← Chapters

အပိုင်း ၄၁၉

Vol. 28 Ch. 419

အပိုင်း ၄၁၉

Vol. 28 Ch. 419

သူက ကြယ်တာရာ တိုက်ပွဲရဲ့ အိမ်ရှင်ဖြစ်တာမို့ လာရောက်လည်ပတ်သူတွေရဲ့ နာမည်တွေကို သူ မှတ်မိတာ သဘာဝပင်။ ချီ မိသားစုရဲ့ သခင်လေးနှစ်ယောက် လာခဲ့ကြပြီး အရာရာ ခန့်မှန်းထားတဲ့အတိုင်းဆိုရင် မော့ချူးကို ခေါ်သွားဖို့ လုပ်ခဲ့တဲ့လူက သူတို့ထဲက တစ်ယောက်ဖြစ်ကာ သူတို့ရဲ့ အသက်ကလည်း ကိုက်ညီနေသည်။

“ဘာလဲ၊ ချီ မိသားစုက ပြစ်မှုကျူးလွန်ထားတာလား။” လော်ဖန်က ခေါင်းငုံ့ပြီး တိတ်ဆိတ်နေချိန်မှာ နျဥ်ယွိယွမ်က ထပ်ပြီး ဖိအားပေးလိုက်သည်။ လေလံပွဲမှာ ချူးလေးကို မြင်ခဲ့ရတဲ့ အချိန်ကို ပြန်တွေးမိတော့ နျဥ်ယွိယွမ်ရဲ့ ရင်ထဲမှာ ဒေါသတွေ ထွက်လာသည်။

“အင်း၊ သက်သေမရှိဘဲ လျှောက်ပြောလို့ မရဘူးလေ။” လော်ဖန်က လက်ကာပြပြီး နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်သည်။ “ဒါဆို သူတို့ကို လာခိုင်းလိုက်၊ မိန်းကလေး မော့လည်း စိတ်အေးရတာပေါ့။”

ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေက ဉာဏ်ပညာတိမ်တိုက် ဂလက်စီက လူတွေဆိုတာ သူ မယုံပေ။

ဘာလို့လဲဆိုတော့ ဒီလိုကိစ္စမျိုး ပျံ့နှံ့သွားရင် ဉာဏ်ပညာတိမ်တိုက် ဂလက်စီရဲ့ ပျက်စီးနေပြီးသား ကြယ်တာရာတွေကြား ပုံရိပ်က နောက်ထပ် ထိခိုက်မှု ပြင်းထန်စွာ ခံစားရမှာကြောင့်ပင်။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ 'ဒါက သယံဇာတ ခွဲဝေမှုအကြောင်း ဆွေးနွေးတာ မဟုတ်ဘူးလား။ အမျိုးသမီး ပြန်ပေးဆွဲမှုနဲ့ ဘယ်လိုလုပ် ပတ်သက်လာတာလဲ။'

ဒါပေမဲ့ နျဥ်ယွိယွမ်နဲ့ လော်ဖန်တို့ရဲ့ ရင်ဆိုင်မှုကို ကြည့်ပြီး သူတို့ သိပ်မပြောတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဂလက်ဆီနဲ့ ဘာမှ မပတ်သက်တာမို့ ရှိုးတစ်ခုလိုပဲ သဘောထားလိုက်ကြသည်။

နာရီဝက်အကြာမှာ ချီ မိသားစုရဲ့ သခင်လေးနှစ်ယောက် အလျင်အမြန် ရောက်လာကြသည်။ ဉာဏ်ပညာတိမ်တိုက် ဂလက်စီရဲ့ လှပတဲ့ အသွင်အပြင်နဲ့ဆိုရင် သူတို့ကို ဘယ်လိုပဲ ကြည့်ကြည့် အမျိုးသမီး ပြန်ပေးဆွဲတာလို ရာဇဝတ်မှုတွေ ကျူးလွန်မယ့်သူတွေလို့ မထင်ရပေ။

သူတို့ ဝင်လာပြီးနောက် မော့ချူးက ထရပ်ပြီး သူတို့နှစ်ယောက်ဆီ လျှောက်သွားသည်။ အဲဒီနောက်မှာတော့ လူတိုင်းရဲ့ မယုံကြည်နိုင်စရာ အကြည့်တွေအောက်မှာ မော့ချူးက ခပ်ဖွဖွ ဦးညွှတ်ပြီး သူတို့နှစ်ယောက်ကို လှမ်းကြည့်တော့သည်။

သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ တခြားသူတွေရဲ့ အကြည့်အများစုက အံ့သြခြင်းနဲ့ ထိတ်လန့်ခြင်းတွေ ပြည့်နှက်နေချိန်မှာ နျဥ်ယွိယွမ်ရဲ့ မျက်လုံးတွေကတော့ နူးညံ့မှုတွေ ပြည့်နှက်နေသည်။ 'ချူးလေး ဘယ်လောက်ချစ်စရာကောင်းလဲ ကြည့်ပါဦး။' လိမ္မာစွာ ခပ်ကွေးကွေးလေး ထိုင်ချရင်း သူမရဲ့ လှပတဲ့ ကိုယ်ဟန်ကို မသိလိုက်မသိဖာသာ ပေါ်လွင်စေပြီး သူမရဲ့ သွယ်လျတဲ့ နှာခေါင်းလေးက နည်းနည်း တုန်ရီနေသည်။ သူ့ကို ကြည့်လိုက်ရုံနဲ့တင် လူတွေကို ရင်ထဲကယားကျိကျိဖြစ်စေသည်။

“ဘယ်လိုလုပ် မှားနိုင်မှာလဲ။” မော့ချူးက မျက်မှောင်ကြုတ်ပြီး နားမလည်စွာ ပြောလိုက်သည်။ သူမရဲ့ အလင်းဓာတ်အထူးစွမ်းရည် စတင်အသက်ဝင်ပြီးကတည်းက သူ့ရဲ့ အနံ့ခံနိုင်စွမ်းက တိုးလာခဲ့သည်။ ဒီအခိုက်အတန့်မှာတော့ ဒီလူနှစ်ယောက်ရဲ့ အနံ့က အရင်လူရဲ့ အနံ့နဲ့ မကိုက်ညီဘူးဆိုတာ သူမ သိနေသည်။

“တွေ့လား။” ဒီအခြေအနေကို မြင်တော့ လော်ဖန်က သက်ပြင်းချလိုက်သည်။ ချီ မိသားစုက လူတစ်ယောက် ဒီကိစ္စမှာ ပါဝင်ပတ်သက်နေရင် သူတို့ မော့ချူးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနိုင်မှာ မဟုတ်ဘူး။ ဒါက အကောင်းဆုံး အခြေအနေပဲ။

“ဘယ်လိုလဲ။” နျဥ်ယွိယွမ်က ရှေ့ကို အနည်းငယ် တိုးလိုက်ပြီး သူ့ရဲ့ လက်ဖဝါးကြီးက မော့ချူးရဲ့ လက်ဖဝါးသေးသေးလေးကို ဂရုတစိုက် ကိုင်ထားရင်း တိုးတိုးလေး မေးလိုက်သည်။

“သူတို့ မဟုတ်ဘူး။” မော့ချူးက ခေါင်းခါလိုက်သည်။ သူ့မျက်နှာအမူအရာက နည်းနည်းလေး မှိုင်ကျနေတာ ရှင်းနေသည်။ “အနံ့က မတူဘူး။”

အဲဒီတုန်းက အဲဒီလူက မျက်နှာဖုံးစွပ်ထားတာမို့ သူ့မျက်နှာအသွင်အပြင်ကို မမြင်ခဲ့ရဘူး။ ဒါပေမဲ့ မော့ချူးက လူတစ်ဦးစီရဲ့ ထူးခြားတဲ့ ကိုယ်အနံ့ပေါ် မူတည်ပြီး သူ့ကို မှတ်မိနိုင်ခဲ့တာပင်။

ဒါက ထူးဆန်းတယ်…

မော့ချူးရဲ့ ဖြူစင်တဲ့ မျက်နှာလေးက နည်းနည်း ရှုပ်ထွေးနေသည်။ ယုတ္တိရှိရှိ ပြောရရင် ဒါက ချီ မိသားစုရဲ့ မျိုးဆက်တစ်ယောက် ဖြစ်သင့်သည်။

“ရပါတယ်၊ ငါတို့ ဆက်ပြီး စုံစမ်းရုံပဲပေါ့။” နျဥ်ယွိယွမ်က မော့ချူးရဲ့ လက်ဖဝါးကို အားအနည်းငယ်ဖြင့် ဖြစ်ညှစ် ဆုပ်ကိုင်လိုက်ပုံက သူ့ရဲ့ မော့ချုးအပေါ်မှာ ထားရှိတဲ့ အားပေးမှုနဲ့ စိုးရိမ်မှုကို ပြသနေသည်။

သူ့ရဲ့ အကြည့်က သူတို့နှစ်ယောက်ကို ဝေ့ကြည့်လိုက်ချိန်မှာ ရုတ်တရက် တောင့်ခဲသွား၏။

“ချီတုန်?” သူရရှိထားတဲ့ အချက်အလက်တွေအရ ချီ မိသားစုရဲ့ ဒုတိယသခင်လေးက အလွန်စည်းကမ်းမဲ့တဲ့ သူတစ်ယောက်ပင်။ ဒီအခိုက်အတန့်မှာ သူ ဘယ်လိုလုပ် ဒီလောက် တိတ်ဆိတ်နေနိုင်မှာလဲ… ဒါက ပုံမှန်မဟုတ်တာ ထင်ရှားလှသည်။

နျဥ်ယွိယွမ်က ရုတ်တရက် ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ချီ မိသားစုရဲ့ ဒုတိယသခင်လေးက ထိတ်လန့်သွားသလိုမျိုး နောက်ကို တစ်လှမ်းဆုတ်သွားတာကို မြင်လိုက်ရသည်။ သူ့ခြေထောက် မြေပေါ်ရောက်မှ သူ တုံ့ပြန်နိုင်ခဲ့ပြီး အဲဒီနောက် သူ့ကိုယ်သူ ဖုံးကွယ်ပြီး ပြန်လျှောက်သွားတော့သည်။

ဒါ မမှန်ဘူး။

နျဥ်ယွိယွမ်ရဲ့ အကြည့်က ပိုပြီး နက်ရှိုင်းလာသည်။ ဒီလူရဲ့ မျက်နှာက ချီ မိသားစုရဲ့ ဒုတိယသခင်လေးနဲ့ အချက်အလက်တွေထဲကအတိုင်း အတူတူပဲ ဖြစ်နေပေမဲ့ သူ့ရဲ့ စရိုက်ကတော့ လုံးဝ ကွာခြားနေသည်။

နျဥ်ယွိယွမ်က လက်လှမ်းပြီး ခလုတ်ခုံပေါ်က ခလုတ်အနည်းငယ်ကို နှိပ်လိုက်ပြီးမှ သူ့ရဲ့ အကြည့်ကို ပြန်လှည့်လိုက်သည်။

“ဒီနှစ်ယောက်က အပြစ်ကင်းတယ်ဆိုရင် ဒါက နားလည်မှုလွဲတာ ဖြစ်ရမယ်။” လော်ဖန်က ကိစ္စတွေကို ဖြေရှင်းပြီး မြန်မြန်ဆန်ဆန်ပဲ ဒီကိစ္စကို အနောက်ပို့ ထားလိုက်သည်။ “နောက်ကျနေပြီ။ သယံဇာတခွဲဝေမှုအပေါ် အာရုံစိုက်ကြရအောင်လား။”

'အစောနတုန်းက ခေါင်းစဉ်ပြောင်းလိုက်မတာ ဘယ်သူမို့လို့လဲ။'

လူတိုင်းက လော်ဖန်ကို နည်းနည်းလေး မထီမဲ့မြင်ပြုတဲ့ အကြည့်နဲ့ ကြည့်နေကြပေမဲ့ သူကတော့ ဘာမှ ဂရုမစိုက်ခဲ့ဘူး။ သူ ပါးစပ်ဖွင့်လိုက်တာနဲ့ အသေးစိတ် စီစဉ်ထားတဲ့ အရသာက ပြန်ပေါ်လာသည်။ “ကျွန်တော် ပုဂ္ဂိုလ်ရေးအရ ဒီခွဲဝေမှုအချိုးအစားက အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒီဝိညာဥ်စားစရာ… ကျွန်တော်တို့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီကို နည်းနည်းလောက် ထောက်ပံ့ပေးနိုင်မလား။”

“စိတ်ဝိညာဥ် စားစရာတော့ မရဘူး။” နျဥ်ယွိယွမ်က သူတို့နဲ့ ကွေ့ပတ်ပြောမနေတော့ဘူး။ “ပုံမှန် အပင်စိမ်းတွေ စိုက်ပျိုးရာမှာ အကူအညီပေးနိုင်တယ်၊ ဒါပေမဲ့ စိတ်ဝိညာဥ် စားစရာကိစ္စမှာတော့ ဘာမှ လုပ်မပေးနိုင်ဘူး ထင်တယ်။”

နျဥ်ယွိယွမ်ရဲ့ စကားတွေက လူတိုင်းရဲ့ မျှော်လင့်ချက်အတိုင်းပင်။ ဘာလို့လဲဆိုတော့ သူတို့သာဆိုရင် စိတ်ဝိညာဥ် စားစရာကို သေချာပေါက် ကောင်းကောင်း ဖုံးကွယ်ထားမှာပင်။ မဟုတ်ရင် တခြားဂလက်ဆီတွေမှ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိသွားရင် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လာနိုင်သည်။

ဒါပေမဲ့ လော်ဖန်က သူ့စိတ်ကို မပြောင်းလဲခဲ့ပေ။ သူ ဘေးနားမှာ တိတ်ဆိတ်စွာ ထိုင်နေတဲ့ မော့ချူးကိုတောင် ပစ်မှတ်ထားလိုက်သည်။ “မော့ မိန်းကလေး၊ မင်း ကြည့်ပါဦး၊ ဉာဏ်ပညာတိမ်တိုက်ကလက်စီက နိုင်ငံသားတွေကလည်း ဒီ စိတ်ဝိညာဥ် စားစရာကို အရမ်းစိတ်ဝင်စားနေကြတယ်။ ကျွန်တော်တို့ကို တစ်စိတ်တစ်ပိုင်းလောက် ထောက်ပံ့ပေးနိုင်မလား။ အဖွဲ့ချုပ်ရဲ့ နိုင်ငံသားတွေ ပေးရတဲ့ စျေးနှုန်းအတိုင်းပဲ ကျွန်တော်တို့ ပေးပါ့မယ်။”

အဖွဲ့ချုပ်အစိုးရက ကွာဟချက်ကို မဖွင့်ပေးနိုင်တော့ရင် မော့ချူးကိုပဲ ရှာဖို့ပဲရှိသည်။

မော့ချူးက ခဏစဉ်းစားပြီး ခေါင်းကို အနည်းငယ် ခါလိုက်သည်။ “ဒီ စိတ်ဝိညာဥ် စားစရာက လုပ်ရတာ မလွယ်ဘူး၊ အများကြီး ထုတ်လုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ ထောက်ပံ့မှုအပိုင်းမှာ အဖွဲ့ချုပ်ရဲ့ ပြည်တွင်းလိုအပ်ချက်တွေကိုပဲ ခဏတာ ဖြည့်ဆည်းပေးနိုင်တယ်။ တခြားဂလက်ဆီတွေကတော့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရဦးမှာပဲ။”

ဒီစကားကို ကြားတော့ အဖွဲ့ချုပ်ရဲ့ အကြီးအကဲအနည်းငယ်က သက်ပြင်းချလိုက်သည်။ သူတို့က မော့ချူးက မတော်တဆ သဘောတူလိုက်မှာကို ကြောက်နေခဲ့ကြသည်။ အဲဒီလိုဆိုရင် ဆိုးဆိုးရွားရွား ဖြစ်သွားမှာ။

“ဒီလိုဆို….” ကြီးမားတဲ့ အမြတ်အစွန်းတွေနဲ့ မျက်နှာချင်းဆိုင်ရချိန်မှာ လော်ဖန်က လက်မလွှတ်ချင်ခဲ့ဘူး။ သူက ခါးသီးစွာ ပြောလိုက်သည်။ “ကျွန်တော်တို့ကို နည်းနည်းလေး လျှော့ပေးလို့ရတယ်။ ကျွန်တော်တို့ နှစ်ဆပေးပါ့မယ်။ ဘယ်လိုလဲ။”

မော့ချူး မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်မ ပြောပြီးပြီ၊ အပြင်ကို ရောင်းဖို့ မဖြစ်နိုင်ဘူး။”

ဒါ့အပြင် သူမရဲ့ ဉာဏ်ပညာတိမ်တိုက် ဂလက်စီအပေါ် ခံစားချက်ကလည်း မကောင်းပေ။ သူတို့ တကယ်ပဲ စီမံကိန်းချဲ့ထွင်ချင်ရင်တောင် သူတို့က ပထမဆုံး ထည့်သွင်းစဉ်းစားခံရမှာ မဟုတ်ချေ။

“စဉ်းစားပါဦး…” လော်ဖန်က စကားပြောနေတုန်းမှာ နျဥ်ယွိယွမ်က ကြားဖြတ် ပြောလိုက်သည်။ “ဒီကိစ္စကို ခဏထားလိုက်ရအောင်။ မင်း အရင် တစ်ယောက်ယောက်ကို ကြည့်ကြည့်ပါလား။”

“အင်း?” လော်ဖန် ကြောင်သွားသည်။ “ဘယ်သူလဲ။”

နျဥ်ယွိယွမ်က လက်ခုပ်တီးလိုက်သည်။ တံခါးဖွင့်လိုက်ပြီး လူတစ်ယောက်ကို ခေါ်လာခဲ့သည်။

'အမ်' လူတိုင်း ကြောင်သွားကြသည်။ 'ဒါ ချီ မိသားစုရဲ့ ဒုတိယသခင်လေး မဟုတ်ဘူးလား။'

လော်ဖန်ကလည်း နျဥ်ယွိယွမ်ရဲ့ လုပ်ရပ်ကြောင့် ရှုပ်ထွေးနေသည်။ “မော့မိန်းကလေး အရင်က ကြုံတွေ့ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီကိစ္စကို ခုနက ရှင်းလင်းပြီးသား မဟုတ်ဘူးလား။”

နျဥ်ယွိယွမ်က သူ့ကို စိုက်ကြည့်လိုက်သည်။ လော်ဖန်ရဲ့ မျက်နှာအမူအရာက ဟန်ဆောင်တာ မဟုတ်ပုံပင်။ သူ တကယ် မသိဘူး ထင်သည်။

“အားလုံး သေချာကြည့်ပါဦး။” နျဥ်ယွိယွမ်က လေးနက်တဲ့ အသံနဲ့ ပြောလိုက်သည်။

တကယ်တော့ နျဥ်ယွိယွမ်က ထပ်ပြောစရာ မလိုပါဘူး။ လူတိုင်းက တစ်ခုခု မှားနေတယ်လို့ ခံစားနေရသည်။ မျက်နှာက ထင်ရှားစွာ အတူတူပဲ ဖြစ်နေပေမဲ့ ထုတ်လွှင့်တဲ့ အရှိန်အဝါက လုံးဝ ကွာခြားနေသည်။ 'ဒါက တစ်ခုခု မှားနေတာပဲ။'

“ဒါက ချီ မိသားစုရဲ့ တကယ့် ဒုတိယသခင်လေးပါ၊ ခုနက တစ်ယောက်ကတော့…” နျဥ်ယွိယွမ်က ထပ်ပြီး လက်ခုပ်တီးလိုက်သည်။ ခုနက ဟန်ဆောင်သူကို ဝင်လာခိုင်းလိုက်သည်။ “သူက အစားထိုးတစ်ယောက်ဆိုတာ ရှင်းနေတာပဲ။ ဒါပေမဲ့ ကျွန်တော့် ထူးဆန်းတယ်လို့ထင်တာက ချီ မိသားစုရဲ့ ဒုတိယသခင်လေးက ဘာလို့ ဒီလို လုပ်နေရတာလဲဆိုတာပဲ။”

ခဏတာအတွင်းမှာ ဒီစကားတွေက လူတိုင်းရဲ့ စိတ်ထဲမှာ ပေါ်လာတော့သည်။

“ချူးလေး၊ ဒီလူကို သွားကြည့်လိုက်ဦး။” နျဥ်ယွိယွမ်က လက်လှမ်းပြီး မော့ချူးရဲ့ ခေါင်းကို ပွတ်သပ်လိုက်သည်။ သူ့လေသံက နူးညံ့ပြီး ပေါ့ပါးသည်။

မော့ချူးက တုံ့ပြန်ပြီး ရှေ့ကို တိုးသွားသည်။ သူမ နည်းနည်းလေး ရှူကြည့်လိုက်ရုံနဲ့ သူ့မျက်လုံးတွေ ရုတ်တရက် အရောင်လက်သွားသည်။ သူမ လက်လှမ်းပြီး လက်ညိုးထိုးပြလိုက်သည်။ “ဟုတ်တယ်၊ သူပဲ!”

ဒီအနံ့နဲ့ ပတ်သက်ပြီး သူမ လုံးဝ မမှားနိုင်ဘူး။

ဒီစကားကို ကြားတော့ နျဥ်ယွိယွမ်ရဲ့ မျက်နှာအမူအရာက ပိုပြီး မှောင်လာတော့သည်။ သူ ဘာမှ မပြောဘဲ ချက်ချင်း ရှေ့ကို တိုးသွားသည်။ သူ့ရဲ့ သံလို မာကျောတဲ့ လက်သီးက ဒီလူရဲ့ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်ရာ သူ့ရဲ့ ပိတ်ဆို့ထားတဲ့ ပါးစပ်က မတော်တဆ နာကျင်စွာ ညည်းတွားသံ ထွက်လာတော့သည်။

All Chapters