်ပြေးလွတ်မြောက်တာကို မမြင်ရသေးတာကြောင့် လူတိုင်းရဲ့ ရင်ထဲမှာ ကြိုးတစ်ချောင်း ဆွဲထားသလို ခံစားနေကြရသည်။ သူတို့က အရမ်းစိတ်မသက်မသာ ဖြစ်နေကြတာကြောင့် မျက်တောင် တစ်ချက်တောင်မခတ်ဘဲ အလင်းဖန်သားပြင်ကို စိုက်ကြည့်နေကြပြီး အသက်ကိုအောင့်ထားကြသည်။

မော့ယန်က အခုထိ အနည်းငယ် ကြောင်နေတုန်းပင်။ သူ၏ ပုံမှန် တည်ငြိမ်သော မျက်နှာပေါ်ရှိ နှုတ်ခမ်းတို့က ပွင့်ဟလာပြီး “ချူးလေး… ချူးလေးက အလင်းဓာတ် အထူးစွမ်းရည် ရှိသူလား?” သူ့လေသံထဲက အံ့အားသင့်မှုကို ဖုံးကွယ်မရခဲ့ပေ။

အဲ… သူ့ဘေးက ကျီမို့လင်နဲ့ တခြားသူတွေရဲ့ မျက်နှာတွေက မည်းမှောင်နေခဲ့သည်။ 'ကျေးဇူးပြုပြီး မင်းက မော့ချူးရဲ့ တကယ့်အစ်ကိုလား? ဒီလောက် အရေးကြီးတဲ့ ကိစ္စကို မင်း တကယ်မသိဘူးလား?'

“ဒါ မဟုတ်သေးဘူး” ကျီမို့လင်နဲ့ တခြားသူတွေရဲ့ မျက်နှာအမူအရာတွေကို သတိမထားမိဘဲ မော့ယန်က တိတ်တိတ်လေး ခေါင်းခါရင်း တီးတိုးရေရွတ်လိုက်သည်။ “အဲဒီတုန်းက ဒြပ်စွမ်းအား စစ်ဆေးတဲ့အခါ ချူးလေး ရခဲ့တဲ့ ရလဒ်က သေချာပေါက်ရေဓာတ် အထူးစွမ်းရည်ပဲ! ဘယ်လိုလုပ် ရုတ်တရက်…”

သူ စကားမဆုံးခင်မှာပဲ မော့ယန်ရဲ့ မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားခဲ့တယ်!

'ဟုတ်သားပဲ! သူ ဘယ်လိုလုပ် မေ့နေရတာလဲ…'

ယုတ္တိရှိစွာ စဉ်းစားရရင် ရေဓာတ် အထူးစွမ်းရည်ရဲ့ ထိုးစစ်စွမ်းအားက အလွန်အားနည်းသင့်သည်။ လေဓာတ်နှင့် အလင်းဓာတ် ကို ပြောစရာ မလို၊ မီးဓာတ် အထူးစွမ်းရည်ကတောင် အလွယ်တကူ ချေမှုန်းနိုင်သည်။ ဒါပေမဲ့ ချူးလေးရဲ့ အထူးစွမ်းရည်က ဒီအခြေခံဖြစ်ရပ်ကို လုံးဝဆန့်ကျင်နေသည်။ တစ်ခါတလေဆိုရင် သူ့ရဲ့ မိုးကြိုးဓာတ်နဲ့တောင် ယှဉ်နိုင်ခဲ့သေး၏။

သူတို့ ခရိုင် ၁၂ မှာ ရှိတုန်းက ဒီမေးခွန်းကို တခြားသူတွေက မေးဖူးသည်။ အဲဒီတုန်းက သူက သိပ်မစဉ်းစားခဲ့ပေ။ အခု ပြန်တွေးကြည့်တော့ ရုတ်တရက် သဘောပေါက်သွားခဲ့သည် — 'သူတို့က အစကတည်းက မှားနေခဲ့တာများလား? ချူးလေးရဲ့ အထူးစွမ်းရည်က ရေဓာတ် မဟုတ်ဘဲ အလင်းဓာတ်များလား?'

“ဟေး! ဘာဖြစ်နေတာလဲ? ဟိတ်ကောင်၊ ပြောဦးလေ!” ချင်ယွဲ့က ဘေးကနေ အရမ်းစိတ်ပူနေပြီး မော့ယန်ကို အဆက်မပြတ် တိုက်တွန်းနေခဲ့ပေမဲ့ ဒီလူကတော့ မှိုင်တိုင်တိုင်ဖြစ်သွားပုံပင်။ ဘာတုံ့ပြန်မှုမှ မရှိပေ။ သူက အရမ်းစိတ်ပူနေတာမို့ ခေါင်းသာကုတ်နေရသည်!

“တော်ပြီ!” နျဥ်ယွိယွမ်က အသံနက်နက်နဲ့ အော်လိုက်သည်။ သူက မော့ယန်ကို လှမ်းကြည့်လိုက်ပြီး သေချာစွာ ပြောလိုက်သည်။ “မင်းနဲ့ မော့ချူးလည်း မသိဘူး မဟုတ်လား?”

မော့ယန်က ခေါင်းအနည်းငယ် ငြိမ့်လိုက်သည်။ “အင်း”

အဲဒီတုန်းက ချူးလေး သူမရဲ့ အထူးစွမ်းရည်ကို ရခဲ့စဥ် သူတို့ အရမ်းပျော်ခဲ့ကြသည်။ ဒီလို လုံးဝမပတ်သက်တဲ့ အလင်းဒြပ်စွမ်းအင်အကြောင်း ဘယ်လိုလုပ် စဉ်းစားနေနိုင်မည်နည်း?

“ဘာလဲ!?” မော့ယန် ပြောလိုက်တာနဲ့ ချင်ယွဲ့က နာကျင်တဲ့ မျက်နှာအမူအရာနဲ့ အံ့အားသင့်စွာ ပထမဆုံး အော်လိုက်သည်။ “ငါ့ညီအစ်ကို! ဒါက နှစ်တစ်သောင်းမှာ တစ်ကြိမ်ပဲ မြင်ရတဲ့ ရှားပါးတဲ့ အလင်းဓာတ် အထူးစွမ်းရည်ပဲ! မင်းတို့က အဲဒါကို ရေဓာတ် အထူးစွမ်းရည် သာမာန်ဆုံးတစ်ခုလို လေ့ကျင့်တော့မှာလား?”

'ဘုရားပေးတဲ့ ဆုလာဘ်ကို ဘယ်လောက်တောင် ဖြုန်းတီးလိုက်သလဲ… ဘုရားပေးတဲ့ ဆုလာဘ်ကို ဘယ်လောက်တောင် ဖြုန်းတီးလိုက်သလဲလို့!'

မော့ချူးကသာ အမှောင်ဓာတ် အထူးစွမ်းရည်ထဲမှာ မရှိခဲ့ရင် သူက ဒီကောင်မလေးကို အားကုန်လှုပ်နိုးပြီး မင်းလို ကောင်မလေးတစ်ယောက်က ဒီလောက် အရေးကြီးတဲ့ ကိစ္စမှာ ဘယ်လိုလုပ် ဒီလောက် အကြံတုံး ဉာဏ်တုံးဖြစ်နေရတာလဲ?

“မြန်မြန် ကြည့်!” ဒီအချိန်မှာ စုန့်ချင်းစုန့်ရဲ့ မျက်လုံးတွေ ရုတ်တရက် တောက်ပလာပြီး သူက မော့ချူးရှိရာသို့ ညွှန်ပြလိုက်သည်!

ကြားရသောအခါ လူတိုင်းက ခေါင်းလှည့်ကြည့်လိုက်ကြပြီး သူတို့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မမေ့နိုင်တော့မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

မူလက မှင်ကဲ့သို့ ထူထပ်သော အစုလိုက်အပြုံလိုက်သည် ပိုမိုပါးလွှာပြီး တိမ်ဝင်သွားခဲ့ချေပြီ။ အတွင်းမှ တောက်ပသောအလင်းမျှင်များ ထွက်ပေါ်လာပြီး အမှောင်ထုကို ဖြိုခွဲဝင်ရောက်လာသော အလင်းတန်းကဲ့သို့ပင် လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်!

မှောင်မဲထူထပ်သော မြူငွေ့များ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ မော့ချူးသည် မျက်လုံးများကို အနည်းငယ် မှိတ်ထားလျက် လေထဲတွင် ပျံဝဲနေသည်။ သူမ၏ အမူအရာမှာ တည်ငြိမ်ပြီး သူမ၏ ရှည်လျားသော ဆံပင်နက်များက ကျဆင်းနေသည်။ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် အလင်းစက်ကလေးများ ရှိနေပုံရပြီး ပေါ့ပါးသော အလင်းပိတ်စတစ်ထပ်က သူမကို ညင်သာစွာ ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။ သူမသည် ဘုရားသခင်ကဲ့သို့ပင် ဖြစ်သည်!

တိမ်တွေပွင့်၊ လေတွေငြိမ်၊ အချိန်တွေတောင် ဒီအချိန်မှာ ရပ်တန့်သွားသလိုပင်။

ဘယ်သူမှ မပြောဆိုကြဘဲ တိတ်ဆိတ်မှုက လေထဲမှာ လည်ပတ်နေခဲ့သည်။ ဒီအချိန်မှာ အသက်နည်းနည်းကျယ်ကျယ် ရှူမိတာတောင် ဘုရားကို စော်ကားတာနဲ့ တူနေလေသည်။

နောက်ဆုံးတော့ အချိန်အတော်ကြာပြီးမှ မော့ချူးရဲ့ ကိုယ်ပေါ်က အလင်းရောင်တွေ တဖြည်းဖြည်း မှေးမှိန်သွားပြီး မြေပြင်ပေါ်ကို ဖြည်းဖြည်းချင်း ပြန်ကျသွားခဲ့သည်။

“ချူးလေး!” နျဥ်ယွိယွမ်က အလျင်မြန်ဆုံး တုံ့ပြန်ခဲ့သူပင်။ သူက ချက်ချင်း ရှေ့ကို တစ်လှမ်းတိုးပြီး သူမကို သေသေချာချာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူ့မျက်လုံးတွေ ချက်ချင်း နူးညံ့မှုတွေနဲ့ ပြည့်နှက်သွားခဲ့သည်။

မာရှယ်နျဥ်နဲ့ မော့ချူး မလိုက်ဖက်ဘူးလို့ အရင်က ထင်ခဲ့တဲ့သူတွေက အရင်မြင်ကွင်းကို မြင်တော့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ 'ဟင်း… ကြည့်ရတာတော့ နျဥ်ယွိယွမ်နဲ့ ငါတို့ရဲ့ ချူးလေးက အဆင့်မီရုံလေးပဲ ရှိသေးတယ်။ သူတို့က ပိုကြိုးစားဖို့ လိုသေးတယ်!'

“ဘယ်လိုလဲ?” မော့ယန် ချက်ချင်း လျှောက်လာခဲ့သည်။ ချူးလေးရဲ့ နီရဲနေတဲ့ ပါးပြင်တွေကို မြင်တော့ သူက သက်ပြင်းချလိုက်မိသည်။ ကြည့်ရတာတော့ သိပ်ပြဿနာ မရှိလောက်ပေ။

“ရတယ်။ နည်းနည်း အနားယူလိုက်ရင် ခဏနေ နိုးလာမှာပါ” ကျီမို့လင်က ရှေ့တိုးပြီး ကြည့်လိုက်သည်။ သူ အရင်က ဆေးဘက်ဆိုင်ရာ ဗဟိုဌာနမှာ ခဏနေခဲ့ဖူးတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံတချို့ ရှိတယ်လို့ ယူဆနိုင်သည်။ ဒါကြောင့် သူက သူ့အဖြေကို မြန်မြန်ဆန်ဆန် ပေးလိုက်ပြီး ဒါကလည်း လူတိုင်းရဲ့ စိတ်နှလုံးတွေကို ဖြေလျှော့ပေးခဲ့သည်။

“ဒါပေမယ့် ကြည့်ရတာ မော့ချူးရဲ့ အလင်းဒြပ်စွမ်းအင်!” သူပြောနေစဉ်တွင် ကျီမို့လင်သည် လန်ဟန်ကို တမင်တကာပင် လှည့်ကြည့်လိုက်သည်။ သူ၏ စကားများတွင် လှောင်ပြောင်မှုများ အလွန်ထူထဲစွာ ပါဝင်နေသည်!

ဟုတ်တယ်! ပြောစမ်းပါဦး၊ အမှောင်ဓာတ် အထူးစွမ်းရည်က နှစ်တစ်သောင်းမှာ တစ်ကြိမ်ပဲ ပေါ်တဲ့ အထူးစွမ်းရည်ပဲ။ သူက အဲဒါကို ကောင်းကောင်း မသုံးနိုင်ရုံမက မော့ချူးကို သွားပြီး မိုက်မဲစွာ စိန်ခေါ်ခဲ့သေးသည်။ 'သောက်ကျိုးနည်း! ဒီတစ်ခါတော့ ကိစ္စကြီးကြီးမားမား ဖြစ်ကုန်ပြီ!'

သူက မော့ချူးရဲ့ အလင်းဓာတ် ဓာတ် အထူးစွမ်းရည်ကို ဘာမှမလိုဘဲ နိုးထစေခဲ့တာက သူ့ကိုယ်ပိုင် အမှောင်ဓာတ် အထူးစွမ်းရည်ကို ခုခံဖို့ ပုံစံမျိုးပေါ့! ဒါတင်မကသေးဘူး၊ အဖွဲ့ချုပ်ကိုပါ အစွမ်းထက်တဲ့ အထောက်အပံ့တစ်ခု ထပ်ပေးခဲ့သေးသည်။

'ဉာဏ်ပညာတိမ်တိုက် ဂလက်စီဘက်ကလည်း စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေလောက်ပြီ။ အစတုန်းက လန်ဟန်က ကြယ်တာရာ တိုက်ပွဲမှာ ဘုရားသခင်လို ဖြစ်လိမ့်မယ်လို့ သူတို့ ထင်ခဲ့ပေမဲ့ အခုလိုမျိုး အဆုံးသတ်သွားမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ?!'

လန်ဟန်လည်း ဒီလိုပဲ တွေးနေခဲ့တာ။ အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေပြီး သူ့မျက်နှာက နီရဲနေခဲ့သည်။ နောက်ဆုံးတော့ သူက သွေးတစ်ပွက်အန်ပြီး ချက်ချင်း မေ့လဲသွားတော့သည်။

“ကောင်းပြီ၊ ဉာဏ်ပညာတိမ်တိုက် ဂလက်စီဖက်ကတော့ ပြီးသွားပြီလို့ ယူဆနိုင်တယ်” လန်ဟန်ရဲ့ အခြေအနေကို ကြည့်ပြီး ကျီမို့လင်က မျက်ခုံးပင့်လိုက်မိသည်။ သူက နျဥ်ယွိယွမ်ကို လှည့်ကြည့်လိုက်ပြီး “ဒါဆို ငါတို့နှစ်ဖွဲ့ကလည်း ဘယ်သူက ပိုသန်မာလဲဆိုတာ ဆုံးဖြတ်သင့်တယ် မဟုတ်လား?”

သူတို့က အရင်က သဘောတူထားခဲ့ပြီးသား။ ဉာဏ်ပညာတိမ်တိုက် ဂလက်စီကို ရှင်းပြီးရင် တိုက်ပွဲရဲ့ အနိုင်ရသူက သူတို့နှစ်ဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်လိမ့်မည်။

“ကောင်းပြီ၊ ဒါပေမဲ့ ချူးလေးဘက်ကတော့…” နျဥ်ယွိယွမ်က လှည့်လိုက်ပြီး သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

“ဒီလောက် အလုပ်ရှုပ်မခံပါနဲ့!” ကျီမို့လင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ရဲ့ ပြတ်သားတဲ့ မျက်နှာက တိုက်ခိုက်လိုစိတ် အရိပ်အယောင်လေး ပေါ်လာခဲ့သည်။ “ငါတို့ တစ်ပွဲနွှဲလိုက်ကြမယ်။ ဘယ်သူပဲနိုင်နိုင် နိုင်တဲ့သူက ဒီနှစ်တိုက်ပွဲရဲ့ အနိုင်ရသူ ဖြစ်လိမ့်မယ်!”

ဒီစကားကို ကြားတော့ ဖုကျွင်းရဲ့ မျက်နှာက အပြုံးတစ်ခု ပျောက်ကွယ်သွားခဲ့သည်။

'ဒီရူးသွပ်တဲ့ ကောင်လေးက ဒီလို တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်နည်းကိုတောင် အကြံပြုရဲတာကိုး။ ကြယ်တာရာ တိုက်ပွဲရဲ့ အရေးကြီးပုံကို သူ အလေးအနက် မထားတာလား?'

ဘေးမှာရပ်နေတဲ့ အကြီးအကဲချင်ကတော့ ကျီမို့လင်ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ စရိုက်ကို ချီးကျူးခဲ့သည်။ “မဆိုးဘူး၊ ဒီကောင်လေးရဲ့ စရိုက်က တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ ငါကြိုက်တယ်”

“မင်းတစ်ယောက်တည်း ကြိုက်တယ်လို့ ထင်နေတာလား?” စိတ်ဓာတ်တက်ကြွနေတဲ့ အကြီးအကဲနျဥ်က ပြုံးပြီး ထပ်ပြောလိုက်သည်။ “ဒီကောင်လေးကို အွန်လိုင်းမှာ ဘယ်နှစ်ယောက် ကြိုက်တယ်ဆိုတာ မင်း ကြည့်ကြည့်ပါဦး”

'ဟမ်?' ဒီစကားကို ကြားတော့ အကြီးအကဲချင်က ခလုတ်ခုံ ကို ဖွင့်ပြီး စိတ်ဝင်တစားနဲ့ အွန်လိုင်းမှာ ကြည့်လိုက်သည်။

သူကြည့်လိုက်တာနဲ့ သူ တုန်လှုပ်သွားခဲ့သည်။

ထင်ရှားတာက ကွန်ရက်အသုံးပြုသူများစွာဟာ မော့ချူးနဲ့ တခြားသူတွေရဲ့ အတက်အကျတွေကြောင့် စိတ်လှုပ်ရှားနေကြပြီး သူတို့က ဒီပြိုင်ပွဲဝင်တွေကို အွန်လိုင်းမှာ အဆင့်သတ်မှတ်ထားခဲ့ကြသည်။ အခုတော့ အကျော်ကြားဆုံးက မော့ချူးပင်။ နှစ်သက်သူ အရေအတွက်ကို ကြည့်ပါဦး၊ သူမက တကယ်ပဲ အရှိန်အဟုန်နဲ့ ဦးဆောင်နေခဲ့သည်။

'ဒီကောင်လေး၊ ကျီမို့လင်လည်း တော်တော် နာမည်ကြီးသည်။ သူ့ကို ကြိုက်တဲ့ မိန်းကလေးတွေ အများကြီးပင်။' ကောမန့် တစ်ခုနှစ်ခုကို ကြည့်လိုက်ရုံနဲ့ စွဲလမ်းမှုနဲ့ ကိုးကွယ်မှုတွေ အများကြီး မြင်လိုက်ရသည်… ဒါကို မြင်တော့ အကြီးအကဲချင်က ကျယ်လောင်စွာ ရယ်မောမိလိုက်သည်။ 'ဒီကလေးတွေကတော့!'

All Chapters